RSS

Presentation တစ်ခုပေးတဲ့အခါ.........

ကျနော် Myanmar Network Gathering Party မှာ Presentation တစ်ခုပြောတုန်းက ကိုယ့်ကိုကိုယ့် ဘာတွေလိုအပ်ချက်ရှိလဲဆိုတာ သတိမထားမိဘူး။ လေ့လာမိမှ လိုအပ်ချက်တွေကိုတွေ့လာတယ်။ ကျနော့်လို မဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ Presentation တစ်ခုပြုလုပ်တော့မယ်ဆိုရင် လိုအပ်ချက်များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx


How to structure a presentation
Presentationတစ်ခုအဆင့်ဆင့်ပြုလုပ်သွားရာမှာ ပြောတဲ့ သူဘက်ကရော၊ နားထောင်သူဘက်ကိုပါ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုပါတယ်။ ကိုယ်ပြောမယ့် စိတ်ကူးအကြံဥာဏ်တွေကို စနစ်တကျ စုစည်း တင်ဆက်သွားနိုင်အောင် နမူနာပုံစံတစ်ခုကို လေ့လာကြည့်ပါ………

Essential Language of PresentationsPresenter က စီစဉ်တကျ ဟောပြောတင်ဆက်သွားနိုင်ရင် ပရိတ်သတ်အတွက် အထောက်အကူဖြစ်သွား နိုင်ပါတယ်။ Presentation ကို အဆင့်ဆင့် တင်ဆက်နေစဉ်အတွင်းမှာ ပြောဆို သုံးစွဲရမယ့် စကားတွေကို လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်.
The Introduction (နိဒါန်းပိုင်း)
Greeting the audience (ပရိတ်သတ်ကို နှုတ်ဆက်ခြင်း)

Good (Morning / Afternoon / Evening)
မင်္ဂလာ (မနက်ခင်းပါ / နေ့လည်ခင်း/ ညနေခင်း)
Good evening ladies and gentlemen
(ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျာ/ရှင် မင်္ဂလာညနေခင်းပါ။
Hello everybody
(အားလုံးကို ဟဲလိုပါ)
I was very happy to be invited to speak to you today.
(ကျနော်ဒီနေ့ စကားပြောဖို့ ဖိတ်ကြားတဲ့ အတွက် အလွန်ဝမ်းမြောက်ပါတယ်)
It’s very nice to be here.
(အခုလို ရောက်လာရတာ အလွန်ဝမ်းမြောက်စရာပါ)
I’m very pleased to be with you.
(ခင်ဗျားတို့နဲ့ တွေ့ခွင့်ရတာ ကျနော်အလွန်သဘောကျပါတယ်)
It’s a pleasure to be here today.
(ဒီနေ ကျနော်ဒီကို ရောက်လာရတာ ၀မ်းမြောက်စရာပါ)


 
Introducing yourself
My name’s <your name> and I’m from <company name>.
ကျနော် < မိမိနာမည်> ဖြစ်ပါတယ်။ ကျနော် <ကုမ္ပဏီအမည်>ကနေ လာပါတယ်။
I’m <your job> at < company name>
ကျနော်က <မိမိအလုပ်တာဝန်>ပါ။ <ကုမ္ပဏီ> က ဖြစ်ပါတယ်။
I’m < your name > and I represent <company name>.
ကျနော်က <မိမိနာမည်> ဖြစ်ပါတယ်၊ ကျနော် <ကုမ္ပဏီအမည်> ကို ကိုယ်စားပြုပါတယ်။
I think you all know me.
(ခင်ဗျားတို့အားလုံး ကျနော်ကို သိပြီးသားလို ထင်ပါတယ်)

Giving a Presentation

Presentation တစ်ခုပေးတဲ့အခါ လိုက်နာသင့်တဲ့အကြံပြုချက်တွေကို တင်ပြလိုက်ပါတယ်။
- ပရိတ်သတ်နှင့် မျက်နှာချင်းဆိုင်ပါ။ တတ်နိုင်သရွေ့ မျက်လုံးချင်းဆိုင်မိအောင်ကြိုးစားပါ။
- ကိုယ်ပြောမယ့်အကြောင်းအရာတွေထဲမှာ ဘာတွေပါဝင်မလဲလို ပရိတ်သတ်ကို ကြိုပြောလိုက်ပါ။
- ၀ါကျတိုတိုသုံးပြိး စာတစ်ကြောင်းချင်းပြောပါ။ နှစ်ကြောင်း၊သုံးကြေင်းပြောရမယ့် စကားတွေကို တစ်ချက်ချင်း နားလည်အောင် ပြောပါ။ ရောထွေးမပြောပါနဲ့။
- ဖြည်းဖြည်းမှန်မှန်ပြောပါ။ ပြောနေတုန်း မကြာခဏ နားပေးရမယ်လို့ ကိုယ်ဘာသာပြန်သတိထားပါ။
- စကားပြောနေတုန်း ကိုယ်ဘေးနားချပေးထားတဲ့ ရေသောက်ပါ။
- ဒီလိုဟောပြောတင်ပြရတာကိုပျော်ပါစေ။
++++++++++++++++

Posts Relacionados: Prsentation နဲ့ ပတ်သတ်သော Key words များ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

kaungmyat said...

very useful.......

Post a Comment