RSS

ပြောစရာစကားလုံးမရှိတော့လို့ပါ။

တစ်နေ့ ကျနော် ရုံးက ကိစ္စနဲ့ တာမွေအ၀ိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့
ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း…
မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ………

ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Form
တွေအထပ်လိုက်ကြီးပါတကား။။။။။။။။။

ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ်
တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့)

ဦးလေးရေ CV Form တွေက
များလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်..

မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agency
တွေလည်း ဒုနဲ့ဒေးပါပဲ…

အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ…

CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV
က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.
အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ.

မရှိရင်တောင် အနည်းဆုံး(၄)ရွက်မကရှိမှ CV Form တစ်စုံကပြည့်စုံမှာကို။အလုပ်ရတာလည်းရှိမယ်
မရတာလည်းရှိမှာပေါ့။

မရတော့ အဲ့ဒီလူတွေရဲ့ CV Form တွေကို သူတို့က ဘာလုပ်မယ်ထင်လဲ………. ကျနော်တော့မသိဘူး
အခုလောလောဆယ်တော့. လမ်းဘေးကုလားဆိုင်မှာ ဓါတ်ပုံတွေနဲ့ကိုးရို့ကားယားတွေဖြစ်နေတော့တာပဲ..

နောက်ပြီးရှိသေးတယ်…………တစ်ချို့ Agency ကို အလုပ်အကိုင်ရရင် ပထမတစ်လကို 50% နဲ့ဒုတိယ တစ်လကို 25%
ပေးရသေးတဲ့အပြင် အလုပ်ရပြီး တစ်လအတွင်း အလုပ်.လုပ်ရတာ အဆင်မပြေဘူးဆိုရင် သူတို့ထပ်ရှာပေးမယ်ဆိုပြီး
စကားကတိလေးတွေရှိကြတယ်.

အဆင်မပြေတဲ့သူကိုပြန်ရှာပေးတာထက်စာရင်.. Agency တွေက နောက်လူသစ်တွေကိုပဲ
ဦးစားပေးရှာပေးပါတယ် …ဒါမှလည်း သူတို့အတွက် 75% အပြည့်ရမှာလေ.

ထားပါတော့ဗျာ……………ပြောချင်တာက အလုပ်သွားလျောက်တဲ့သူတွေကိုပါ………….

သေချာစဉ်းစားကြပါလို့……..

Agency တွေကိုမပြောတော့ပါဘူးဗျာ

ပြောစရာစကားလုံးမရှိတော့လို့ပါ။



ခင်မင်စွာဖြင့်

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငွေရဲ့တန်ဖိုး



ငွေ….ဆိုတာအယုတ်အလတ်အမြတ်မရွေးလိုချင်မက်မောရတဲ.အရာတစ်ခု။
တစ်ဦးတစ်ဦးအခင်မင်ပျက်သွားစေတတ်တာလဲ……ငွေ။
မရှိလို့လဲမဖြစ်၊ရှိပြန်တော့လဲသုံးမလောက်တာငွေရဲ.တန်ခိုး။
လူတွေဖန်ဆင်းထားတဲ.ငွေနဲ့လောကြီးကိုသာယာအေင်ပြောင်းလဲလို့ရသလို…
အသံတိတ်ငိုကြွေးရတဲအဖြစ်မျိုးလဲရှိတတ်တဲ.ငွေရဲ.တန်ခိုး…ကကြောက်မက်ဖွယ်။
ငွေရှိမှတန်ဖိုးရှိတယ်လို.သတ်မှတ်ကြတဲ.လူတချို.
ငွေမရှိပြန်တော.တောင်းနိုးနိုး…ရမ်းနိုးနိုးနဲ့လူတချို.ရဲ.အမြင်ကစူးရှလွန်းတယ်။
ငွေမရှိရင်(တချို.)မောင်နှမချင်းတောင်မျက်နှာငယ်ရတဲ.အဖြစ်။
ငွေမရှိရင်(တချို.)ချစ်သူကတောင်ခပ်လှမ်းလှမ်းဖြစ်သွားတတ်ပါတယ်။
ငွေပေးရင်ရပြီဆိုတဲ.တချို.ဘောစ်.တော်တော်များများကတော.ငွေပေးပြီးအားမနာတမ်းပြောဆိုတတ်တာလဲခဏ..ခဏ။
သိပ်တန်ခိုးရှိလွန်းတဲ.ငွေ…..ကိုတခါတခါစိတ်နာမိတယ်။
လူတွေသတ်မှတ်ထားတဲ.တန်ဖိုးနဲ.သူကလောကကြီးအလယ်မှာခေါင်းမော.နေဆဲ
မော်ကြွားနေဆဲ……သာယာနေဆဲ
ငွေရှိရင်ဘာမဆိုဖြစ်နိုင်တဲ.လောကကြီးအလယ်မှာ……တခုတော.ပြောချင်ပါတယ်။
ငွေနဲ.ကိုယ်ကျင်.တရား၊သိက္ခာလဲလှယ်ရောင်းဝယ်လို.မရဘူးဆိုတာကို
သိပ်ပြီးပြည်.စုံနေတဲ.လူတချို.ကို….အသိပေးချင်ပါတယ်။
ငွေနဲ.၀ယ်ယူလို.မရတဲ.အရာတွေလောကကြီးမှာအများကြီးဆိုတာလဲသိစေချင်ပါသေးတယ်။
သစ္စာတရားဆိုတဲ.အရာကိုလဲငွေနဲ.၀ယ်လို.မရဘူးဆိုတာလဲသိစေချင်မိတယ်။
ငွေရှိတဲ့လူလဲ ရှိတဲ.မာနရှိသလို ၊ မရှိတဲ.လူလဲ မရှိတဲ့မာနတော.ရှိပါတယ်။
လူအချင်းချင်းအထင်ကြီးတတ်၊အထင်သေးတတ်တဲ.ငွေဟာအရာရာကိုဖန်ဆင်းနိုင်တဲ.အရာမဟုတ်ဘူးဆိုတာ
လူသားတချို.ကိုသိစေချင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြဿနာ

အဲဒီညနေက ပြသနာ အထွေးအရှုပ်တွေနဲ့ ၀င်္ကပါတောင်မှာ ကျွန်တော်ထိုင်နေတာပေါ့ဗျာ။ စေတီကလေးဆီက ဆွဲလည်းတစ်ခုသံက ထူးထူးခြားခြား အသံသာနေတာကို ကျွန်တော် သတိထားမိတယ်။

တစ်ခါတစ်ခါ တိုးဝှေ့လာတဲ့လေက ကျွန်တော့်ဆံပင်တွေကို ဖွကျဲသွားကြတယ်။ နေစောင်းသွားပြီဖြစ်လို့ပြန်ဖို့ ကျွန်တော် ထလိုက်မယ်အလုပ်မှာ လူတစ်ယောက် ကျွန်တော့်ရှေ့ လာရပ်တယ်ဗျ။ မော်ကြည့်လိုက်တော့ ကြည်လင်သန့်ရှင်းတဲ့ သူ့ မျက်နှာမှာ ပြုံးယောင်သမ်းနေတယ်။ သူ့ အသက်က ခြောက်ဆယ်ဝန်းကျင်လောက် ရှိရော့မယ်။
သူက ကျွန်တော့်ကို . . .
မောင်ရင် ဒီမှာ လာထိုင်တာ သုံးရက်ရှိပြီတဲ့။
ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ ခေါင်းကို ညိတ်ပြလိုက်မိတယ်၊ သူက ဆက်ပြီး ဆိုပြန်ပါတယ်။

မောင်ရင် ဒီမှာ အပျင်းပြေလာထိုင်တာတော့ ဟုတ်ပုံမရဘူး။
ကျွန်တော်က သူ့ကို ငေးကြည့်တယ်။ သူ့ကို အံ့သြတာလည်း ပါတာပေါ့၊ သူက ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတာတွေကို သိနေတဲ့ အမူအရာမျိုးနဲ့လူ့လောကမှာ ပြသနာတွေ ရှိတာပေါ့၊ လူတစ်ယောက်က မိုးရွာထဲမှာ ထီးဆောင်းပြီးသွားရင်း တွေးမိတယ်ဆိုပဲ၊ မိုးဟာ အပေါ်က ရွာပေလို့သာပဲ၊ အောက်ကများရွာရင် ဘယ်လို ထီးဆောင်းသွားရပါ့မလဲလို့။ ဒီအတွေးနဲ့ သူ့မှာ အောက်က ရွာမယ့်မိုးကို ထီးဆောင်းရေး ပြသနာကြီးဖြစ်နေတယ်။ ဒါ တကယ်တော့ ပြသနာမှ မဟုတ်တာ ပြသနာ မဟုတ်တာကို ပြသနာလုပ်နေရင် ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်ရတတ်တာပဲ။ လူတွေဟာ ပြသနာအတုကို ပြသနာအစစ်ထင်ပြီး ပင်ပင်ပန်းပန်း ဖြေရှင်းနေတတ်ကြတယ်။
ဒီမယ် မောင်ရင် ပြသနာမဟုတ်တာကို ပြသနာမဟုတ်ဘူးလို့သိရင် ပြသနာဟာ ပြေလည်သွားတာပဲ။

သူနဲ့ကျွန်တော် ၀င်္ကပါတောင်က ဆင်းလာခဲ့ကြပါတယ်။

အဆင်းဖြစ်လို့ ဒါမှမဟုတ် ပြသနာတွေ လျောကျခဲ့လို့ ထင်ပါရဲ့။ ကျွန်တော့်မှာ ပေါ့ပါးသွက်လက် လွတ်လပ်နေတာတော့ အမှန်ပဲ။ ဆင်းလာရင်း သူက-
တစ်ခါတုန်းက ဖားပြုတ်တစ်ကောင်က ကင်းခြေများတစ်ကောင်ကို ကြည့်ပြီး ပြသနာဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့၊ ကင်းခြေများရဲ့ ခြေထောက်တွေက သိပ်များတာပဲ။ ခြေတွေ သိပ်များတော့ သွားရင် ဘယ်ခြေထောက်ကစပြီး လှမ်းပါလိမ့်လို့ တွေးရင်း ဖားပြုတ်မှာ ပြသနာ အကြီးအကျယ် ဖြစ်နေတယ်။
ဒီလို ပြသနာဖြစ်ပြီး သူကိုယ်တိုင်တောင် ဘယ်လိုစ လှမ်းရ ခုန်ရမှန်းမသိ ဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့ ။
ပြသနာ မဟုတ်တာကို ပြသနာလုပ်နေတော့ လှမ်းလို့ရပါလျက်နဲ့ မလှမ်းမိ ၊ ခုန်လို့ရပါလျက်နဲ့ မခုန်မိနဲ့ လိုရာကို မရောက်တော့ဘူးပေါ့။
ပြသနာတစ်ခုဟာ စစ်မှန်တဲ့ ပြသနာဖြစ်တယ်ဆိုရင်တော့ ရှောင်နေလို့လဲ မရဘူး။ ဖြေရှင်းပစ်ရမှာပဲ၊ ပြသနာဆိုတာ ဖြေရှင်းရမယ့် အရာဆိုတော့ ဖြေရှင်းလိုက်ပေါ့ မောင်ရင်။

သူက ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ခေမာသီဝံဘက်ကိုသွားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်သွားပါတယ်။ သူသွားနေပုံက ဘာမှ ပြသနာမရှိတဲ့သူအဖြစ် သွားနေသလိုပါဘဲ။ သူသွားတဲ့အရပ်ကလည်း ဘာပြသနာမှ မရှိတဲ့အရပ် ဖြစ်ပါလိမ့်မယ်။

(နန္ဒသိန်းဇံ)

ခင်မင်စွာဖြင့်
ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေတ္တာစွမ်းအင် ပေးဝေစေချင်

နေ့တစ်နေ့မှာပေါ့လေ….
အမျိုးသမီးတစ်ယောက်ဟာအ၀တ်လှန်းဖို့အိမ်ရှေ့ကိုအထွက်သူ့ခြံထဲမှာမုတ်ဆိတ်ဖားဖားကြီးနဲ့ အဘိုးကြီးသုံးယောက် ထိုင်နေတာကိုတွေ့လိုက်ရပါသတဲ့။
အမျိုးသမီးက ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် သက်ကြီးရွယ်အိုတွေဖြစ်နေတာမို့လို့ဂါရ၀တရားလေးနဲ့
"အဘတို့ကို ဘယ်သူဘယ်ဝါတွေမှန်း အတိအကျမသိပေမယ့် မြင်ဖူးသလိုပါပဲ။ အမောပြေ ၀င်နားနေကြတယ် ထင်ပါရဲ့။ အိမ်ထဲဝင်ပြီး အကြမ်းလေးသောက်၊ လက်ဖက်လေး မြုံ့ကြပါဦးလား" ရှင်လို့လောကွတ်ပြုရှာပါသတဲ့။

အဘိုးတွေက ချက်ချင်းဆိုသလို သူမကိုပြန်မေးပါတယ်။ "ကလေးမရဲ့အိမ်သား မရှိဘူးလားကွယ့်…."

"သူအပြင်ကိုသွားနေပါတယ်ရှင်"လို့အမျိုးသမီးကဖြေလိုက်တဲ့အခါ
"ဒါဆိုရင်တော့တို့များဝင်လို့ဘယ်တင့် တယ်မလဲကွယ်" လို့

အဘိုးသုံးဦးစလုံးကပြိုင်တူပြန်ဖြေကြပါသတဲ့လေ။ သဘာဝကျနေတာမို့စောဒကမတက်ပဲအမျိုးသမီးကသူ့အလုပ်သူလုပ်နေပါတော့သတဲ့။
ဒီလိုနဲ့နေစောင်းလို့ခင်ပွန်းသည်ရောက်လာတော့ အမျိုးသမီးက အကျိုးအကြောင်း ပြန်လည်ပြောပြတဲ့အခါ `သွားပြီး ဖိတ်ခေါ်လိုက်ချေကွာ။ အဘိုးတွေသနားပါတယ်။ အိမ်ထဲကိုကြွကြပါ´လို့ ခင်ပွန်းကပြောခိုင်းသတဲ့။

အမျိုးသမီးလည်းချက်ချင်းဆိုသလို အပြင်မှာရှိနေဆဲဖြစ်တဲ့ အဘိုးအိုသုံးဦးကို အိမ်ထဲကြွဖို့ဖိတ်ခေါ်ပါသတဲ့။ အဲဒီအခါမှာ `တို့သုံးယောက်လုံးတော့ ၀င်လို့မရဘူး ကလေးမရဲ့။ တစ်ဦးပဲရမယ်ကွဲ့။
တစ်ဦးအမည်က ဘဓန တဲ့၊
ဟိုတစ်ဦးက ဘအောင်လံ၊
ဟောတစ်ယောက်ကတော့ ဘမေတ္တာ တဲ့။
ဘယ်သူ့ကိုဖိတ်ခေါ်ချင်လဲ??? ကလေးမရဲ့ခင်ပွန်းနဲ့ သွားပြီးတိုင်ပင်ချေဦးလေကွယ်´လို့ ပြောလိုက်ပါတယ်။

အဲတော့ အမျိုးသမီးဟာ ခင်ပွန်းသည် ကိုတိုင်ပင်တော့ သူက
` ဟာ လိုနေတာ တို့အမြဲတမ်းတမ်းတနေတာဓနဥစ္စာမလား။ အဲတော့ ဘဓန ပဲဖိတ်ခေါ်ချေကွာ´လို့ပြောတော့ ဇနီးသည်က `ရှင်ကလဲ အောင်မြင်မှုတွေသာ ပိုလိုအပ်တာမလား။ အဲတော့ ဘအောင်လံကိုပဲ ဦးစားပေး ဖိတ်ခေါ်သင့်လှတယ်လေ´လို့ ပြန်ပြောကြရင်းစကားအချေအတင်ဖြစ်နေခိုက်မှာ အိမ်ခန်းထောင့်မှာ နေနေတဲ့ ချွေးမချောက` အဖေနဲ့အမေတို့ရယ် တကယ်တော့ ဘမေတ္တာ ကိုသာပိုဖိတ်ခေါ်သင့်တာပေါ့။ အိမ်မှာ အေးချမ်းမှုရစေအောင်ပေါ့´လို့ ပြောပြရှာပါသတဲ့။ အဲဒီအချိန်မှာပဲ ယောက္ခထီးလုပ်သူခင်ပွန်းသည်က
`အေး ငါ့သမီးပြောတာလည်းဟုတ်တုတ်တုတ်ပဲ ရှင်မရ။ အဲတော့ ဘမေတ္တာကိုပဲ ဖိတ်ချေတော့ကွာ´ လို့ အတည်ပြုပြောလိုက်ပါသတဲ့လေ။

ချက်ချင်းဆိုသလိုပဲ အမျိုးသမီးဟာ ဘဘိုးအိုသုံးဦးဆီ အရောက်သွားပြီး `အဘိုးတို့ထဲက ဘမေတ္တာဆို
တဲ့ အဘကဘယ်သူများပါလဲရှင်။ သူ့ကိုပဲဖိတ်ခေါ်ပါတော့မယ်´လို့လည်းပြောလိုက်ရော ဘမေတ္တာ ဘိုးဘိုးက
အိမ်အ၀၀င်ဖို့ခြေလှမ်းပြင်ခိုက်မှာ ကျန်အဘိုးနှစ်ဦးလဲ တစ်ပါတည်းလိုက်ဖို့ ဟန်ပြင်ကြပါတော့တယ်တဲ့လေ။
အမျိုးသမီးက `ကျွန်မက ဘမေတ္တာတစ်ဦးတည်းကိုပဲ ဖိတ်တာပါရှင်။ စောစောကဘိုးဘိုးတို့ပြောတော့
သုံးဦးလုံး ၀င်ဖို့မဖြစ်နိုင်ဘူးဆို´ လို့အံ့အားသင့်စွာနဲ့ပြောလိုက်ပါတယ်။

အဲဒီအခါမှာ အဘိုးသုံးဦးလုံးကသံပြိုင်ဆိုသလိုပါပဲ အခုလိုပြောလိုက်ပါတော့တယ်။
`အေး …. ခလေးမက ဘဓနပဲဖြစ်ဖြစ်၊ ဘအောင်လံပဲဖြစ်ဖြစ်၊ ဖိတ်မယ်ဆိုရင်တော့ ကျန်နှစ်ယောက်က
အပြင်မှာနေခဲ့မလို့ပဲကွဲ့။ ခုတော့ … ခလေးမတို့မိသားစုက ဘမေတ္တာကိုဖိတ်တော့ သုံးဦးစလုံးလိုက်ရတာပေါ့
ကွယ်။ မှတ်ထား ကလေးမ …
ဘယ်တော့မဆို မေတ္တာသာရှိနေမယ်ဆို ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ
တစ်သက်စာ မှတ်သားကြပေတော့ကွယ်´တဲ့။ ။

ကဲ … ပုံပြင်လေးထဲကအတိုင်း ကျွန်တော်တို့တွေလဲတစ်ဦးပေါ်တစ်ဦး မေတ္တာထားကာ၊ သတ္တ၀ါ အားလုံး
အပေါ်လဲ မေတ္တာပွားကာ အေးချမ်းလှသောဘ၀ကိုတည်ထောက်ကြပါစို့လား။ ။

(၂၈ ၊ ၂ ၊ ၂၀၀၀ နေ့ထုတ် အလင်းတန်းဂျာနယ်ကို မှီငြမ်းကိုးကားကာ တင်ပြပါသည်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ခါက "သစ္စာ"

သစ္စာတရားဆိုတာချည်းကို ကျွန်တော်တို့ ခပ်ငယ်ငယ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့တော့ အသုံးမချရသေးတဲ့သူ အများစုတော့ ရှိကြမှာပါ။ ကျွန်တော်ဆိုလိုတဲ့ သစ္စာက ပါးစပ်က လွယ်လွယ်ပြောတဲ့ သစ္စာတရားကို ပြောတာ မဟုတ်ပါဘူး။ လူငယ်တော်တော်များများ ပါးစပ်ကနေသုံးကြပါတယ်။ ငါ သစ္စာရှိပါတယ်ကွာတို့ သစ္စာဆိုရဲလားတို့ ဘာတို့ပါ။ တချို့ဆို ဆိုတောင် ဆိုပြလိုက်သေးတယ်။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါဘဲ။ အမှန်တော့ ဒါတွေဟာ မလုပ်သင့် မလုပ်အပ်တဲ့အရာတွေပါ။ ခုခေတ် လူအများစု သနားဖို့ကောင်းတာတစ်ခုတော့ ရှိတယ် သစ္စာစူးလို့မှ သစ္စာစူးမှန်းမသိကြဘူး။ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်တွေကိုသာ အပြစ်ပုံချတတ်ကြတာ ကိုယ်ဘာလုပ်လို့ ဘာဖြစ်နေတာလဲဆိုတာကို စမ်းစစ်ဖို့ သတိမရကြဘူး။
ကျွန်တော်တို့ ဟိုးအရင် သမိုင်းတစ်ခေတ်မှာ ဇီဝကတို့လို သမားအကျော်အမော်တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ ဆရာကြီး ဇီဝကဆိုတာက မြတ်စွာဘုရားခေတ်က ပေါ်ထွက်ခဲ့တဲ့ သမားတော်ကြီးပါ သူမကုနိုင်တဲ့ ရောဂါဝေဒနာဆိုတာ မရှိပါဘူး။ အားလုံးကို သူကုနိုင်ပါတယ်။ ၀ဋ်နာကံနာက လွဲရင်ပေါ့လေ။ အဲဒီအနာရောဂါကတော့ ကျွန်တော်တို့ အားထားကိုးကွယ်ရာ ဘုရားရှင်တောင်မှ မကျော်လွှားနိုင်တဲ့ ရောဂါပါ။ ကျွန်တော် အဓိကပြောချင်တာက ဇီဝကလို သမားတော်ကြီးတွေ အဓိက လက်စွဲအားထားတဲ့ ဆေးတစ်ပါးကတော့ သစ္စာတရားပါတဲ့ဗျာ။ တောထဲက သစ်ရွက်တောင် သွားခူးစရာမလိုပါဘူး။ အပြင်းအထန်ဝေဒနာခံစားနေရတဲ့ လူနာတွေကို သစ္စာရေစင်နဲ့ တောက်လိုက်တာနဲ့ ဝေဒနာလျှောကျတယ်ဆိုတာတွေကို ကြားဖူးကြမှာပါ။ သစ္စာဆိုတာ အဲလောက်ထိ စွမ်းပါတယ် ခင်ဗျာ။ ကျွန်တော်တို့ မျက်မှောက်ခေတ်မှာ ရောဂါအစုံ ဝေဒနာအစုံတွေ ပေါ်ထွက်နေကြတာ စာဖတ်သူတို့ အသိပါဘဲ။ ခေတ်မှီတဲ့ ဆေးဝါးတွေနဲ့ ဘယ်လောက်ကုကု ရောဂါကို အံမတုနိုင်ကြပါဘူး။ ဒါဘာကြောင့်လဲလို့ မေးရင် သစ္စာတွေ ပျက်ယွင်း လာကြလို့ပဲလို့ ကျွန်တော်ထင်တယ်။ ၀ဋ်နာကံနာဆိုတာ ဘုရားခေတ်ကတည်းက ရှိပြီးသားပါ။

ကျွန်တော်တို့ မြတ်စွာဘုရားကိုယ်တိုင် ပါရမီဖြည့်ခဲ့ရတဲ့ ဘ၀တွေမှာ သစ္စာတရားကို ထည်လဲ သုံးခဲ့ရပါတယ်။ နောက်ဆုံးဘ၀ ဘုရားဖြစ်တဲ့ဘ၀မှာတောင် သစ္စာကို သုံးရပါတယ်။ ဗဟုသုတရအောင် ကျွန်တော်ပြောပြမယ်ဗျာ။ နတ်ပြည်(6)ထပ်ရှိတာ စာဖတ်သူတို့ သိမှာပါ။ အောက်ဆုံးနတ်ပြည်ရဲ့ သက်တမ်းက အနှစ် ၉၀၀၀၀ သက်တမ်းရှိတယ်တဲ့။ အဲဒီဘုံကတော့ သက်တမ်းအတိုဆုံး နတ်ဘုံပဲ။ သူ့ရဲ့ အပေါ်က နတ်ပြည်က သက်တမ်း ၃၆၀၀၀၀ ရှိတယ်တဲ့။ အဲ တခြားဘုံတွေ သက်တမ်းကို တွက်ကြည့်ချင်ရင် တဆင့်စီကို ၄နဲ့မြှောက်သွားဗျာ။ နောင်ပွင့်မယ် မြတ်စွာဘုရားက ၅ဘုံမြောက်မှာ ရှိပြီးတော့ ကျွန်တော်တို့ ဂေါတမမြတ်ဘုရားကို အကြိမ်ကြိမ်နှောင့်ယှက်ခဲ့တဲ့ မာန်နတ်ကြီးကတော့ အပေါ်ဆုံး ၆ဘုံမြောက်မှာ ရှိတယ်တဲ့ဗျာ ဗုဒ္ဒဘာသာဝင်တစ်ယောက်အနေနဲ့ သိထားသင့်တယ်ထင်လို့ ရေးပြသွားတာပါ။ အဲဒီမာန်နတ်သက်တမ်းက ၉၂၁၆၀၀၀၀ တောင် အသက်ရှည်တယ်ဆိုပဲ။
ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရား ဘုရားဖြစ်တယ်ဆိုတဲ့ သီတင်းလည်း ကြားရော မာန်နတ်ဟာ စစ်သည်ဗိုလ်ပါ အခြေအရံတွေ ခြံရံပြီး ဘုရားကို လာတိုက်တယ်ဆိုပဲ။ အဲဒီအချိန်မှာ လူမပြောနဲ့ နတ်တွေ သိကြားတွေ ကြောက်လွန်းလို့ ပျောက်ချင်းမလှ ပျောက်ကုန်ကြတယ်တဲ့။ နောက်ဆုံး ဘုရားရှင်တစ်ပါးတည်း ကျန်ခဲ့တော့တယ် ဆိုပါတော့ဗျာ။ ဒီအချိန်မှာ မြတ်စွာဘုရားဟာ စဉ်းစားတော်မူတယ်တဲ့ ငါ ရှုံးနိမ့်လို့တော့ မဖြစ်ဘူး။ ငါသာ ရှုံးနိမ့်သွားခဲ့ရင် သာသနာကွယ်ပြီ သာသနာကွယ်ရင် သတ္တ၀ါတွေ ဒုက္ခရောက်တော့မယ်ဆိုပြီး စဉ်းစားတော်မူတယ်တဲ့။ နောက်ဆုံး ကြံရာမရတဲ့အဆုံး မြေကြီးကို ကိုင်ပြီး သစ္စာဆိုလိုက်ရော ပထ၀ီမြေကြီးဟာ ကြောက်မက်ဖွယ်ရာ မြည်ဟည်းလို့ မာန်နတ်တွေ အလဲလဲအပြိုပြိုဖြစ်လို့ တပ်ဆုတ်ပြေးကြရတယ်တဲ့။ သက်ရှိသတ္တ၀ါတွေဆီက အကူအညီမရပေမယ့် သက်မဲ့ဖြစ်တဲ့ အရာဝတ္တုတွေကတောင် သစ္စာတရားလက်နက်ကို သုံးရင် အကူအညီပေးကြရပါတယ်။ ဒါကြောင့် မှန်သောသစ္စာဆိုတဲ့ စကားလုံးဟာ ခုခေတ်ထိ လက်ခံထားကြရတဲ့ စကားလုံးပါ။

ဘာသာတွေကွဲ လူမျိုးတွေ ကွဲကြပေမယ့် သစ္စာတရားကို အသုံးပြုကြပုံတော့ မကွဲကြပါဘူး။ အနောက်နိုင်ငံတွေမှာ ကျမ်းကျိန်တာတို့၊ သွေးသောက်တာတို့ အစုံပေါ့ဗျာ။ ဒါတွေကလည်း သစ္စာမျိုးနွယ်ဝင်တွေပါပဲ။

ဒါကြောင့် ကျွန်တော်ပြောချင်တာက လွယ်လွယ်ကူကူရတဲ့ စကားလုံးတွေနဲ့ မိမိကိုယ်ကိုယ် ထိုးသတ်ဖို့ လက်နက် မဖန်ဆင်းမိပါစေနဲ့။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုတဲ့ စကားပေါ်ထွက်လာတာ လွယ်လွယ်ကူကူတော့ ပေါ်ထွက်လာတာတော့ မဟုတ်ဘူးဗျနော်။ ဒါကြောင့် အတတ်နိုင်ဆုံး နှုတ်စောင့်စည်းကြပါလို့။ မိမိလုပ်နိုင်တာကိုပဲ သစ္စာ ဆိုမိပါစေ။ မလုပ်နိုင်မှန်းလဲ သိရက်သားနဲ့ ပြီးပြီးရောဟာ ဆိုပြီး မလုပ်မိပါစေနဲ့။ သစ္စာစူးတယ်ဆိုတာ အရိုးစူးသလို အပ်စူးသလိုတော့ စူးခနဲ နာတာမဟုတ်လောက်ဘူး။ များများရရင် များများပြန်ပေးရတတ်တယ်ဆိုတဲ့စကားကို လက်ခံထားတဲ့ ကျွန်တော့်အတွက်တော့ သစ္စာဆိုတာ …………??????

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS