RSS

ANY WAY မည်သို့ပင်ဖြစ်စေ

ANY WAY
မည်သို့ပင်ဖြစ်စေ

people are unreasonable illogical and self centered.Love them anyway.

လူတွေသည် အကြောင်းအကျိုးမသိ၊
ကျိုးကြောင်းဆင်ခြင်ခြင်းလည်း
မရှိ၊အတ္တစိတ်များလှ၏။ မည်သို့ပင်ဖြစ်စေ
မေတ္တာထားလိုက်ပါ။

If you do good,people will accuse you of selfish ulterior motives.Do
good anyway.

လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးသား ကိုယ်ကျိုးစီးပွါး
အတွက်ပါဟုစွပ်စွဲကြလိမ့်မည်။မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို
ပြုမြဲပြုပါ။

If you are successful, you will with false friends and true enemies,
Succeed anyway.

သင်အောင်မြင်ပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင်များရော ရန်သူစစ်များပါ
ရရှိလာလိမ့်မည်။မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာအားထုတ်ပါ။

Honesty and frankness make you vulnerable.Be honest and frank anyway.

ရိုးဖြောင့်ခြင်း ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်
သင့်မှာထိခိုက်စရာတွေ ကြုံချင်ကြုံ ရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ
ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆို ဆက်ဆံပါ။

The good you do today will be forgotten tomorrow.Do good anyway.

သင်ယနေ့ ပြုသည့်ကောင်းသောအမှုကို မနက်ဖန် သူတို့မေ့လျော့ကောင်း
မေ့လျော့ကြ လိမိ့မည်။မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။

The biggest people with the biggest ideas can be shot down by the
smallest people with the smallest minds. Think big anyway.

အကြီးကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း
အနုံချာဆုံးစိတ် ထားရှိသည့် အသေးနုပ်ဆုံး ပုဂ္ဂိုလ်ထံမှ
ဝေဖန်ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။ မည်သို့ပင်ဖြစ်စေ
ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။

What you spent years building may be destroyed overnight.Build it anyway.

နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည် နေ့ချင်းညချင်း
ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာ
ရှိတာ ဆက်လက်၍သာ တည်ဆောက်ပါ။

Give the world the best you have and you'll get kicked in the
teeth.Give the world the best you've got anyway.

ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးစွမ်းပါလျက်လည်း သင့်အားခါးသီး
နာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။မည်သို့ပင်ဖြစ်စေ
သင့်မှာရှိသည့်အကောင်းဆုံးကိုသာ ပေးမြဲသင်ပေးပါ။


အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment