RSS

ဤလက်များဖြင့်

တဟွတ်ဟွတ် ဆိုးလာသော ချောင်းကို သူ ကြိုးစားမြိုချလိုက်သည်။ ပါးစပ်ထဲဝယ် ကျိချွဲစေးပျစ် လာသောကြောင့် ကုတင်ပေါ်မှ အားယူစောင်းငဲ့ရင်း နံဘေးသို. တံတွေးတစ်ချက်ထွေး လိုက်မိသည်။

“အို…….အဲဒီလို တမံတလင်းပေါ် မထွေးရဘူးလေ၊ အကုန် ညစ်ပတ်ကုန်မှာပေါ့၊ ထွေးခံရှိရဲ့သားနဲ့”

အခန်းဝမှ လှမ်းပြောသံကြောင့် မျက်စိကို စွေရင်း လှမ်းကြည့် လိုက်သည်။ တင်းမာမှုန်ဝေသော သူ.မျက်နှာကို ရွံ.သွားဟန်ရှိသော ဆရာမလေးသည် တစုံတရာကို သူမကြားအောင် တဖျစ်တောက်တောက် ရေရွတ်ရင်း သန်.ရှင်းရေး အလုပ်သမားကို လှမ်းခေါ်နေသည်။

သူအံကြိတ်လိုက် မိသည်။ သေတော့မယ့် လူနာတစ်ယောက်ဟာ ကိုယ်သက်သာရရေး ထက်ပိုပြီး ဘာစည်းကမ်းကိုမှ လိုက်နာဖို.မလိုဘူးဆိုတာ သိကြရဲ့လားဟေ့။ ငါ့ကို ကြည့်ကြတဲ့ မျက်လုံးတွေဟာ ဘယ်လိုဆိုတာ ငါသိပြီးတဲ့နောက် ငါ ပိုလို.တောင် ဂရုမစိုက်သေးတယ်။

ရင်ဘတ်ဆီမှ အောင့်တက်လာသော ဝေဒနာကြောင့် သူ.နှုတ်ခမ်းများ တွန်.လိပ်သွားသည်။ တစ်ဖက်ခန်း အမျိုးသား လူနာဆောင်ဆီမှ ဘုရားရှိခိုးသံ သဲ့သဲ့ ကြားသည်။ ဘယ်အချိန်ရှိပြီလဲ။ သူ.အဖို.တော့ မထူးပါ။ နေ.များညများကို သူဂရုမစိုက်မိသည်မှာ ကြာပြီ။ အင်း…….ဂရုစိုက်လွန်းနေသည်လည်း ဖြစ်နိုင်သည်။ သူ.အဖို. အခန်းတံခါးထိပ်ရှိ နာရီမှ တစ်ချက်ချက် မြည်သံကိုပင် ကျိန်ဆဲခဲ့ရသည်မှာ အကြိမ်မနည်းပြီ။

လူသားတစ်ယောက်ပီပီ ရသမျှအချိန်လေးကို ကုတ်ကပ် နေသွားချင်စိတ်သည် တခါတရံ နင့်နဲစူးရှစွာ ၀င်လာတတ်သလို ဝေဒနာဖြင့် လူးလိမ့်နေရသည့် အချိန်များတွင်လည်း ဇာတ်သိမ်းကို ညည်းတွားတောင့်တ မိပြန်သည်။

သူလို လူမျိုးများကို ဆေးရုံ၏ ဤအခန်းလေးဝယ် သီးသန်. ထားတတ်မှန်း သိခဲ့သည်မှာ ကြာပြီ။ သူ.ထက် နောက်ကျမှ ရောက်လာသော လူနာတစ်ယောက် တစ်နေ.ကပင် ထွက်ခွာသွားပြီ။ ယခု ဒီအခန်းလေးဝယ် သူနှင့် ကောင်လေး နှစ်ယောက်ထဲ။

ကောင်လေးကို သတိရ၍ တစ်ဖက် တစ်ကုတင်ကျော်သို. စောင်းငဲ့ကြည့်လိုက်သည်။ ကောင်လေး သူ.ဘက်သို. တစ်စောင်းလှည့်ရင်း အိပ်ပျော်နေလေသည်။ ခြောက်သွေ.သော နှုတ်ခမ်းကြားမှ မသိမသာခေါနေသော သွားဝါကျင်ကျင်ကို မြင်နေရသည်။ သူနှာခေါင်းရှုံ.လိုက်သည်။ ကြည့်ပါဦး။

အရိုးနှင့် အရေပြားကြားဝယ် အသားဟူ၍ စက္ကူတစ်ချပ်စာပင် မကျန်သော ကောင်လေး၏ ဦးခေါင်းသည် မရောင်းရ၍ အကြိမ်ကြိမ် ပြန်ကြော်ထားသော စာကလေးကြော်ခေါင်းနှင့် တူနေသည်။ လက်တစ်နှိုက်ချိုင့်နေသော မျက်တွင်းများသည် ညိုမည်းနေကြသည်။ ပါးပြင်နား ဘေးကပ်ချထားသော လက်ချောင်းလက်ဖျံများသည် အဘိုးအိုတစ်ယောက်၏ လက်များပမာ အရေတွန်.နေကြသည်။ အင်း……..ဒီကောင်လေး အသက်ဘယ်လောက် ပါလိမ့်။ ရှိလှ ငါးနှစ်ပေါ့။

သူတစ်ချက် ရယ်ရင်း သူ.လက်သူ ပြန်မကြည့်လိုက်သည်။ ဘာထူးလဲ။ အရေပြားများ ရှုံ.တွ၊ အိကျ၊ ကွဲအက်။ အင်း…… ဒီလို အရိုးပေါ် အရေတင် အချင်းချင်းတောင် ဆရာဝန် ဆရာမတွေက ကောင်လေးကိုကျ ချစ်ကြသည်။ သူ.ကျရော။

သူ.ကျတော့ မမုန်းတောင် မချစ်ဟု ထင်သည်။ ဘယ်လိုပြောမည်နည်း။ ကောင်လေးနှင့် သူ အတူတူ ဂရုစိုက်ခံရရင်တောင် ကောင်လေးကိုကျ ပိုပြီး ဂရုဏာပါသည် သူထင်သည်။ အခြေအနေမဲ့ချင်း အတူတူ။ ရောဂါချင်း အတူတူ။

သူမကျေနပ်။ ဒီတော့ သူ ဘာလုပ်သနည်း။ ဆဲသည်။ ဟုတ်သည်။ သူသည် ပညာတတ် တစ်ယောက်မဟုတ်။ ဟီရိသြတ္တပ္ပ ကိုသူမသိ။ နည်းနည်းပါးပါး သိတောင် သူ ဂရုစိုက်မည်မဟုတ်။ အထူးသဖြင့် ခံစားချက်ကို ထွက်ပေါက်ပေးစရာ မရှိဖြစ်နေသော ဒီအချိန်ဝယ် သူလုပ်နိုင်သည်မှာ ဆဲခြင်း။

ပထမ ကောင်လေးကို ဆဲသည်။ နောက် ဆရာဆရာမတွေကို ပြန်ပြောသည်။ အော်သည်။ အားလုံးက သူ.ကို ရွံကြောက်ကြီး ဖြစ်လာသည်။ အစ ပထမဦး ဘာရောဂါပါဟု သိသိချင်း ကြည့်သော စူးစူးဝါးဝါး မျက်လုံးတို.သည် ယခုအခါ စိမ်းစိမ်းဝါးဝါး ဖြစ်ကုန်သည်။

သူတွေးရင်း တစ်ချက် ရှိုက်လိုက်မိသည်။ သူလည်းဒီရောဂါပဲ။ ကောင်လေးလည်း ဒီရောဂါပဲ။ သူ.ကျမှ။ သူဆိုးနေသည်ကို သူလည်းသိသည်။ ဘာဖြစ်လို. သူ.ကို ဆက်ကုပေးနေကြတာလဲ။ ဘာဖြစ်လို. မောင်းမထုတ်ကြတာလဲ။ သူမတွေးတတ်။

ည အတော်နက်ပြီထင်သည်။ ညတာဝန်ကျ ဆရာဝန်လေးက ဆေးတစ်လုံး ထိုးပေးသွား၍ သူ ယခု အနာသက်သာနေခြင်း ဖြစ်သည်။ အိပ်ယာထက်တွင် ပက်လက်နေပါများ၍ ကျော၌ ပေါက်သော အပူနာသည် ကျက်ခဲလှစွာ။

ဒီဆရာဝန်လေးက စိတ်ရှည်သည်။ သူ.အပေါ်လည်း သည်းခံသည်။ ကောင်လေးကို သူမကျေနပ်မှန်း သိ၍ ပြေရာပြေကြောင်းလည်း ခဏခဏပြောသည်။ ထိုအခါမျိုး၌ သူ သုန်သုန်မှုန်မှုန် မျက်နှာဖြင့် တစ်ဖက်လွှဲ နေပြလိုက်သည်။ ဆရာဝန်လေးလည်း ရယ်ကာ မောကာ ပြန်သွားရမြဲ။

ထိုစဉ်မှာပင် ကောင်လေး ကုတင်ဆီမှ တရှူးရှူး အသံကြားရသည်။ ခေါင်းကို အားယူ စောင်းကြည့် လိုက်သည်။ ကောင်လေးမောနေသည်။ အသက်ကို ရှိုက်၍ ရှိုက်၍ ရှူနေရကြောင်း သူမြင်ရသည်။ လည်ပင်းကြောကြီးများထောင်ကာ၊ ပါးစပ်ကိုဟကာ လေကို ဟပ်၍ ယူနေရသည်။

ဒီလိုမျိုး သူလည်း မောဘူးသည်။ ဝေဒနာ အတိမ်အနက်ကိုလည်း သိသည်။ သူ အားရ၀မ်းသာ ရယ်လိုက်သည်။ သူမုန်းသော ကောင်လေး ဝေဒနာခံစားနေရသည်ကို အရသာခံပြီး ကြည့်နေလိုက်မည်။

သို.သော် သူ.အတွေး မဆုံးမှီမှာပင် ဟိုးရင်ဘတ် အတွင်း တစ်နေရာက လှိုက်သွားသည်ကို သိလိုက်သည်။ ဘာဝေဒနာဟု မစဉ်းစားမိခင် မှာပင် သူ အားယူထသည်။ ကောင်လေး နှုတ်ခမ်းများ ပြာလာသည်ကို သူမြင်သည်။ မြန်မြန်။

တံခါးဝသို. သူ အမြန်ပြေးသည်။ လမ်းမလျှောက်သည်မှာ ကြာပြီ။ ခြေထောက်တွေက တုန်နေသည်။ အခန်းဝမှ ခေါင်းပြူ ကြည့်လိုက်လျှင်ပင် သူနာပြု ဆရာမလေး၏ တာဝန်ကျစားပွဲကို မြင်နိုင်သည်။

“ဆရာမ”

သူအော်လိုက်သည်။ စာဖတ်နေရာမှ ဆရာမ လှမ်းကြည့်သည်။ သူ.အတွက် စိုးရိမ်ဟန် မျက်နှာထား။

“အို ကိုမင်းဒင်၊ ဘာဖြစ်လို.လဲ၊ နေမကောင်းလို.လား”

ရင်ခွင်၌ တုန်ခါသွားသည်။ သို.သော် မစဉ်းစားနိုင်သေး။

“ဟို……..ဖိုးသား မောနေလို.”
“ဟင်”

ဆရာမလေးပြေးလာကြည့်။ ဆရာဝန်ကို ပြေးခေါ်။ အားလုံးအလုပ်ရှုပ်သွားကြသည်။သူ တွေဝေစွာ ထိုင်ကြည့်မိသည်။ ခါတိုင်းလို ကောင်လေး အပေါ်မှာလည်း မနာလို မဖြစ်မိ။ ထူးဆန်းစွာပင်။

သေမယ်ဆိုတာ သိနေတဲ့ လူတစ်ယောက်ကို သူတို. ဘာလို. ကယ်ကြတာလဲ။ ကြည့်ပါဦး လက်တွေ။ ကောင်လေးရဲ့ ရင်ဘတ်မှာ စည်းချက်ကျကျ ဖိနှိပ်နေတဲ့ လက်တွေ။ ဆေးပုလင်းထဲက ဆေးကို ပိုက်နဲ. စုပ်ယူနေတဲ့ လက်တွေ။ ဟော….. ဟိုမှာလည်း လက်မောင်း ပိန်ပိန်လေးထဲကို ဆေးရည်ထိုးထည့် နေတဲ့ လက်တွေ။

ငါ သေအံ့မူးမူး ဆိုရင်ကော သူတို ဒီလိုပဲ ကယ်ကြမှာလား။ ငါက သူတို.ကို မထီမဲ့မြင် လုပ်ထားတာလေ။ ခုနက ဆရာမလေး ငါ့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တာ သေချာရဲ့လား။

တဖြေးဖြေးချင်း အေးချမ်းသွားသော အခြေအနေကို မြင်ရသည်။ ကောင်လေးလည်း နှစ်ခြိုက်စွာ ပြန်လည် အိပ်ပျော်သွားပြီ။ ဆရာဝန်လေးသည် သူ.ဘက်သို. လှည့်ပြုံးပြသည်။ ပြီး…… လျှောက်လာသည်။

“ကိုမင်းဒင်”
“ဗျာ”
“ဖိုးသား အသက်ကို ခင်ဗျားကယ်လိုက်ပြီ၊ ၀မ်းမသာဘူးလား”

သူ ကြောင်အနေသည်။ သူကယ်တာလား။ ဆရာတွေ ကယ်တာ မဟုတ်ဘူးလား။

ဆရာဝန်လေးက ပြုံးရင်း ဆက်ပြောသည်။

“ကိုမင်းဒင်၊ အိမ်ထောင်ကွဲတာ ဘယ်လောက်ရှိပီလဲ”
“ဟိုဒင်း……. နှစ်နှစ်”
“ကွဲကြတော့ ကိုယ်ဝန် ပါသွားတယ်ဆို”
“ဟုတ်……ဟုတ်ကဲ့”

ဆရာဝန်လေး ခေါင်းတဆတ်ဆတ် ငြိမ့်သည်။

“အေးဗျာ၊ ခင်ဗျားကလည်း ဒီရောဂါ ဘယ်အချိန် ၀င်နေမှန်းမသိဘူး။ ဒီတော့ ခင်ဗျားရဲ့ ရင်သွေးလေးမှာ ဒီရောဂါ မကူးစက်ပါစေနဲ့ ဆုတောင်းရမှာပဲ”

သူ.ရင်ထဲဝယ် နင့်ကနဲ။ သားလား၊ သမီးလား။ သူမသိ။ သို.သော် သူကဲ့သို.တော့ မဖြစ်စေချင်။

“ခင်ဗျားလုပ်လိုက်တဲ့ ကုသိုလ်ကြောင့် …… ကျွန်တော်တော့ ယုံတယ်။ မကူးစက်နိုင်ဘူးလို.”

ကျွန်တော် ဘာလုပ်မိလို.လဲ။ စိတ်တွင်းမှ ခြောက်ခြားစွာ မေးမိသည်။

“သူတို.လေးတွေက သနားစရာပါဗျာ၊ အရင်ဘ၀က အတိတ်ကံကိုတော့ ကျွန်တော် မပြောလို ဘူးပေါ့လေ။ အခုဘ၀မှာတော့ သူတို.ဟာ ဒီရောဂါ ဖြစ်ဖို. အကြောင်းတရား ဘာမှ မရှိရှာပါဘူး”

ရှက်ရွံ.စွာ ခေါင်းကို ငုံ.လိုက်မိသည်။ ကောင်လေး၏ မျက်နှာကို မြင်သည်။

“ကျွန်တော်ကတော့ သူတို.ကို တတ်နိုင်သမျှ ပိုပြီး ဂရုစိုက်တယ်၊ ဘ၀ပေး မကောင်းရှာလွန်းလို.လေ၊ မဟုတ်ဘူးလား ကိုမင်းဒင်ရယ်”

သူမော့ကြည့်လိုက်သည်။ နှုတ်ခမ်းသားများ တုန်လာသည်။ ပါးစပ်ကသာ တရွရွ လှုပ်နေသည်။ ဘာပြောရမှန်းမသိ။

ဆရာဝန်က သူ.အဖြစ်ကို မသိသလိုပင်။ သူ.ပခုံးပေါ် လက်တစ်ဖက် တင်လာသည်။

သူငဲ့ကြည့်မိသည်။ ပြည့်ဖြိုးသန်မာသောလက်။ စောစောကပင် လူတစ်ယောက်၏ အသက်ကို ကယ်ထားသော လက်များ။

“ဆရာ၊ မတင်….. မတင်ပါနဲ့”
“ဟင်၊ ဘာဖြစ်လို.လဲ ကိုမင်းဒင်”

အံသြဟန်ကိုမြင်ရသည်။
“ရောဂါ…..ရောဂါကူးလိမ့်မယ်”

ဆရာဝန် မျက်လုံးများ လင်းသွားအောင်ပြုံးသည်ကို မြင်သည်။ သူမထင်မှတ်သော အပြုအမူ ကိုလည်းပြုသည်။

သူ.ပခုံးကို တင်းကြပ်စွာ ဖက်လိုက်ခြင်း ဖြစ်သည်။

နှလုံးအိမ်၏ အနက်ရှိုင်းဆုံး နေရာဝယ် တသိမ့်သိမ့် ခါသွားသည်ကို သိလိုက်သည်။ မျက်ဝန်းဝယ် ပူနွေးသွားသည်။

ထို.နောက်တွင်တော့………..

သူ……………..

ရှိုက်ကြီးတငင် ငိုချလိုက်လေသည်။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလှစစ်

(စိတ်ဓါတ်မလှတဲ့သူဟာ ဘယ်လောက်ပဲလှလှ ဘယ်လောက်ပဲပြင်ပြင် နိမ့်ကျသူတစ်ယောက်ပါပဲ၊ မလှခြင်းတရားတွေ ပေါ်ထွန်းရာ ရပ်ဝန်းတစ်ခုပါပဲဗျာ)............ညအလင်္ကာ



အလှဆိုတာ နာမည်မဟုတ်ဘူးနော်။ လှခြင်းလို့ပြောတာပိုကောင်းမယ်ထင်တယ်။
လှခြင်း အမျိုးမျိုးရှိတယ်….
စိတ်၏ လှခြင်း၊ ရုပ်၏ လှခြင်း၊ အသားအရေ၏ လှခြင်း၊ ဆံပင်၏ လှခြင်း စာဖွဲ့ရင် ကုန်နိုင်မှာ မဟုတ်ဘူးဗျို့ အလှတွေကို ဖွဲ့ဆိုရမယ်ဆိုရင်လေ။
ဒီမှာ ကျွန်တော် ပြောချင်တာက အဲဒီအလှများစွာထဲမှာမှ စိတ်၏ လှခြင်းဟာ မြင့်မြတ်ဆုံးဖြစ်မယ်ဗျ။ စိတ်ဆိုတဲ့ သဘောမျိုးဟာလည်း လူမြင်တာနဲ့ သိနိုင်တာမဟုတ်တော့၊ လူတွေက အပေါ်ယံ လှတဲ့ သူတွေကိုပဲ ပဏာပြုကြတာ ဓမ္မတာပါ။ အမှန်တော့ ကျွန်တော်တို့ မျက်မှောက်ခေတ်မှာ မလှတဲ့ မိန်းကလေးဆိုတာ မရှိတော့ဘူးဗျ။ သူ့အနေအထားနဲ့ သူ ပြင်တတ် ဆင်တတ်ရင် လှတဲ့သူချည်းပါဘဲ။ အလှကုန်ပစ္စည်းတွေ များများ သုံးနိုင်လေ လှလေ၊ ခေတ်ပေါ်အ၀တ်အစား ၀တ်နိုင်လေ ပေါ်ပြူလာဖြစ်လေ ဒါနဲ့ဘဲ ခုခေတ်မှာ ရှင်သန်နေကြတဲ့ လူငယ်အချို့ဟာ ဒီသံသရာထဲ တ၀ဲလည်လည်ဖြစ်နေကြတာ သိပ်တော့ မဆန်းပါဘူး။ အမှန်တော့ အပေါ်ယံတွေပေါ်မှာ သာယာနေကြတာ ဆိုရင် မမှားဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလို အပေါ်ယံတွေ လှကြတာရော ဘာလုပ်ရမှာလဲဗျ။ ခဏတာဝတ်ဖို့ ပြဖို့ အတွက် ဘ၀ပျက်သွားကြတဲ့ မိန်းကလေးတွေ ကလည်း ဒုနဲ့ ဒေးပဲဗျို့။ အမှန်တော့ သူတို့ တပ်မက်တဲ့ အသုံးအဆောင်တွေဟာ ခဏတာပါဘဲ။ သူတို့ကို ကြည့်တဲ့ သူတွေကလည်း ခဏတာပါပဲ။ ပြီးရင် ပြီးသွားတာပါဘဲဗျာ။

ကျွန်တော် စာပိုဒ်လေးတစ်ပုဒ် ဖတ်ရတယ်ဗျ… တော်တော် မှတ်သားစရာ ကောင်းတဲ့ အဖြေလေးတစ်ခု ရသွားတယ်.. မိန်းကလေးတစ်ယောက်က မေးထားတာ… သူမဟာ အရမ်းကို လှတယ်တဲ့… ဒါကို သူမကိုယ်တိုင်လည်း သိတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေလည်း သိတယ်တဲ့။ စိတ်ဝင်စားတယ်ဆိုရင် သူမ ဓါတ်ပုံလေးတွေ ပို့ပေးလို့ရတယ်။ ဒါပေမယ့် သူမလက်ထပ်ချင်တဲ့သူဟာ တစ်လကို ဒေါ်လာ ၅၀၀၀ လစာရတဲ့ သူတစ်ယောက် ဖြစ်ရမယ်တဲ့ဗျာ။
အဲဒီမှာ လူတစ်ယောက်က ဘယ်လို ပြန်ဖြေသလဲဆိုရင် မိန်းကလေးတဲ့ မင်းဟာ အရမ်းလှတယ်ဆိုတာ မှန်ချင်ရင် မှန်မယ်တဲ့ ဒါပေမယ့် ငါမင်းကို ငါ့ရဲ့ ဒေါ်လာ 5000 လည်း မအပ်နိုင်သလို မင်းကိုလည်း မယူနိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုရင် ငါ့ရဲ့ ပိုက်ဆံတွေဟာ ပမာဏများလာတာနဲ့အမျှ တန်ဖိုးလည်းတက်လာမှာမို့လို့တဲ့။ မင်းရဲ့ အလှကတော့ တစ်ရက်ထက်တစ်ရက်ဆုတ်ယုတ်လာမှာမို့လို့ မင်းရဲ့ အလှကို ပိုက်ဆံပေးဝယ်ရလောက်အောင် ငါ မိုက်ရူးရဲ မဆန်သေးဘူးတဲ့။ တကယ်လို့ မင်းရှာချင်ရင် ခပ်တုံးတုံးငနဲတစ်ကောင်တော့ ရချင်ရလိမ့်မယ်၊ တကယ်လို့ စိတ်ဝင်စားရင်တော့ ငါ့ရဲ့ အပျော်ရည်းစားတစ်ယောက်တော့ မင်းဖြစ်နိုင်ပါတယ်လို့ ပြန်ဖြေသွားတယ်ဗျ။ တကယ်ကို ကောင်းတဲ့ အဖြေမျိုးဖြစ်သလို ကျွန်တော်တို့လို အလှကြိုက်တဲ့သူတွေအတွက် သင်္ခန်းစာလေးတော့ ရသွားတာတော့ အမှန်ပဲဗျ။

နောက်ပြီး ဘုန်းဘုန်းတစ်ပါး ဟောဖူးတာလေးလဲ ရှိသေးတယ်ဗျ။ ကိုယ်ကိုတိုင်လည်း မကျူးလွန်ရဘဲနဲ့ စိတ်နဲ့ ပစ်မှားလည်း အကုသိုလ်ရတာပဲတဲ့ဗျ။
ခုခေတ် မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့၊ ကိုရီးယား မင်းသမီးတွေ ကိုရီးယား မင်းသားတွေ ကြိုက်လိုက်ကြတာ ၀က်ဝက်ကွဲပဲတဲ့။ စိတ်တွေနဲ့လည်း ပစ်မှားလိုက်ကြတာ၊ ဟိုမှာ သူများက ယောက်ျား ဘယ်နှစ်ယောက်ရှိလို့ မိန်းမဘယ်နှစ်ယောက်မြောက်တွေနဲ့လဲ မသိဘူး။ ဒီမှာတော့ စိတ်တွေနဲ့ သူများမယား သူများယောက်ျားကို ပစ်မှားနေလိုက်ကြတာ အကုသိုလ်တွေ အလကားနေရင်း ထိုင်ရင်းတက်နေကြတယ်လို့ ဟောသွားတယ်ဗျ။ မှတ်သားစရာလေးဗျာ။
ပြောရင်းနဲ့ တောင်ရောက်မြောက်ရောက် ရောက်ကုန်ပြီဗျို့။
အဲ… ပြန်ဆက်မယ်…
ဒါကြောင့် ရှေးလူကြီးတွေက ပြောတဲ့ စကားတစ်ခွန်းရှိတယ်ဗျ
လှတာမက်ရင် ညစာခက်မယ်ဆိုတဲ့ စကား၊ ကျွန်တော်တော့ လက်ခံတယ်ဗျ။
ရှေးစကားတွေက တန်ဖိုးရှိသလို မှန်တာတွေလည်း များတယ်ဗျ။ မိန်းကလေးတွေ လှချင်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ဘ၀နဲ့ရင်းပြီးတော့ မလှချင်သင့်ဘူး။ ပြီးရင် ပြီးသွားမှာမို့လို့ပါဗျာ။ လှပ လူကြိုက်များတာ ဈေးကောင်းရတာပေါ့တော့လို့ ပြောချင်ကြတဲ့ သူများကိုလည်း ကျွန်တော် တစ်ခု ပြောချင်ပါတယ်။ လှမှ ဟော့မှ ကြိုက်တယ်ဆိုမှတော့ အဲဒီလူဘယ်လိုလူဖြစ်နိုင်မလဲ၊????
တစ်ခါတစ်လေ ကျွန်တော် စဉ်းစားတယ်ဗျ။ အိုမင်းသွားမယ့် ပျက်စီးသွားမယ့် လွင့်ပစ်လိုက်ရမယ့် အ၀တ်အစား အသုံးအဆောင်တွေအတွက် ဘာလို့ ဘ၀ပျက်ခံပြီး သုံးချင်ကြရတာလဲ။ လှချင်ကြရတာလဲ လို့ပေါ့ဗျာ။ အလှမပြင်ပါနဲ့လို့ မဆိုလိုပါဘူးဗျာ။ တော်ရုံသင့်ရုံပေါ့ ကိုယ့်မှာရှိတဲ့ အလှတရားလေးတွေကို ထိန်းသိမ်းရုံပေါ့ဗျာ။ ခုတော့ အလှကြောင့် နာမည်ပျက်၊ ဘ၀ပျက်တဲ့သူတွေလည်ုးအများကြီး။ အလှရဲ့ ဆွဲဆောင်မှုတွေကြောင့် ပြစ်မှုတွေ ဖြစ်သွားတာလဲ အများကြီး။ လှတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ၊ ဒါပေမယ့် အပူတွေနဲ့ အမင်္ဂလာဖြစ်ဖြစ်သွားတာ မကောင်းဘူးပေါ့ဗျာ။ သူများတွေ sexy ဆိုတာနဲ့ လိုက်ပြီး မဖြစ်ချင်ကြပါနဲ့ နိုင်ငံကွာသလို ဘာသာ အယူအဆကွာပါတယ်ဗျာ။ ဟိုနိုင်ငံက sexy တွေ ရွဲတာ ပြသနာ မရှိဘူး နိုင်ငံကောင်းတယ် ဆေးကောင်းတယ်၊

မြန်မာနိုင်ငံဆိုရင်တော့ စဉ်းစားသာကြည့်ပေါ့ဗျာ ဘာဖြစ်သွားမလဲလို့။ သူများတွေ လှတယ်ဆိုရင် လှတာတစ်ခုတည်းကို အရသာခံမကြည့်ပါနဲ့၊ သူဒီလို ပြင်ဖို့အတွက် ဘယ်လောက်တောင် အချိန်ယူထားရသလဲ၊ ပိုက်ဆံတွေ ဘယ်လောက်ကုန်သလဲ၊ ဘာတွေများ ရမှာမို့ ဒီလောက်တောင် အပင်ပန်းခံရသလဲ၊ သူများတွေ ကြည့်ဖို့ ပြစ်မှားချင်တိုင်း ပြစ်မှားဖို့ကို အလှပြနေရတဲ့ ဘ၀ပါလား တော်တော်သနားစရာ ကောင်းပါလားဆိုတဲ့ အတွေးမျိုးတွေနဲ့ပဲ ကြည့်စေချင်တယ်၊ ဒါမှ ကိုယ်လည်း အကုသိုလ်မဖြစ်ဘူး၊ မိန်းကလေးဆိုရင်လည်း သူ့လိုမျိုး လိုက်လုပ်ချင်စိတ် နည်းနည်းလျော့သွားမယ်။ ခု ကျွန်တော်ပြောတာ စော်ကားချင်တဲ့စိတ်နဲ့ ပြောတာ လုံးဝ မဟုတ်ပါဘူးဗျာ။ အားလုံးကို ကိုယ့်ဆွေမျိုးရင်းချာလို့ သဘောထားလို့ ပြောတာပါဗျာ။

စိတ်လေးတွေ စင်ကြယ်အောင်ထားပြီး၊ စိတ်လေးတွေပဲ လှအောင် ကြိုးစားကြပါ။ ကျန်တာ သူ့ဟာသူ အလိုလို လှလာပါလိမ့်မယ်ဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“မင်း” ၀ါဒများ

“မင်း” ၀ါဒများ
သင်္ခါရတရား မသိငြား
အသိတရား လွန်ခေါင်းပါး
စာနာတရား ဘေးမှာထား
ငါနိုင်ငါစား ပြုသူများ
နောင်တတရား နောင်မှရ……………..။
အတ္တမာန ဂုဏ်ဓနနဲ့
နိမ့်ပါးဘ၀ လူတန်းစားမှာ
လှည့်စားချယ်လှယ် ပြုအပ်ကြတယ်
ငါတို့ဘ၀ လေ့လွင့်ခဲ့ရ……………..။
ဂုဏ်ဓနမဲ့ သုညပဲမို့
ကိန်းဂဏာန်းရှာ သူ့ကျွန်ပမာ
ကျွန်ငါမဟုတ် သခင်သမုတ်လို့
ငါတို့ကြိုးစား တိုးမပွားခဲ့
စိတ်နာနာနဲ့ ဖြေသိမ့်ခဲ့
ဖြစ်ပျက်သမျှ နောင်တမရ
မရေရာဌာန ဖြေစရာမရ
မာနဌာနေ ရွက်လွင့်ကြွှေ………………..။
သူငါလူသား မေတ္တာမထား
သူတို့အတ္တ အစွန်းရောက်ကြ
ပကာသန အရှိန်ရ
ဂုဏ်ပါဝါကို ထုတ်ပြကြ
ပုံမကျန အကျည်းတန်းလှ………..။
လုပ်ရပ်တွေက ထုံးစံမပါ
ငါ့အတွက်ပဲ ကြည့်ကြတာ
စာနာသနား သူတို့မထား
“မင်း” ၀ါဒများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၁၀ နိုဝင်ဘာလ ကွန်ပျူတာ ဂျာနယ်တွင်ပါလာသော ကျနော်ရဲ့ နည်းပညာဆောင်းပါးတစ်ခုပါ

၂၀၁၀ နိုဝင်ဘာလ ကွန်ပျူတာ ဂျာနယ်တွင်ပါလာသော ကျနော်ရဲ့ နည်းပညာဆောင်းပါးတစ်ခုပါ


ကွန်ပျူတာဂျာနယ်တွင်ပါဝင်ခွင့်ရသည့်အတွက်လည်း ကွန်ပျူတာဂျာနယ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်ဗျာ



ကျနော်အရမ်း ပီတိဖြစ်မိပါတယ်



ကြွားဝါခြင်းမဟုတ်ပါ ကျနော်ရဲ့ ၀မ်းသာပျော်ရွှင်မှုကို သူငယ်ချင်းများနှင့်အတူခံစားကြည့်ချင်လို့ ဝေမျှခြင်းဖြစ်ပါတယ်




ခင်မင်စွာဖြင့်


ညအလင်္ကာ


၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ(3)ရက်






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS