RSS

"ဘာအတွက် အလုပ်လုပ်ကြတာလဲ"

မနက်ဖန်ဆို ရုံးတွေပြန်ဖွင့်ကြပြီ
အလုပ်တွေ လုပ်ရတော့မှာပေါ့
Monday Blues ဆိုတာကြီးကို စတင်ခံစားရတော့မယ်ဗျာ၊
(Monday Blues ဆိုတာ--- တနင်္ဂလာနေ့တွင် အလုပ်တတ်ရန်စိုးရိမ်ခံစားနေရခြင်း၊ စိတ်အားတတ်ကြွမှုပျောက်ဆုံးနေခြင်းနှင့် ကြုံတွေ့လာရမည့် တစ်ပါတ်တာအလုပ်တာဝန်များအတွက် အဆင်သင့်မဖြစ်ခြင်းတို့ဖြစ်သည်)။

ကျနော် စဉ်းစားမိတယ်
အလုပ်မှာ ဒီနေ့ စဉ် Repetitive jobs တွေကိုလုပ်နေရင်း တစ်ခါတစ်ခါ ငြီးငွေ့လာသလို့ ခံစားရတယ်
တစ်ယောက်နဲ့တစ်ယောက် မသိကြပဲ အလုပ်ထဲရောက်မှသိကြ
အတင်းပြောကြ ၊ ဖိနှိပ်ကြ၊ မနာလိုတာ ၊ ချောက်တွန်းတာတွေ၊ နေရာယူတာတွေ၊ အပေါ်ဖား အောက်ဖိ လူတွေ စသည်ဖြင့်ပေါ့ ကျနော်တို့တွေ ကြုံနေရကြတာပဲ
ဒီလို စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့အလုပ် လုပ်နေရတော့ သူတို့ပြောတာ မခံချင်လည်း ခံ၊
မမှန်လည်းဟုတ် မှန်လည်းဟုတ်နေရမယ်၊ လူတိုင်းမာနလေးရှိတော့  အပြောမခံနိုင်ရင် အလုပ်ထွက် ဆိုရင်လည်း စားဝတ်နေရေးက  တစ်ဦးတည်းဆိုရင်တော့ ဘာမှမဖြစ်၊ မိသားစုနဲ့သာဆိုရင် လွယ်မှာဟုတ်ဘူး၊ ဒီတော့ ကြိတ်မှိတ်လုပ်ကြရင်း အချိန်တန်ရင် လစာလေးထုတ်၊ဒီလစာလေးရဖို့ ဝတ်ကျေတန်းကျေပဲ လုပ်ကြတော့တာပေါ့ ။

လုပ်သက်သာကြာလာတယ် လစာမတိုး နောက်အလုပ်တစ်ခုပြောင်းလုပ် ၊
ဒီလိုနဲ့ နောက်တစ်ကြိမ် အလုပ်သစ်မှာ အလားတူမျိုး ပြန်ကြုံလာရင်း ဘာမှထူးခြားမလာဘဲ
အသက်တွေသာ ကြီးလာကြပြီး ဘဝအတွက် နေမြဲတိုင်းကနေမြဲတမ်း ပေါ့ဗျာ

ဒီတော့
ကျနော် တို့ ဘာအတွက် အလုပ် လုပ်နေရတာလဲ???
စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ ဝတ်ကျေတန်းကျေ အလုပ် အလုပ်နေကြတော့မှာလား
ကျနော်အနေနဲ့တော့ ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်စေချင်ဘူး

ကျနော်တို့ သင်ယူလာခဲ့တဲ့  ကျွမ်းကျင်တဲ့ပညာနဲ့ လုပ်အားကိုပေါင်းပြီး လစာဆိုတဲ့ ပိုက်ဆံကို ကုမ္ပဏီက  ပြန်ရကြတာပါ။ကျနော်တို့ဒီတိုင်းနေရင် ဒီအတိုင်းပဲ ဖြစိနေမှာပါ၊ ကျနော်တို့ဘဝတိုးတက်မှုအတွက် အနည်းငယ်ပြောင်းလဲကြည့်ရအောင်.....

1. ကိုယ့်အတွက် လိုအပ်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို  ထပ်မံလေ့လာသင်ယူပါ Upgrade လုပ်ပါ၊

ပိုက်ဆံကုန်မှာပဲ၊ အချိန်မရှိလို့၊ အဝေးရောက်နေလို့ဆိုပြီး ဆင်ခြေတွေပေးနေရင် ကိုယ်အတွက်တိုးတက်မှုတွေက  တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် ဆုတ်လျော့လာပါလိမ့်မယ်၊ ဒီအတွက် နေ့စဉ်နည်းနည်းစီ လေ့လာသင်ယူပါ၊

2. အလုပ်ကို စိတ်ဝင်တစားလုပ်ပါ။

မိမိအလုပ်ကို စိတ်ဝင်တစားအလုပ် လုပ်မှ အလုပ်က တိုးတက်လာမှာပါ၊ လစာတိုးလာမယ်၊ ရာထူးတိုးလာမယ် အခွင့်အလမ်းကောင်းတွေက သင့်အတွက် အမြဲ ဖြစ်နေတော့မှာပါ၊ ဒီအတွက် မခိုမကပ်ပါနဲ့၊ ဉာဏ်စွမ်းရှိသလောက် ထုတ်ဖော်လုပ်ဆောင်ပြလိုက်ပါ၊

3. မိတ်ဆွေများများထားပြီး မတူတာတွေကို လေ့လာသင်ယူပါ။

မိတ်ဆွေတွေက သင့်ကိုကူညီနိုင်သလို သင့်ကိုလည်း ဖျက်စီးပစ်နိုင်ပါတယ် ၊ ဒါပေမယ့် မိတ်ဆွေများချင်းက သင့်အလုပ်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ၊  ဒီအတွက် အလုပ်ပါတ်ဝန်းကျင်က လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွေ့အကြုံတွေကို လေ့လာသင်ယူပါ၊

4. လစာအပြင် အပိုထပ်ရနိုင်မယ့် စီးပွားရေးနည်းလမ်းတွေကို အမြဲရှာဖွေပါ၊

ကိုယ်ဘာတတ်ကျွမ်းသလဲ ဘယ်အပိုင်းမှာအားသာချက်ရှိလည်း ကိုယ့်ကိုကိုယ် စမ်းစစ်ပါ။
(ဒီနေရာမှာပြောချင်တာက ကျနော်သူငယ်ချင်းတစ်ယောက် အင်္ဂလိပ်စာကျွမ်းကျင်တယ် ဒီတော့ အလုပ်ချိန်ပြင်ပမှာ အိမ်တွေလိုက်ပြီး အင်္ဂလိပ်စကားပြောလိုက်သင်ပြီး ဝင်ငွေအပိုရှာတယ် ၊ ပြီးတော့ တစ်ပါတ်(၃)ရက် စာမူတွေကို ဘာသာပြန်တယ်၊) ဒီအတွက် ကိုယ်က ဝင်ငွေအပိုရနိုင်မည့် နည်းလမ်းတွေကို အပြင် မိတ်ဆွေတွေဆီကဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကပဲ ဖြစ်ဖြစ် ပဲ  စူးစမ်းလေ့လာပြီးအခွင့်အလမ်းတွေကို ဖန်တီးရယူပါ။

5. ကိုယ်တတ်စွမ်းနိုင်သလောက် သူတစ်ပါးကို ကူညီပေးပါ ။

လူတစ်ယောက်က အကူအညီတောင်းလိုက်တဲ့အခါမျိုးဆိုရင် ဒီလူဆီက ဘာပြန်ရမလဲဆိုပြီး မတွေးပါနဲ့။  မမျှော်လင့်ပါနဲ့။ စိတ်ရှင်းရှင်းထားပြီး ကိုယ်တတ်နိုင်သလောက်ကူညီပေးလိုက်ပါ ၊
ကိုယ်ပေးခဲ့တဲ့အကူညီ က တစ်ချိန်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။ ဒီအတွက် အကူအညီဆိုတာ အသွားအပြန်ရှိတဲ့အတွက် ကူညီပေးလိုက်ပါ။


ဒီအချက်တွေက ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ် လုပ်နေတော့တာမဟုတ်သလို
အချိန်အတိုင်းအတာ တစ်ခုပြီးဆုံးသွားရင်တော့ ကျနော်တို့ ပြောင်းလဲလိုက်တဲ့ ဒီကြိုးစားမှုရလဒ်တွေက ကျနော်တို့ဘဝရှေ့ရေးအတွက် အရာထင်လာမှာပါ၊

ချစ်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment