RSS

“အလုပ်ခွင် ထွေပြော၊ မှော်ရုံတောဝယ်…….”


ကျွန်တော်တို့တစ်တွေ အလုပ်မရှိသေးတဲ့အချိန်မှာ အလုပ်ရဖို့အတွက် ကုမ္ပဏီတွေမှာ ရိုးကျိုးစွာနဲ့ အလုပ်လျောက်ကြတယ်….. အလုပ်ရကာစကတော့ တတ်ကြွစွာ လုပ်ကြတဲ့ သူ ချည်းပါပဲ………
အဲ……လုပ်သက်ကလေးရတော့ အခြေအနေတွေကို အသုံးချတတ်လာတဲ့အခါမှာတော့ ကုမ္ပဏီပါး ၀လာ တယ်လို့ပြောရမှာပါ… ကုမ္ပဏီရယ်လို့တော့ပြောတာမဟုတ်ပါဘူး.. အလုပ်တော်တော်များများ မှာပါ အဲ့လို တွေဖြစ်လာကြတယ်……….အလုပ်ကို မလေးစားတတ်ကြတော့ပါဘူး
ဒီလိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါ ရေရှည်အတွက်  ကာယကံရှင်အတွက်ရော ကုမ္ပဏီအတွက်ပါ နစ်နာဖို့ ရှိလာပါတယ်……. ရရှိထားတဲ့အလုပ်ကို တန်ဖိုးထားသင့်ပါတယ်… ကိုယ့်အရည်အချင်းကြောင့်ပဲရရ… သူများပြောပေးလို့ပဲရရ…. ထမင်းကျွေးနေတဲ့အလုပ်ကို တန်ဖိုးထားသင့်ပါတယ်. မလုပ်ချင်လို့ ထွက်သွားသည့်တိုင်အောင် ကုမ္ပဏီရဲ့ အလုပ်ထောက်ခံစာလေး Testimonial ရအောင်တောင်းသင့် ပါတယ်.. ဒါက နောက်ထပ်အလုပ်သစ်လျောက်ရင် အသုံးဝင်တဲ့အချက်လေးပါ.
အလုပ်မထွက်ခင်မှာစဉ်းစားသင့်တာတွေရှိပါတယ်…………နစ်မြုပ်ထားတဲ့အချိန်ကာလတွေဆက်လုပ်မယ် ဆိုရင် ဘာတွေတိုးတတ်နိုင်မလဲဆိုတာတွေ တွေးကြည့်သင့်ပါတယ်။
အလုပ်တွေပေါနေပေမယ့် လူတွေက ကိုယ့်အရည်အချင်းကို သေချာမဆုံးဖြတ်နိုင်ပါဘူး။ ဒီအလုပ်က ငါနဲ့မတန်ဘူး..ဟိုအလုပ်ကိုတော့ မလုပ်ချင်ဘူး……..ဆိုပြီး ရွေးချယ်နေရင်းနဲ့ပဲ အလုပ်တွေရှားပါး နေကြတာပါ….တကယ်အလုပ်လျောက်တဲ့အခါ C.V Form တွေမှာ ရေးကြတာရှိပါတယ်. လစာညှိနှိုင်းခြင်း ပဲဖြစ်ပါတယ်…. လူတွေ့စစ်ဆေးတဲ့အခါမှာ မိမိအရည်အချင်းကို မိမိသာအသိဆုံးပါ အဲ့ဒီအတွက် အလုပ်နဲ့ ထိုက်တန်တဲ့လစာကိုတောင်းသင့်ပါတယ်….. မိမိအရည်အချင်းပေါ်မူတည်ပြီး တောင်းသင့်တာက မိမိတာဝန်…….၊ တန်/မတန် ပေးတာမပေးတာက ကုမ္ပဏီရဲ့အပိုင်းပါ။။ ကုမ္ပဏီက ပေးတဲ့ Payment ပေါ်မူတည်ပြီး လုပ်နိုင်မလုပ်နိုင် / မိမိရဲ့အခက်အခဲပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာက မိမိအပိုင်းဖြစ်ပါ တယ်…….. လုပ်ငန်းခွင်ထဲရောက်လာမှ အလုပ်လုပ်တာချင်းတူတူ ရာထူးအတူတူ၊ သူ့လစာက များတယ့် ငါ့လစာက နည်းတာတို့ဖြစ်လာတတ်ပါတယ်...(ဥပမာ ကျွန်တော်တို့ ကုမ္ပဏီဘက်မှာ ရှိတဲ့ HR ဆိုတာကလည်း စကားကြွယ်သလို ဈေးဆစ်တတ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသားပါ. အဲ့ဒီတော့ အရည်အချင်းအတူတူ လုပ်နိုင်တာခြင်းအတူတူ Payment နည်းတာကိုကြည့်ပြီးခန့်မှာဖြစ်တဲ့အတွက်  အဲ့ဒီ အချက်ကို စဉ်းစား စေချင်ပါတယ်……အလုပ် လုပ်ပြီးသိပ်မကြာဘူး အဆင်မပြေလို့ အလုပ်ထွက်လို့ရှိရင် မိမိအတွက်လည်း အချိန်အတိုင်းတာပေါ်မူတည်ပြီး ဆုတ်ယုတ် နိုင်ပါတယ်။
ကျွန်တော်လက်ရှိလုပ်ကိုင်နေတဲ့ကုမ္ပဏီမှာ ကျောင်းဆင်းကာစ အင်ဂျင်နီယာတွေကို (၂၀၀၀၀၀)ကျပ်က နေစပြီးခံစားခွင့်ပေးပါတယ်……ကျောင်းပြီးကာစဖြစ်ပေမယ့် လုပ်ငန်းအတွေ့အကြုံရှိရင် ရှိသလိုလည်း ပေးပါတယ်…Project တွေလိုက်ရတဲ့အခါမှာလည်း Project ခံစားခွင့်တွေပါထပ်ဆောင်းပေးပါတယ်။ ဒါပေမဲ့ လက်ရှိအလုပ်အကိုင်အရ အလုပ်လာလျှောက်တာတွေက Agency က လာကြတာ များတယ်…….. အဲ့ဒီတော့ ၄င်းရဲ့ ရပိုင်ခွင့်ကအပြည့်မရကြတော့ပဲ လစာတွေနည်းပါး လာကြတော့တာပါ….
တစ်ချို့ကြတော့လည်း ကျောင်းဆင်းကာစ များသောအားဖြင့် သက်မွေးကျောင်းနဲ့ဆင်းတဲ့သူတွေက ကိုယ့်ကို ကိုယ် ယုံကြည်မှုမရှိကြတာလည်းပါတယ်။ ကိုယ်ရနိုင်တဲ့လစာကို တောင်းရဲတဲ့ ယုံကြည်မှုမရှိဘူး။ အဲ့ဒါလည်းဖြစ်သင့်ပါတယ် ။ ကျောင်းတွေမှာက လက်တွေ့မရှိ၊ စာတွေပဲ သင်လာတော့ တကယ် လုပ်ငန်းခွင်ဝင်တဲ့အခါ ယုံကြည်မှုမရှိတော့တာပါ။ အရည်အချင်းကိုကြည့်ရင်လည်း အရည်အချင်းနဲ့ ရထားတဲ့ ဘွဲ့နဲ့က သင့်တော်မှုမရှိတော့ လစာကိုမတောင်းရဲ၊ မခန့်မှန်းတတ်ကြတော့ပဲ အရည်အတွက်သာ များလာကြတယ်။ ထိုက်သင့်တဲ့လစာမဟုတ်ပေမယ့် လစာပမာဏ ခပ်မြင့်မြင့်လေးပေးလိုက်တာနဲ့ ကျေနပ်သဘောကျပြီး ကျေးဇူးတွေအထပ်ထပ်တင်ပြီး လုပ်ကြတာတွေလည်းတွေ့ရပြန်တယ်။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြတဲ့ တစ်ချို့ ပြောရဲဆိုရဲ လုပ်ငန်းနားလည်ကြတဲ့သူတွေကတော့ ရသင့် ရထိုက်တဲ့ ခံစားခွင့်အနေအထားကိုရကြပါတယ်။ ဒါကလည်း ရာခိုင်နှုန်းနည်းပါတယ်။
နောက်ပြီး ကုမ္ပဏီတွေမှာ ၀န်ထမ်းလုပ်သက်ရလာတဲ့အခါမှာ ကုမ္ပဏီတွေက  OJT ပညာသင်ပေးကြတယ်။ မိမိလုပ်ကိုင်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး သင်တန်းတက်ခိုင်း တာတွေ၊ နိုင်ငံခြားမှာရှိတဲ့ ဖက်စပ်ကုမ္ပဏီ တွေနဲ့ အပြန်အလှန် လုပ်ငန်းခွင်လေ့လာခိုင်းတာတွေကို ကုမ္ပဏီက စီစဉ်ပေးတာရှိပါတယ်။ ၄င်းတို့အနေနဲ့ဝန်ထမ်းတွေကိုမြှင့်တင်ပေးလိုက်ပေမယ့် ၀န်ထမ်းတွေက အလုပ်ထွက်မယ့် အကြောင်း အရာမျိုးရှိမလား၊ရေရှည်မြဲပါ့မလားအားလုံးတွက်ချက်ဆုံးဖြတ်ပါတယ်။ုံ ၀န်ထမ်းတွေကို မြေတောက်မြှောက် ပေးပြီး မှ အလုပ်ထွက်မယ်ဆိုရင် ကုမ္ပဏီ တွေအတွက်လည်း နစ်နာမှုရှိပြန်တယ်။။။
ဒီတော့ ၀န်ထမ်းလုပ်တော့မယ်ဆိုရင် လုပ်ငန်းခွင်မှာ တွေ့ကြုံဖြစ်ပေါ်လာမယ့် Stress တွေ၊ မလိုမုန်းထားခြင်းတွေ၊ အဆင်မပြေမှုတွေကို သည်းခံနိုင်ပါ့မလား၊???
ရေရှည်တိုးတက်မှုကိုကြည့်ပြီးမှလုပ်မှာလား၊၊??? လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းမှာ မိမိအတွက် တိုးတက်မှု မရှိရင် ဘယ်လိုဆုံးဖြတ်မှာလဲ။၊၊??? နောက်အလုပ်မရခင်ထိ မှေးပြီးအလုပ်လုပ်မှာလား၊၊????
အမေး………လား ပေါင်းများစွာဖြင့်ပင် စဉ်းစားရင်း ဖော်ပြပေးလိုက်ပါတယ်။

အလင်္ကာည
၂၀၁၂ ခုနှစ်၊ မေလ (၂၀)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Snake Protection (Second Time)

Whenever u kill a snake,  u will see another one.
Believe it or not!!!

(@ KPU Camp)
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Snake Protection from KPU Camp


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိမ်ဖော်က အိမ်ရှင်ထံ လစာတိုးတောင်းရခြင်းအကြောင်းအရင်း(Joke)

အိမ်ဖော်က အိမ်ရှင်ထံ လစာတိုးတောင်းရခြင်းအကြောင်းအရင်း(Joke)
(မူရင်းက အင်္ဂလိပ်လို ဟာသရေးထားတာပါ)

အိမ်ဖော်...............လစာတိုးပေးပါ။
အိမ်ရှင်အမျိုးသမီး................ ဘာလို့ လစာတိုးတောင်းတာလဲ၊၊၊?

အိမ်ဖော်...............လစာတိုးတောင်းရခြင်း အချက် (၃)ချက်ရှိပါတယ်။
အိမ်ရှင်အမျိုးသမီး.............ပြောပါ.

အိမ်ဖော်...............(၁) ကျွန်မ က အစ်မထက် အ၀တ်လျော် တာ ပိုတော်ပါတယ်.......

အိမ်ရှင်အမျိုးသမီး................ဘယ်သူက ပြောတာလဲ???
အိမ်ဖော်............... အစ်မ ယောကျာ်းက ပြောတာပါ........

အိမ်ရှင်အမျိုးသမီး...............ဟုတ်ပါပြီ........ဒုတိယအချက်ကကော???
အိမ်ဖော်...............   (၂) အချက်က ကျွန်မက အစ်မထက် ထမင်းဟင်းချက်တာ ပိုတော်ပါတယ်.

အိမ်ရှင်အမျိုးသမီး................ဘယ်သူက ပြောတာလဲ???
အိမ်ဖော်............... အစ်မ ယောကျာ်းကပဲ ပြောတာပါ........

အိမ်ရှင်အမျိုးသမီး...............ဟုတ်ပါပြီ........နောက်ဆုံးအချက်ကကော???
အိမ်ဖော်................ညအိပ်ယာဝင်လို့ အိပ်ယာထဲမှာလည်း ကျွန်မက အစ်မထက်တော်တယ်............

အိမ်ရှင်အမျိုးသမီး..................ဒါလည်း ငါ့ယောကျာ်းကပဲ ပြောတာလား????
အိမ်ဖော်...................မဟုတ်ပါဘူး............ခြံစောင့် မာလီ က ပြောတာပါ.

အိမ်ရှင်အမျိုးသမီး..................ရပြီ...ရပြီ...နင့်တောင်းတဲ့လစာ ငါတိုးပေးပါမည်.

နောက်ဆုံး အိမ်ရှင်အမျိုးသမီးက အိမ်ဖော်ကို သူတောင်းတဲ့လစာပေးလိုက်ရလေတော့သည်.။။။။။။။။။။။။။


အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Quote Of The Day
(15/5/2012)

Experience is not what happens to a man. It is what a man does with what happens to him.

- Aldous Huxley

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Hell Desk (or) Help Desk

Ref: Reder digest March-2011 မှာ ပါလာတဲ့ ကားတွန်းပုံ လေးပါ

ရေးထားတာက ရိုးရိုးလေးရေးထားတာပါ........
စာဖတ်သူလည်း နားလည်ပါလိမ့်မယ်..........

ဒီမှာပြောချင်တာက စားပွဲပေါ်မှာရေးထားတဲ့ စကားလုံးပါ.....
Hell Desk ! ဆိုတဲ့စကားလုံးလေးပါ
ကျွန်တော်စဉ်းစားတယ် ဒါက သရော်ထားတာလားလို့ပါ.....

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သိတာက Help Desk........ဆိုတဲ့စကားလုံးပါ

Reception လိုနေရာမျိုးပေါ့.......
ဒါပေမဲ့ Reception လိုတော့မဟုတ်ဘူး

အပြင်ကလူတစ်ယောက်က ကိစ္စရှိလို့ ကုမ္ပဏီ (သို့) ဟိုတယ် (သို့) ဘဏ်ထဲ ကို ၀င်သွားတာပေါ့ဗျာ
သိချင်တာကို မေးချင်ရင်ံHelp Desk မှာရှိတဲ့ ၀န်ထမ်းကို လှမ်းမေးပြိး လမ်းညွှန်ချက် ကိုရယူတာမျိုးကိုပြောတာပါ/ ဒါဆို လုပ်ငန်းလုပ်ရတာမြန်ဆန် ချောမွေ့တာပေါ့

အဖြစ်အပျက် တစ်ခုကိုပြောပြရဦးမယ်..............
ကျွန်တော် နေပြည်တော်မှာ တာဝန်ကျတုန်းက ရန်ကုန်ရုံးက လွဲပေးတဲ့ ပိုက်ဆံသွားထုတ်ဖို့
မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်) ကို သွားရတယ်.
သွားတော့ ကျွန်တော်လည်း တစ်ခါမှမရောက်ဘူးဘူးလေ
ဘဏ်ရှေ့ကိုရောက်.. ဘဏ်ထဲကို ၀င်မယ်လုပ်တော့ Security Uniform ၀တ်ထားတဲ့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နဲ့အမျိုးသမီးက ဘာကူညီပေးရမလဲ ဆိုပြီး ခရီးဦးကျိုပြုတယ်ပေါ့....
ကျွန်တော်ကလည်း ဘယ်နေရာမှာ ငွေထုတ်ရမလဲ ပြီးရင် ဘယ်နေရာမှာ ငွေလွဲရမယ် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို
တစ်ခါတည်းမေးလိုက်တယ်.........အဲ့ဒီတော့ ကိုယ်အိမ်ကိုယ်ယာလို ရဲရဲဝင်သွားပြိး လုပ်ငန်းလုပ်တော့မှ အဆင်ပြေတယ်

မြန်မာပြည်မှာရှိတဲ့ တစ်ချို့လုပ်ငန်းတွေမှာ Help Desk လို့ သိပ်ပြီးသုံးတာမတွေ့ရသေးဘူး။
Reception လို နေရာမျိုးကိုပဲ အဓိက အသုံးပြုကြပါတယ်
ရှိတယ်ဆိုရင်လည်း အ၀င်ပေါက်ဝမှာကြိုတဲ့ ဧည်ကြိုကိုပဲမေးရတော့မယ်ဆိုတဲ့သဘောဖြစ်ပါကြောင်း
ဖော်ပြရင်း။။။

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"A Man without love is not a Man indeed" (Alin Karr Nya)

"A House is not a Home without a Pet" (Anonymous)
Ref: Reder digest March-2011

"A Man without love is not a Man indeed" (Alin Karr Nya)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တံငါအိုတို့ရဲ့ဘဝ


This charming snapshot depicts the hard and toiling life of the old Myanmar (Burmese) fishermen at seaside near Malae Kyun Village in Kyaukphyu Township, Rakhine State,Myanmar (Burma).

Close to this pleasant village is the Onshore Gas Terminal (OGT), the starting point on land of China -Myanmar Gas Pipeline.

Taken by chance, this photo was taken by Canon PowerShot A2200 with camera setting of 14M 4320 x 3240.


ဒီပုံလေးက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ  မလဲကျွန်းရွာ အနီးက ကမ်းခြေတစ်နေရာမှာ ရှိတဲ့ တံငါအိုတို့ရဲ့ သဘာဝ မြင်ကွင်းတစ်ခုပါ။
မလဲကျွန်းရွာ နေရာနဲ့မလှမ်းမကမ်းလေးမှာ OGT...Onshore Gas Terminal လို့ခေါ်တဲ့ မြန်မာ-တရုတ် Gas Pipe line တစ်ခု တည်ဆောက်လျှက်ရှိပါတယ်.........
အမှတ်မထင်ရိုက်ခဲ့တဲ့ Camera အမျိုးအစား - Power Shot A2200
Camera Setting -14M 4320 x 3240



Best Regards,
Alinkarrnya

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

If in Doubt, Ask! ("မရှင်းလျှင် .......မေး")

If in Doubt, Ask!
("မရှင်းလျှင် .......မေး")

ဒီစကားလုံးက ရှင်းရှင်းလေးပါ......
ရှင်းရှင်းလေးပေမယ့် အရမ်းအရေးကြီးတဲ့စကားတစ်ခွန်းလို့ဆိုနိုင်ပါတယ်

တစ်ချို့ ကုမ္ပဏီကြီးတွေရဲ့ ရုံးခန်းမှာရော......ကျနော် လက်ရှိလုပ်ကိုင်နေတဲ့
လုပ်ငန်းခွင်ဝင် Project တွေမှာရော
စာလုံးကြီးတွေနဲ့ ရေးထားတာကို တွေ့နေရပါတယ်........
(ဥပမာ.........ရန်ကုန် MICT Part ထဲမှာရှိတဲ့ Building 3 # မှာလားမသိဘူး
ရသာချိုကုမ္ပဏီ ဆိုတာရှိတယ်...... ရသာချိုကုမ္ပဏီဆိုတာက ယမ်ယမ်ခေါက်ဆွဲ တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီရုံးခန်းထဲမှာ စာလုံးအကြီးကြီးနဲ့ စာတမ်းတစ်ခု တွေ့ရပါလိမ့်မယ်.
အဲ့ဒါကတော့ If in Doubt , Ask.......! ဆိုတဲ့ဆောင်ပုဒ်ပါပဲ........)


ဒါက ဘာကိုပြောလဲဆိုတော့.....
Commmunication အတွက် အထောက်အကူပြုတဲ့အတွက်ကြောင့်ပါ..........
လုပ်ငန်းတစ်ခုမှာ အလျှင်လိုမှုကြောင့် Phone / i-con ကြောင့်လည်းကောင်း
လူကြုံနဲ့ တစ်ဆင့်ကြောင့်လည်းကောင်း
နားလည်မှုလွဲခြင်းကြောင့်လည်းကောင်း
လင်မယားကြားတွင်သော် လည်းကောင်း
အမျိုးမျိုးသော နားလည်မှုလွဲခြင်းကြောင့်
(Communication လွဲမှားမှုကြောင့်) ပျက်စီးဆုံးရှုံးမှုတွေနဲ့ အထင်လွဲမှားတွေဖြစ်လာတတ်ကြတဲ့အတွက်
If in Doubt, Ask..... (မရှင်းလျှင်......မေး) ဆိုပြီးပေါ်လာတာလို့ ဆိုလို့ရပါမယ်။

Communication က ဘာသာစကားတစ်ခုတွင်မက  အခြားသော လူမှုအသိုင်းအ၀ိုင်းနှင့် လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းပိုင်းတွင်ပါ
အကျုံးဝင်သက်ရောက်တဲ့အတွက်
လေ့လာစရာတစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်............

အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

12 Symptoms of Spiritual Awakening( နိုးထ တက်ကြွ ၀ိညာဉ်၏ အင်္ဂါ (၁၂) ပါး)

12 Symptoms of Spiritual Awakening
နိုးထ တက်ကြွ ၀ိညာဉ်၏ အင်္ဂါ (၁၂) ပါး



08 - A Lite Thint Maung Ba Oo (Austin)

12 Symptoms of Spiritual Awakening အကြောင်းအရာလေးကို Facebook သုံးရင်း Wall ပေါ်မှာတွေ့လိုက်တော့ သဘောကျမိလို့ နားလည်သလို ဘာသာပြန်မိပါတယ်.....
ဒါ့အပြင် အရင်တုန်းက သီချင်းတစ်ပုဒ်ဖြစ်တဲ့ အလိုက်သင့် မောင်ဘဦး သီချင်းတစ်ပုဒ်ကိုပါ နားထောင်စေချင်တဲ့စေတနာအပြင်  မူရင်းအကြောင်းအရာနဲ့ပတ်သတ်ပြီး

ဘာသာပြန်မှားတာရှိရင် ကျနော်ရဲ့အမှားသာ ဖြစ်ပါကြောင်း ၀န်ခံရင်း


ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Words of the Day (Dismiss, Remove, Resign)

ကုမ္ပဏီတွေမှာ ၀န်ထမ်းတွေကို အလုပ်ထုတ်တာနဲ့ပတ်သက်ပြီး အောက်တွင် ဖော်ပြထားတဲ့ စကားလုံးတွေနဲ့ လုပ်ငန်းတာဝန်တွေကို ရပ်စဲကြကြောင်း သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
(1)  Dismiss ( ထုတ်ပစ်)
Aung Aung will be dismissed due to disloyalty.
(2)  Remove (ဖယ်ရှား)
Will you remove him?
(3)  Resign(နှုတ်ထွက်)
He resigned from the Government.
Resign (နှုတ်ထွက်တာနဲ့ပတ်သတ်ပြီးတော့လည်း နောက်ထပ်(၂)မျိုးခွဲပါသေးတယ်)
Voluntary Resign ( မိမိဆန္ဒဖြင့် မိမိနှုတ်ထွက်)
Force to Resign (ဖိအားပေးပြီးနှုတ်ထွက်)

Read more: Words of the Day (Dismiss, Remove,Resign) - Myanmar Network http://www.myanmar-network.net/forum/topics/words-of-the-day-dismiss-remove-resign?xg_source=activity#ixzz1uATDMaQi

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS