RSS

ရင့်ကျက်တယ်ဆိုတာ................

ရင့်ကျက်တယ်ဆိုတာ...............
လူတစ်ယောက်ရဲ့ ရင့်ကျက်နိုင်တဲ့နှုန်းကို တွက်ကြည့်ရင်
စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတဲ့အခါ
ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာနဲ့
တိုက်ရိုက်အချိုးကျတယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတွေးအမြင်

ကျွန်တော်တို့ နေ့စဉ် လေးပင်ထိုင်းမှိုင်းတဲ့ အလုပ်တွေ၊စာပေတွေချည်းပဲ
ဖတ်နေရလို့ကြာတော့ ကျွန်တော်တို့ တတွေ တက်တက်ကြွကြွ ဖြစ်မနေတော့ဘူးဆိုရင်............
ရသ စာပေတွေက ကျွန်တော်တို့ကို စိတ်ခွန်အားပေးပါလိမ့်မယ်။

xxxxxxxxxxxx

လူတစ်ယောက်၏ ဘ၀မှာ ရှိရှိသမျှ အရာအားလုံးကို စိုးရိမ်ပူပန်နေမည်ဆိုပါက
ထိုသူရဲ့ဘ၀ဟာ အတော် ငြီးငွေ့စရာ ကောင်းပေလိမ့်မယ်………
နှစ်တွေတစ်နှစ်ပြီးတစ်နှစ် ကုန်လို့ကုန်ဆုံးသွားမှန်း သတိထား မထား မိလောက်အောင်
သောကတွေသိပ်များနေရင် လူဖြစ်ရကျိုးနပ်တယ်လို ဆိုနိုင်ပါ့မလား…

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ ( Affect and Effect, Stationary and Stationery)

Affect and Effect
Affect နဲ့ Effect သည် အမှားများသော ဆင်တူယိုးမှာစကားလုံးတွေဖြစ်ကြပါတယ်။
Affect သည် Verb (Action) ဖြစ်ပြီး ၊ တစ်ခုခုလုပ်ရန်ရှိသောအခါ Affect ကို သုံးရပါမယ်။
Affect - တစ်စုံတစ်ခု (သို့) တစ်ဦးတစ်ယောက်ကို သြဇာသက်ရောက်၍ ပြောင်းလဲမှုလုပ်သည်။
ဥပမာ -
The noise outside affected my performance.

Effect
သည် Noun (thing) ဖြစ်ပြီး၊ လုပ်ကိုင်ပြီးစိးသွားသောအရာအများအတွက် Effect ကို သုံးရပါမယ်။
Effect သည် ရှေ့တွင် Article (an , the) လိုက်ပြီး နောက်တွင် Preposition (on) ပါသည်။
ဥပမာ-
His smile had a strange effect on me.
နောက်ထပ်သုံး၍ရသည့်အသုံးအနှုန်းမှာ နောက်ဆက်တွဲ သက်ရောက်မှုရလဒ်ဖြစ်သည်။
ဥပမာ-
The drug has many adverse side effects.

xxxxxxxxxxxxxxxxxxxxxxxxxx

Stationary and Stationery
Stationary သည် မလှုပ်မလှက်ငြိမ်သက်နေခြင်းကို ဆိုလိုပါသည်။
ဥပမာ-
The car was stationary.


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Presentation တစ်ခုပေးတဲ့အခါ.........

ကျနော် Myanmar Network Gathering Party မှာ Presentation တစ်ခုပြောတုန်းက ကိုယ့်ကိုကိုယ့် ဘာတွေလိုအပ်ချက်ရှိလဲဆိုတာ သတိမထားမိဘူး။ လေ့လာမိမှ လိုအပ်ချက်တွေကိုတွေ့လာတယ်။ ကျနော့်လို မဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ Presentation တစ်ခုပြုလုပ်တော့မယ်ဆိုရင် လိုအပ်ချက်များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx


How to structure a presentation
Presentationတစ်ခုအဆင့်ဆင့်ပြုလုပ်သွားရာမှာ ပြောတဲ့ သူဘက်ကရော၊ နားထောင်သူဘက်ကိုပါ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုပါတယ်။ ကိုယ်ပြောမယ့် စိတ်ကူးအကြံဥာဏ်တွေကို စနစ်တကျ စုစည်း တင်ဆက်သွားနိုင်အောင် နမူနာပုံစံတစ်ခုကို လေ့လာကြည့်ပါ………

Essential Language of PresentationsPresenter က စီစဉ်တကျ ဟောပြောတင်ဆက်သွားနိုင်ရင် ပရိတ်သတ်အတွက် အထောက်အကူဖြစ်သွား နိုင်ပါတယ်။ Presentation ကို အဆင့်ဆင့် တင်ဆက်နေစဉ်အတွင်းမှာ ပြောဆို သုံးစွဲရမယ့် စကားတွေကို လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်.
The Introduction (နိဒါန်းပိုင်း)
Greeting the audience (ပရိတ်သတ်ကို နှုတ်ဆက်ခြင်း)

Good (Morning / Afternoon / Evening)
မင်္ဂလာ (မနက်ခင်းပါ / နေ့လည်ခင်း/ ညနေခင်း)
Good evening ladies and gentlemen
(ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ/ရှင် မင်္ဂလာညနေခင်းပါ။
Hello everybody
(အားလုံးကို ဟဲလိုပါ)
I was very happy to be invited to speak to you today.
(ကျနော်ဒီနေ့ စကားပြောဖို့ ဖိတ်ကြားတဲ့ အတွက် အလွန်ဝမ်းမြောက်ပါတယ်)
It’s very nice to be here.
(အခုလို ရောက်လာရတာ အလွန်ဝမ်းမြောက်စရာပါ)
I’m very pleased to be with you.
(ခင်ဗျားတို့နဲ့ တွေ့ခွင့်ရတာ ကျနော်အလွန်သဘောကျပါတယ်)
It’s a pleasure to be here today.
(ဒီနေ ကျနော်ဒီကို ရောက်လာရတာ ၀မ်းမြောက်စရာပါ)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူနဲ့ကျွန်တော်

*မျက်နှာမူရာ ဘယ်ဖက်ကိုပဲ လှည့်လှည့်
ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ……..။

ချစ်သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
ကျွန်တော် မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။

*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
လက်မပြပဲ ခွဲခွာထွက်ခွာသွားခဲ့သော
ကျွန်တော့် ချစ်သူ………။

*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
တို့တွေ ခဏခွဲကြဦးစို့နော်“
ထိုစကားစုကို
တိရစ္ဆာန်ဥယျာဉ်မှာနှစ်ယောက်သားကြည်နူးရင်း
တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
ကျွန်တော်…………။

*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
တစ်ရက်တစ်ခါ ဖုန်းခေါ်ဖို့အား
သတိမေ့ ပျက်ကွက်တက်သော
ကျွန်တော်………….။

*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
ကျွန်တော်…………။

*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
အရာတော်တော်များများကို
မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
ကျွန်တော်……..
ချစ်သူ ရယ်
ကိုယ့် ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။

*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း………
ချစ်သူ သိစေချင်တယ်
သူ့ကို ပြန်မပြောပြဖြစ်ဘူး။

*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
ရွေ့လျှားပြောင်းလဲမှုအတွက်
ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
ကျွန်တော်နဲ့ ချစ်သူ ………
ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။

*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ……
ကျွန်တော်နဲ့ ချစ်သူ ……….. နှစ်ယောက်သားလေ
…. ပိုနေဝေး၊ ကြာနေဝေး…..။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ ( Travel, Trip, Voyage or Journey, Look and Watch)

Travel, Trip, Voyage or Journey

Travel (v) ကို (Verb) အနေဖြင့် အသုံးများပါသည်။ Noun အနေဖြင့် အလွန်သုံးခဲသည်။

တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာသည် ဟု အဓိပ္ပါယ်ရပါသည်။

ဥပမာ - I have to travel a lot for work.



Trip (n) သည် ခရီး ဟု အဓိပ္ပါယ်ရသည်။ ခရီးတို Trip သည် “holiday” အပျော်ခရီးထွက်ခြင်း အဓိပ္ပါယ်ရသည်။

ဥပမာ - How was your trip?


Business ကိစ္စနှင့်လည်း ဆက်စပ်အသုံးများသည်။

ဥပမာ- I have to travel a lot for work. I am off on another business trip next week.



Trip (v) ကြိယာအနေနှင့် မူမတူကွဲပြားသော အဓိပ္ပါယ်ရှိသည်။ ခလုပ်တိုက်မှောက်လဲသည်ဟု အဓိပ္ပါယ် ရသည်။

ဥပမာ- I tripped over the carpet and sprained my ankle.



Voyage (n) ရေကြောင်းဖြင့် ခရီးဝေးသွားခြင်းဟု မူလအဓိပ္ပါယ်ရှိသည်။ noun ဖြစ်ပြီး Verb အနေဖြင့်မူ အလွန် သုံးခဲသည်။

ဥပမာ - The voyage to South Africa took over six weeks.


Journey (n) ကို British English တွင်အသုံးများပြီး American English တွင် သိပ်မသုံးပါ။ ခရီးစဉ်ဟု အဓိပ္ပါယ်ရသည်။ Journey ကို Verb အနေဖြင့် သုံးခဲသည်။

ဥပမာ - The journey from Yangon to Naypyitaw takes 5 hours.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Look and Watch


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Talk English with your friends

အင်္ဂလိပ်စကား လွယ်ကူစွာနဲ့ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုချင်လျှင် မိမိနဲ့အတူပြောဆိုလေ့ကျင့်ဖို့လူမရှိပဲ ဖြစ်နိုင်မယ်မထင်ဘူး။

"speak" နဲ့ "talk" စကားလုံးရဲ့ ကွဲပြားခြားနားတဲ့ ဆက်နွယ်ချက်ကလေးကိုကြည့်ပါဦး။။

speak = "words come out of your mouth", ကျနော်တို့ပါးစပ်ကထွက်လာတဲ့စကားလုံး ဆိုတော့ (စကားပြောသည့်ပေါ့)

talk = the idea of speaking with others.(စကားလက်ဆုံပြောဆိုခြင်း-တစ်ဦးထက်ပိုတာကိုပြောတာပါ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကားလုံးတည်ဆောက်မှု

Word Building

အင်္ဂလိပ်စာတွင် ဝေါဟာရများ လေ့လာမှတ်သားသည့်အခါ စကားလုံးတစ်လုံးချင်း သီးခြားမလေ့လာဘဲ၊ စကားလုံးပုံသဏ္ဍာန် (Word Form) ပေါ်တွင် အခြေခံ၍လေ့လာမှတ်သားပါက ပိုမိုအကျိုးရှိစေမည် ဖြစ်ပါ တယ်။ စကားလုံးပုံသဏ္ဍာန် (word form) ကိုတစ်နည်းအားဖြင့် Morphology ဟုလည်း ခေါ်ဆိုပါတယ်။ စကားလုံးပုံသဏ္ဍာန်အားဖြင့် (၄)မျိုးရှိရာ.. နာမ်(Noun)၊ နာမ၀ိသေသန(Adjective)၊ ကြိယာ(Verb)၊ ကြိယာဝိသေသန (Adverb) တို့ဖြစ်ကြပါတယ်။ စကားလုံးတစ်လုံးကို ၄င်းပုံသဏ္ဍာန် (၄)မျိုးဖြင့် ပြောနိုင် ရေးနိုင်ရမည်ဖြစ်သည်။အင်္ဂလိပ်ဘာသာစကားပိုင်နိုင်ကျွမ်းကျင်ရေးအတွက်

ပြောနိုင်ရေးနိုင်အောင်လည်း မိမိဘက်က လေ့လာလေ့ကျင့်မှတ်သားရမှာမို့ စကားလုံးတည်ဆောက်မှု

(Word Form) ပုံစံကို ဥပမာအနေ ဖြင့် “ Love ” စကားလုံးပုံသဏ္ဍာန်များ ကိုလေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်……။

ကိုယ်တိုင်လုပ်မှ ကိုယ့်အတွက်အကျိုးရှိစေမှာဖြစ်တဲ့အတွက် လေ့ကျင်မှတ်သားကြပါလို့ …………

စေတနာများစွာဖြင့်

အလင်္ကာည

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ Love ” စကားလုံးပုံသဏ္ဍာန်များ

Noun - Love

Lover

Adjective - Lovable

Unlovable

Loveless

Lovely

Loving

Verb - Love

Adverb Lovingly

တည်ဆောက်ထားပုံကို လေ့လာမှတ်သား၍ မိမိကိုယ်ပိုင် အတွေးဖြင့် ရေး / ပြော လေ့ကျင့်ကြည့်ပါ.

Love (noun) = ချစ်ခြင်း၊ မေတ္တာ၊သံယော်ဇဉ်၊ စွဲလမ်းနှစ်သက်သောအရာ

Children need to be shown lots of love. (ကလေးတွေကို ချစ်ခြင်းမေတ္တာတရားပြသဖို့လိုတယ်)

I have a great love of music. (ကျွန်တော်ဂီတကို အလွန်မြတ်နိုးတယ်)

I give you this ring as a pledge of my everlasting love for you. (မင်းအပေါ်ထားရှိတဲ့ အမြဲတည်တံ့ခိုင်မြဲတဲ့ အချစ်ရဲ့အထိမ်းအမှတ်အဖြစ် ဒီလက်စွပ်ကို မင်းကိုငါ ပေးတာပါ)

Lover (noun) = ချစ်သူ၊သမီးရည်းစား၊ တစ်စုံတစ်ခုကိုအလွန်ကြိုက်နှစ်သက်သူ၊ ချစ်မြတ်နိုးသူ၊ (လက်မထပ်ပဲဆက်ဆံပေါင်းသင်းနေတဲ့အဖော်)

They are nature Lovers. (သူတို့ဟာ သဘာဝကို ချစ်မြတ်နိုးသူများဖြစ်ကြတယ်)

They were friends before they became lovers. (သူတို့ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်)

She had a string of lovers before her marriage finally broke up.(သူ(မ)ရဲ့ အိမ်ထောင်ရေး နောက်ဆုံး မပြိုကွဲခင်က သူ(မ)မှာ ချစ်သူတွေအများကြီးရှိခဲ့တယ်)

Lovable (Adj) = ချစ်စရာကောင်းသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော။

He is a loveable child. (သူဟာ ချစ်စရာကလေးလေးပါ)

Her behavior is lovable. (သူမရဲ့အပြုအမူဟာ ချစ်စရာကောင်းတယ်)

Unlovable (Adj) = နှစ်သက်ဖွယ်မကောင်းသော

Houses near industrial sites do not sell so quickly because they are regarded as unlovable. (စက်မှုလုပ်ငန်းနေရာအနီးအနားမှာရှိတဲ့အိမ်တွေဟာ မြန်မြန်အရောင်းမထွက်ကြဘူး၊ အကြောင်းကတော့ အဲ့ဒီအိမ်တွေဟာ နှစ်သက်စရာမကောင်းဘူးလို့ ယူဆကြလို့ပဲ)

Loveless (Adj) = အချစ်မဲ့သော၊ အချစ်မရှိသော

A loveless life is a living death. (အချစ်မဲ့ ဘ၀ဟာ ရှင်လျှက်နဲ့သေနေတဲ့ဘ၀ပဲ)

Lovely (Adj) = ချစ်စရာကောင်းသော၊ နှစ်သက်စရာကောင်းသော၊ လှသော

She is a lovely girl. (သူ(မ)ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ)

It is a lovely evening.( နှစ်သက်စရာကောင်းတဲ့ ညနေခင်းပါ)

Loving (Adj) = ချစ်စွာသော၊ ချစ်ခင်ယုယတတ်သော

While I was away in a foreign Country, I missed my loving mother so much. (ကျနော် နိုင်ငံခြား မှာရှိနေစဉ် ချစ်စွာသော ကျနော့်မိခင်ကို အရမ်းသတိရခဲ့တယ်)

Love (Verb) = ချစ်သည်။ ၀ါသနာပါသည်။ နှစ်သက်သည်။ ကြိုက်သည်

I am sure he loves his kids. (သူဟာ သူ့ကလေးတွေကိုချစ်တယ်ဆိုတာ ကျနော်အသေအချာသိတယ်)

Lovingly (Adverb) = ချစ်ခင်မြတ်နိုးစွာ

Mother kissed her baby lovingly. (မိခင်က သူ့ကလေးကို ချစ်မြတ်နိုးစွာ နမ်းခဲ့တယ်)

xxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Presentation နဲ့ပတ်သက်သော key word များ

Presentation ဆိုတဲ့စကားကို ဒီဘက်ခေတ်မှာ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်. အဓိပ္ပါယ်က သီးခြားဘာသာရပ်တစ်ခုထဲက အကြောင်းအရာတစ်မျိုးမျိုးကို ကိုယ်ကပြင်ဆင်လာပြိး တင်ပြဟောပြောတာ မျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။ Presentation ဆိုတာ အကြောင်းအရာမျိုးစုံ ရှိနိုင်သလို၊ ပြောမယ်ဆိုတာနဲ့ စနစ်တကျပြင်ဆင်ပြီး ဟောပြောရတာရှိသလို၊ အခြေအနေအရလိုအပ်လာလို့တင်ပြပြောဆိုရတာမျိုးလည်း ရှိနိုင်ပါတယ်။ အချိန်ယူပြီး ပြောရတာမျိုးရှိသလို ၊ တိုတိုတုတ်တုတ်နဲ့ပြောရတာလည်းရှိကြပါတယ်။ မိမိနဲ့ ရင်းနှင်းပြီးသားသူတွေကိုပြောရတာ၊ မိမိနဲ့သူစိမ်းပြင်ပြင်ဖြစ်နေတဲ့သူတွေကိုပြောရတာလည်း ရှိကြပါတယ်။ မိမိပြောတဲ့ဘာသာရပ်ကို လုံးဝမသိသေးတဲ့သူတွေကြားထဲမှာ ပြောရတာမျိုးရှိသလို၊ မိမိဟောပြောမယ့် အကြောင်းကို ကျွမ်းကျင်နားလည်ပြီးသားအုပ်စုရှေ့မှောက်မှာလည်း ပြောရတာမျိုးလည်းကြုံနိုင်ပါတယ်။

Presentation ပြုလုပ်တာဟာ လူတွေကိုလေ့ကျင့်သင်ကြားပေးတာ၊ ဘာသာရပ်တစ်ခုမှာ စိတ်ဝင်စားလာ အောင် နှိုးဆော်ပေးတာ၊ တုံပြန်ဆွေးနွေးတာ၊ ငြင်းခုံတာတွေဖြစ်လာအောင် လှုံ့ဆော်ပေးတာ၊ ထောက်ခံမှု ရလာအောင်လုပ်တာ (ဒါမှမဟုတ်) မိမိပြောချင်တဲ့သတင်း အချက်အလက်တွေ သိသွားအောင် မျှဝေပေးတာ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ပြုလုပ်ကြပါတယ်.

ဘယ်လို Presentation ကိုပဲလုပ်လုပ် မိမိတင်ပြပြောဆိုတာ တစ်ဖက်က ကျယ်ကျယ်ပြန့်ပြန့်နားလည် သွားရအောင် မိမိဆီမှာ ကျွမ်းကျင်မှုတွေရှိနေဖို့လိုပါတယ်.၊

အဲ့ဒီအတွက် Presentation နဲ့ပတ်သက်ပြီး အဓိကကျတဲ့ စကားလုံးတွေကို လေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်

Audience

( လူစုလူဝေးကြားတွင် ဟောပြောတာ ၊ သီဆိုကပြဖျော်ဖြေတာကို နားထောင်သူ၊ ကြည့်ရှုသူ ပရိတ်သတ် များကို ခေါ်ဝေါ်သုံးစွဲတာဖြစ်ပါတယ်)

How many people do we expect in today’s audience?

ဒီကနေ့ ပရိတ်သတ်အနေနဲ့ လူဘယ်လောက်များများရှိမယ်လို့ ကျနော်တို့မျှော်လင့်ထားသလဲ၊??

Conference

(သက်မွေးကျောင်းတူတဲ့ ပုဂ္ဂိုလ်တွေ၊ သီးခြားလုပ်ငန်းထဲက ကိုယ်စားလှယ်ပုဂ္ဂိုလ်တွေ၊ ရက်ပေါင်းများစွာ စုဝေးပြီး အစည်းအဝေးတွေ၊ Presentation တွေ ဆက်တိုက်ပြုလုပ်ကြတာကို ကွန်ဖရင့်(သို့) ညီလာခံလို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်)

The sales conference will be held in Sydney this year.

Meeting

(တစ်ခုခုကိုညှိနှိုင်းကြ၊ ဆွေးနွေးကြ ဆုံးဖြတ်ချက်ချကြဖို့ လူတွေဆုံးဆည်းကြတဲ့အခမ်းအနားကို အစည်းအဝေး၊ ညှိနှိုင်းဆွေးနွေးပွဲ လို့ ခေါ်ဆိုသုံးစွဲကြပါတယ်)

The weekly planning meeting has been cancelled.

အပတ်စဉ်ဆွေးနွေးနေကျ စီမံချက်အစည်းအဝေးကို ဖျက်သိမ်းလိုက်တယ်

Presentation

(ပရိတ်သတ်ရှေ့မှာ မိမိက ပြင်ဆင်လာပြီး ဟောပြောတင်ပြတာ ဖြစ်ပါတယ်)

She has been invited to give a presentation at the board meeting.

ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဟောပြောဖို့ သူ(မ) ဖိတ်ခေါ်ခံခဲ့ရတယ်။

Speaker

(ဟောပြောတင်ပြတဲ့ပုဂ္ဂိုလ်ကို ခေါ်တာပါ)

One of the speakers is an expert in company law.

ဟောပြောတဲ့ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဟာ ကုမ္ပဏီဥပဒေ ကို ကျွမ်းကျင်တယ်။

Speech

(များသေားအားဖြင့် နိုင်ငံရေးသမားတွေ ပုံမှန်လိုလိုဟောပြောကြတာမျိုးကို ခေါ်ဆိုပါတယ်၊ မြန်မာမှာ တော့ မိန့်ခွန်း လို့ပဲ မှတ်သားနိုင်ပါတယ်)

Talk

Presentation ကို တစ်နည်းအားဖြင့် Take လို့လည်းသုံးနိုင်ပါတယ်)

I’d like to thank our speaker for a very interesting talk.

ဟောပြောတဲ့ ပုဂ္ဂိုလ်က စိတ်ဝင်စားစရာကောင်းအောင် ဟောပြောနိုင်တာကို ကျနော်ဖြင့်ကျေးဇူးတင်တယ်)



Presentation နဲ့ပတ်သက်သော key word များ

xxxxxxxxxxxxxxxxxx
Welcome to Myanmar Network

ဒီ Myanmar Network မှာ အသင်းမဝင်ရသေးသောသူများကိုလည်း အသင်းဝင်ထားဖို့ ဖိတ်ခေါ်ပါတယ်။ အသင်းဝင်ထားခြင်းဖြင့် အခြားအသင်းဝင်များနှင့် ဆက်သွယ်နိုင်ခြင်း၊ ဤ website ပေါ်တွင် အလုပ်ခေါ်စာများအပါအဝင် အကြောင်းအရာအသစ်များတင်တိုင်း alert message ရရှိခြင်း၊ forum တွင်ပါဝင်ဆွေးနွေးနိုင်ခြင်း၊ လစဉ်အသင်းဝင်များကို ကံစမ်းမဲ ဖောက်ပေးသည့်အစီအစဉ်တွင် ပါဝင်ခွင့်ရခြင်း စသည့်အကျိုးကျေးဇူးများခံစားရမည် ဖြစ်ပါသည်။ အသင်းဝင်လိုပါက ဤနေရာတွင် အသင်းဝင်နိုင်ပါသည်။

Read more: Myanmar Network http://www.myanmar-network.net/#ixzz1ijzjBi1u

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS