RSS

အလုပ်များလွန်းလို့ စာမဖတ်နိုင်ဘူးတဲ့လား?

မည်သူမဆို

ညအိပ်ရာဝင်ချိန်၌

မနက်အိပ်ယာထချိန်ထက်

နည်းနည်းဖြစ်စေ

အသိဥာဏ်ပညာပိုရှိနေရမည်။

သို့မဟုတ်ပါက

လူသားတစ်ဦးအနေနှင့်

အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ခဲ့ရာရောက်သည် တဲ့...။

လီယိုဗတ်စကာဂလီယာက ဆိုသည်။

မှန်သည်။

လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။

မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။

အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်။

သည်အတွက် ဘယ်လိုလုပ်မည်နည်း။???

တစ်နည်းသာရှိသည်။

"စာဖတ်ပါ" ၊ ဒါပဲ။


နေ့စဉ်ဖတ်ပါ။ စာကောင်းပေကောင်းကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့်အရာကို ဦးစားပေးရွေးဖတ်ပါ။ ညအိပ်ရာဝင်ကာနီးတိုင်း သည်ကနေ့ ငါ့မှာ ဘာအသိဥာဏ်ပညာတိုးသလဲ ကိုယ့်ကိုကိုယ် စစ်ဆေးမေးမြန်းပါ...။

တစ်ချို့ကပြောသည်။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောက်တောင်မကိုင်နိုင်ဘူးတဲ့..

ဟုတ်ရဲ့လား????

ဘယ်လောက်တောင်အလုပ်များနေလို့လဲ...၊???

ပါမောက္ခ အော်စလာ ထက်တော့ ပိုမများနိုင်ဘူးထင်သည်။

ပါမောက္ခ အော်စလာ (Sir William Osler) (၁၈၄၉-၁၉၁၉) ဟူသည်က ကမ္ဘာ့ဆေးလောကမှာ ကျော်ကြားသည့် ကနေဒါလူမျိုး သမားတော်ကြီးဖြစ်သည်။ ဆေးပညာပါမောက္ခတစ်ဦးအဖြစ် ဆေးပညာရှင်အမြောက်အမြားကို ကိုယ်တိုင်လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။သူရေးသားပြုစုသည့် ဆေးကျမ်းများကို ဖတ်ရှု၍ ဆရာဝန်ဖြစ်လာ သူတို့ကား ရေတွက်၍ပင် ရမည်မထင်။

သူ့အကြောင်းကို အတ္ထုပတ္တိဆရာများစွာတို့ ချီးပဂုဏ်တင်ရေးသားခဲ့ကြသည်။ သို့သော် ၄င်းပုဂ္ဂိုလ်တို့သည့် သူ့အား ဆေးပညာရှင်းတစ်ဦးဖြစ်ရုံမျှအတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြခြင်းမဟုတ်။

သူသည်ဆေးပညာအရာ၌ ကြီးကျယ်သူဖြစ်သည်မှန်၏ ။ သို့သော်ပို၍ ကြီးကျယ်သည်ကား သူ၏ နက်ရှိုင်းကျယ်ဝန်း လှသော ပညာဗဟုသုတဖြစ်၏။

အော်စလာသည် ဆေးပညာသာမဟုတ် အသိပညာဟုသမျှကို နှစ်ခြိုက်ခုံမင်သူဖြစ်သည်။ ခေတ်အဆက်ဆက် လူတို့ တွေးခဲ့ကြံခဲ့ လုပ်ကိုင်ခဲ့သမျှကို သူသိကြားချင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တန်ဖိုးအရှိဆုံး အတွေ့အကြုံများကို သူမှတ်သားနာယူချင်သည်။

သည်အတွက် အကောင်းဆုံးနည်းသည် စာဖတ်ခြင်းပင်ဖြစ်ကြောင်း သူသိသည်။


သို့သော် သည်ကိစ္စအတွက် သူ့မှာအခက်အခဲရှိသည်။ အခက်အခဲက သည်ကနေ့ စာဖတ်ချင်လျက် စာမဖတ်နိုင် ဖြစ်နေရသည်ဆိုသူတွေ ပြောလေ့ရှိကြသည့် အလုပ်မအားခြင်း၊ သို့မဟုတ် အချိန်မရှိခြင်း။


ဆေးကုသရသည်။ ဆေးပညာသင်ကြားပို့ချရသည်။ ဆေးသုတေသန လုပ်ငန်းများ၌လည်း အာရုံစူးစိုက်ရသေးသည်။

တစ်နေ့ (၂၄)နာရီသသည် သူ့အတွက် အလွန်နည်းနေခဲ့သည်။

စာဖတ်ချိန်ရချင်လျှင် အိပ်ချိန်ထဲက ဖဲ့ယူရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့။

သို့နှင့် ညအိမ်ရာဝင်တော့မည်ဆိုသည့်အချိန်တွင် စာ(၁၅)မိနစ်ဖတ်သည့် အလေ့အကျင့်တစ်ခု သူအစပြုခဲ့သည်

ည(၁၁)နာရီ အိပ်တော့မည်ဆိုလျှင် စာအတွက် (၁၅)မိနစ် အချိန်ထပ်ယူ။ (၁၁)နာရီ (၁၅)ကျမှအိပ်။ အလုပ်များ၍ ည(၁၂)နာရီထိုးသွားလျှင်လည်း နောက်ထပ်(၁၅)မိနစ်တိုး၊ သန်းကောင်ကျော်ပြီး (၁၅)မိနစ်မှအိပ်။


အိပ်ကာနီး (၁၅)မိနစ် စာဖတ်သည့်အလေ့အကျင့်ကို လူလတ်ပိုင်းအရွယ် အလုပ်များသော ဆရာဝန်ကြိး ဖြစ်စကာလ မှာပင် သူရရှိခဲ့ပြီး ကွန်လွန်ကာနီးအချိန်ထိ နေ့စဉ်မပျက် ကျင့်သုံးခဲ့ရာ အနှစ်(၇၀)မျှရှည်လျားသော သူ့သက်တမ်းကာလအတွင်း စာအုပ်စာတမ်းကျမ်းပေါင်းများစွာကို ဖတ်ရှုဖြစ်ခဲ့သည်။

ပြိးပြီးရော ဖတ်ရှုခြင်းမျိုးမဟုတ်။

ကိုယ်တိုင်ဖတ်ရုံဖြင့် မတင်းတိမ်၊ နောက်လူများအတွက်ပါ ညွှန်းသွားခဲ့သေး၏။ စာဖတ်ရန်အတွက် နည်းတူု အချိန်ကုတ်ကတ်ရယူကာသူရေးသားပြုစုခဲ့သည့် သူ၏ စာအုပ်အညွှန်းကျမ်းကြီး၌ စာအုပ်စာတမ်းကျမ်းပေါင်း (၇၇၈၇) အုပ်ကို စနစ်တကျ ညွှန်းဆိုဖော်ပြသွားခဲ့သည်။

အဲ့ဒါ ပါမောက္ခအော်စလာ၏ စာဖတ်နည်းဖြစ်သည်။

သင်ရော တစ်နေ့မှာ (၁၅)မိနစ်လောက် အချိန်ရှာမရနိုင်ဘူးလား???

အိပ်ရာဝင် မဟုတ်လျှင် အိပ်ရာထ၊ ဒါမှမဟုတ် နံနက်စာမစားမီ၊ သို့မဟုတ် စားပြီးနေ့လည်၊ ဒါမှမဟုတ် ညနေ


ကိုယ်ဖတ်မည့်စာအုပ်တွေကို သတ်မှတ်ရွေးချယ်ထား၊ အိတ်ထဲဆောင်လို့ရတာ အိတ်ထဲမှာ၊ သို့မဟုတ် လွယ်အိတ် ထဲမှာ၊ သို့မဟုတ် ရုံးစားပွဲ အံဆွဲထဲမှာ၊ ဧည့်ခန်း ၊ အိမ်ခန်းမှာ............................။

အဲ့သည်လို ထားမည်ဆိုက စာဖတ်ချိန်လေးတွေ ငါးမိနစ်၊ ဆယ်မိနစ်၊ ဟိုနည်းနည်း သည်နည်းနည်း စုပေါင်းကာ တစ်နေ့ (၁၅)မိနစ်မက ရမှာသေချာသည်။

(၁၅)မိနစ်ပဲ ဖတ်နိုင်သည်ထားဥိး ၊ နေ့စဉ်မှန်မှန်သာဆိုက သင်ရရှိမည့် အကျိုးရလာဒ်သည် မသေး။

တွက်ချက်ထားသူတို့ အဆိုအရ တစ်နေ့(၁၅)မိနစ် ဖတ်လျှင် တစ်လမှာ စာအုပ်ထူထူနှစ်အုပ် ဖတ်ပြီးနိုင်သည်။

တစ်နှစ်မှာ ပျမ်းမျှ ၂၀-၂၅ အုပ်ဖတ်နိုင်လျှင် တစ်သက်တာအတွင်း စာအုပ်ပေါင်း ၁၀၀၀ တော့ သင်ဖတ်ဖြစ်ခဲ့ပေမည်။

တစ်ထောင်ဆိုတာ နည်းသလား>???

တစ်ခုပဲ သတိထားဖို့လိုသည်.။ တကယ့်တန်ဖိုးရှိသည့် စာအုပ်ကောင်းတွေ ရွေးချယ်ဖတ်ရှုမိဖို့ပင်။

နောက်ဆုံးတစ်ခုက

ငါ့မှာပိုက်ဆံမရှိပဲနဲ့ စာအုပ်ကောင်းတွေ ဘယ်လိုဝယ်ဖတ်မလဲ လို့ ကျနော့်ကို ပြန်မမေးလိုက်ပါနဲဗျာ့??

ပိုက်ဆံရှိမှစာအုပ်ဝယ်ဖတ်လို့ရနိုင်တာမဟုတ်ပါဘူး။ သူများဖတ်တာကိုလည်း ငှားဖတ်လို့ရပါတယ်။

ကျနော်ကိုယ်တိုင်လည်းရုန်းကန်ကြိုးစားခဲ့ရလို့ပါ။


ကိုယ့်လက်လှမ်းမီသလောက် ၊ အလုပ်မှာရှိတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အလုပ်နှင့်သက်ဆိုင်တဲ့ စာအုပ်တွေ ၊ ဖတ်ပြီး ကိုယ်လုပ်တဲ့အလုပ်မှာ မိမိဘ၀တိုးတက်မြင့်မားအောင် တဆင့်ချင်း ကြိုးစားဆောင်ရွက်ပါလို့ တိုက်တွန်းချင်ပါတယ်


ခင်မင်စွာဖြင့်

ညအလင်္ကာ


အဲ့ကျန်ခဲ့လို့ဗျ.

ဒီစာကိုပြီးအောင်ဖတ်တာနဲ့ပဲ စာဖတ်သူ သူငယ်ချင်းတွေအတွက် တစ်ခုတော့အကျိုးရှိစေမှာပါ။ အလွန်ဆုံးကြာလှ (၁၀)မိနစ်ပေါ့... မဟုတ်ဘူးလား???

:) :)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စာဖတ်သမားများ၏ မှတ်စုများ (၁)

လူသည် မနက်ထက်ညမှာ
ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့
အသိဥာဏ်သာရမည်
အသက်ကြီးလာသည်နှင့်အမျှ
ဦးနှောက်အလေးချိန်
ပိုစီးလာရမည်။
သည်အတွက်ဘာလုပ်မည်နည်း။
တစ်နည်းသားရှိသည်။
"စာဖတ်ပါ"


Credit: စာဖတ်သမားများ၏ မှတ်စုများ (ဖေမြင့်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျေးဇူးပဲ………..

ကျေးဇူးပဲ………..ဆိုတဲ့
အပြောလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်းမျုားပါပြီ။
ကူညီပါ………..ဆိုတဲ့
စကားလေးတစ်ခုနဲ့
ညာခိုင်းခံခဲ့ရပေါင်းလည်းများပြီ။
ခဏလေးပါ……ဆိုတဲ့
ငှါးရမ်းမှုတွေကြောင်
ဆက်ဆံရေးတွေယိုယွင်းခဲ့ရတယ်။
.ဆိုတဲ့
အပြောလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်းမျုားပါပြီ။
ကူညီပါ………..ဆိုတဲ့
စကားလေးတစ်ခုနဲ့
ညာခိုင်းခံခဲ့ရပေါင်းလည်းများပြီ။
ခဏလေးပါ……ဆိုတဲ့
ငှါးရမ်းမှုတွေကြောင်
ဆက်ဆံရေးတွေယိုယွင်းခဲ့ရတယ်။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS