RSS
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

မြန်မာ (၁၂)လ ရာသီ


အခုဆိုရင် သီတင်းကျွတ်လပြည့် ဖို့ ရက်က သိပ်မလိုတော့ဘူး
မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ မြတ်နိုးဖွယ်ကောင်းသော  ဓလေ့ထုံးစံကောင်းတစ်ရပ် မမေ့လျော့ရန်
ဖော်ပြခြင်းဖြစ်ပါသည်။





သီတင်းကျွတ်လဖွဲ့

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရဝနှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။

ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ
သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။

ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင်
ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ
တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။

ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပဝါရဏာပြုကြရ၏။ ဤပဝါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင်ပေါ်ပေါက်ခဲ့ဲခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးဖော်
ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုနည်းတူစွာပင် ဘုရားရှင်အားဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည်သီတင်းကျွတ် သည့်အခါ သက်ကြီးဝါကြီးများအားပူဇော်ကန်တော့သည့်ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။


Thadingyut

Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura.The nats came along by the right gold stairways and the brahmas by the left silver stairways.

On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats
and the Myintmo Lights Festival after the Mount Myinmo there.

For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that
might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.


ညအလင်္ကာ
၂၀၁၀ခုနှစ် (19 / 10 / 2010)

ကိုးကား
http://www.awdlibrary.co.cc

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ဪ... ဘဝ...ဘဝ...ဘဝ"

"ဪ... ဘဝ...ဘဝ...ဘဝ"
"ငါတို့က ဆင်းရဲပေမယ်
နင်တို့လို ဂန္ဓာရုံ ထမင်းဟင်းစား
ကြီးတာ မဟုတ်ဘူးဟေ့"
ဆိုတဲ့စကားကို
ဆရာမကြီး နုနုရည်အင်းဝ ရေးထားတဲ့
"နှင်းပြောင်းတဲ့ နွေငယ်မှာလေ"
ဖတ်လိုက်ရတော့ စိတ်ထဲမကောင်းဖြစ်သွားတယ်
တစ်ချို့လူတွေလည်း ဘာမှမထူးပါဘူး
​လုပ်လိုက်ရတဲ့အလုပ်/
ပြီးတော့ ဘာမှမထူးပါဘူး
အချိန်တန်
ပြန်ရလိုက်တာကတော့
"မတ်တပ်စာ" လေးပဲ
စဉ်းစားတွေးတောမိတာလေးပါ
လူလူချင်းတူတာတောင်
ဆင်းရဲတာချင်းတူတူ
ချမ်းသာချင်းတူတူ
ခွဲခြားနေကြပါလားလို့
"ဪ... ဘဝ...ဘဝ...ဘဝ"
ခန့်ဇော် ၊၁၃-၀၂-၂၀၂၀

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

HR diploma ရှိထားပြီဆိုရင်တောင် အလုပ်ကမရနိုင်သေးဘူးလား???

HR diploma ရှိထားပြီဆိုရင်တောင် 
အလုပ်ကမရနိုင်သေးပါဘူးဆိုတဲ့အပေါ်
*******
အလုပ်ရဖို့ဘာတွေလိုအပ်မလဲ

၁) လိုအပ်တဲ့ကွန်ပျုတာပိုင်းကျွမ်းကျင်မှုရှိလား???
ကွန်ပျူတာသင်တန်းတက်ပြီးCertificate ရတာနဲ့လုပ်ငန်းခွင်ထဲဝင်ဖို့ကျွမ်းကျင်မှုရှိသူနည်းပါးပါတယ်ဒါကြောင့်ကွန်ပျူတာကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ် 
Excel - ပထမ 
Word - ဒုတိယ
Powerpoint  - တတိယ
Pagemaker  - စတုတ္တ

HR assistant  ကနေManager level ပဲဖြစ်ဖြစ်လုပ်ပြီဆ်ုတာနဲ့HR လုပ်ငန်းစဉ်တော်တော်များများက 
Excel နဲ့ပတ်သတ်မှုရှိတာများပါတယ်Formula တွေကိုယ်တိုင်အသုံးပြုနိုင်အောင်လေ့လာသင်ယူပြီးကျွမ်းကျင်ထားဖို့လိုပါတယ်.  ဥပမာရုံးတက်ရုံးဆင်းကိစ္စတွေ... အချိန်ပိုတွေ... လစာတွက်ချက်တာတွေကအစexcel ကနေအသုံးပြုတာများပါတယ် 

 Word - အများစုကတော့ရုံးစာတွေကိုWord နဲ့ရိုက်တာများပါတယ်  Pagemaker  ကအသုံးနည်းပါတယ်  မိမိကျွမ်းကျင်တဲ့app ကိုအသုံးပြုနိုင်ပါတယ်
စာရိုက်ရာတွင်လည်းZawgyi Font ကိုအသုံးပြုရုံနဲ့မရသေးပါဘူးMyanmar 3 နဲ့Win font တွေလည်းကျွမ်းကျင်စွာစာရိုက်တတ်ဖို့လိုပါတယ်

Powerpoint -  Presentation တင်ပြဖို့ဖြစ်ဖြစ်  Monthly , Annual Report ,စသဖြင့်လုပ်ဆောင်ရသည်အခါPpt ကိုကောင်းစွာအသုံးပြုတတ်အောင်နားလည်ထားဖို့လိုပါတယ်

၂) ရုံးစာရေးနည်း 
ရုံးစာအရေးအသားနှင့်ပတ်သတ်၍ရေးနည်းပုံစံတွေလေ့လာထားရပါမယ်စကားလုံးပြေပြစ်ယဉ်ကျေးအောင်ရေးနိုင်ဖို့စာများများဖတ်ထားဖို့လိုပါတယ်  ဒါမှသာဝန်ထမ်းရေးရာနှင့်ပတ်သတ်၍စာထုတ်ပြန်ဖို့လိုသည့်အခါအထက်လူကြီးကဒါဆိုတာနှင့်ပြင်ဆင်ဖို့အဆင်သင့်ပေါ့

၃) အလုပ်သမားဥပဒေတွေကောနားလည်ပြီလား?
HR diploma တွေကနိုင်ငံခြားကရယူတာပါအဲ့ဒီမှာမြန်မာအလုပ်သမားဥပဒေတွေထည့်မသင်ပါဘူး
မိမိဘာသာလေ့လာတာပဲဖြစ်ဖြစ်၊မြန်မာအလုပ်သမားဥပဒေအကြောင်းသင်ပေးတဲ့သင်တန်းမှာဖြစ်ဖြစ်တက်ရောက်လေ့လာထားသင့်ပါတယ်... အကြမ်ဖျင်းသိထားရုံနဲ့မလုံလောက်ပါဘူး(Diploma လက်မှတ်ကိုင်ထားရင်ပိုမိုပြည့်စုံသင့်ပါတယ်.)

၎) SSB လူမှုဖူလုံရေးအကြောင်းတွေကောသိထားပြီလား?
အလုပ်သမားတွေရဲ့ကျန်းမာရေးအာမခံအတွက်လူမှုဖူလုံရေးနည်းဥပဒေသတ်မှတ်ချက်တွေကိုလည်းလေ့လာထားသင့်ပါတယ်.. ဒါတွေကလုပ်ငန်းခွင်မှာမဖြစ်မနေတွေ့ကြုံရမယ်လုပ်ငန်းစဉ်တစ်ခုဖြစ်နေလို့ပါ 

၅) အလုပ်ရှင်နှင့်အလုပ်သမားသဘောတူစာချုပ်( Employee  Contract)
လုပ်ငန်းခွင်ဝင်ရောက်မယ်ဆိုရင်အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ကမဖြစ်မနေချုပ်ဆိုရပါမယ်-
ဒါကြောင့်ဒီအကြောင်းအရာကိုကောလေ့လာထားပြီးပြီလား... 
EC - ထဲမှာအချက်အလက်ပြည့်စုံနေဖို့အပြင်နောက်ဆက်တွဲ(က) (ခ) အတွက်ထည့်သွင်းချုပ်ဆိုမည့်အချက်အလက်တွေကိုလည်းHR သမားတိုင်းသိထားသင့်ဖို့လိုပါတယ်...
တစ်ချိန်ကျရင်HR သမားတွေတစ်ချိန်ကျရင်ရုံးတွေမှာဖြေရှင်းရမယ့်အကြောင်းအရာတွေပေါလာတတ်ပါမယ်

၆) ဝင်ငွေခွန်( Personal Income Tax -PIT)
အခုနောက်ပိုင်းကုမ္ပဏီတော်တော်များများမှာဝင်ငွေခွန်ဆောင်လာကြပါပြီဒီအတွက်ကြောင့်လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ဝင်ငွေပေါ်မူတည်ပြီးတွက်ချက်ရတာဖြစ်တဲ့အတွက်ဝင်ငွေခွန်ဘယ်လိုဆောင်ပြီးဘယ်လိုတွက်ချက်ရမယ်ဆိုတာကိုလည်းလေ့လာထားသင့်ပါတယ်....

၇)  Information Technology သတင်းအချက်အလက်နည်းပညာနဲ့ပတ်သတ်ပြီးအင်တာနက်ကိုကောင်းကောင်းအသုံပြုနိုင်ပြီလား?
HR သမာတစ်ယောက်ဖြစ်လာပြီဆိုရင်ဝန်ထမ်းရှာဖွေရေးတွေဆောင်ရွက်ရပါတော့မယ်ကုမ္ပဏီအတွက်. ဝန်ထမ်းကောင်းတွေရှာဖွေဖို့အတွက်Email နှင့်ပတ်သတ်၍အသုံးပြုတတ်ရမည့်အပြင်Social media တွေ၊တစ်ခြားRecruitment method တွေကိုလည်း, အသုံးချတတ်အောင်ကျွမ်းကျင်နားလည်ထားရပါမယ်..

၈) office Document ရုံးပိုင်းဆိုင်ရာစာဝင်စာထွက်နှင့်ရုံးဖိုင်တွေနှင့်ပတ်သတ်၍ကောစီမံနားလည်လေ့လာထားပြီးပြီလား??
အင်တာဗျုးနှင့်ပတ်သတ်သောဖိုင်တွဲ
ရုံးတွင်းဝင်စာ/ထွက်စာ
ရုံးပြင်ပဝင်စာ/ ထွက်စာ
ကိုယ်ရေးအချက်အလက်ဖိုင်တွဲ
စသဖြင့်  HR လုပ်ငန်းစဉ်နှင့်ပတ်သတ်သောရုံးလုပ်ငန်းစဉ်များကိုလည်းလေ့လာပြီးနားလည်တတ်ကျွမ်းထားဖို့လိုပါတယ်။

၉) Employee Hanbook အကြောင်းလေ့လာထားပြီးပြီလား?
လုပ်ငန်းခွင်အတွင်းလိုက်နာရမည့်ဆောင်ရန်ရှောင်ရန်အချက်အလက်တွေအပြင်အလုပ်ရှင်ဘက်ကအလုသမားတွေအတွက်စည်းကမ်းသတ်မှတ်ချက်တွေရပိုင်ခွင့်တွေအလုပ်ရှင်သဘောတရားတွေစသဖြင့်ပါဝင်ပြင်ဆင်နိုင်ဖို့အတွက်Employee Handbookပြင်ဆင်ရေးဆွဲတတ်ဖို့လိုပါတယ်။

၁၀)  KPI (Key Performance  Indicator) အကြောင်းလေ့လာထားပြီးပြီလား?
လုပ်ငန်းခွင်အတွင်းအလုပ်သမားတစ်ဦးချင်းစီရဲ့အဓိကကျတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကိုကာလအပိုင်းအခြားလိုက်မှတ်တမ်းတင်ပြီးတိကျတဲ့KPI တွေသတ်မှတ်တွက်ချက်ပေးရတာကိုလည်းလေ့လာသင်ယူထားဖို့လိုပါမယ်

အချုပ်ပြောရရင် 
ဒါတွေအပြင်HR သမားတွေလုပ်ရမည့်အပိုင်းတွေအများကြီးရှိပါသေးတယ်..
ဒီအတွက်ကြောင့်HR diploma ရရှိပြီးပြီဆိုရင် 
မိမိဘယ်ရာထူးကိုလျောက်မှာလဲ
အခြေခံကစမှာလား
Level တစ်ခုခုကနေဝင်မှာလား
ပြီးတော့....
> ရေးထားတဲ့အချက်အလက်တွေကိုပိုင်နိုင်ကျွမ်းကျင်ပြီလား??
> နားလည်ရုံပဲလား

စာရေးသူအမြင်ကတော့ 
Diploma လက်မှတ်ရရှိထားပြီးသော်လည်း 
အခြေခံကနေစပါ
လုပ်ငန်းအတွေ့အကြုံယူပါ
လုပ်ငန်းခွင်မဝင်ခင်လည်းအထက်ဖော်ပြပါအချက်အလက်တွေလည်းလေ့လာထားပါ
လုပ်ငန်းခွင်ရောက်ပြီဆိုတာနဲ့မိမိလေ့လာထားတဲ့အကြောင်းအရာတွေနဲ့အထက်လူကြီးရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာသင်ယူပါ
သင်ယူလိုစိတ်ရှိရပါမယ်
ဒါဆိုရင်နေရာကောင်းတစ်ခုကိုမြန်မြန်လျောက်လှမ်းနိုင်မှာပါဆုတောင်းရင်း...
အလင်္ကာည
5062019

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ။

ခေါင်းစဉ်။    ။ဝန်ထမ်းတွေ ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ။

သူဌေး တော်တော်များများက ဒီဝန်ထမ်း ဟိုတစ်ဘက် မှာ လစာပိုရလို့ အလုပ်
ပြောင်းသွားကြတယ်၊ ဒီအလုပ် ပေါ်သစ္စာမရှိ ဘူးလို့ ကောက်ချက်ချလေ့ ရှိသော် လည်း၊ တကယ်တော့၊ လစာနည်းတဲ့ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါ။ 
ဒီဝန်ထမ်းတစ်ယောက် အလုပ်ကိုဝင်ဖို့ အင်တာဗျူးကတည်းက သူရတဲ့လစာကို သူကျေနပ်လို့ဝင်ခဲ့တာပါ။

၁။ ကုမ္ပဏီနှင့် ၀န်ထမ်း Value = တန်ဘိုးမတူသောကြောင့် ထွက်ကြတယ်။

(က) ကုမ္ပဏီက အမှန်အကန် ၊ ၀န်ထမ်းက အကြံအဖန် (သို့မဟုတ်) ကုမ္ပဏီက အကြံအဖန်၊ ၀န်ထမ်းက အမှန်အကန်ဆိုရင် ကုမ္ပဏီနဲ့ ၀န်ထမ်း Value = တန်ဘိုး၊ မတူညီပါ။

(ခ) ကုမ္ပဏီအကြီးက ပြောင်းလာတဲ့ ၀န်ထမ်းသည် ကုမ္ပဏီ အသေးမှာ Value = တန်ဘိုး၊ မတူညီပါ။

(ဂ) စည်းစနစ်ကျတဲ့ လုပ်ငန်းတစ်ခုမှာ နှစ်ရှည်လများ လုပ်လာတဲ့ ၀န်ထမ်းသည်၊ စည်းစံနစ်မကျသော လုပ်ငန်းအတွက် Value = တန်ဘိုး၊ မတူညီပါ။

၂။ သဟဇာတ မဖြစ်လို့ထွက်ကြတယ်။

လုပ်ငန်းခွင်မှာ အထက်နဲ့လည်း သဟဇာတမဖြစ်၊ အောက်နဲ့လည်း သဟဇာတမဖြစ်ခြင်း။

သဟဇာတ မဖြစ်ဘူးဆိုတာ အရင်ရှိနေတဲ့ ၀န်ထမ်းတွေရဲ့ Nature နဲ့ နောက်ရောက်တဲ့ ၀န်ထမ်းရဲ့ Nature ခြင်း မတူခြင်း။

၃။ တာဝန်နှင့် လုပ်အား မမျှ ရင်လည်း ထွက်တယ်။

(က) ၀န်ထမ်း တာဝန်ယူနိုင်တဲ့ အပိုင်းကအများကြီး၊ သူတာဝန်ယူရတာက အရင်အလုပ်ရဲ့ ၁၀ ရာနှုန်းတောင် မရှိခြင်း။
(ခ) တာဝန်ယူနိုင်တဲ့ အပိုင်းကနည်းနည်း ပေးထားတဲ့ တာဝန်က အဆမတန် များနေခြင်း။

၎။ ၀န်ထမ်း၏ ရာထူး၊ အဆင့်နှင့် လျော်ညီသော လုပ်ပိုင်ခွင့် မရှိရင်လည်း ထွက်မှာပါပဲ။

(က) သက်ဆိုင်ရာ အဆင့် အလိုက် လုပ်ပိုင်ခွင့်မပေးပဲ Expanse အသေးလေးတွေ ကအစ တစ်ဦး တစ်ယောက်ရဲ့ ချုပ်ကိုင်မှု အောက်ရောက်နေခြင်း။ 

(ခ) ဆုံးဖြတ်ချက် သေးသေးလေးတွေ ကအစ ဗဟိုချုပ်ကိုင်မှု များနေခြင်း။

(ဂ) ၀န်ထမ်းအဆင့် အားလုံး အတူတူပါပဲဟု ဆိုလာခြင်း။

(ဃ) အဆင့် နိမ့်တဲ့ ၀န်ထမ်းက ရာထူး၊ အဆင့်မြင့်တဲ့ ၀န်ထမ်းထက် လုပ်ပိုင်ခွင့်နဲ့ ဆုံဖြတ်ပိုင်ခွင့် ပိုများနေခြင်း။

၅။ လုပ်ငန်းရှင်က၊ လူယုံမွေးရင်လည်းထွက်မှာဘဲ။

(က) လုပ်စားတာက ကွန်ဒို တည်ဆောက်ရေး။ မွေးထားတာက၊ ထောက်ပြုတ်၊ ရဲ၊ စသုံးလုံး၊ လဘာချာ၊ ပန္နုပ်များ ဖြစ်နေခြင်း။

(ခ) လူယုံက အာဏာကို သဘောကျ လာကာ၊ သူ့အာဏာကို ထိပါးလာမယ့်၊ လူတော် တွေကို၊ အလုပ်က နှုတ်ထွက်အောင် လုပ်ဆောင်ခြင်း။

၆။ အုပ်ချုပ်မှု ညံ့ဖျင်းရင်လည်း ထွက်မှာဘဲ။

(က) လုပ်ငန်းခွင်တွင် အလုပ်လုပ်လို့ မရအောင် အသုံးမဝင်သော၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ခြင်း။
(ခ)  အလုပ်သမားပြောသမျှ အလုပ်ရှင်က ယုံကြည်နေခြင်း။


(may-22-2016 ) က တင်ထားခဲ့သော ပိုစ်အား ပြန်လည်ဖော်ပြသည်.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to be successful in life :13 Tips

How to be successful in life :13 Tips

ကျနော်တို့ရဲ့
အသက် ဘယ်လောက်ပဲရှိနေပါစေ၊
ဘယ်နေရာမှာ နေထိုင်သည်ပဲဖြစ်စေ၊
ဘဝအတွက် ဘာတွေပဲလုပ်နေပါစေ၊
ကျနော်တို့အားလုံး လိုအပ်တဲ့အောင်မြင်မှု တစ်စုံတစ်ခုကို မျှော်လင့်နေရတာပါပဲ။

အောင်မြင်တဲ့ လူတိုင်းရဲ့ နည်းလမ်းဖွင့်ဆိုချက်တွေက ကွဲပြားခြားနားကြပါတယ်။
အများစုကတော့ အောင်မြင်မှုဆိုတာ
ချမ်းသာကြွယ်ဝမှု
ကျော်ကြားမှု နဲ့
အာဏာ... ဆိုပြီး ဖွင့်ဆိုယူဆကြပါတယ်။

ကျနော်တို့အားလုံး အောင်မြင်မှု ပန်းတိုင်ကို လိုချင်ကြတာပါပဲ
ဒါမှ စိတ်ချမ်းသာစွာနဲ့ နေနိုင်မှာကို.....
ငွေကြေးကိစ္စ အပူအပန်မရှိပဲ ငွေကိုရေလို သုံးချင်တယ်
အကောင်းစား ကားလည်း စီးချင်တယ်
အိမ်လှလှလေးနဲ့ နေထိုင်ဖို့ကိုလည်း စိတ်ကူးပုံဖော်မိကြမှာပါ။
သို့သော်လည်း ဒီလိုနေနိုင်ဖို့ ဒီလိုအောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့တော့ လွယ်လွယ်ကူကူနဲ့တော့
ရလာနိုင်မှာမဟုတ်ဘူးလေ။

ဒီမှာဖော်ပြထားတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ အောင်မြင်ရေးနည်းလမ်း(၁၃) အချက်တွေက ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းလမ်း တွေကို ဖော်ဆောင်ပြမလဲဆိုတာ တစ်ချက်ပြီးတစ်ချက် လေ့လာဖတ်ရှုကြည့်ရအောင်ဗျာ

...........
1. ယုံကြည်မှုကို ကြီးကြီး စဉ်းစား စိတ်ကူးပုံဖော်ဖို့ပါ

သင်တို့ ရည်မှန်းထားတဲ့ ကြီးကျယ်တဲ့အရာတွေ ဘယ်တော့မှ လုပ်လို့မရနိုင်ဘူး /ဖြစ်မလာနိုင်ဘူးဆိုတဲ့ စိတ်အတွေးတွေက သင်ကို့ အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ ပိတ်ပင်ထားတဲ့ အကြီးမားဆုံး အန္တရာယ် တစ်ခုပါ။
ဒါတွေကို ပြောင်းလဲပစ်လိုက်ပါ။ သင်စိတ်ကူးပုံဖော်ထားတာတွေကို လုပ်ဆောင်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ကူးကို အမြဲ ပုံဖော်စဉ်းစားပေးနေဖို့ပါပဲ။

2. မိမိ ဘာကို စိတ်ဝင်စားလဲ အချက်ကိုရှာဖွေပါ၊ ပြီးလျှင် လုပ်ဆောင်ပါ။
သင်တို့ နှစ်သက်တဲ့ အရာတွေကို ရှာဖွေပြီး လုပ်ဆောင်မယ်ဆိုလျှင် သင်တို့ဟာ အောင်မြင်ရေးကိုပန်းတိုင်ကိုသွားနေတဲ့ ပြေးလမ်းပေါ်ကလူတစ်ယောက်ဆိုတာ သင်တို့ သိလာမှာပါ။
ဒီအတွက် သင်လည်း ဘာမှမလုပ်ဆောင်ဘူးဆိုရင်တော့ ဘာတစ်ခုမှ သင့်ဘဝမှာ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

3. ဘဝမှာ ဟန်ချက်ညီနေထိုင်နိုင်အောင် လေ့လာသင်ယူပါ
ရှင်သန်နေထိုင်တဲ့ လူလောကထဲမှာ
အလုပ်အကိုင်နဲ့ စီးပွားရေး
သင့်မြတ်မှုနဲ့ ပရမ်းပတာမသင့်မြတ်မှု ဖြစ်စဉ်တွေကြားမှာ မပြောင်းနိုင်သေးတဲ့ သဘောထားကွဲလွဲမှုတွေရှိနေဦးမှာပါ။  ဒီလိုကွဲပြားမှုဖြစ်စဉ်တွေကြားထဲက လူတိုင်း အာဏာရခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်သလို  သြဇာလွှမ်းမိုးတဲ့ လူတစ်ယောက်လည်း ဖြစ်လာနိုင်တာပါပဲ။
သင့် အတွက်လည်း ဒီလိုလူတွေကြားထဲမှာ အောင်မြင်ရေး သော့ချက်ကိုရဖို့ ဘယ်လိုရှေဆက်လျောက်လှမ်းဖို့ကို လေ့လာသင်ယူဖို့ ရမှာပါ။

4. ကျရှုံးမှုကို မကြောက်ပါနဲ့။
ရှုံးနိမ့်မှုဆိုတာ နောက်တစ်ချိန်ပြန်စဖို့  အခွင့်အလမ်းတစ်ခုပါ။ ဒီတစ်ကြိမ်မှာတော့ အမှားအယွင်းမရှိ အောင် လုပ်ဆောင်နိုင်ဖို့  အကင်းပါးရမယ်။

5. အောင်မြင်မှုကိုရဖို့  ဆုံးဖြတ်ချက်တွေ ခိုင်မာရမယ်
တစ်ခါတစ်ခါ ဆုံးချက်တွေနှောင့်နှေးမှုတွေကြောင့် ဘဝမှာကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ လွဲချော်တတ်ကြတယ်။ အောင်မြင်မှုကိုရဖို့အတွက် သင့် ဆုံးဖြတ်ချက်တွေ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ရှိနေရပါမယ်။

6. အသုံးကြတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
သင့်မှာ တစ်ခြားသူတွေလိုမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့ အလုပ်ကိုအကောင်းဆုံးလုပ်ပြဖို့ပါ။ အလုပ်ပတ်ဝန်းကျင်လူတွေက သင့်ရဲ့ လုပ်ဆောင်နိုင်ချက်တွေကို လိုချင်အားကျလောက်အောင်  ထူးချွန်စွာပြုမူ လုပ်ဆောင်ပြပါ။
သင်က ပုံမှန်သူတွေထက်ပိုတယ်ဆိုရင်တော့ သင် လုပ်နိုင်တာထက် လုပ်ဆောင်ပြနိုင်မှာပါ။

၇)သဘောထားချင်း တိုက်ဆိုင်ပါ
လူတွေကြားမှာ ရှင်သန်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် အောင်မြင်ရေးလမ်းစတစ်ခုက သဘောထားကွဲလွဲမှု မဖြစ်အောင်လုပ်ဆောင်ဖို့ပါ။ ဒီအတွက် တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှုမရှိအောင် ညှိနှိုင်းဖြေရှင်းလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

8. စိတ်ကူးအသစ်တွေ ဖော်ဆောင်ပြဖို့ မကြောက်မရွံပါနှင့်။
မိမိတွေးလိုက်တဲ့ စိတ်ကူးအတွေးတွေက တစ်ခြားသူတွေအတွက် မဖြစ်နိုင်လောက်အောင် ကြောင်စီစီနိုင်ပေမယ့်  ဖြစ်နိုင်တယ်/အောင်မြင်နိုင်မယ်ဆိုရင် ဒီစိတ်ကူးအတွေးတွေကို လူတွေကိုချပြဖို့ ရှင်းပြဖို့ ပြောပြဖို့ အတွက် မကြောက်ရွံ့ပါနဲ့။

9. အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယုံကြည်မှုရှိပါစေ။
သင့် အိမ်မက်ထဲက လိုချင်တဲ့အရာရှိရင် သင် ဒါကိုရအောင်လုပ်ဆောင်နိုင်တယ်ဆိုလျှင် ရအောင်လုပ်ဆောင်ပြလိုက်ပါ။ ဘာပဲလုပ်လုပ် ငါလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို မွေးယူပါ။

10. ကောင်းတဲ့အတွေးအခေါ် ထားရှိပါ။
အောင်မြင်မှု ပန်းတိုင်ကိုရဖို့ ယုံကြည်ပြီး ပျော်ရွင်နိုင်တာတွေကို စဉ်းစားမလား
ပတ်ဝန်းကျင်က ပြသနာတွေ-စိတ်ဆင်းရဲတာတွေကို စဉ်းစားမလား
ကောင်းတဲ့ မျှော်လင့်ချက်ကိုစဉ်းစားဆုံးဖြတ်နိုင်ရင် ဘဝမှာ ပျော်ရွှင်လာပါလိမ့်မယ်
ကောင်းတဲ့ အတွေးအခေါ်ရှိရင် ကောင်းတဲ့အပြုအမူဖြစ်လာမှာပါ။

11. စိတ်ပျက်အားလျော့မှုကို လက်မြှောက်အရှုံးမပေးပါနဲ့။
မိမိကိုယ်ကို စိတ်ပျက်အားလျော့မှု ခံစားချက်တွေကို မဖြစ်စေပါနဲ့။
သင်သာ ဒီလို စိတ်ပျက်အားလျော့ အရှုံးပေးမှုတွေ ရှိမနေဘူးဆိုရင် အောင်မြင်မှုဆိုတာ သင့်ရဲ့ အနီးဆုံးမှာဆိုတာ ကျိန်းသေပါတယ်။

12. ကြိုးကြိုးစားစားလုပ်ပြပါ။
သင် လုပ်ပြနိုင်တာထက် ပိုလုပ်ဆောင်မပြနိုင်ဘူးဆိုရင် ပိုမြင့်မားတဲ့ ရာထူးနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် အလုပ်ကို စွမ်းစွမ်းတမံ လုပ်ပြရမှာက သင့်ရဲ့တာဝန်ပါ။

13. စိတ်လိုအင်ဆန္ဒကို လုပ်ဆောင်ဖို့ လုံလောက်တဲ့ သတ္တိရှိပါစေ။
တစ်ခါတစ်ခါ စွန့်စားမှုမရှိလို့ သင် လုပ်ချင်တဲ့အရာတွေ ဖြစ်မလာနိုင်တာတွေရှိတယ်။။
သင့် ရဲ့ စိတ်နှလုံးသားထဲက ဒါကိုလုပ်ကိုလုပ်မယ် ရကိုရရမယ်လို့ လုံလောက်တဲ့ သတ္တိအားမွေးမယ်ဆိုရင် သင့် လိုချင်တာတွေအမှန်တကယ်ရလာမှာပါ။

Kara Heissman ရဲ့
How To Be Successful In Life: 13 Tips From The World’s Most Successful People ကို ဆီလျော်အောင် ဘာသာပြန်သည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ဘာအတွက် အလုပ်လုပ်ကြတာလဲ"

မနက်ဖန်ဆို ရုံးတွေပြန်ဖွင့်ကြပြီ
အလုပ်တွေ လုပ်ရတော့မှာပေါ့
Monday Blues ဆိုတာကြီးကို စတင်ခံစားရတော့မယ်ဗျာ၊
(Monday Blues ဆိုတာ--- တနင်္ဂလာနေ့တွင် အလုပ်တတ်ရန်စိုးရိမ်ခံစားနေရခြင်း၊ စိတ်အားတတ်ကြွမှုပျောက်ဆုံးနေခြင်းနှင့် ကြုံတွေ့လာရမည့် တစ်ပါတ်တာအလုပ်တာဝန်များအတွက် အဆင်သင့်မဖြစ်ခြင်းတို့ဖြစ်သည်)။

ကျနော် စဉ်းစားမိတယ်
အလုပ်မှာ ဒီနေ့ စဉ် Repetitive jobs တွေကိုလုပ်နေရင်း တစ်ခါတစ်ခါ ငြီးငွေ့လာသလို့ ခံစားရတယ်
တစ်ယောက်နဲ့တစ်ယောက် မသိကြပဲ အလုပ်ထဲရောက်မှသိကြ
အတင်းပြောကြ ၊ ဖိနှိပ်ကြ၊ မနာလိုတာ ၊ ချောက်တွန်းတာတွေ၊ နေရာယူတာတွေ၊ အပေါ်ဖား အောက်ဖိ လူတွေ စသည်ဖြင့်ပေါ့ ကျနော်တို့တွေ ကြုံနေရကြတာပဲ
ဒီလို စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့အလုပ် လုပ်နေရတော့ သူတို့ပြောတာ မခံချင်လည်း ခံ၊
မမှန်လည်းဟုတ် မှန်လည်းဟုတ်နေရမယ်၊ လူတိုင်းမာနလေးရှိတော့  အပြောမခံနိုင်ရင် အလုပ်ထွက် ဆိုရင်လည်း စားဝတ်နေရေးက  တစ်ဦးတည်းဆိုရင်တော့ ဘာမှမဖြစ်၊ မိသားစုနဲ့သာဆိုရင် လွယ်မှာဟုတ်ဘူး၊ ဒီတော့ ကြိတ်မှိတ်လုပ်ကြရင်း အချိန်တန်ရင် လစာလေးထုတ်၊ဒီလစာလေးရဖို့ ဝတ်ကျေတန်းကျေပဲ လုပ်ကြတော့တာပေါ့ ။

လုပ်သက်သာကြာလာတယ် လစာမတိုး နောက်အလုပ်တစ်ခုပြောင်းလုပ် ၊
ဒီလိုနဲ့ နောက်တစ်ကြိမ် အလုပ်သစ်မှာ အလားတူမျိုး ပြန်ကြုံလာရင်း ဘာမှထူးခြားမလာဘဲ
အသက်တွေသာ ကြီးလာကြပြီး ဘဝအတွက် နေမြဲတိုင်းကနေမြဲတမ်း ပေါ့ဗျာ

ဒီတော့
ကျနော် တို့ ဘာအတွက် အလုပ် လုပ်နေရတာလဲ???
စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ ဝတ်ကျေတန်းကျေ အလုပ် အလုပ်နေကြတော့မှာလား
ကျနော်အနေနဲ့တော့ ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်စေချင်ဘူး

ကျနော်တို့ သင်ယူလာခဲ့တဲ့  ကျွမ်းကျင်တဲ့ပညာနဲ့ လုပ်အားကိုပေါင်းပြီး လစာဆိုတဲ့ ပိုက်ဆံကို ကုမ္ပဏီက  ပြန်ရကြတာပါ။ကျနော်တို့ဒီတိုင်းနေရင် ဒီအတိုင်းပဲ ဖြစိနေမှာပါ၊ ကျနော်တို့ဘဝတိုးတက်မှုအတွက် အနည်းငယ်ပြောင်းလဲကြည့်ရအောင်.....

1. ကိုယ့်အတွက် လိုအပ်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို  ထပ်မံလေ့လာသင်ယူပါ Upgrade လုပ်ပါ၊

ပိုက်ဆံကုန်မှာပဲ၊ အချိန်မရှိလို့၊ အဝေးရောက်နေလို့ဆိုပြီး ဆင်ခြေတွေပေးနေရင် ကိုယ်အတွက်တိုးတက်မှုတွေက  တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် ဆုတ်လျော့လာပါလိမ့်မယ်၊ ဒီအတွက် နေ့စဉ်နည်းနည်းစီ လေ့လာသင်ယူပါ၊

2. အလုပ်ကို စိတ်ဝင်တစားလုပ်ပါ။

မိမိအလုပ်ကို စိတ်ဝင်တစားအလုပ် လုပ်မှ အလုပ်က တိုးတက်လာမှာပါ၊ လစာတိုးလာမယ်၊ ရာထူးတိုးလာမယ် အခွင့်အလမ်းကောင်းတွေက သင့်အတွက် အမြဲ ဖြစ်နေတော့မှာပါ၊ ဒီအတွက် မခိုမကပ်ပါနဲ့၊ ဉာဏ်စွမ်းရှိသလောက် ထုတ်ဖော်လုပ်ဆောင်ပြလိုက်ပါ၊

3. မိတ်ဆွေများများထားပြီး မတူတာတွေကို လေ့လာသင်ယူပါ။

မိတ်ဆွေတွေက သင့်ကိုကူညီနိုင်သလို သင့်ကိုလည်း ဖျက်စီးပစ်နိုင်ပါတယ် ၊ ဒါပေမယ့် မိတ်ဆွေများချင်းက သင့်အလုပ်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ၊  ဒီအတွက် အလုပ်ပါတ်ဝန်းကျင်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွေ့အကြုံတွေကို လေ့လာသင်ယူပါ၊

4. လစာအပြင် အပိုထပ်ရနိုင်မယ့် စီးပွားရေးနည်းလမ်းတွေကို အမြဲရှာဖွေပါ၊

ကိုယ်ဘာတတ်ကျွမ်းသလဲ ဘယ်အပိုင်းမှာအားသာချက်ရှိလည်း ကိုယ့်ကိုကိုယ် စမ်းစစ်ပါ။
(ဒီနေရာမှာပြောချင်တာက ကျနော်သူငယ်ချင်းတစ်ယောက် အင်္ဂလိပ်စာကျွမ်းကျင်တယ် ဒီတော့ အလုပ်ချိန်ပြင်ပမှာ အိမ်တွေလိုက်ပြီး အင်္ဂလိပ်စကားပြောလိုက်သင်ပြီး ဝင်ငွေအပိုရှာတယ် ၊ ပြီးတော့ တစ်ပါတ်(၃)ရက် စာမူတွေကို ဘာသာပြန်တယ်၊) ဒီအတွက် ကိုယ်က ဝင်ငွေအပိုရနိုင်မည့် နည်းလမ်းတွေကို အပြင် မိတ်ဆွေတွေဆီကဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကပဲ ဖြစ်ဖြစ် ပဲ  စူးစမ်းလေ့လာပြီးအခွင့်အလမ်းတွေကို ဖန်တီးရယူပါ။

5. ကိုယ်တတ်စွမ်းနိုင်သလောက် သူတစ်ပါးကို ကူညီပေးပါ ။

လူတစ်ယောက်က အကူအညီတောင်းလိုက်တဲ့အခါမျိုးဆိုရင် ဒီလူဆီက ဘာပြန်ရမလဲဆိုပြီး မတွေးပါနဲ့။  မမျှော်လင့်ပါနဲ့။ စိတ်ရှင်းရှင်းထားပြီး ကိုယ်တတ်နိုင်သလောက်ကူညီပေးလိုက်ပါ ၊
ကိုယ်ပေးခဲ့တဲ့အကူညီ က တစ်ချိန်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။ ဒီအတွက် အကူအညီဆိုတာ အသွားအပြန်ရှိတဲ့အတွက် ကူညီပေးလိုက်ပါ။


ဒီအချက်တွေက ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ် လုပ်နေတော့တာမဟုတ်သလို
အချိန်အတိုင်းအတာ တစ်ခုပြီးဆုံးသွားရင်တော့ ကျနော်တို့ ပြောင်းလဲလိုက်တဲ့ ဒီကြိုးစားမှုရလဒ်တွေက ကျနော်တို့ဘဝရှေ့ရေးအတွက် အရာထင်လာမှာပါ၊

ချစ်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS