RSS

HotNews ဂျာနယ်ပါ ကျနော်ရဲ့ဆောင်းပါးတစ်ပုဒ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်ယာထလည်း နောက်ကျ……

ခေါင်းစဉ်ကိုကြည့်ပြီး ကိုမျိုးကျော့မြိုင်ဆိုတဲ့သီချင်းလို့လည်း မထင်လိုက်ပါနဲ့….
ညဘက်စောစောအိပ်ယာမ၀င်တတ်တဲ့အကျင့်တွေရှိကြတဲ့
မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖတ် တွေ ကြား မှာ တွေ့မြင်ရ၊
ကြားရဖန်များတော့ ဒီအကြောင်းလေးကို ရေးဖြစ်တာပါ။
ကျွန်တော်သူငယ်ချင်းတစ်ယောက်ရှိတယ်။ Journal List တစ်ယောက်ပါ။ တစ်နေကုန်
မီဒီယာလုပ်ငန်း ကိစ္စတွေနဲ့ ပြေးလွှားရ အချိန်ကုန်နေရသူတစ်ယောက်ပါ.
..ညဘက်ရောက်တော့လည်း ညတစ်နာရီထက် စောစောမအိပ်တတ်ဘဲ အင်တာနက်သုံးရင်း
လုပ်ငန်းပိုင်းဆိုင်ရာ Website တွေကို Update လုပ်ရင်းနဲ့ပဲ
အချိန်ကုန်သွားမှန်းမသိကုန်သွားတယ်။ မနက်ကျတော့လည်း ရုံးချိန်အမှီ
တက်ရပြန်တော့ အိပ်ရေးကမ၀ တော့ ကျန်းမာရေးက ထိခိုက်လာတယ်။ ဒါက ကဏ္ဍတစ်ခု….
နောက်ပြီး တစ်ချို့ သူငယ်ချင်းတွေဆို မနက် (၃)နာရီ ၊(၄)နာရီ ထိုးမှ
အိပ်ယာဝင်တတ်ကြတယ်။
ဘာတွေများလုပ်နေကြလို့ ထင်ပါသလဲ…..?????
(၁) လုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တွေကို အင်တာနက်ကရှာရင်း ၊သုံးရင်းနဲ့
အချိန်ကုန်သွားကြတယ်။
(၂) တစ်ချို့က ဂိမ်းဝါသနာပါတဲ့သူဆိုရင် ဂိမ်းကစားရင်း အချိန်ကုန်ကြတယ်။
(၃) နောက်တစ်မျိုးက မိတ်ဆွေတွေနဲ့သောက်စားပြီး KTV, အနှိပ်ခန်း၊
တို့ဆီသွားရင်း တော်တော်နဲ့ ပြန်မလာနိုင်ဘဲ အချိန်ကုန်သွားကြတယ်။
(၄) သူငယ်ချင်းတွေဖြစ်တဲ့ မိန်းကလေးတွေဆိုရင်လည်း ဖုန်းပြောလျှင်ပြော၊
အဲ…ဖုန်းတစ်ခါပြောတော့ လည်း အနည်းဆုံး (၂)နာရီလောက်တော့ကြာသေးတယ်ဗျာ..
မပြောရင်လည်း TV (သို့) Video ကြည့် တယ်။ (သို့)
မိမိအလှအပရေးရာများနဲ့ပတ်သတ်ပြီး လုပ်နေတတ်သူများဖြစ်နေတာကို
တွေ့ရပြန်တယ်.။
ဖုန်းပြောတာကျတော့ရော…………ဖုန်းဆိုတာ မဖြစ်မနေပြောရမယ့်အကြောင်းအရာတွေရယ်၊
အလှမ်း ဝေးကွာနေတဲ့နေရာတွေကို အချင်းချင်းဆက်သွယ်ဖို့အတွက်ရယ်….
အဲ့ဒီကိစ္စရပ်တွေကလွဲလို့ နာရီပေါင်း များစွာကြာအောင် ပြောခြင်းဟာ
ဖုန်းဘေ ပိုက်ဆံကုန်ခြင်းနဲ့ အချိန်ကုန်ခြင်းက လွဲလို့ ဘာများ အကျိုးထူး
နိုင်လဲ????။
TV နဲ့ Video ကြည့်ခြင်းကရော….. ဖျော်ဖြေမှုအရပဲဖြစ်ဖြစ်၊
ဗဟုသုတရအောင်ပဲဖြစ်ဖြစ် မျက်စိကျန်းမာရေးအရရော၊ အချိန်အားဖြင့်ရော တစ်ခွေ
(သို့) အလွန်ဆုံး နှစ်ခွေသာ ကြည့်လို့ကောင်းတဲ့ အရာပါ။ တရုတ်၊
ကိုးရီးကားလို ဇာတ်လမ်းတွဲများစွာကို
ခြေကုန်လက်ပန်းအကျခံပြီးကြည့်ရအောင် အချိန် တွေ အကျိုးမဲ့
ကုန်ဆုံးခံသင့်ပါသလား…..၊????
လူတော်တော်များများကတော့ ဒီအကြောင်းအရာတွေနဲ့ပဲ
မိမိတို့တန်ဖိုးရှိအချိန်တွေကို အကုန်ခံ အသုံးချနေတာ
ငြင်းလို့မရတဲ့အကြောင်းအရာပါ။ တစ်ခါတစ်လေပြုမူတဲ့ အပြုအမူမျိုးမဟုတ်ဘဲ၊
ဒီအကျင့် တွေကို အကျင်းကောင်းတစ်ခုလို စွဲမြဲစွာ
လုပ်လာခြင်းရဲ့နောက်ဆက်တွဲကတော့ ကျန်းမာရေးအတွက် အပြင်၊ မနက်မိုးလင်းတော့
လုပ်ငန်းခွင်ထဲကိုဝင် တ၀ါးဝါးနဲ့ စိတ်ကမကြည်မလင် အိပ်ရေးကမ၀၊ ကြာတော့
အရည်အချင်းအတွက်ပါ တဖြည်းဖြည်း ကျဆင်းလာတော့မှာပါ။
ရှေးလူကြီးများက ပြောခဲ့ကြတာရှိပါတယ်..
အချိန်နဲ့စား ၊
အချိန်နဲ့လုပ်၊
အချိန်နဲ့ပညာရှာ..….ဆိုတဲ့ စကားက လွယ်လင့်တကူပြီးပြီးရော
ပြောခဲ့တဲ့စကားတစ်ခွန်းမဟုတ်ပါဘူး။
စားတဲ့နေရာမှာ စည်းစနစ်မရှိဘဲ အချိန်ကာလအတိုင်းအတာမရှိရင် ဘေးဖြစ်တတ်ပါတယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် အချိန်ကာလတစ်ခု သတ်မှတ်မထားဘူးဆိုရင်လည်း
ပန်းတိုင်မရှိ ရည်မှန်းချက် မသဲကွဲဘဲ ဘ၀ပျက်တတ်ပါတယ်….
ပညာရှာရမှာလည်း ဘယ်ပညာရပ်မဆို သင်ယူဖို့ အချိန်ကာလတစ်ခုတော့ရှိပါတယ်။
ဒီအခွင့်အရေးကာလအတွင်းမှာရအောင်မယူနိုင်ရင် ကိုယ့်အတွက် ပိုက်ဆံကုန်၊
လူပန်းကြာလေကြာလေ လောကအတွက် ဘာမှအသုံးမ၀င်တဲ့ လူဖြစ်သွားတော့မှာပါ။
ဒီတော့ မိဘပတ်ဝန်းကျင်အသိုင်းအ၀ိုင်း (သို့) အိမ်သူသက်ထားက
ပြင်ပေးရမလား….?? (သို့) မိမိကိုယ်တိုင်ပြင်မှပဲ ရတော့မလားဆိုတာကို
စဉ်းစားရင်း ဖော်ပြလိုက်ပါတယ်။
လူကို စိတ်အုပ်ချုပ်သည်။
စိတ်ကို ပညာအုပ်ချုပ်သည်။
ပညာကို ဗဟုသုအုပ်ချုပ်သည်။
သို့အတွက် ဗဟုသုတများအောင်
စာအုပ်မျိုးစုံကို ဖတ်ရှုကြကုန်လော့။
(ပီမိုးနင်း)

အလင်္ကာည
၂၀၁၂ ခုနှစ်၊ မတ်လ (၁၀)ရက်

--

Best Regards,

www.alinkarnya.blogspot.com
www.myanmaritresource.info

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ စိတ် “ ရဲ့ အကွာအဝေး "

စိတ် “ ရဲ့ အကွာအဝေး ( ဘယ်လောက်ထိ နီးနိုင် / ဝေးနိုင်ကြသလဲ ??? )

တစ်အိမ်တည်းမှာနေတဲ့ လင်မယားဟာ ဘယ်လောက်အထိ နီးနိုင်သလဲ …….?

ဘယ်လောက်ထိ ဝေးနိုင်သလဲ……..?

စာဖတ်သူတို့ သိကြမလား…………?

မတူညီတဲ့ ဖြေဆိုမှုတွေကတော့ ထွက်လာကြမှာပါ

- တကယ်ချစ်တဲ့ လင်မယားကတော့ နီးကျပြီဆိုရင် တစ်သားတည်းဖြစ်သွားကြတာရှိမယ်

- တကယ်ချစ်ရင်တော့ “ ဝေးစမ်းပါစေ…..မိုင်ပေါင်း ကုဋေ၊ အချစ်က မပျောက်ပျက်ဘူး ဆိုတာတွေ

- တစ်ခုတင်တည်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် ယုဇနာတစ်သောင်းလောက် ဝေးနေကြတာတွေ ရှိကြမှာပါ


“ ဘာကြောင့်လဲ “

ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ဘ၀မှာ တစ်ဦးနဲ့ တစ်ဦး သဘောတူညီခဲ့ဖူးတာဆိုလို့………….

“ လက်ထက်ကြမယ်လို့ “ ဆုံးဖြတ်တာ တစ်ခုပဲရှိတယ် .

ကျန်တာတော့ အမြဲတမ်း သဘောထားကွဲလွဲနေတာချည်းပဲ…………

ကျွန်တော်ပြောတဲ့အထိမှာ -စဉ်းစားစရာတွေ ပါ ပါတယ်။။။။။။။။

“ လူတွေ ဒေါသထွက်တဲ့အချိန်မှာ စကားကို ဘာကြောင့် အော်ပြီးပြောကြတာလဲ? “

စဉ်းစားကြည့်ကြပါ………….

“ တစ်ဖက်လူက ကိုယ့်ဘေးနားမှာ ရှိနေတာပဲ…အေးအေးဆေးဆေးပြောရင်းရလျက်သားနဲ့ အော်ပြောကြတာတွေ

ဟာ………….ဘာကြောင့်လဲ? ”

အမှန်တော့ …………

“ .လူနှစ်ယောက် စိတ်တိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်ဟာ အရမ်းကွာဝေးနေပါတယ်……….”

အဲ့ဒီ ဝေးနေတဲ့ အကွာအဝေးကို အော်မှ ကြားနိုင်မယ်ထင်ပြီး အော်ပြောကြတယ်၊

“ အော်လေလေ……..ဒေါသထွက်လေလေ…. “

“ ဒေါသထွက်လေလေ…………. စိတ်ရဲ့ အကွာအဝေးဟာ ဝေးလေလေ……..”

“ ဟော……..စိတ်ချင်းကွာဝေးလေလေ……….အော်ကြလေပဲ…….”

ဥပမာ……..

သမီးရည်းစား ချစ်သူတွေကိုကြည့်ကြပါ………..

“ လူနှစ်ယောက် သမီးရည်းစားဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်တတ်ကြသလဲ………”

ဒေါသနဲ့ ပြောကြတဲ့ လူနှစ်ယောက်ရဲ့ ဆန့်ကျင်ဖက်ပဲ ………..

ဘာကြောင့်လဲဆိုတော့……..

“ ရည်းစားဖြစ်နေတဲ့ လူနှစ်ယောက်ရဲ့ စိတ်တွေဟာ အရမ်းနီးနေတယ်………….

စိတ်သဘောခြင်း ထပ်တူနီးပါးကျနေကြတယ်……….

ဒါကြောင့် ..တီတိုး..တီတိုး ပဲ ပြောကြတယ်”

(……………….)

“ စိတ်အကွာအဝေးနီးလေလေ……….ပိုချစ်ကြလေပဲ…”

“နောက်ဆုံးမှာ စကားပြောစရာတောင်မလိုဘဲ အမူအရာချင်း၊ မျက်လုံးခြင်း၊ အချစ်တွေ ဖလှယ်ကြတယ်။။။။။။။”

အဲ့ဒီအချိန်မျိုးမှာ……………..

“ စိတ်အကွာအဝေးဆိုတာ လုံးလုံးမရှိတော့ဘူး…တစ်ထပ်တည်းကျသွားပြီ….

.လူနှစ်ယောက် ငြင်းခုန်ရန်ဖြစ်နေတဲ့ အချိန်မှာ စိတ်တွေမကွာဝေးစေပါနဲ့

စိတ်ကွာဝေးတဲ့ စကားမျိုး မပြောသင့်ဘူး…………”

စိတ်တွေပြေကြမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြဿနာကို ပြေပြေလည်လည်ဆွေးနွေးလို့ရလာမှာပါ…

နောက်ဆုံးပြောပြရရင်…

ကျနော်တို့ရဲ့ လူဘ၀မှာ နေ့စဉ်နဲ့အမျှ ပြဿနာပေါင်းစုံက တွေ့ကြုံနေရတာပါ…

မနာလိုဝန်တိုမှု… စေတနာနည်းမှုတွေကို…

ခွင့်လွှတ်ခြင်း…….၊

တစ်ကိုယ်ကောင်းမဆန်ခြင်း အဖြစ်

ပြောင်းလဲ ပေးနိုင်တယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲဗျာ

စာဖတ်သူများကို ချစ်ခင်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။

နေ့စွဲ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်

စာရေးသူ ။ အလင်္ကာည

မူဝါဒရေးရာသက်ဆိုင်ရာဒေသ ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများရှိ မြို့ရွာများ

ခေါင်းစဉ် မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။

မူဝါဒပြဿနာလက္ခဏာများ ။ပြဿနာကို ကျောင်းများရှိ ကျောင်းသူကျောင်းသားများ အတွင်း၊ မိမိနေထိုင်ရာအိမ်တွင်းနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါသည်။ ဆေး၊ ရေကြောင်းသိပ္ပံ၊ စစ်တက္ကသိုလ်၊ စသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင်ပညာသင်ကြားနေခြင်း မရှိသော ၀ိဇာ ၊ သိပ္ပံ ကျောင်းသားများ၏ စိတ်ထဲတွင် ပညာရေးကို စိတ်ပါဝင်စားစွာ သင်ယူမှုမရှိဘဲ၊ ဘွဲတစ်ခုရဖို့အတွက်သာ ၀တ်ကျေတမ်းကျေတတ်နေကြောင်း၊ ကျောင်းသား များသည် စာသင်ခန်းထဲတွင် မပျော်ပိုက်ဘဲ ကျောင်းတက်ရာခိုင်နှုန်း ၇၅% ပြည့်လျှင် တစ်ခြားနေရာများသို့သာ သွားရောက်ဖို့သာ အားသန်နေကြကြောင်းတွေ့ရှိရပါသည်။ မိဘများအနေဖြင့် ဘွဲ့ရပညာတတ်များကို အိမ်မှာ မိဘလုပ်စာထိုင်စားနေကြကာ ၄င်းတို့၏ ကိုယ်ရေကိုယ်သွေး၊ လုပ်အားကို မည်သည့်နေရာတွင်အသုံးချရမည်မှန်းမသိဖြစ်နေ ကြရပါသည်။ ဘွဲ့ရပြီး သင်တန်းမျိုးစုံ တတ်ပြီးသော်လည်း ဘ၀တစ်ခုရပ်တည်နိုင်လောက်အောင် သင့်တော်သော လစာရရှိသည့် အလုပ်မရှိသဖြင့် ငွေကြေးတတ်နိုင်သူများကသာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကြသောကြောင့် ဦးနှောက်ယိုစိမ့်မှုဖြစ်ရကြောင်း၊

ပြဿနာဖြစ်ရသည့်အကြောင်းများ ။ ပြဿနာဖြစ်ရခြင်းအကြောင်းများကို ဆန်းစစ်ရာတွင် တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရလုငယ်များကို ၄င်းတို့ရယူထားသော ဘွဲ့များနှင့် သင့်တော်သော အလုပ်ကိုမပေးအပ်နိုင်ခြင်း၊ အစိုးရအလုပ်ကို လုပ်ချင်သောသူများသည် မိမိတို့နေထိုင်ရာ မြို့နယ်များတွင် လွယ်ကူစွာ အလုပ်လျောက်၍မရဘဲ ဝေးလံသော မြို့ကြီးများ သို့ စရိတ်စက အကုန်ခံကာ သွားရောက်ရခြင်း၊ ကုမ္ပဏီအလုပ်ကို လုပ်ချင်သော သူများမှာလည်း ရန်ကုန်မြို့ တစ်ခုထဲတွင်သာ စုပြုံလျောက်ထားရခြင်း၊ ဘွဲ့ရလူငယ်များအတွက် အလုပ်ရှာပေးသော အလုပ်သမား မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသော်လည်း အလုပ်ရရှိမှု နည်းပါးခြင်း၊ ဘွဲ့ရလူငယ်များကို ကိုယ့်မြို့ ကိုယ့်ရွာတွင် သင့်တော်သော အလုပ်မပေးနိုင်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သော Computer , Speaking နှင့်စာရင်းအင်းပညာများ ကို မြို့နယ်များတွင် လွယ်ကူစွာ မသင်ကြားနိုင်ခြင်း၊ အလုပ်တစ်ခုရရှိဖို့ရန်အတွက် ထီးဖြူ၊ ဖိနပ်ပါးရုံတင်မကဘဲ ငွေကြေးပါးသွားမှသာ တတ်ရ တတ်ကြောင်း၊ အလုပ်ရရှိပါကလည်း ဘ၀တစ်ခုရပ်တည်နိုင်ရန် သင့်တော်သော လစာငွေမရရှိကြကြောင်းကို စစ်တမ်းများ အရ လေ့လာတွေ့ရှိရပါသည်။

မူဝါဒပြဿနာဖြင့်သက်ဆိုင်သူများ ။ ပညာသင်ကြားနေဆဲဖြစ်သော လူငယ်များ၊ ဘွဲ့ရလူငယ်များ၊ အလုပ်ရှာပေးသည်ဆိုသော အလုပ်သမားမှတ်ပုံတင်ရုံး။၊ အလုပ်သမားဝန်ကြီးဌာများကို အဓိက သက်ဆိုင်နေသူများအဖြစ် သုံးသပ်ပါသည်။

မြန်မာ့နိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာကို လျော့ချရန် ပြည်သူ့မူဝါဒ-

1. ကျောင်းသားလူငယ်များ ၄င်းတို့သင်ကြားနေသော ဘာသာရပ်အပေါ် စိတ်ဝင်စား စွာမှု ရှိစေရန် ၄င်းဘာသာရပ်များနှင့် သက်ဆိုင်သော အလုပ်များကို ပေးနိုင်ရမည်။

2. အလုပ်ရှာပေးသော အလုပ်မှတ်ပုံတင်ရုံးကို အသက်သွင်းပေးရမည်။

3. အလုပ်ကို မြို့နယ်များတွင်သာ လွယ်ကူစွာလျောက်ထားနိုင်ရန် စီစဉ်ပေးရမည်။

4. ကုန်ဈေးနှုန်းနှင့်အညီ သင့်တော်သော လစာငွေပေးနိုင်ရမည်။

5. Computer , Speaking နှင့် စာရင်းအင်းပညာကို မြို့နယ်များတွင် ငွေကြေးသက်သာ စွာဖြင့် သင်ကြားပေးနိုင်ရမည်။

××××××××××××××××××××××××××××××××××××××××××××××××××××××

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS