RSS

I can’t help+ Verb-ing

အင်္ဂလိပ်လိုလွယ်လွယ်ပြောကြရအောင် ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်.

I can’t help+  Verb-ing

ဖော်ပြထားတဲ့စကားစုတွဲလုံးကတော့ မလုပ်ဘဲမနေနိုင်တဲ့အကြောင်းကို ပြောတဲ့အခါမှာ သုံးရမယ့် အသုံးအနှုန်းပဲဖြစ်ပါတယ်။ “မစားဘဲမနေနိုင်ဘူး၊ မသွားဘဲ မနေနိုင်ဘူး၊ မပြောဘဲ မနေနိုင်ဘူး၊” စသည့်ဖြင့် ပြောဆိုတဲ့အခါမှာ အဲ့ဒီအသုံးအနှုန်းနဲ့ ပြောဆိုရပါတယ်။ နောက်ဘက်ကတော့ V-ing(gerund) ပဲ လိုက်ရ ပါတယ်။ ဖော်ပြပေးမယ် ဥပမာဝါကျတွေကို လေ့လာပြီး မိမိစိတ်ကူးနဲ့ ပြောချင်တဲ့အကြောင်းအရာကို လေ့ကျင့်ပြောဆိုကြည့်ပါ။

I can’t help thinking about it.
ကျွန်တော်အဲ့ဒီအကြောင်းကို မတွေးဘဲမနေနိုင်ဘူး။

I can’t help shopping so much.
ကျွန်တော် ဈေးဝယ်အရမ်းထွက်ချင်တာကို မလုပ်ဘဲ မနေနိုင်ဘူး။

I can’t help working all the time.
ကျွန်တော် တစ်ချိန်လုံးအလုပ်မလုပ်ဘဲ မနေနိုင်ဘူး။

I can’t help smiling when I see her.
ကျွန်တော်သူမကိုတွေ့တဲ့အခါ မပြုံးဘဲ မနေနိုင်ဘူး။

I can’t help eating so much.
ကျွန်တော် အလွန်အကျွံမစားဘဲ မနေနိုင်ဘူး။

I can’t help biting my nails when I am nervous.
စိတ်လှုပ်ရှားတဲ့အခါ လက်သည်းတွေကို ကျွန်တော် မကိုက်ဘဲမနေနိုင်ဘူး။

I can’t help singing when I have been bathing.
ရေချိုးတဲ့အခါ ကျွန်တော်သီချင်းမဆိုဘဲ မနေနိုင်ဘူး။

I can’t help remembering the things you did.
ခင်ဗျားလုပ်တဲ့အရာတွေကို ကျွန်တော် သတိမရဘဲ မနေနိုင်ဘူး။

……..
ဖော်ပြထားတဲ့ စကားစုတွဲတွေကို လေ့လာမှတ်သားရင်း မိမိစိတ်ကူးနဲ့ပြောချင်တဲ့အကြောင်းအရာတွေကို အစားထိုးပြီး အာသွက်၊ လျှာသွက် ပြောဆိုလေ့ကျင့်ကြတာပေါ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment