RSS

Using the Verb to Do (Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း)


Using the Verb to Do
Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း

Verb to do : do, does, did, done, doing

စကားပြောရာမှာ အသုံးမဖြစ် အများကြီးသုံးရတဲ့ကြိယာက "Do" ပါပဲ။ Do က ပြုလုပ်သူ ကတ္တား၊ ပြုလုပ်တဲ့အချိန်
ကာလတို့နဲ့လိုက်ပြီး အသွင်(၅)မျိုးပြောင်းလဲနိုင်ပါတယ်။
အသုံးပြုပုံသဒ္ဒါစည်းကမ်းကိုသိထားရင် မိမိပြောချင်သလို နာမ်၊နာမ်စား၊ အမျိုးမျိုးနဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။

Do ကြိယာကို နာမ်၊နာမ်စား၊အချိန်ကာလတို့နဲ့ လိုက်ဖက်ညီအောင် အသုံးပြုပုံ
နာမ်၊ နာမ်စား ပစ္စုပ္ပန် အတိတ် ဖြစ်ပြီးကာလ ဖြစ်ဆဲကာလ
I, We do did have done am doing, are doing
You, They, men do did have done are doing
He, She, it , A man does did has done is doing

အတိုကောက်အသုံးပြုပုံ
I do not I don't
We do not We don't
You do not You don't
They do not They don't
He does not He doesn't
She does not She doesn't
It does not It doesn't
A boy does not A boy doesn't
I did not I didn't
You did not You didn't
We did not We didn't
They did not They didn't
He did not He didn't
A girl did not A girl didn't
ပင်မကြိယာအနေနဲ့ Do ကြိယာကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးပါတယ်
"ပြုလုပ်သည်၊ ဆောင်ရွက်သည်" အဓိပ္ပါယ်နဲ့သုံးပါတယ်။
ပြုတဲ့အလုပ်ကို တိတိကျကျမသိရင် do ကိုသုံးပါ။ အထူးသဖြင့် what, anything, nothing, something, တို့
နဲ့တွဲသုံးနိုင်ပါတယ်။

(1) What are you doing? (မင်းဘာလုပ်နေသလဲ)
I'm watering flower plants. (ငါ ပန်းပင်တွေ ရေလောင်းနေတယ်)
(2) What are you doing this evening? ( မင်းဒီညနေ ဘာလုပ်မလဲ)
I'm going to play cane-ball? ( ငါ ခြင်းလုံးခတ်မယ်)
(3) Are you doing anything tomorrow? (မနက်ဖြန် မင်းတစ်ခုခုလုပ်ဖို့ ရှိသေးလား)
I shall go to my office tomorrow. (မနက်ဖြန် ငါရုံးတက်မယ်)
(4) He does his job well. (သူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်)
(5) Tin Hla has done a good job. (တင်လှက အလုပ်ကောင်းတစ်ခုကို လုပ်ခဲ့တယ်)
(6) Girl do physical training. (မိန်းကလေးများက ကာယလေ့ကျင့်ခန်းများလုပ်ကြတယ်)
(7) Ni Ni does aerobics once a week. (နီနီက တစ်ပတ်ကိုတစ်ကြိမ် အေရိုးဘစ်ကစားတယ်)
(8) What can I do for you.? (မင်းအတွက် ငါဘာလုပ်ပေးရမလဲ)
(9) Do as you wish / please. ( မင်းကြိုက်သလို / နှစ်သက်သလို လုပ်ပါ)
(10) why can''t you do as you're told.? (မင်းကိုပြောတဲ့အတိုင်း ဘာကြောင်း မင်းမလုပ်နိုင်ရတာလဲ)
Do ကို V-ing နဲ့တွဲပြီး အလုပ်မျိုးစုံ လုပ်တာပြောလို့ရပါသေးတယ်။

(1) My mother does the shopping. (ငါ့အမေက ဈေးဝယ်တယ်။(ဈေးဝယ်ခြင်းကိုလုပ်တယ်)။ ထမင်းဟင်းလည်းချက်ပြုတ်တယ်။( ချက်ပြုတ်ခြင်းကို လုပ်တယ်)
(2) My sister does the washing. (ငါ့ညီမက လျော်ဖွပ်တာ လုပ်တယ်)
(3) Will you do ironing? (မင်း မီးပူတိုက်ပေးမလား)
(4) I do some writing in my spare time.( ငါ့ရဲ့အားလပ်ချိန်မှာ စာ (ဝတ္တု၊ကဗျာ၊ စသည်) ရေးတယ်.
(4) We do our shopping at weekends.(စနေ၊တနင်္ဂနွေ မှာငါတို့ဈေးဝယ်ကြတယ်)
(5) I've done talking -It's time to act. (ပြောသင့်တာပြောပြီးပြီ၊ ပြုလုပ်ဖို့ အချိန်ရောက်ပြီ)
့ဖြစ်စေသည်၊ အကျိုးသက်ရောက်စေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) Smoking will do you harm? (ဆေးလိပ်သောက်ခြင်းက သင့်ကိုဘေးဖြစ်စေမယ်)
(2) Reading will do you good. (စာဖတ်ခြင်းက မင်းကို ကောင်းကျိုးပေးမယ်)
(3) What damage did the storm do? (မုန်တိုင်းက ဘာပျက်စီးမှုကို ဖြစ်စေသလဲ).။
အဆင်ပြေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) How are you doing?
(2) How's your doing?
(3) Aye Aye is doing well at school.
(4) How's your business doing?(မင်းရဲ့ လုပ်ငန်းကော အဆင်ပြေရဲ့လား)
ကြိယာတစ်လုံးကို နှစ်ကြိမ်ထပ်မသုံးရအောင် Do ကြိယာနဲ့လည်း အစားထိုးသုံးနိုင်ပါတယ်။

(1) Who call me? (ငါ့ကို ဘယ်သူခေါ်လဲ)
She does. (She calls you. အစားသုံး ) သူမခေါ်တယ်။
(2) Who want to play soccer?
We do. (We want to play အစားသုံး) ငါတို့ကစားချင်တယ်။
(3) Did you find your book? (မင်းစာအုပ်ကို မင်းတွေ့ပြီလား)
Yes, I did. ( I found it အစားသုံး) ဟုတ်တယ် ၊ ငါတွေ့ပြီ။
အကူကြိယာအနေနဲ့ Do ကြိယာကို အမျိုးမျိုးသုံးပါသေးတယ်။
(1) Do you go to school? (မင်း ကျောင်းသွားသလား)
Yes, I do.
(2) Does she go to the market? (သူ(မ) ဈေးသွားသလား)
No, she doesn't. (ဟင့်အင်း။ သူ(မ) မသွားဘူး။
(3) Do you want a ball-pen? (မင်း ဘောပင် လိုချင်သလား)
No, I don't. (ဟင့်အင်း ၊ ငါမလိုချင်ဘူး)
(4) Don't you go to your teacher? (မင်းရဲ့ဆရာဆီ မင်းမသွားဘူးလား)
Yes, I go. ( ဟုတ်ကဲ့  ကျနေ်ာသွားတယ်)
(5) Did the guests come yesterday? (မနေ့က ဧည့်သည်တွေလာကြသလား)
Yes, they did. (ဟုတ်ကဲ့ ၊ သူတို့လာကြတယ်)
No, they didn't. (ဟင့်အင်း၊ သူတို့မလာကြဘူး)
Do ကြိယာကို မဟုတ်ဝါကျ Negative Sentence လုပ်ဖို့သုံးတယ်။

(1) I don't go to school today.
(2) She doesn't go to town.
(3) Don't forget to write to me. (ငါ့ဆီစာရေးဖို့မမေ့နဲ့)
အဓိပ္ပါယ်လေးနက်စေဖို့ Do ကြိယာကို ထည့်သုံးတယ်။

(1) Do help me. (ငါ့ကိုကူညီဖြစ်အောင် ကူညီစမ်းပါ)
(2) Do shut up. (တိတ်တိတ်နေစမ်းပါ)
(3) I do hate you. (မင်းကို ငါမုန်းတယ်)
(4) He does look tired. (သူ တကယ်မောပန်းနေပုံရတယ်)
(5) Do stay for dinner. (ညစာစားဖို့ နေဖြစ်အောင် နေပါ)
ကြိယာဝိသေသန (သို့) ကြိယာဝိသေသနစကားစုကို ဝါကျရှေ့မှာထားတဲ့အခါ do ကြိယာကို ကတ္တားရှေ့မှာ ခံပေးရပါတယ်။

(1) Rarely does she go out. (သူ (မ) အပြင်ထွက်ခဲတယ်)
(2) Very seldom does he smoke. (သူဆေးလိပ်အင်မတန်သောက်ခဲတယ်)
(3) Not only does she come, she also brings some flowers. (သူမလာရုံတင်မကဘူး၊ ပန်းအချို့ကိုလည်း ယူလာတယ်)
(4) No longer did we arrive home than the light went out.(ငါတို့အိမ်ရောက်ပြီး မကြာခင် မီးပျက်သွားတယ်)
(5) Rarely did she request help but this was an urgent matter.( သူ(မ) အကူအညီတောင်း ခဲတယ်၊ ဒါပေမဲ့ ဒါကအရေးပေါ်ကိစ္စဖြစ်နေတယ်).
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လေ့လာရင်း တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment