RSS

တကယ်တော့.....................အချစ်ဆိုတာ

ငါရင်မဆိုင်ရဲတဲ့ မနက်ဖြန်ကို ငါကိုယ်တိုင် ရွေးချယ်ခဲ့တာပါ…….နောက်ပြန်လှည့်လိုက်ရင် ရင်ဆိုင်ရမဲ့ ထိုးနှက်ချက် အတွက် မခံစားနိုင်တော့သလို……. အနာဂတ်မှာ ငါ့အတွက် နောင်တ နဲ့ အလွမ်းတွေ က ကြိုဆိုနေမှာ စိုးတယ်……….တကယ်တော့ အချစ်ဆိုတာ အချစ်တခုတည်း နဲ့ မပြည့်စုံခဲ့ပါဘူး…….
****************************************************
ခင်မင်မှု ဆိုတာကို ဘာနဲ့တိုင်းတာခဲ့လဲ….. လူဆိုတာ အသွား ရှိရင် အပြန် ရှိတယ်ဆိုပေမဲ့…. တချို့လူတွေဆီမှာ တော့ အပြန်ဆိုတာ မရှိပါဘူး……
အချစ်မှာလဲ အဲလိုပါဘဲ… ပေးဆပ်တိုင်း ပြန်ရမယ်ဆိုတာ မရှိသလို……. မပေးဘဲ နဲ့ ရခဲ့တာတွေလဲ အများကြီး ပါ……
အချစ်ဆိုတာ မရှိခဲ့ ရင်……
ဘ၀မှာ လိုအပ်ချက်မရှိ ရင်နေမယ်….. ပြည့်စုံပါ့မလား…..
မချစ်ဖူးတဲ့သူတွေ….အချစ်မရှာတာကောင်းတယ်……
အချစ်ထက်ပိုဆိုးတဲ့ သံယောဇဉ်…….
ဘာလို့များဖြတ်ရ သိပ်ခက်တာလဲ…………..
အယုံလွယ်တဲ့သူကို ပုံပြင်တွေပြောခဲ့တာ…….
ယုံတဲ့သူ အပြစ်မဟုတ်သလို….
ပုံပြောတဲ့သူ အမှားလဲ မဟုတ်ပါဘူး…
သူတို့နှစ်ယောက်တွေ့ဆုံခြင်းကသာ
အစကတည်း ကမှားယွင်းနေခဲ့တာ….
တကယ်လို့ မတွေ့ဖြစ်ခဲ့ကြရင်……………
ရက်စက်တယ်ဆိုတာ
ချစ်တဲ့သူ ရဲ့ နာကျင်စေတဲ့
စကားတစ်ခွန်းပါ…….
ဒေါသ ရှေ့ရောက်ပြောလိုက်တဲ့
အရာ အားလုံး အမုန်းတွေသာ ပြောင်းလဲသွားခဲ့
ဒီစကားတွေ မြေ့ပာဖြစ်ခဲ့ကြရင်………
တစ်ကပြန်စ ဖို့ဆိုတာလွယ်ပါတယ်……
နှလုံးသား သာ အထိခိုက်မခံရသေးရင်ပေါ့
တစ်နေ့ အတိတ်ကိုမမေ့နိုင်ခဲ့ရင်……..
တစ်နေ့ အနာဂတ်က သာယာခဲ့ရင်…….
အချစ် ရဲ့ စတင်ခြင်း က ရှုံးနိမ့်ဖို့ရာသာ…………….
အဆုံးသတ်မှာတော့……………………………….
ဒဏ်ရာ အထပ်ထပ် နဲ့ နှလုံးသားက
လက်ရှိမှာနေထိုင်ဆဲ………………………………………………………………..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

La said...

အင်း အချစ်ဆိုတာ............. အမလဲသိဘူး:(

Post a Comment