RSS

စကားလုံးတည်ဆောက်ပုံ Word Building


Word Building
အင်္ဂလိပ်စာတွင် ဝေါဟာရများ လေ့လာမှတ်သားသည့်အခါ စကားလုံးတစ်လုံးချင်း သီးခြားမလေ့လာဘဲ၊ စကားလုံးပုံသဏ္ဍာန် (Word Form) ပေါ်တွင် အခြေခံ၍လေ့လာမှတ်သားပါက ပိုမိုအကျိုးရှိစေမည် ဖြစ်ပါ တယ်။ စကားလုံးပုံသဏ္ဍာန် (word form) ကိုတစ်နည်းအားဖြင့် Morphology ဟုလည်း ခေါ်ဆိုပါတယ်။ စကားလုံးပုံသဏ္ဍာန်အားဖြင့် (၄)မျိုးရှိရာ.. နာမ်(Noun)၊ နာမဝိသေသန(Adjective)၊ ကြိယာ(Verb)၊ ကြိယာဝိသေသန (Adverb) တို့ဖြစ်ကြပါတယ်။ စကားလုံးတစ်လုံးကို ၎င်းပုံသဏ္ဍာန် (၄)မျိုးဖြင့် ပြောနိုင် ရေးနိုင်ရမည်ဖြစ်သည်။အင်္ဂလိပ်ဘာသာစကားပိုင်နိုင်ကျွမ်းကျင်ရေးအတွက်
ပြောနိုင်ရေးနိုင်အောင်လည်း မိမိဘက်က လေ့လာလေ့ကျင့်မှတ်သားရမှာမို့ စကားလုံးတည်ဆောက်မှု
(Word Form) ပုံစံကို ဥပမာအနေ ဖြင့် “ Love ” စကားလုံးပုံသဏ္ဍာန်များကိုလေ့လာနိုင်စေရန်   ဖော်ပြပေးလိုက်ပါတယ်……။

ကိုယ်တိုင်လုပ်မှ ကိုယ့်အတွက်အကျိုးရှိစေမှာဖြစ်တဲ့အတွက် လေ့ကျင်မှတ်သားကြပါလို့ …………
စေတနာများစွာဖြင့်
အလင်္ကာည
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ Love ” စကားလုံးပုံသဏ္ဍာန်များ
Noun  -             Love
                          Lover
Adjective -       Lovable
                          Unlovable
                          Loveless
                          Lovely
                          Loving
Verb -               Love
Adverb             Lovingly

တည်ဆောက်ထားပုံကို လေ့လာမှတ်သား၍ မိမိကိုယ်ပိုင် အတွေးဖြင့် ရေး / ပြော လေ့ကျင့်ကြည့်ပါ.

Love (noun) = ချစ်ခြင်း၊ မေတ္တာ၊သံယော်ဇဉ်၊ စွဲလမ်းနှစ်သက်သောအရာ
Children need to be shown lots of love. (ကလေးတွေကို ချစ်ခြင်းမေတ္တာတရားပြသဖို့လိုတယ်)
I have a great love of music. (ကျွန်တော်ဂီတကို အလွန်မြတ်နိုးတယ်)
I give you this ring as a pledge of my everlasting love for you. (မင်းအပေါ်ထားရှိတဲ့ အမြဲတည်တံ့ခိုင်မြဲတဲ့ အချစ်ရဲ့အထိမ်းအမှတ်အဖြစ် ဒီလက်စွပ်ကို မင်းကိုငါ ပေးတာပါ)

Lover (noun) = ချစ်သူ၊သမီးရည်းစား၊ တစ်စုံတစ်ခုကိုအလွန်ကြိုက်နှစ်သက်သူ၊ ချစ်မြတ်နိုးသူ၊ (လက်မထပ်ပဲဆက်ဆံပေါင်းသင်းနေတဲ့အဖော်)
They are nature Lovers. (သူတို့ဟာ သဘာဝကို ချစ်မြတ်နိုးသူများဖြစ်ကြတယ်)
They were friends before they became lovers. (သူတို့ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်)
She had a string of lovers before her marriage finally broke up.(သူ(မ)ရဲ့ အိမ်ထောင်ရေး နောက်ဆုံး မပြိုကွဲခင်က သူ(မ)မှာ ချစ်သူတွေအများကြီးရှိခဲ့တယ်)

Lovable (Adj) = ချစ်စရာကောင်းသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော။
He is a loveable child. (သူဟာ ချစ်စရာကလေးလေးပါ)
Her behavior is lovable. (သူမရဲ့အပြုအမူဟာ ချစ်စရာကောင်းတယ်)

Unlovable (Adj) = နှစ်သက်ဖွယ်မကောင်းသော
Houses near industrial sites do not sell so quickly because they are regarded as unlovable. (စက်မှုလုပ်ငန်းနေရာအနီးအနားမှာရှိတဲ့အိမ်တွေဟာ မြန်မြန်အရောင်းမထွက်ကြဘူး၊ အကြောင်းကတော့ အဲ့ဒီအိမ်တွေဟာ နှစ်သက်စရာမကောင်းဘူးလို့ ယူဆကြလို့ပဲ)
Loveless (Adj) = အချစ်မဲ့သော၊ အချစ်မရှိသော
A loveless life is a living death. (အချစ်မဲ့ ဘဝဟာ ရှင်လျှက်နဲ့သေနေတဲ့ဘဝပဲ)

Lovely (Adj) = ချစ်စရာကောင်းသော၊ နှစ်သက်စရာကောင်းသော၊ လှသော
She is a lovely girl. (သူ(မ)ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ)
It is a lovely evening.( နှစ်သက်စရာကောင်းတဲ့ ညနေခင်းပါ)

Loving (Adj) = ချစ်စွာသော၊ ချစ်ခင်ယုယတတ်သော
While I was away in a foreign Country, I missed my loving mother so much. (ကျနေ်ာ နိုင်ငံခြား မှာရှိနေစဉ် ချစ်စွာသော ကျနေ်ာ့မိခင်ကို အရမ်းသတိရခဲ့တယ်)

Love (Verb) = ချစ်သည်။ ဝါသနာပါသည်။ နှစ်သက်သည်။ ကြိုက်သည်
I am sure he loves his kids. (သူဟာ သူ့ကလေးတွေကိုချစ်တယ်ဆိုတာ ကျနော်အသေအချာသိတယ်)

Lovingly (Adverb) = ချစ်ခင်မြတ်နိုးစွာ
Mother kissed her baby lovingly. (မိခင်က သူ့ကလေးကို ချစ်မြတ်နိုးစွာ နမ်းခဲ့တယ်)
xxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment