RSS

ပြောစရာစကားလုံးမရှိတော့လို့ပါ။

တစ်နေ့ ကျနော် ရုံးက ကိစ္စနဲ့ တာမွေအ၀ိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့
ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း…
မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ………

ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Form
တွေအထပ်လိုက်ကြီးပါတကား။။။။။။။။။

ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ်
တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့)

ဦးလေးရေ CV Form တွေက
များလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်..

မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agency
တွေလည်း ဒုနဲ့ဒေးပါပဲ…

အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ…

CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV
က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.
အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ.

မရှိရင်တောင် အနည်းဆုံး(၄)ရွက်မကရှိမှ CV Form တစ်စုံကပြည့်စုံမှာကို။အလုပ်ရတာလည်းရှိမယ်
မရတာလည်းရှိမှာပေါ့။

မရတော့ အဲ့ဒီလူတွေရဲ့ CV Form တွေကို သူတို့က ဘာလုပ်မယ်ထင်လဲ………. ကျနော်တော့မသိဘူး
အခုလောလောဆယ်တော့. လမ်းဘေးကုလားဆိုင်မှာ ဓါတ်ပုံတွေနဲ့ကိုးရို့ကားယားတွေဖြစ်နေတော့တာပဲ..

နောက်ပြီးရှိသေးတယ်…………တစ်ချို့ Agency ကို အလုပ်အကိုင်ရရင် ပထမတစ်လကို 50% နဲ့ဒုတိယ တစ်လကို 25%
ပေးရသေးတဲ့အပြင် အလုပ်ရပြီး တစ်လအတွင်း အလုပ်.လုပ်ရတာ အဆင်မပြေဘူးဆိုရင် သူတို့ထပ်ရှာပေးမယ်ဆိုပြီး
စကားကတိလေးတွေရှိကြတယ်.

အဆင်မပြေတဲ့သူကိုပြန်ရှာပေးတာထက်စာရင်.. Agency တွေက နောက်လူသစ်တွေကိုပဲ
ဦးစားပေးရှာပေးပါတယ် …ဒါမှလည်း သူတို့အတွက် 75% အပြည့်ရမှာလေ.

ထားပါတော့ဗျာ……………ပြောချင်တာက အလုပ်သွားလျောက်တဲ့သူတွေကိုပါ………….

သေချာစဉ်းစားကြပါလို့……..

Agency တွေကိုမပြောတော့ပါဘူးဗျာ

ပြောစရာစကားလုံးမရှိတော့လို့ပါ။



ခင်မင်စွာဖြင့်

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

Thinker said...

ကဲကဲကဲ ပြောစရာတော့ရှိလာပြီ သူတို့မှာလဲ "0" လေးဘ၀ပြောင်းရေး အတွက်ကုလားဆိုင် ကိုအလုပ်အကြွေးပြုရင်း ကြိုးစားရှာရတာပေါ့ ... (တနေ့နေ့မှာများပေါ့လေ)

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲလေ
ကျွန်မရဲ့ CVလေးများရော မတွေ့ခဲ့ဘူးလား ပိသာချိန်ထဲမှာ
ကိုယ်ရေးအချက်အလက်တွေ ဓာတ်ပုံနှင့်တကွ
လမ်းဘေးကို ရောက်ရတဲ့အဖြစ်ပါလား။
တော်တော်ဆိုးတာဘဲ
ပြောရရင် စည်းကမ်းမရှိတာ
ရိုးရိုး စာရွက်တွေရောင်းတာ အကြောင်းမဟုတ်ပေမဲ့
လူတစ်ယောက်ရဲ့ ကိုယ်ရေးမှတ်တမ်းတွေပါတဲ့ စာရွက်တွေတော့
ဘယ်လိုမှ မရောင်းသင့်ဘူး
ရောင်းချင်ရင်တောင် ဓာတ်ပုံတွေဖြုတ်သင့်တယ်..
ရောင်းတဲ့ ကုမ္ပဏီ တရားစွဲတောင် စွဲသင့်တယ်...
မိုက်ရိုင်းလွန်းတယ်။ ကိုယ်တွေလဲ တစ်ချိန်က ဒီလို Agency တွေမှာ အလုပ်လျှောက်ခဲ့ဖူးသူမို့ ကိုယ်ချင်းစားမိတယ်..

ဆွေလေးမွန် said...

ခက်တာပဲ ...အဲဒီလိုတော့ ဘယ်ရောင်းသင့်မလဲ..
ဟူး.....

အဖြူရောင်နတ်သမီး said...

မလုပ်သင့်တဲ့ အလုပ်မျိုးပါ..။
တော်တော်စည်းမရှိကြတဲ့လူတွေပဲ...။

akhayar said...

့ ကိုယ်တွေကတော့ဝမ်းရေးအတွက်အလုပ်တခုရဖို့ထောက်ခံစာမျိုးစုံကို
ဒုက္ခခံ ပိုက်ဆံကုန်ခံပြီး မျက်နှငယ်လေးနဲ့လိုက်ယု ပြီး ..သူတို့ဆီကိုတင်...
အော် ...သူတိုက ...ကုလားဆိုင်တဆင့်ပြန်ပို့သတဲ့

Naung Taw Lay said...

ကျွန်တော်လဲ CV Form တွေ တင်ထားတာ မနည်းမနောပဲ အစ်ကို

Post a Comment