RSS

မသိမိလိုက်​​သော အချိန်​များ


မသိမိလိုက်​​သော......အချိန်​များ © ကျူရှင်​အားကိုးပြီး အတန်းပိုင်​ဆရာမ ပို့​ပေးတဲ့ အတန်းသစ်​မှာ .... ငါ​ပျော်​နေမိတယ်​။ © အပိုင်​ရတဲ့​မေးခွန်းကို ​အောင်​မှတ်​​ရွေးကျက်​တဲ့ ​အောင်​မြင်​မှုအတွက်​ ..... ငါ ဂုဏ်​​ယူမိတယ်​။ © Pratical အခန်းမှာ စာထိုင်​ကူးပြီး လက်​​တွေ့ကိရိယာ​တွေကို အလှထိုင်​ကြည့်​​နေရတာ ငါ ​ကျေနပ်​​နေမိတယ်​။ © Tutorial ​ခေါင်းစဉ်​​အောက်​မှာ နာရီဝက်​​လောက်​ ဖတ်​စာအုပ်​က​နေ ကူးတဲ့အရသာကို ငါ ချိုမြိန်​မိတယ်​။ © ဘာမှန်းမသိ...... သုံးနှစ်​သုံးမိုး အချိန်​​ပေးလိုက်​တာ ဘွဲ့တစ်​ခု​တော့ အဖတ်​တင်​တာ​ပေါ့။ © ဘွဲ့ရ ပညာမတတ်​ဘ၀​တွေ ဘွဲ့ရ အလုပ်​လက်​မဲ့ ဘ၀​တွေ ဘာလို့ ... ငါတို့ရဲ့အ​ကောင်းဆုံး ဥာဏ်​ဖွံ့ဖြိုးချိန်​အတွက်​ အာမခံချက်​မရှိတာလဲ....? © ​သြော်​.... ပညာ​ရေးတဲ့ အပြစ်​တင်​ဖို့ စဉ်းစား​တော့ မသိမိလိုက်​တဲ့ အချိန်​​တွေမှာ ငါတို့ကြိုးစားခဲ့ရမှာ။ © ​နောင်​တကို မုန်းရင်​​တော့ ဘာစနစ်​ဖြစ်​ဖြစ်​ လူငယ်​​တွေ ကြိုးစားကြပါ တိုင်းပြည်​အနာဂတ်​ဟာ ငါတို့လက်​ထဲမှာ​လေ ငါတို့.... ပျင်း​နေမယ်​ဆိုရင်​​တော့​ ​နောက်​မျိုးဆက်​​တွေ အတွက်​ ​တွေးကြည့်​ကြ​ပေါ့။ (အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS