RSS

I couldn't help it !!!


I couldn't help it !!!

Daryl
I am upset. Somebody told my boss I have a part-time job.
Smith
And he doesn't like that ?
Daryl
No, he doesn't. He thinks that I am too tired to work.
Smith
I am sorry. I have to admit I told him.
Daryl
You told him ? Why ?
Smith
I couldn't help it. He asked me point-blank.
Explanation :
If you can't help the way you feel or behave, you cannot control it or stop it from happening. You can also say that you can't help yourself.
If you say something point-blank, you say it very directly or rudely, without explaining or apologizing.



Daryl
I am upset. Somebody told my boss I have a part-time job.
စိတ်တိုတယ်ကွာ။ တစ်ယောက်ယောက်က ငါ့မှာအချိန်ပိုင်းအလုပ်ရှိတဲ့အကြောင်း သူဌေးကိုသွားပြောလိုက်တယ်။
Smith
And he doesn't like that ?
သူကမကြိုက်ဘူးပေါ့။
Daryl
No, he doesn't. He thinks that I am too tired to work.
ဟင့်အင်း။ မကြိုက်ဘူး။ အလုပ်လုပ်ဖို့ ပင်ပန်းနေလိမ့်မယ်လို့ သူကယူဆတယ်။
Smith
I am sorry. I have to admit I told him.
စိတ်မကောင်းပါဘူးကွာ။အမှန်ဝန်ခံရရင်ငါသူ့ကိုပြောလိုက်တာ။
Daryl
You told him ? Why ?
မင်းပြောတာ။ ဘာဖြစ်လို့လဲ။
Smith
I couldn't help it. He asked me point-blank.
ငါလည်းမတတ်နိုင်ဘူး သူကငါ့ကို တဲ့ဒိုးမေးတာ။

ရှင်းလင်းချက်။
         
upset ဆိုတာ
စိတ်အနှောင့်အယှက်ဖြစ်တာ။ အလိုမကျတာ။ ဝမ်းနည်းတာ။
စိတ်မချမ်းမသာဖြစ်တာ။ ရခိုင်မုန့်တီတို့ အသုပ်စုံတို့ကို ငြုပ်သီးစပ်စပ်နဲ့စားပြီးတဲ့အခါမျိုးမှာ
I have an upset stomach. လို့ပြောဖို့အခွင့်ကြုံပါလိမ့်မယ်။
အားကစားပွဲတွေမှာဆိုရင်မျှော်မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ ကမောက်ကမရလာဒ်တွေဖြစ်လာတာကို End Result Suffer Early Upset လို့ခေါင်းစီးရေးထားတာ တွေ့နိုင်ပါတယ်။

I have to admit it.
ဒါကတော့ရှင်းပါတယ်။ တစ်ခုခုကိုယ်လုပ်ထားတာကိုဝန်ခံတာ။

I couldn't help it.
ကိုယ့်စိတ်ကူး၊ အပြုအမူတစ်ခုခုကို မလုပ်ဘဲ မထိန်းချုပ်လိုက်နိုင်တဲ့အခါသုံးနိုင်ပါတယ်။
အင်မတန် လွမ်းစရာကောင်းတဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါ မငိုမိအောင် ထိန်းပေမယ့်လည်း မျက်ရည်ဝဲလာတဲ့အခါ I couldn't help it. ပြောလို့ရပြီပေါ့။    
         
I couldn't help but shed tear. ဆိုရင် မျက်ရည်မကျဘဲမနေနိုင်ဘူးပေါ့။

point-blank ဆိုတာကတော့ မေးခွန်း(သို့)စကားတစ်ခွန်းကို သွယ်ဝိုက်မနေဘဲ
တိုက်ရိုက်၊ ခပ်ကြမ်းကြမ်းပြောတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
         
         
ကဲဒါဆိုရင် စကားပြော မှာ ပါတဲ့စာကြောင်းလေးတွေပြောရင်းလေ့ကျင့်ကြည့်လိုက်ပါစို့။

အလင်္ကာည      
         
         


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)
ဒီကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ၊ ချိန်းဆိုမယ့်နေရက်၊ ချိန်းဆိုမယ့်အချိန်၊ ချိန်းဆိုမယ့် နေရာ စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ဘယ်လိုပြောဆိုကြသလဲဆိုတာကို ဖော်ပြထားတဲ့ ဝါကျ အသုံးအနှုန်းတွေနဲ့ ယှဉ်တွဲပြီးလေ့လာကြည့်ကြရအောင်ဗျာ…………….

Suggesting an appointment (ချိန်းဆိုချက် တစ်ခုအဆိုပြုခြင်း)
To propose making an appointment, use:
သူလာတွေ့မယ်၊ ငါလာတွေ့မယ် စသည်ဖြင့် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ အောက်ဖော်ပြပါ အတိုင်းပြောဆိုနိုင်ပါတယ်။
(1)  Can I come and see you? (ကျနေ်ာခင်ဗျားကို လာပြီးတွေ့နိုင်မလား)
(2)  I’d like you to come and see me. (ခင်ဗျား ကျနေ်ာကို လာပြီးတွေ့စေချင်ပါတယ်)
(3)  Let’s meet. ( ကျနော်နဲ့ ခင်ဗျားတွေ့ကြရအောင်)
Talking about dates (ချိန်းဆိုမည့် နေ့ရက်ကိုပြောဆိုခြင်း)
To ask about dates, use:
ဘယ်နေ့၊ ဘယ်ရက်၊ဘယ်သီတင်းပတ်၊ဘယ်လ စသည်ဖြင့် ချိန်းဆိုတဲ့ နေ့ရက်အဆင်ပြေ/မပြေ၊ မေးမြန်း ပြောဆိုတဲ့အခါ-
(1)  What day would you suit you? (ဘယ်နေ့ဟာ မင်းအတွက် အဆင်ပြေမလဲ)
To suggest a date, use:
ချိန်းဆိုတဲ့နေ့ရက်ကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about Thursday? (ကြာသပတေးနေ့ဆို ဘယ်လိုလဲ)
(2)  I’d like to make it soon. (ကျွန်တော်ကတော့ မကြာခင်မှာပဲ ချိန်းချင်တယ်)
(3)  I’m free on Tuesday. (အင်္ဂါနေ့တွေမှာ ကျနော်အားလပ်ပါတယ်)
(4)  Next Friday would suit me. (လာမယ့် သောကြာနေ့ဆို ကျနော်အဆင်ပြေပါတယ်)
To specify date, use:
ချိန်းဆိုမယ့်နေ့ရက်ကို သတ်သတ်မှတ်မှတ် တိတိကျကျပြောမယ်ဆိုရင်တော့-
(1)  On Monday (or) On Tuesday (or) On Wednesday.(တနင်္ဂလာနေ့(သို့)အင်္ဂါနေ့(သို့)ဗုဒ္ဓဟူးနေ့
(2)  On the 25th of March (or) On March the 25th. (မတ်လ ၂၅ ရက်နေ့မှာ)
(3)  Tomorrow, The day after tomorrow. (မနက်ဖြန်၊ သဘက်ခါ)
(4)  Soon; In the next few days. (မကြာမှီ၊ လာမည့်ရက်အနည်းငယ်အတွင်းမှာ)

Talking about Time (ချိန်းဆိုမယ့်အချိန်ကို ပြောဆိုခြင်း)
To ask about time, use:
ဘယ်အချိန် ချိန်းလို့ ဖြစ်နိုင်မလဲ၊ ဘယ်အချိန် အဆင်ပြေမလဲ စသည်ဖြင့် မေးမြန်းတဲ့အခါ-
(1)  What time would suit you? (ခင်ဗျားအတွက် ဘယ်အချိန် အဆင်ပြေမလဲ)။
(2)  What time are you free? (ခင်ဗျား ဘယ်အချိန်အားလဲ)

To suggest a time, use:
ဘယ်အချိန် ချိန်းဆိုရင် အဆင်ပြေမယ့်အကြောင်း အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about early afternoon? (မွန်းလွဲပိုင်း ခပ်စောစောဆိုရင်ရော)
(2)  I’m free in the afternoon (မွန်းလွဲပိုင်းမှာ ကျနေ်ာအားပါတယ်)
(3)  I’d like to make it about ten o’ clock. (ကျနေ်ာဆယ်နာရီလောက်မှာ ချိန်းချင်တယ်)
(4)  Three-thirty would suit me. (ညနေသုံးနာရီခွဲမှာဆိုရင် ကျနေ်ာအဆင်ပြေပါတယ်)
(5)  In the morning (or) In the afternoon (or) In the evening. (မနက်ပိုင်းမှာ၊ နေလည်ပိုင်းမှာ၊ ညနေပိုင်းမှာ)
(6)  Before Lunch / after lunch. (နေ့လည်စာ စားချိန်မတိုင်ခင်၊ နေ့လည်စာ စားပြီး)
(7)  At about eleven (or) At about eleven-thirty (or) At about twelve (ဆယ့်တစ်နာရီလောက်မှာ၊ ဆယ့်တစ်နာရီခွဲလောက်မှာ၊ ဆယ့်နှစ်နာရီလောက်မှာ)

Talking about place (ချိန်းဆိုမည့်နေရာကိုပြောဆိုခြင်း)
To ask about place, use:
ဘယ်နေရာမှာတွေ့ရင်ကောင်းမလဲ၊ အဆင်ပြေမလဲ စသည့်ဖြင့်မေးမြန်းတဲ့အခါ-
(1)  Where shall we meet? (ကျနော်တို့ ဘယ်နေရာမှာတွေ့ရင် ကောင်းမလဲ)
(2)  Where would suit you? (ဘယ်နေရာမှာတွေ့ရင် ခင်ဗျားအတွက် အဆင်ပြေမလဲ)
To suggest a place, use:
ချိန်းဆိုမယ့်နေရာကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about at my place? (ကျနော့်နေရာမှာဆိုရင် ဖြစ်မလား)
(2)  Let’s make it here. (ဒီနေရာမှာပဲတွေ့ကြရအောင်)

To specify place, use:
ချိန်းဆိုမယ့်နေရာကို သတ်သတ်မှတ်မှတ်တိတိကျကျ ပြောမယ်ဆိုရင်တော့-
(1)  At your/ my office/ home/ hotel. (ခင်ဗျားရဲ့ ရုံးခန်းမှာ/ အိမ်မှာ/ဟိုတယ်မှာ/ ကျနေ်ာရဲ့ရုံးခန်းမှာ/ အိမ်မှာ/ ဟိုတယ်မှာ)….

လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“အီဒီယမ်”ဆိုသည်မှာ


Idioms
“အီဒီယမ်”ဆိုသည်မှာ ဘာသာစကားတစ်ခု၌ ထူးခြားသော အပြောအဆိုအရေးအသားတစ်ခုဟု ဆိုရပေ မည်။ ထိုအဆိုမှာ သက်ဆိုင်ရာဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြရသော ဆိုရိုးတစ်ခုဖြစ်သည်။ ဥပမာ------ စကားစုတစ်စုတွင် ပါဝင်သောစကားလုံးတိုင်းတွင် သီးခြားအဓိပ္ပါယ်ရှိသည်။ သို့သော် ထိုစကားလုံးများကိုပေါင်းစပ်လိုက်သောအခါ မူလအဓိပ္ပါယ်များမဟုတ်တော့ဘဲ သီးသန့်….ထူးခြားသော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်။ ၎င်းကို အီဒီယမ်(Idiom)ဟုခေါ်သည်။
ဘာသာစကားတိုင်းမှာ ၎င်းတို့နှင့်သက်ဆိုင်သော အီဒီယမ်များရှိပေသည်။ ကျွန်တော်တို့မြန်မာဘာသာစကားမှာလည်း မြန်မာအီဒီယမ်များရှိပါသည်။ အင်္ဂလိပ်ဘာသာစကား၌မူ အီဒီယမ် အမျိုးရှိကြပါသည် - Prepositional Idioms, Verbal Idioms, Miscellaneous Idioms.
အောက်မှာဖော်ပြထားတဲ့ ဝါကျလေးတွေကို ဘာသာပြန်ကြည့်စမ်းပါ။
  1. I gave you best.  (ငါက မင်းကိုအကောင်းဆုံးပေးခဲ့တာ)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “ငါက မင်းကို အရှုံးပေးခဲ့ပါတယ်” လို့ဘာသာပြန်ရမယ်။
  2. He is a big gun. (သူက သေနတ်ကြီးတစ်လက် ဖြစ်တယ်)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “သူကဧရာမပုဂ္ဂိုလ်ကြီးလေ…” လို့ငေါ့တော့တော့ ထေ့တေ့တေ့နဲ့ပြောတာပါ…
မူလက ကိုယ်သိထားတဲ့ best. = အကောင်းဆုံးgun = သေနတ် ဆိုတဲ့အဓိပ္ပါယ်တွေနဲ့မဟုတ်ဘဲ၊ သီးသန့်အဓိပ္ပါယ်ဆိုလိုချက်တွေနဲ့ သုံးထားတာဆိုရင် အီဒီယမ် လို့ခေါ်တာပါ။
လူစစ်စစ်က နွားတွေ၊ဖျံတွေ ဖြစ်သွားတာမဟုတ်ကြောင်း သူများခိုင်းတိုင်း လုပ်၊ ထုံတဲ့၊ နုံတဲ့ ၊ ညံ့တဲ့သူတွေ ကို “နွား” လို့ပြောပြီး လူလည်ကျတဲ့သူကို “ဖျံ” လို့ဆိုလိုတာဖြစ်ကြောင်း လူတိုင်းသိသလိုပါပဲ။

ဒီအကြောင်းအရာနှင့်ပတ်သတ်၍ ဆရာဦးသိန်းလွင် ရေးသော နေ့စဉ်သုံး အီဒီယမ် (Idioms for Everyday Use) ကို လေ့လာနိုင်စေရန်အတွက် ဖော်ပြရခြင်းဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Idioms for Everyday Use
အရောင်တွေနဲ့ပတ်သက်တဲ့ အီဒီယမ်လေးတွေအကြောင်း စပြိးလေ့လာကြရအောင်ဗျာ…….
၁။ အောက်မှာပေးထားတဲ့စာပိုဒ်ကလေးကိုဖတ်ပြီး မိမိအမြင်နဲ့ အရင်ဆုံးဘာသာပြန်ကြည့်ပါ.
၂။ ပြိးတော့မှ အောက်ဘက်မှာပေးထားတဲ့ အီဒီယမ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လေ့လာမှတ်သားပါ။
၃။ နောက်ဆုံးကျတော့မှ အောက်ဆုံးက ဘာသာပြန်ချက်ကလေးနဲ့တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါတော့.။

Idioms from Colors
In the Red.

The Letter came out of the blue! I wasn’t expecting it. But it was in black and white, sign by the bank manager. I had no money in my checking account. I was in the red.
          I couldn’t believe it. So I went to see the manager. We looked at the problem together. The bank had made a mistake. It had put ten dollars into my account instead of one thousand dollars!
          Because it was the bank’s mistake, there was no delay reopening my account. The manager cut through all the red tape. Now I had money in my account. And I had the green light to write checks again.
ဖွင့်ဆိုချက်။
  1. Out of the blue        =မထင်မှတ်ဘဲ၊မမျှော်လင့်ဘဲ။
  2. In black and white    =ရှင်းရှင်းလင်းလင်း၊ပြတ်ပြတ်သားသား။
  3. In the red                =အခက်အခဲတွေ့သည်။ကြွေးတင်သည်။
  4. Red tape                 =အဆင့်ဆင်တင်ပြရသောရှုပ်ထွေးကြန့်ကြာသည့်ရုံးလုပ်ထုံးလုပ်နည်း။
  5. Green light               =အဆင်ပြေသည်။စတင်ပြုလုပ်ခွင့်ရသည်။
  6. The black market     =မှောင်ခိုဈေး(အစိုးရက ခွင့်ပြုထားသောတရားဝင်ဈေးမဟုတ်)။
  7. To feel blue             =ဝမ်းနည်းသည်၊စိတ်မကောင်းဖြစ်သည်။
  8. Green with envy       =မနာလိုဖြစ်သည်။
  9. In the black             =ငွေကြေးရှိသည်။ငွေကြေးလုံလောက်အောင်ရှိသည်။
10. In the red                =ကြွေးတင်သည်။(ငွေကြေးလိုအပ်သည့်ရဲ့ဆန့်ကျင်ဘက်)
11. (roll out) the red carpet=(ကော်ဇော်နီခင်းသည်လို့တိုက်ရိုက်ပြန်မယ့်အစား) အရေးပါအရာရောက်သည့်လူကို ဂုဏ်ပြုကြိုဆိုသည် လို့ပြန်ဆိုရပါမယ်)
ဘာသာပြန်ဆိုချက်။
          စာကမထင်မှတ်ဘဲရောက်လာတယ်။ ကျွန်မက မျှော်လင့်မထားဘူး။ဒါပေမဲ့ စာကရှင်းရှင်း လင်းလင်းကြီးရေးထားတာ။(ပြီးတော့)ဘဏ်မန်နေဂျာက လက်မှတ်ထိုးထားတာလေ……။ ကျွန်မရဲ့ ဘဏ်ငွေစာရင်းမှာ ငွေ(လက်ကျန်)မရှိတော့ဘူး…တဲ့. ကျွန်မ ငွေရေးကြေးရေး အခက်အခဲတွေ့ရပြီ… ကျွေးတင်ပြီပေါ့…….။
          ကျွန်မအနေနဲ့ မယုံနိုင်လောက်အောင်ပါပဲ ဒါကြောင့် ကျွန်မက ဘဏ်မန်နေဂျာနဲ့သွားတွေ့တယ်။ ဒီပြဿနာကို ကျွန်မတို့နှစ်ယောက်အတူတူ စီစစ်ကြတယ်၊ ဘဏ်ကအမှားအယွင်းတစ်ခုလုပ်ထားတာကို.. (တွေ့ရတယ်) ကျွန်မရဲ့ ငွေစာရင်းထဲကို ဒေါ်လာတစ်ထောင်ထည့်ရမယ့်အစား ဆယ်ဒေါ်လာပဲ ထည့်ထားတာကို…..။
          ဘဏ်ဘက်က အမှားဆိုတော့ ဘဏ်(မှာငွေ) စာရင်းပြန်ဖွင့်ဖို့ရန် (အခက်အခဲမရှိ) နှောင့်နှေးမှုမရှိ ဘူးပေါ့.။ ရှုပ်ထွေးကြန့်ကြာတဲ့ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျော်လွှားဖြတ်တောက်ပြီး မန်နေဂျာက ဆောင်ရွက်ပေးလိုက်တာ………အခုတော့ ကျွန်မရဲ့ငွေစာရင်းထဲမှာ ငွေ ပြန်ရှိသွားပြီလေ…….။ (ငွေပေးငွေယူ)ချက်လက်မှတ်တွေ ရေးနိုင်ခွင့်လည်းရသွားပြီ။ အဆင်ပြေသွားပြီပေါ့……….။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Conversation
Situation 1
Tom is talking to his friend.
Tom:            I just got a call from my brother.
Carol:           How is he?
Tom:            Out of the blue he told me he just got married.
Situation 2
Jenny is feeling Lonely.
Lucia:           You don’t look very happy, Jenny.
Jenny:           I’m just feeling blue. I guess I feel lonely.
Lucia:           Don’t feel lonely. I’m your friend! That’s why I came to take you out.
Situation 3
Nancy is talking to her husband.
Nancy:          Let’s go to a nice restaurant for supper.
Matt:            Is there something special to celebrate?
Nancy:          No, but I just finished doing our expenses for the month, and we’re in the black. Let’s spend some of our extra money.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ (၁၂)လ ရာသီ


အခုဆိုရင် သီတင်းကျွတ်လပြည့် ဖို့ ရက်က သိပ်မလိုတော့ဘူး
မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ မြတ်နိုးဖွယ်ကောင်းသော  ဓလေ့ထုံးစံကောင်းတစ်ရပ် မမေ့လျော့ရန်
ဖော်ပြခြင်းဖြစ်ပါသည်။





သီတင်းကျွတ်လဖွဲ့

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရဝနှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။

ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ
သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။

ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင်
ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ
တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။

ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပဝါရဏာပြုကြရ၏။ ဤပဝါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင်ပေါ်ပေါက်ခဲ့ဲခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးဖော်
ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုနည်းတူစွာပင် ဘုရားရှင်အားဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည်သီတင်းကျွတ် သည့်အခါ သက်ကြီးဝါကြီးများအားပူဇော်ကန်တော့သည့်ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။


Thadingyut

Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura.The nats came along by the right gold stairways and the brahmas by the left silver stairways.

On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats
and the Myintmo Lights Festival after the Mount Myinmo there.

For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that
might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.


ညအလင်္ကာ
၂၀၁၀ခုနှစ် (19 / 10 / 2010)

ကိုးကား
http://www.awdlibrary.co.cc

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Using the Verb to Do (Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း)


Using the Verb to Do
Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း

Verb to do : do, does, did, done, doing

စကားပြောရာမှာ အသုံးမဖြစ် အများကြီးသုံးရတဲ့ကြိယာက "Do" ပါပဲ။ Do က ပြုလုပ်သူ ကတ္တား၊ ပြုလုပ်တဲ့အချိန်
ကာလတို့နဲ့လိုက်ပြီး အသွင်(၅)မျိုးပြောင်းလဲနိုင်ပါတယ်။
အသုံးပြုပုံသဒ္ဒါစည်းကမ်းကိုသိထားရင် မိမိပြောချင်သလို နာမ်၊နာမ်စား၊ အမျိုးမျိုးနဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။

Do ကြိယာကို နာမ်၊နာမ်စား၊အချိန်ကာလတို့နဲ့ လိုက်ဖက်ညီအောင် အသုံးပြုပုံ
နာမ်၊ နာမ်စား ပစ္စုပ္ပန် အတိတ် ဖြစ်ပြီးကာလ ဖြစ်ဆဲကာလ
I, We do did have done am doing, are doing
You, They, men do did have done are doing
He, She, it , A man does did has done is doing

အတိုကောက်အသုံးပြုပုံ
I do not I don't
We do not We don't
You do not You don't
They do not They don't
He does not He doesn't
She does not She doesn't
It does not It doesn't
A boy does not A boy doesn't
I did not I didn't
You did not You didn't
We did not We didn't
They did not They didn't
He did not He didn't
A girl did not A girl didn't
ပင်မကြိယာအနေနဲ့ Do ကြိယာကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးပါတယ်
"ပြုလုပ်သည်၊ ဆောင်ရွက်သည်" အဓိပ္ပါယ်နဲ့သုံးပါတယ်။
ပြုတဲ့အလုပ်ကို တိတိကျကျမသိရင် do ကိုသုံးပါ။ အထူးသဖြင့် what, anything, nothing, something, တို့
နဲ့တွဲသုံးနိုင်ပါတယ်။

(1) What are you doing? (မင်းဘာလုပ်နေသလဲ)
I'm watering flower plants. (ငါ ပန်းပင်တွေ ရေလောင်းနေတယ်)
(2) What are you doing this evening? ( မင်းဒီညနေ ဘာလုပ်မလဲ)
I'm going to play cane-ball? ( ငါ ခြင်းလုံးခတ်မယ်)
(3) Are you doing anything tomorrow? (မနက်ဖြန် မင်းတစ်ခုခုလုပ်ဖို့ ရှိသေးလား)
I shall go to my office tomorrow. (မနက်ဖြန် ငါရုံးတက်မယ်)
(4) He does his job well. (သူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်)
(5) Tin Hla has done a good job. (တင်လှက အလုပ်ကောင်းတစ်ခုကို လုပ်ခဲ့တယ်)
(6) Girl do physical training. (မိန်းကလေးများက ကာယလေ့ကျင့်ခန်းများလုပ်ကြတယ်)
(7) Ni Ni does aerobics once a week. (နီနီက တစ်ပတ်ကိုတစ်ကြိမ် အေရိုးဘစ်ကစားတယ်)
(8) What can I do for you.? (မင်းအတွက် ငါဘာလုပ်ပေးရမလဲ)
(9) Do as you wish / please. ( မင်းကြိုက်သလို / နှစ်သက်သလို လုပ်ပါ)
(10) why can''t you do as you're told.? (မင်းကိုပြောတဲ့အတိုင်း ဘာကြောင်း မင်းမလုပ်နိုင်ရတာလဲ)
Do ကို V-ing နဲ့တွဲပြီး အလုပ်မျိုးစုံ လုပ်တာပြောလို့ရပါသေးတယ်။

(1) My mother does the shopping. (ငါ့အမေက ဈေးဝယ်တယ်။(ဈေးဝယ်ခြင်းကိုလုပ်တယ်)။ ထမင်းဟင်းလည်းချက်ပြုတ်တယ်။( ချက်ပြုတ်ခြင်းကို လုပ်တယ်)
(2) My sister does the washing. (ငါ့ညီမက လျော်ဖွပ်တာ လုပ်တယ်)
(3) Will you do ironing? (မင်း မီးပူတိုက်ပေးမလား)
(4) I do some writing in my spare time.( ငါ့ရဲ့အားလပ်ချိန်မှာ စာ (ဝတ္တု၊ကဗျာ၊ စသည်) ရေးတယ်.
(4) We do our shopping at weekends.(စနေ၊တနင်္ဂနွေ မှာငါတို့ဈေးဝယ်ကြတယ်)
(5) I've done talking -It's time to act. (ပြောသင့်တာပြောပြီးပြီ၊ ပြုလုပ်ဖို့ အချိန်ရောက်ပြီ)
့ဖြစ်စေသည်၊ အကျိုးသက်ရောက်စေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) Smoking will do you harm? (ဆေးလိပ်သောက်ခြင်းက သင့်ကိုဘေးဖြစ်စေမယ်)
(2) Reading will do you good. (စာဖတ်ခြင်းက မင်းကို ကောင်းကျိုးပေးမယ်)
(3) What damage did the storm do? (မုန်တိုင်းက ဘာပျက်စီးမှုကို ဖြစ်စေသလဲ).။
အဆင်ပြေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) How are you doing?
(2) How's your doing?
(3) Aye Aye is doing well at school.
(4) How's your business doing?(မင်းရဲ့ လုပ်ငန်းကော အဆင်ပြေရဲ့လား)
ကြိယာတစ်လုံးကို နှစ်ကြိမ်ထပ်မသုံးရအောင် Do ကြိယာနဲ့လည်း အစားထိုးသုံးနိုင်ပါတယ်။

(1) Who call me? (ငါ့ကို ဘယ်သူခေါ်လဲ)
She does. (She calls you. အစားသုံး ) သူမခေါ်တယ်။
(2) Who want to play soccer?
We do. (We want to play အစားသုံး) ငါတို့ကစားချင်တယ်။
(3) Did you find your book? (မင်းစာအုပ်ကို မင်းတွေ့ပြီလား)
Yes, I did. ( I found it အစားသုံး) ဟုတ်တယ် ၊ ငါတွေ့ပြီ။
အကူကြိယာအနေနဲ့ Do ကြိယာကို အမျိုးမျိုးသုံးပါသေးတယ်။
(1) Do you go to school? (မင်း ကျောင်းသွားသလား)
Yes, I do.
(2) Does she go to the market? (သူ(မ) ဈေးသွားသလား)
No, she doesn't. (ဟင့်အင်း။ သူ(မ) မသွားဘူး။
(3) Do you want a ball-pen? (မင်း ဘောပင် လိုချင်သလား)
No, I don't. (ဟင့်အင်း ၊ ငါမလိုချင်ဘူး)
(4) Don't you go to your teacher? (မင်းရဲ့ဆရာဆီ မင်းမသွားဘူးလား)
Yes, I go. ( ဟုတ်ကဲ့  ကျနေ်ာသွားတယ်)
(5) Did the guests come yesterday? (မနေ့က ဧည့်သည်တွေလာကြသလား)
Yes, they did. (ဟုတ်ကဲ့ ၊ သူတို့လာကြတယ်)
No, they didn't. (ဟင့်အင်း၊ သူတို့မလာကြဘူး)
Do ကြိယာကို မဟုတ်ဝါကျ Negative Sentence လုပ်ဖို့သုံးတယ်။

(1) I don't go to school today.
(2) She doesn't go to town.
(3) Don't forget to write to me. (ငါ့ဆီစာရေးဖို့မမေ့နဲ့)
အဓိပ္ပါယ်လေးနက်စေဖို့ Do ကြိယာကို ထည့်သုံးတယ်။

(1) Do help me. (ငါ့ကိုကူညီဖြစ်အောင် ကူညီစမ်းပါ)
(2) Do shut up. (တိတ်တိတ်နေစမ်းပါ)
(3) I do hate you. (မင်းကို ငါမုန်းတယ်)
(4) He does look tired. (သူ တကယ်မောပန်းနေပုံရတယ်)
(5) Do stay for dinner. (ညစာစားဖို့ နေဖြစ်အောင် နေပါ)
ကြိယာဝိသေသန (သို့) ကြိယာဝိသေသနစကားစုကို ဝါကျရှေ့မှာထားတဲ့အခါ do ကြိယာကို ကတ္တားရှေ့မှာ ခံပေးရပါတယ်။

(1) Rarely does she go out. (သူ (မ) အပြင်ထွက်ခဲတယ်)
(2) Very seldom does he smoke. (သူဆေးလိပ်အင်မတန်သောက်ခဲတယ်)
(3) Not only does she come, she also brings some flowers. (သူမလာရုံတင်မကဘူး၊ ပန်းအချို့ကိုလည်း ယူလာတယ်)
(4) No longer did we arrive home than the light went out.(ငါတို့အိမ်ရောက်ပြီး မကြာခင် မီးပျက်သွားတယ်)
(5) Rarely did she request help but this was an urgent matter.( သူ(မ) အကူအညီတောင်း ခဲတယ်၊ ဒါပေမဲ့ ဒါကအရေးပေါ်ကိစ္စဖြစ်နေတယ်).
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လေ့လာရင်း တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Using the Verb to be (ဖြစ်ခြင်း၊ ရှိခြင်းပြ ကြိယာအသုံးပြုခြင်း)

Using the  Verb to be
ဖြစ်ခြင်း၊ ရှိခြင်းပြ ကြိယာအသုံးပြုခြင်း

Verb to be : am, is, are, was, were, be, being, been

ဖြစ်ခြင်း၊ ရှိခြင်းပြကြိယာတွေက စကားပြောရမှာ အများဆုံးအသုံးပြုရတဲ့ကြိယာတွေပါ။
၎င်းတို့ကို “ဖြစ်သည်၊ ရှိသည်” အဓိပ္ပါယ်နဲ့ပင်မကြိယာအဖြစ်လည်းသုံးတယ် ၊ အခြားကြိယာတွေကို သွားကူပေးရတဲ့အကူကြိယာ အနေနဲ့လည်းသုံးပါတယ်။ (ဖြစ်၊ ရှိ) လို့ပဲမှတ်ပါ.
ဒီကြိယာတွေကိုမှန်မှန်သုံးစွဲတတ်ရင် စကား တော်တော်ပြောတတ်ပါပြီ။



Verb to be တို့ကို နာမ်၊နာမ်စားတို့နဲ့ လိုက်ဖက်ညီအောင်တွဲစပ်ပုံ
နာမ်၊ နာမ်စား ပစ္စုပ္ပန် အတိတ် အနာဂတ်
I am was shall be
He, She, it, A man is was will be
We, You, They, Men, Girls are were we shall be,
you will be,
They will be


အတိုကောက်အသုံးပြုပုံ
I am I'm
He is He's
She is She's
It is It's
We are We're
You are You're
They are They're
He is not He isn't
She is not She isn't
It is not It isn't
We are not We aren't
You are not you aren't
They are not They aren't
I was not I wasn't
He was not He wasn't
She was not She wasn't
It was not It wasn't
We were not We weren't
You were not You weren't
They were not They weren't
I shall be I'll be
He will be he'll be
She will be She'll be
You will be You'll be
They will be They'll be
I shall not I shan't
We shall not We Shan't
You will not You won't
He will not He won't
She will not She won't
They will not They won't
I have been I've been
We have been We've been
You have been You've been
He has been He's been
She has been She's been
It has been It's been
Verb to be ကို "ဖြစ်သည်" အဓိပ္ပါယ်နဲ့ ပင်မကြိယာအဖြစ်သုံးပါတယ်။
(1) Who are you?  (မင်းဘယ်သူလဲ)
(2) Who is he? (သူဘယ်သူလဲ)
ဒီလိုမေးခွန်းမျိုးကို နာမည်ပြောပြီးဖြေနိုင်တယ်။
(3) I'm Tun Win. (ကျနေ်ာထွန်းဝင်းပါ)
(4)  You're Mya Aye. ( မင်းက မြအေးပါ)
(5) He is U Ba. (သူက ဦးဘ ပါ)
(6) She is Sein Sein. (သူ(မ)က စိန်စိန် ပါ)
နာမည်အစား ၊ အဖေ၊အမေ၊ အဒေါ် စသည် ဖြစ်တယ်လို့လည်းဖြေနိုင်ပါတယ်။
Who is he? (သူဘယ်သူလဲ)
He is my father. (သူက ကျနော့်အဖေ ပါ)

Who is that woman? (ဟိုအမျိုးသမီးက ဘယ်သူလဲ)
She is my aunt. (သူမက ကျွန်မအဒေါ် ပါ)

Who is that boy? (ဟိုကောင်ကလေးက ဘယ်သူလဲ)
He's my younger-brother. (သူက ကျွန်တော့်ညီ ပါ)
ဒါမှမဟုတ် သူက ကျောင်းသားပဲ၊ လယ်သမားပဲ စသည်ဖြင့်လည်း ပြောနိုင်ပါတယ်။
Who is he?
He is a student.
What is he? သူဘာလုပ်သလဲ။
ဒီမေးခွန်းက အလုပ်အကိုင် ကိုမေးတာပါ။ဒါ ဘာလုပ်တယ်ဆိုတာပြောဆိုရပါမယ်.
(1) He's a salesman. (သူက အရောင်းစာရေးပါ)
(2) She's a housemaid. (သူ(မ)က အိမ်ဖော်ပါ)
(3) What is your Uncle? (မင်းဦးလေးက ဘာလုပ်သလဲ)
He's an engineer. (သူက အင်ဂျင်နီယာတစ်ယောက်ပါ)
What is your name? မင်းနာမည်က ဘာလဲ။
ဒါက နာမည်မေးတာဖြစ်တော့ နာမည်ပဲဖြေရမှာပါ.။
(1)My name is AlinKarNya.

(2) What is his name?
His name is La Wun Cho Cho.
လမ်းနာမည်စသည်တို့ကိုလည်း အလားတူမေးမြန်းနိုင်ပါတယ်.။
(1) What is this street?
This is the 1st Street.

(2) What street is this?
This is the 2nd street.

(3) What street is that? (ဟိုဟာက ဘာလမ်းလဲ)
That is the 13th Street.

(4) What road is the next road? (နောက်လမ်းက ဘာလမ်းလဲ)
The next road is Stand road.
Verb to be ရဲ့ အဖြည့်ခံအဖြစ် နာမ်အစား နာမဝိသေသန ကိုလည်း ထည့်အသုံးပြုလို့ရပါသေးတယ်။
(1) I'm tall.
(2) You're short.
(3) She is pretty.
(4) Ko Myo Ko Ko is Hansome.
(4) Nyo lei Ye is friendly.
(5) KhunSakCho is intelligent.
(6) This child is lovely.
Verb to be ကို "ရှိသည်" အဓိပ္ပါယ်နဲ့လည်း ပင်မကြိယာအဖြစ်သုံးလို့ရပါသေးတယ်။
(1) Where are you?
I'm here.

(2) Where is your father?
He's in the farm.

(3) Where is your sister?
She's in the house.

(4) Where are your books?
They are on the table.

(5) Where is the bus stand?
It is over there.

(6) Where is the post office?
It is on the Strand Road.
Verb to be ရဲ့နောက်မှာ not ထည့်လိုက်ရင် "မရှိဘူး" "မဖြစ်ဘူး" လို အဓိပ္ပါယ်ရပါတယ်။
(1) My father isn't at home.
(2) The teacher isn't at school.
(3) Your books aren't in my bag.

Verb to be ကို ဝါကျရှေ့ထားလိုက်ပြန်ရင် မေးခွန်းဖြစ်သွားပြန်ပါတယ်။
(1) Are you a Student?
Yes. (ဟုတ်ကဲ့)
No. (မဟုတ်ပါဘူး)
Yes, I am. (ဟုတ်ပါတယ် ၊ကျနေ်ာကျောင်းသားပါ)
No, I'm not. (ဟင့်အင်း၊ ကျနော် ကျောင်းသားမဟုတ်ဘူး)
Yes, I'm a student.
No. I'm not a student.
ကြိုက်သလိုနည်းနဲ့ဖြေဆိုနိုင်ပါတယ်.။
ှု
(2) Is Tun Naung a footballer? (ထွန်းနောင်က ဘောလုံးသမားလား)
Yes, he is. / No, he isn't.

(3) Isn't he a tennis-player? ( သူက တင်းနစ်ကစားသူမဟုတ်ဘူးလား).။
Yes, he is. / No, he isn't.
Verb to be ကို အကူကြိယာအနေနဲ့ ဖြစ်ဆဲကာလ Continuous Tense  ကို ဖော်ပြဖို့အတွက်လည်းသုံးပါတယ်။
(1) I'm writing. (ကျနေ်ာစာရေးနေတယ်)
(2) My father is reading the morning newspaper. (ကျနေ်ာအဖေ နံနက်သတင်းစာ ဖတ်နေတယ်)
(3) It isn't raining now. (ယခုမိုးရွာမနေဘူး)
(4) Yin Yin is washing clothes. (ယဉ်ယဉ် က အဝတ်လျှော်နေတယ်)
(5) Your mother is calling you. (မင်းအမေ မင်းကို ခေါ်နေတယ်)
နီးကပ်နေတဲ့အနာဂတ်ကာလကိုလည်း "going to" နဲ့ဖော်ပြတယ်။
(1) Is she going to sing?( သူမ သီချင်းဆိုမလား။)
(2) The baby is going to cry. (ကလေး ငိုတော့မယ်)
(3) We're going to see a movie tonight. (ငါတို့ ဒီည ရုပ်ရှင်ကြည့်ကြမယ်)
Passive Voice ကို ဖော်ပြဖို့ Verb to be + V-ed/en ပုံစံကိုလည်းအသုံးပြုကြပါသေးတယ်။
(1) A girl was hit by a car. (မိန်းကလေးတစ်ယောက် ကားတိုက်ခံရတယ်)
(2) Each child was a given a sweet. (ကလေးတစ်ယောက်ဆိကို သိကြားလုံးတစ်လုံးပေးတယ်)
(3) Are you married.? (မင်းလက်ထပ် ပြီးပြီလား)
No, I'm not. I'm single. (ဟင့်အင်း၊ လက်မထပ်ရသေးဘူး၊ ငါက တစ်ကိုယ်ရေသမားပဲ)
(4) Your sister is engaged,isn't she? (မင်းညီမက စေ့စပ်ထားတယ်မဟုတ်ဘူးလား)
Yes, she is. (ဟုတ်တယ်၊ စေ့စပ်ထားတယ်)
She'll get married next month. ( နောက်လမှာ သူမလက်ထပ်မယ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီတစ်ခေါက်အကြောင်းအရာမှာတော်တော်လေးကိုရှည်သွားတယ်
လေ့လာရင်း တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေ့လာစရာ Acronym

နေ့စဉ် ပြောဆိုဆက်သွယ်ရေးသားနေသော email များတွင် စကားလုံးများကို အကျဉ်းချုံး၍ အတိုကောက် အဖြစ်အသုံးပြုနေကြသည့်ကို သိရှိထားပြီးဖြစ်ပါလိမ့်မယ်...ထိုသို့ အတိုကောက် စကားလုံးတွေအဖြစ် ဖော်ပြရာတွင် နည်း(၃)နည်းရှိပါသည်။
၁။ ထိပ်ဆုံးစာလုံးယူသောနည်း (Acronym)
၂။ အကျဉ်းချုံး၍ ရေးသောနည်း (Abbreviation)
၃။  ကျုံ့၍ ရေးသောနည်း (Telescoping) ဟူ၍ ဖြစ်သည်။

(၁) ထိပ်စာလုံးယူသောနည်း (Acronym) ဆိုသည်မှာ------------
ဝေါဟာရ တစ်ခု ၏ ရှေ့ဆုံးအက္ခရာများကို ဆက်တွဲ၍ အမည်သစ်တစ်ခု(သို့) အသုံးအနှုန်းသစ်တစ်ခု တီထွင်ပြုလုပ်ထားသော အတိုကောက်စကားလုံးပင်ဖြစ်သည်။ပထမဆုံးရေးရာတွင် စာလုံးအားလုံးကို စာလုံးကြီး (Capital ) ဖြင့် ရေးသားပြီး ကြားတွင်  အစက် (Fullstop) ကလေးများခံကာအသုံးပြုကြသည်။
နောက်ပိုင်းတွင် အစက် ကလေးများပြုတ်လာပြီး တစ်ဆက်တည်းရေးလာကြသည်။
ဥပမာ------
LCCI = London Chamber of Commerce and Industry - လန်ဒန်စက်မှုလက်မှုနှင့်ကုန်သည်ကြီးများအသင်း
FIFA = Federation International Football Association - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်
(၂) အကျဉ်းချုံး၍ ရေးသောနည်း (Abbreviation) ဆိုသည်မှာ
စကားလုံးတစ်လုံးကို စာလုံးချုံ့၍  ရေးသားသော စကားလုံးများပင်ဖြစ်သည်။
ဥပမာ----------
Govt. = Goverment - အစိုးရ
Dept. = Deparment - ဌာန
Pte.  = Private - အများပြည်သူနှင့်သက်ဆိုင်သော
Ltd. = Limited - တာဝန်ကန့်သတ်ထားသော
Co., = Company - ကုမ္ပဏီ

(၃) ကျုံ့၍ ရေးသောနည်း (Telecoping)  ဆိုသည်မှာ------
 စကားလုံးတစ်လုံးအတွင်းသို့ တစ်လုံးကိုသွင်း၍ အတိုချုံးရေးသားခြင်းဖြစ်ပါသည်။
ဥပမာ -
Infotainment = Information + Entertainment -  ပညာပေးဖျော်ဖြေမှု
Smog = Smoke + Fog - မြူခိုးမီးခိုးပေါင်းစပ်နေသည့်လေထု
Talkathon = Talk + marathon - စကားကြောရှည်ခြင်း
အထက်ဖော်ပြပါ (၃)မျိုးအနက်  အသုံးအများဆုံးနှင့် နေ့စဉ်ထိတွေ့ပတ်သက်နေသောအတိုကောက် စကားလုံးများမှာ ထိပ်ဆုံးစာလုံးယူသောနည်း Acronym ဖြစ်ပါသည်။
ဒါ့အပြင် မိမိခံစားရသည့် စိတ်အခြေအနေများကို စကားလုံးများဖြင့် ဖော်ပြရန်မစွမ်းသည့်အခါ ခံစားမှုကို ကိုယ်စားပြုပြီး ထင်သာမြင်သာရှိသည့် သင်္ကေတ ရုပ်ပုံများဖြင့် အီးမေလ်းပေးပို့ရာတွင် အသုံးပြုသည့် Emoticons ဆိုတာ ရှိပါသေးသည်။
Emoticon ဆိုသည်မှာ အင်္ဂလိပ်စကားလုံးဖြစ်သည့် စိတ်ခံစားမှု (Emotion)နှင့် ရုပ်ပုံ (Icon) တို့ကို ပေါင်းစပ်ထားသောစကားဖြစ်ပြီး၊ သတင်းစကား (Message) များပေးပို့ရာတွင် မိမိအမှန်တကယ်ခံစားရသည့် စိတ်အခြေအနေကို ဖော်ပြရန် အသုံးပြုသော သင်္ကေတ (Symbol) များဖြစ်ပါသည်။
ဥပမာ-
:-) (or) :)   = Smiling ,Agreeing (ပြုံးပြခြင်း၊ သဘောတူညီခြင်း)
:-D (or) :D  = Laughing (ရယ်မောခြင်း)
Sample-----


ထိုသို့ရေးသားရာတွင်.. Emoticons များကို စာရေးသားဖတ်ရှုသည့်အတိုင်း ဘယ်ဘက်မှညာဘက်သို့ ဖတ်ရှုရပါမည်။ မျက်လုံး သည့် ဘယ်ဘက်တွင်ရှိပြီး နောက်တွင် နှာခေါင်းနှင့်ပါးစပ်)  အချို့သော Emoticon များတွင် နှာခေါင်းပါသော်လည်း. အချို့တွင်မပါဝင်ဘဲ ဖော်ပြကြသည်။
:  သည် မျက်လုံး
- သည်  နှာခေါင်း
) သည် ပါးစပ်
ယနေ့ဆက်သွယ်မှု ကျယ်ပြန့်မြန်ဆန်နေသည့် အွန်လိုင်းဆက်သွယ်ရေးဖြစ်သော Email နှင့် Text Message များတွင် Acronym များသည် မသိမဖြစ်များ ဖြစ်၍လာပြီး လက်ရှိတွင် တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။ ထိုသို့အသုံးပြုကြရာတွင်လည်း အသုံးများသော အတိုကောက်စကားလုံးများ၊ စိတ်ခံစားမှုကို ဖော်ပြသော သင်္ကေတအရုပ် (Emoticons) များလည်းမပါမဖြစ် အသုံးပြုလျှက်ရှိနေကြပါသည်။
ဒါ့အပြင် အွန်လိုင်းတွင် ခေတ်စားနေတာ တစ်ခုရှိပါသေးသည်။ ၎င်းရေးနည်းကို Character Map အပြင် Alt Key နှင့် Keypad ပေါ်မှ အက္ခရာများနှင့်တွဲ၍ ရေးသားထားသော ရေးနည်းတစ်ခုဖြစ်သည်။
လေ့လာကြည့်ပြီး အွန်လိုင်းတွင် ရှာဖွေကြည့်သောအခါ How to Type Symbols Using the ALT Key  တွင် တွေ့ရသည်။
ရေးနည်းမှာ မခက်ပါ။။။ မိမိ၏ အတွေးအခေါ်ဖန်တီးမှုပေါ်တွင် မူတည်ပါသည်။ ကွန်ပျူတာရှိ Key များပေါ်မှ စကားလုံးများ၊ Character map နှင့် Emoticons များ ကို အချိုးကျတွဲဖက်ရေးသားသည့်အခါ လှပစိတ်ဝင်စား သော စာကြောင်းများပေါ်လာပေတော့သည်။
ဥပမာ..........
、ヽ`ヽ`、.☁``、ヽ` 、☁ヽ`、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ
``မိုးစက်လေးရေ、ヽ` `、☁ヽ`နင်မရှိတော့ငါ့ဘဝရဲ့ `、`ヽ`、ヽလမ်းတွေခြောက်ကပ်、ヽ、ヽ`☁ ヽ、、ヽ` 、、ヽ`、.`ـ☁、ヽ` 、、ヽ``☁、ヽ`ヽ、、ヽ`ヽ `、ヽ、 ``、ヽ`、、`ဟိုအရင်လိုစိမ်းလမ်းနေဖို့ `、`ヽ`、ヽနင်ငါ့ဘဝထဲကို`、ヽ`` `、ヽ、、ヽ、``、ヽပြန်လာခဲ့ပါ、、ヽ、 ヽ、 、ヽမိုးစက်လေးရေ`` 、ヽ、、ヽ` ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ`、ヽヽヽ、 ヽမိုးစက်လေးရေ နင့်အသံမကြားတော့ ☁`ヽ` `、ヽ ``、☁ヽ`、ヽ、ヽ`☁ヽ、、ヽ`、ငါ့ရဲ့နားတွေအရင်လိုမပါးလပ်တော့ဘူးါ、ヽ`、.`ـ☁、ヽ`、、ヽ``☁、ヽ`ヽ、 ヽ`、☁``、`ヽ`、ဖြစ်နိုင်ရင်အရင်လိုဖျတ်လတ်ဖို့ヽ☁`ヽ``、ヽ``、☁ヽ`、ヽ、ヽ`☁ ヽ、、ヽ ငါ့အနားကိုနင်အမြန်ပြန်ခဲ့ပါ`、.`ـ☁、ヽ、、ヽမိုးစက်လေးရေ`ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ
`、```、☁ヽ`、ヽ、ヽ...♥、ヽ`ヽ`、.☁``、ヽ` 、☁ヽ`、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ
``နင်မရှိတော့ငါ့ရဲ့ညတွေ、ヽ` `、☁ヽ`ကြေကွဲခြောက်ကပ်、ヽ、ヽ`☁ ヽ、、ヽ` 、、ヽ`、.`ـ☁、ヽ` 、、ヽ``☁、ヽ`ヽ、、ヽ`ヽ `、ヽ、 ``、ヽ`、、`
`、ヽ`` `、ヽ、、ヽ、``、ヽမအိပ်စက်ဝံ့တဲ့ဘဝမို့、、ヽ、 ヽ、 、ヽဖြစ်နိုင်ရင်နင် `` 、ヽ、、ヽ` ヽヽ、ヽ、、ヽヽ、ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ` `、ヽ ``、☁ヽ`、ヽ、ヽ`☁ヽ、、ヽ`、ငါ့ရဲ့ညထဲကိုပြန်လာခဲ့ပါလို့、ヽ`、.`ـ☁、ヽ`、、ヽ``☁、ヽ`ヽ、 ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ``、ヽ``、☁ヽ`、ヽ、ヽ`☁ ヽ、、ヽဆုတောင်း`、.`ـ☁、ヽ、、ヽနေမိတယ် `ヽヽ、ヽ、、ヽヽ、ヽ`、☁``、``、```、☁ヽ`、ヽ、ヽ...
¤,¸.•*´¯)____♥♥♥________♥♥♥____ ___♥_____♥____♥____♥ ___♥_______♥_______♥_ ____♥____ချစ်တယ်___♥____ ______♥_________♥____ ________♥_____♥______ ___________♥__________ ¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ I LOVE YOU ♥ ´'`°

¤¸¸.•'´O`'•.¸¸¤°´'` (_¸.•*´'`°¤¸'¸¤°´'♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥♥♥♥♥♥ ♥♥♥♥♥♥♥♥♥
_________$$$$$$$$$$$$$$_____ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$___________$$$$$$_________ ___$$
$$_______$$$$$$$$$$$$$$_____ ___$$
$$__________________________ ___$$
$$__________________________ ___$$
$$______$$$$$_______$$$$$___ ___$$
$$____$$$$$$$$$___$$$$$$$$$_ ___$$
$$___$$$$$$$$$$$_$$$$$$$$$$$ ___$$
$$___$$$$$$$$$$$$$$$$$$$$$$$ ___$$
$$____$$$$$$$$$$$$$$$$$$$$$_ ___$$
$$______$$$$$$$$$$$$$$$$$___ ___$$
$$________$$$$$$$$$$$$$_____ ___$$
$$__________$$$$$$$$$_______ ___$$
$$___________$$$$$$$________ ___$$
$$____________$$$$$_________ ___$$
$$_____________$$$__________ ___$$
$$______________$___________ ___$$
$$__________________________ ___$$
$$__________________________ ___$$
$$___$$$$$$$$$_____$$$$$$$$$ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$_________$$$$$__ ___$$
$$_____$$$$$$_______$$$$$$__ ___$$
$$______$$$$$$_____$$$$$$___ ___$$
$$________$$$$$$$$$$$$$_____ ___$$
$$__________$$$$$$$$$_______ ___$$
$$__________________________ ___$$
ခင်မင်စွာဖြင့်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

English Expression (စကားလုံးအသုံးအနှုန်း-၂)

“ဈေးချိုတယ်၊ ဈေးပေါတယ်၊ ဈေးသက်သာတယ်” စသည့်အဓိပ္ပါယ်မျိုးကို ပြောဆိုလိုသည့်အခါ အောက်ဖော်ပြပါ စကားအသုံးအနှုန်း (expression) များဖြင့်ရေးသား ပြောဆိုနိုင်ပါသည်။
(1)  Cheap
(2)  Inexpensive
(3)  Not cost much
(4)  Economical
(5)  Affordable
(6)  Low-cost
(7)  Be low in price
(8)  Low-budget
(9)  It won’t break the bank
အထက်တွင် ဖော်ပြထားသည့် အဆိုပါအသုံးအနှုန်းများဖြင့် ရေးသားထားသော ဝါကျများကို ဆက်လက် လေ့လာကြည့်ပါ။
Cheap (adj) = တန်ဖိုးနည်းသော၊ ပေါသော၊ အရတော်သော ၊ဈေးတော်သော
1)    My shoes were really cheap- they only cost ks 300. (ကျွန်တော့် ရှူးဖိနပ်တွေက တကယ့်ကိုဈေးပေါတယ်။ ၃၀၀ ကျပ်ပဲ ကျတယ်)

2)    The cheapest way to get to Mandalay is to take the train. ( မန္တလေးကိုသွားဖို့ ဈေးအသက် သာဆုံးနည်းလမ်းက ရထားနဲ့သွားတာပဲဖြစ်တယ်)
Inexpensive (adj) = တန်ဖိုးနည်းသော၊ ဈေးမကြီးသော၊ စရိတ်စက နည်းသော။
1)    The furniture is inexpensive but well-made.( အိမ်ထောင်ပရိဘောဂတွေက ဈေးမကြီးပါဘူး၊ ဒါပေမဲ့ ကောင်းကောင်းလုပ်ထားပါတယ်)

2)    There are some hotels that offer air-conditioned rooms at relatively inexpensive prices. (တစ်ခြားဟိုတယ်တွေနဲ့ နှိုင်းယှဉ်ရင် လေအေးစက် တပ်ဆင်ထားတဲ့ အခန်းတွေအတွက် ဈေးအတော် သက်သာတဲ့ နှုန်းထားနဲ့ယူတဲ့ ဟိုတယ်တွေရှိတယ်)
Not cost much (verb phrase) = ဈေးမကြီးပါ။
1)    We stayed in a very nice hotel in Vienna and it didn’t cost much. (ကျွန်တော်တို့ ဗီယင်နာ မှာ ရှိတဲ့ အတော်ကောင်းမွန်တဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့တယ်၊ ဈေးမကြီးပါဘူး)

2)    It doesn’t cost much to rent an apartment here. (ဒီနေရာမှာ တိုက်ခန်း တစ်ခန်းဌားရမ်းတာဟာ ဈေးမကြီးပါဘူး)
Economical (adj) = တွက်ခြေကိုက်သော၊ တွက်သားကိုက်သော၊ ချွေတာရာရောက်သော။
1)    We have a very economical heating system, so the bills aren’t too high. (ကျွန်တော်တို့မှာ အလွန်တွက်ခြေကိုက်တဲ့ အခန်းအပူပေးစက်ရှိတယ်၊ ဒါကြောင့် ဘီလ် သိပ်မကျဘူး)။
မှတ်ချက် (ဤနေရာတွင် အတွဲလိုက်မှတ်သားသင့်သည့် အသုံးအနှုန်းတစ်ခုမှာ be economical to use /run /operate ဖြစ်သည်။ တစ်စုံတစ်ခုကို သုံးဖို့၊လုပ်ဆောင်ဖို့ တွက်ခြေကိုက်သည် ဆိုသည့်သဘောပင် ဖြစ်သည်။
ဥပမာဝါကျကိုလေ့လာကြည့်ပါ။

This is a well-designed car that is also very economical to run. (ဒါဟာ သေသေချာချာပုံစံထုတ်ပြီး သွားတဲ့ ကားဖြစ်တယ်၊ မောင်းပြီးစိးတဲ့အခါအကုန်အကျနည်းပြီး အလွန်တွက်ခြေကိုက်တယ်။
Affordable (adj) = တက်နိုင်သော။ သိပ်ဈေးမကြီးတာမို့ တတ်နိုင်တယ်၊ ဝယ်နိုင်တယ်ဆိုသည့် သဘောကို ဆိုလိုသည်။
1)    Single mothers have trouble finding affordable child care. (ကူဖော်လောင်ဖတ်မရှိတဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ မိခင်တွေဟာ သူတို့တတ်နိုင်တဲ့ ကလေးထိန်းဌာနကိုရှာတဲ့အခါမှာ ဒုက္ခရောက်ကြရတယ်။

2)    We have a vast range of car to choose from at affordable prices.
ကျွန်တော်တို့တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ဝယ်ယူဖို့ရွေးချယ်စရာ ကားအမျိုးအစားတွေအများကြီးရှိပါတယ်။
Low-cost (adj) = တန်ဖိုးနည်းသော
အထက်ဖော်ပြပါ စကားလုံးကိုသုံးသည့်အခါ noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုရသည်။ ဥပမာ ….low-cost housing /  heating / transport …..စသည်ဖြင့်ရေးနိုင်ပါသည်။
1)    If you want low-cost transport and regular exercise, a bike is ideal. (စရိတ်စကအကုန်အကျနည်းတဲ့ သယ်ယူပို့ဆောင်ရေးအတွက်ရော၊ ပုံမှန်လေ့ကျင့်ခန်းသဘောမျိုး အတွက်ရော ခင်ဗျားအလိုရှိတယ်ဆိုရင် စက်ဘီးဟာ အကောင်းဆုံးပဲပေါ့)

2)    If elected, he promised to build more low-cost housing in the city.
 (အကယ်၍ သူသာ ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် မြို့တော်မှာတန်ဖိုးနည်းအိမ်ရာတွေ ထပ်ပြီး ဆောက်လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်

Be low in price (verb phrase)= ဈေးချိုသည်၊ ဈေးသက်သာသည်။
အထက်ဖော်ပြပါစကားလုံးမျိုးကို အထူးသဖြင့် အရေးအင်္ဂလိပ်စာတွင် သုံးလေရှိသည်။ ဥပမာဝါကျကိုလေ့လာ ကြည့်ပါ။
1)    Nikon’s latest camera is low in price and easy to use.
(နောက်ဆုံးထုတ်လုပ်လိုက်တဲ့ နစ်ကွန်ကင်မရာ ဟာ ဈေးသက်သာပြိး အသုံးပြုရလွယ်ကူတယ်)

Low-budget (adj)=အကုန်အကျအနည်းဆုံးဖြစ်၊
အဆိုပါစကားလုံးကို Noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုနိုင်သည်။
ဥပမာ ….low-budget film /movie/prduction …..စသည်ဖြင့်ရေးနိုင်ပါသည်။

1)    My first acting job was in a low-budget horror movie with a terrible plot. (ကျွန်တော်ရဲ့ ပထမဆုံးသရုပ်ဆောင်အလုပ်ကတော့ ကြောက်မက်ဖွယ်ရာ ဇာတ်လမ်း၊ ဇာတ်ကွက်ပါတဲ့ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ထုတ်လုပ်ထားတဲ့ ရင်တုန်စရာရုပ်ရှင်ကားမှာ ပါဝင်ခဲ့တာပဲဖြစ်တယ်.။)
Budget (adj) = ဈေးချိုသော၊ ဈေးသက်သာသော၊
noun ၏ ရှေ့တွင်ထားကာ အထူးပြုပုဒ်အဖြစ်သာ အသုံးပြုရသည်။ ဥပမာ ….budget hotel /  flight / accommodation …..စသည်ဖြင့် သုံးနိုင်သည်။

1)    The tourist information office will give you a list of budget hotels in the area.
( ကမ္ဘာလှည့်ခရီးသည် ပြန်ကြားဆက်သွယ်ရေးရုံးက ဒီဒေသမှာရှိတဲ့ ဈေးသက်သာတဲ့ ဟိုတယ်စာရင်း ကို မင်းကို ပေးလိမ့်မယ်။)

It won’t break the bank (spoken) = တစ်စုံတစ်ခုဝယ်ယူရန်၊ တစ်စုံတစ်ခု လုပ်ရန် ငွေအလုံအလောက်ရှိသည်။
အထက်ပါအသုံးအနှုန်းကို အပြောအင်္ဂလိပ်စကား တွင် သုံးလေ့ရှိသည်။ တစ်ခုခု လုပ်ဖို့ငွေ အလုံအလောက်ရှိတယ်။ ထည့်တွက်စရာမလိုဘူး။ လုပ်သင့်တယ် စသည်ဖြင့် ပြောဆိုလိုသည့်အခါတွင် သုံးသည်။
အောက်ဖော်ပြပါ အပြန်အလှန်ပြောဆိုသည့်ဥပမာကို လေ့လာကြည့်ပါ။

A: “I’m not sure if I should buy this suit”
(ဒီဝတ်စုံကို ကျနော်ဝယ်ရမလား၊ မဝယ်ရဘူးလား ဆိုတာ မဆုံးဖြတ်တတ်အောင် ဖြစ်နေတယ်)
B: “Come on! It won’t break the bank.
(လုပ်လိုက်စမ်းပါ၊ဝယ်လိုက်စမ်းပါ၊ အဲ့ဒါထည့်တွက်မနေပါနဲ့၊ ငွေအလုံအလောက်ရှိနေတာပဲ)

ဤနေရာတွင် တစ်ဆက်တည်းဆိုသလို without breaking the bank ဟူသည့် အသုံးအနှုန်းကိုလည်း မှတ်သားသင့်သည့် “ငွေအများကြီးပေးစရာမလိုဘဲ” ဟု အဓိပ္ပါယ်ရသည်။

This guide lists 900 of the best places in which to eat without breaking the bank.
(ဒီလမ်းညွှန်စာအုပ်က ငွေအများကြီးပေးစရာမလိုဘဲ စားသောက်နိုင်တဲ့အကောင်းဆုံးနေရာ ၉၀၀ စာရင်းကို ဖော်ပြထားတယ်)
လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

English Expression (စကားလုံးအသုံးအနှုန်း)


English Expression (စကားလုံးအသုံးအနှုန်း)
အဓိပ္ပါယ်တစ်မျိုးတည်းကို စကားလုံးတစ်လုံး(သို့မဟုတ်) စကားလုံးတွဲများဖြင့် ရေးသားပြောဆိုရတဲ့အကြောင်း ကိုဖော်ပြရခြင်းဖြစ်ပါသည်။ အင်္ဂလိပ်စာလေ့လာလိုက်စားသူများအတွက် အရေးနှင့် အပြောစွမ်းရည်တိုးတက် စေရန်ရည်ရွယ်ပါသည်။


ကျနော်တို့ မြန်မာစကားတွင်လည်းရှိပါတယ်။
ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါပဲဖြစ်ဖြစ် “ဟဲ ဈေးပေါလိုက်တာ၊ဈေးချိုလိုက်တာနော်၊”စသည့်ဖြင့်ပြောဆိုကြပါတယ်။
အခုဖော်ပြမယ့်အကြောင်းအရာက ရုပ်ရှင်ပြဇာတ်များတွင်၊ ပါဝင်သရုပ်ဆောင်သည့် “မင်းသား၊ မင်းသမီး၊ ဇာတ်ဆောင်” စသည်ဖြင့် ပြောဆိုလိုသည့်အခါ အောက်ပါ စကားလုံးများဖြင့် ရေးသားပြောဆိုနိုင်ပါသည်။
Actor
Actress
Star
Film star / movie star
Cast
ဆက်လက်ပြီး အထက်ပါစကားလုံးများဖြင့် ရေးသားထားသည့် ဥပမာဝါကျများကိုလည်းလေ့လာကြည့်ပါ။
Actor (n) = သရုပ်ဆောင်၊ ဇာတ်ဆောင်မင်းသား၊
Lwin Moe is my favourite  actor.

Actress (n) = အမျိုးသမီးသရုပ်ဆောင်၊  အမျိုးသမီးဇာတ်ဆောင်၊ မင်းသမီး၊
Wuthmon Shweyi is one of the young-actress who has become famous in Myanmar movie world.
ဝတ်မှုန်ရွှေရည်ဟာ မြန်မာရုပ်ရှင်လောကမှာ လူသိများထင်ရှားတဲ့ လူငယ်အမျိုးသမီး သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။

Star (n) = ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်
Eddie Murphy is one of the most successful stars in Holywood.
အက်ဒီမာဖီ ဟာ ဟောလီးဝုဒ်မှာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တယ်။

Film star/ movie star (n) = ရုပ်ရှင်သရုပ်ဆောင်၊
Her real ambition is to be movie star, not just an actress on stage.
သူ(မ)ရဲ့ တကယ့်ရည်မှန်းချက်က ဇာတ်ခုံပေါ်မှာ မင်းသမီးတစ်ယောက်မျှသာ မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ဖို့ဖြစ်တယ်။

Cast (n) = ရုပ်ရှင်၊ ပြဇာတ်စသည်တို့၌ ပါဝင်သည့် သရုပ်ဆောင်အားလုံး၊


Films like “Ben Hur” were made with a cast of thousands.
ဘင်ဟား လို ရုပ်ရှင်ကားတွေကို သရုပ်ဆောင်ထောင်ပေါင်းးများစွာနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့တယ်။

The entire cast of the play deserves praise for this performance.
ပြဇာတ်မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်အားလုံးဟာ ဒီသရုပ်ဆောင်မှုအတွက် ချီးကျူးခံထိုက်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရုပ်ရှင်၊ပြဇာတ်တို့တွင် “ပါဝင်ကပြသည်၊ ပါဝင်သရုပ်ဆောင်သည်” စသည်ဖြင့် ပြောဆိုသည်အခါ အောက်ပါစကားလုံး၊ စကားလုံးတွဲ များကို သုံးနိုင်သည်။
Act
Play                           
Go on the stage
ဝါကျတွေကိုလေ့လာကြည့်ပါဦး။
Act (v) = သရုပ်ဆောင်သည်။


In recent years Ko Ko Maung has been acting in television dramas.
မကြာသေးခင် နှစ်များအတွင်းမှာ ကိုကိုမောင် ဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လျှက် ရှိတယ်။

That woman just can’t act!
ဒီအမျိုးသမီး သရုပ်မဆောင်တတ်ဘူး။

Play (v) =ကပြ၊ သရုပ်ဆောင်သည်။


The roles of a wealthy man’s son and village girl were played by Aung Thu and Su Su Hlaing.
သူဌေးသားတစ်ယောက်ရဲ့ ကျေးတောသူတစ်ယောက်ရဲ့ အခန်းကဏ္ဍကို အောင်သူနဲ့စုစုလှိုင် တို့က သရုပ်ဆောင်ခဲ့ကြတယ်။

Go on the stage (V phrase) = ဇာတ်စင်ပေါ်တွင် ကပြဖျော်ဖြေသည်။
Tin Zar Khine’s parents did not want her to go on a stage.
တင်ဇာခိုင်ရဲ့ မိဘတွေက သူမကို ဇာတ်စင်ပေါ်မှာ ကပြဖျော်ဖြေတဲ့အလုပ်ကို မလုပ်စေချင်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော်တို့ မြန်မာရုပ်ရှင်ကား၊ ဗွီဒီယိုကား တွေကြည့်ရင် ရုပ်ရှင်သရုပ်ဆောင်၊ မင်းသားမင်းသမီးနာမည်တွေကို ဖော်ပြပါတယ်။
အင်္ဂလိပ်ရုပ်ရှင်ကားတွေမှာလည်း အလားတူဖော်ပြထားပါတယ်။
လေ့လာရင်းနဲ့ တွေးမိအောင်လို့ပါဗျာ။
နောက်ဆုံးအနေနဲ့ စကားမစပ်ဗျာ မှတ်ထားလို့ရအောင်အတွက်ပါ……. အင်္ဂလိပ်စာကြောင်းတွေရှည်ရှည်ရေးချင်ရင် သိပ်ပြီးမတွေးပါနဲ့. အင်္ဂလိပ်စာကြောင်းတွေမှာ ရှည်ချင်သလောက်ရှည် နောက်ကပဲရှည်ပါတယ်။ ဂရုစိုက်ပြီး လေ့လာကြည့်ပါ။

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကားလုံးတည်ဆောက်ပုံ Word Building


Word Building
အင်္ဂလိပ်စာတွင် ဝေါဟာရများ လေ့လာမှတ်သားသည့်အခါ စကားလုံးတစ်လုံးချင်း သီးခြားမလေ့လာဘဲ၊ စကားလုံးပုံသဏ္ဍာန် (Word Form) ပေါ်တွင် အခြေခံ၍လေ့လာမှတ်သားပါက ပိုမိုအကျိုးရှိစေမည် ဖြစ်ပါ တယ်။ စကားလုံးပုံသဏ္ဍာန် (word form) ကိုတစ်နည်းအားဖြင့် Morphology ဟုလည်း ခေါ်ဆိုပါတယ်။ စကားလုံးပုံသဏ္ဍာန်အားဖြင့် (၄)မျိုးရှိရာ.. နာမ်(Noun)၊ နာမဝိသေသန(Adjective)၊ ကြိယာ(Verb)၊ ကြိယာဝိသေသန (Adverb) တို့ဖြစ်ကြပါတယ်။ စကားလုံးတစ်လုံးကို ၎င်းပုံသဏ္ဍာန် (၄)မျိုးဖြင့် ပြောနိုင် ရေးနိုင်ရမည်ဖြစ်သည်။အင်္ဂလိပ်ဘာသာစကားပိုင်နိုင်ကျွမ်းကျင်ရေးအတွက်
ပြောနိုင်ရေးနိုင်အောင်လည်း မိမိဘက်က လေ့လာလေ့ကျင့်မှတ်သားရမှာမို့ စကားလုံးတည်ဆောက်မှု
(Word Form) ပုံစံကို ဥပမာအနေ ဖြင့် “ Love ” စကားလုံးပုံသဏ္ဍာန်များကိုလေ့လာနိုင်စေရန်   ဖော်ပြပေးလိုက်ပါတယ်……။

ကိုယ်တိုင်လုပ်မှ ကိုယ့်အတွက်အကျိုးရှိစေမှာဖြစ်တဲ့အတွက် လေ့ကျင်မှတ်သားကြပါလို့ …………
စေတနာများစွာဖြင့်
အလင်္ကာည
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ Love ” စကားလုံးပုံသဏ္ဍာန်များ
Noun  -             Love
                          Lover
Adjective -       Lovable
                          Unlovable
                          Loveless
                          Lovely
                          Loving
Verb -               Love
Adverb             Lovingly

တည်ဆောက်ထားပုံကို လေ့လာမှတ်သား၍ မိမိကိုယ်ပိုင် အတွေးဖြင့် ရေး / ပြော လေ့ကျင့်ကြည့်ပါ.

Love (noun) = ချစ်ခြင်း၊ မေတ္တာ၊သံယော်ဇဉ်၊ စွဲလမ်းနှစ်သက်သောအရာ
Children need to be shown lots of love. (ကလေးတွေကို ချစ်ခြင်းမေတ္တာတရားပြသဖို့လိုတယ်)
I have a great love of music. (ကျွန်တော်ဂီတကို အလွန်မြတ်နိုးတယ်)
I give you this ring as a pledge of my everlasting love for you. (မင်းအပေါ်ထားရှိတဲ့ အမြဲတည်တံ့ခိုင်မြဲတဲ့ အချစ်ရဲ့အထိမ်းအမှတ်အဖြစ် ဒီလက်စွပ်ကို မင်းကိုငါ ပေးတာပါ)

Lover (noun) = ချစ်သူ၊သမီးရည်းစား၊ တစ်စုံတစ်ခုကိုအလွန်ကြိုက်နှစ်သက်သူ၊ ချစ်မြတ်နိုးသူ၊ (လက်မထပ်ပဲဆက်ဆံပေါင်းသင်းနေတဲ့အဖော်)
They are nature Lovers. (သူတို့ဟာ သဘာဝကို ချစ်မြတ်နိုးသူများဖြစ်ကြတယ်)
They were friends before they became lovers. (သူတို့ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်)
She had a string of lovers before her marriage finally broke up.(သူ(မ)ရဲ့ အိမ်ထောင်ရေး နောက်ဆုံး မပြိုကွဲခင်က သူ(မ)မှာ ချစ်သူတွေအများကြီးရှိခဲ့တယ်)

Lovable (Adj) = ချစ်စရာကောင်းသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော။
He is a loveable child. (သူဟာ ချစ်စရာကလေးလေးပါ)
Her behavior is lovable. (သူမရဲ့အပြုအမူဟာ ချစ်စရာကောင်းတယ်)

Unlovable (Adj) = နှစ်သက်ဖွယ်မကောင်းသော
Houses near industrial sites do not sell so quickly because they are regarded as unlovable. (စက်မှုလုပ်ငန်းနေရာအနီးအနားမှာရှိတဲ့အိမ်တွေဟာ မြန်မြန်အရောင်းမထွက်ကြဘူး၊ အကြောင်းကတော့ အဲ့ဒီအိမ်တွေဟာ နှစ်သက်စရာမကောင်းဘူးလို့ ယူဆကြလို့ပဲ)
Loveless (Adj) = အချစ်မဲ့သော၊ အချစ်မရှိသော
A loveless life is a living death. (အချစ်မဲ့ ဘဝဟာ ရှင်လျှက်နဲ့သေနေတဲ့ဘဝပဲ)

Lovely (Adj) = ချစ်စရာကောင်းသော၊ နှစ်သက်စရာကောင်းသော၊ လှသော
She is a lovely girl. (သူ(မ)ဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ)
It is a lovely evening.( နှစ်သက်စရာကောင်းတဲ့ ညနေခင်းပါ)

Loving (Adj) = ချစ်စွာသော၊ ချစ်ခင်ယုယတတ်သော
While I was away in a foreign Country, I missed my loving mother so much. (ကျနေ်ာ နိုင်ငံခြား မှာရှိနေစဉ် ချစ်စွာသော ကျနေ်ာ့မိခင်ကို အရမ်းသတိရခဲ့တယ်)

Love (Verb) = ချစ်သည်။ ဝါသနာပါသည်။ နှစ်သက်သည်။ ကြိုက်သည်
I am sure he loves his kids. (သူဟာ သူ့ကလေးတွေကိုချစ်တယ်ဆိုတာ ကျနော်အသေအချာသိတယ်)

Lovingly (Adverb) = ချစ်ခင်မြတ်နိုးစွာ
Mother kissed her baby lovingly. (မိခင်က သူ့ကလေးကို ချစ်မြတ်နိုးစွာ နမ်းခဲ့တယ်)
xxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ANY WAY မည်သို့ပင်ဖြစ်စေ

ANY WAY
မည်သို့ပင်ဖြစ်စေ

people are unreasonable illogical and self centered.Love them anyway.

လူတွေသည် အကြောင်းအကျိုးမသိ၊
ကျိုးကြောင်းဆင်ခြင်ခြင်းလည်း
မရှိ၊အတ္တစိတ်များလှ၏။ မည်သို့ပင်ဖြစ်စေ
မေတ္တာထားလိုက်ပါ။

If you do good,people will accuse you of selfish ulterior motives.Do
good anyway.

လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးသား ကိုယ်ကျိုးစီးပွါး
အတွက်ပါဟုစွပ်စွဲကြလိမ့်မည်။မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို
ပြုမြဲပြုပါ။

If you are successful, you will with false friends and true enemies,
Succeed anyway.

သင်အောင်မြင်ပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင်များရော ရန်သူစစ်များပါ
ရရှိလာလိမ့်မည်။မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာအားထုတ်ပါ။

Honesty and frankness make you vulnerable.Be honest and frank anyway.

ရိုးဖြောင့်ခြင်း ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်
သင့်မှာထိခိုက်စရာတွေ ကြုံချင်ကြုံ ရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ
ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆို ဆက်ဆံပါ။

The good you do today will be forgotten tomorrow.Do good anyway.

သင်ယနေ့ ပြုသည့်ကောင်းသောအမှုကို မနက်ဖန် သူတို့မေ့လျော့ကောင်း
မေ့လျော့ကြ လိမိ့မည်။မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။

The biggest people with the biggest ideas can be shot down by the
smallest people with the smallest minds. Think big anyway.

အကြီးကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း
အနုံချာဆုံးစိတ် ထားရှိသည့် အသေးနုပ်ဆုံး ပုဂ္ဂိုလ်ထံမှ
ဝေဖန်ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။ မည်သို့ပင်ဖြစ်စေ
ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။

What you spent years building may be destroyed overnight.Build it anyway.

နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည် နေ့ချင်းညချင်း
ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာ
ရှိတာ ဆက်လက်၍သာ တည်ဆောက်ပါ။

Give the world the best you have and you'll get kicked in the
teeth.Give the world the best you've got anyway.

ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးစွမ်းပါလျက်လည်း သင့်အားခါးသီး
နာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။မည်သို့ပင်ဖြစ်စေ
သင့်မှာရှိသည့်အကောင်းဆုံးကိုသာ ပေးမြဲသင်ပေးပါ။


အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာအသံနှင့်အင်္ဂလိပ်အသံကွာခြားချက် (၂)


Verb ကြိယာတစ်လုံးနဲ့ အမိန့်ပေးဝါကျပုံစံ ဖြစ်လာတာကို   မြန်မာအသံနှင့်အင်္ဂလိပ်အသံကွာခြားချက် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်း
“PLEASE”       = …………………..ပါ ။ (ကျေးဇူးပြု) [ S ကို Z အသံထုတ်ပါ)
ဒီစာလုံးကို ငယ်ငယ်ကတည်းက ကျွန်တော်တို့သင်လာခဲ့ကြတာပါ။ “ကျေးဇူးပြု၍” လို့ ကျက်မှတ်ဖူးမယ်။ ဒါပေမဲ့ မြန်မာပတ်ဝန်းကျင်မှာ “ကျေးဇူးပြု၍” လို့ ပြောတဲ့သူ မရှိပါဘူး။ ပတ်ဝန်းကျင်မှာမသုံးတဲ့ မြန်မာဘာသာပြန်ကို ကျွန်တော်က ကြိယာနဲ့တွဲသုံးရင် ပိုမိုယဉ်ကျေးတဲ့ “……………ပါ” ထည့်ပြောတဲ့ပုံစံ သုံးပါမယ်။

ဥပမာ-
          ပြော                       -                  ပြောပါ
          (အမိန့်ပေး)               -                  (တောင်းပန်)
          SPEAK                    -                  PLEASE, SPEAK

PLEASE, SPEAK                  - ပြောပါ
PLEASE, SIT                      - ထိုင်ပါ
PLEASE, DRINK                  - သောက်ပါ
PLEASE, GIVE                    - ပေးပါ
PLEASE, ANswer                 - ဖြေပါ
PLEASE, DO                      - လုပ်ပါ
PLEASE, LISten                  - နားထောင်ပါ
PLEASE, READ                   - ဖတ်ပါ
PLEASE, wRite                    - ရေးပါ
PLEASE, COME                   - လာပါ
PLEAEE, EAT                     - စားပါ
PLEASE, STAND                 - ထပါ
PLEASE, TAKE                    - ယူပါ
PLEASE, SLEEP                   - အိပ်ပါ
PLEASE, ASK                     - မေးပါ
PLEASE, LOOK                   - ကြည့်ပါ
PLEASE, Open                     - ဖွင့်ပါ
PLEASE, TEACH                  - သင်ပေးပါ
PLEASE, UNderSTAND         - နားလည်ပါ

ဒီလိုဆိုရင် ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်းတွေရလာပါလိမ့်မယ်.

တားမြစ်ဝါကျ
Don’t   = မ…………….နဲ့
ဒီစာလုံးကို ကြိယာရှေ့ကထားရင် “မ…….နဲ့” ဆိုတဲ့ တားမြစ်စာကြောင်းရပါမယ်.

ဥပမာ -

SPEAK                    - ပြော
Don’t SPEAK            - မပြောနဲ့
COME                     - လာ
Don’t COME             - မလာနဲ့

ကျွန်တော်တို့သိတဲ့ ကြိယာတွေနဲ့ တွဲပြီးလေ့ကျင့်မယ်ဆိုရင် တားမြစ်စာကြောင်းတွေ များစွာရလာပါမယ်။

တောင်းပန်+ တားမြစ်ဝါကျ
ယဉ်ကျေးစွာ တားမြစ်ချင်ရင်တော့ PLEASE စာလုံးကို ရှေ့ကထည့်လိုက်ရင် တောင်းပန်+တားမြစ်ဝါကျ ရလာပါလိမ့်မယ်။

PLEASE, DON’T SPEAK         - မပြောပါနဲ့
PLEASE, DON’T COME          - မလာပါနဲ့


ကျွန်တော်တို့အခုဆိုရင် SPEAK ဆိုတဲ့ ကြိယာတစ်လုံးတည်းနဲ့
  1. အမိန့်ပေးဝါကျ                     - SPEAK
  2. တောင်းပန်ဝါကျ                    - PLEASE, SPEAK
  3. တားမြစ်ဝါကျ                       - DON’T SPEAK
  4. တောင်းပန်+တားမြစ်ဝါကျ        - PLEASE, DON’T SPEAK  တွေနားလည်လာပါမယ်.
ဒီလိုဆိုရင် ကျွန်တော်တို့ မသိသေးတဲ့ VERB ကြိယာတွေနဲ့ တွဲလိုက်ရင် စာကြောင်းတွေများစွာရရှိ လာပါလိမ့်မယ်။

Xxxxxxxxxxxxxxxxxxxxxxxx
“အမေး………………လဲ “ဝါကျ
wHo             = ဘယ်သူ…………..လဲ (W အသံမထွက်ရ)
သူ့နောက်က ကြိယာတစ်လုံးထည့်လိုက်ရင်. “အမေး………..လဲ” ဝါကျတစ်ကြောင်းရပါပြီ.
ဥပမာ
wHO SPEAKS           = ဘယ်သူပြောလဲ
wHO COMES            = ဘယ်သူလာလဲ
ဒီစာလုံးနောက်က ကြိယာကို နောက်က -S (စ်) ထည့်ပေးရတယ်။ အချို့ကြိယာတွေကိုတော့ - ES ထည့်ပေးရပါတယ်.
GO     _        GOES            = သွား (တယ်)
DO     _        DOES            = လုပ် (တယ်)
TEACH  _        TEACHES     = သင်ပေး (တယ်)
ကျွန်တော်တို့သိတဲ့ ကြိယာတွေကို wHO နဲ့ တွဲပြီးလေ့ကျင့်မယ်ဆိုရင် “အမေး………လဲ” ဝါကျတွေရရှိ လာပါလိမ့်မယ်။
wHO GOES              = ဘယ်သူသွားလဲ
wHO DOES              =ဘယ်သူလုပ်လဲ
wHO TEACHES         =ဘယ်သူသင်ပေးလဲ

xxxxxxxxxxxxxxxxxxxxxxx
အခု လူတွေအတွက် သုံးတဲ့နာမ်စား PRONOUN တွေကို လေ့လာကြည့်ရအောင်

  1. I        = ငါ ၊ ကျွန်တော်၊ ကျွန်မ ( မှတ်ချက်။ “ကျွနု်ပ်” လို့ ပတ်ဝန်းကျင်မှာ မသုံးပါ)
  2. We     = ငါတို့ ၊ ကျွန်တော်တို့၊ ကျွန်မတို့
  3. You    = မင်း၊ နင်၊ ခင်ဗျား၊ ရှင်၊ မင်းတို့၊ နင်တို့၊ ခင်ဗျားတို့၊ ရှင်တို့ ( မှတ်ချက်၊ “သင်” လို့ပတ်ဝန်းကျင်မှာ မသုံးပါ။
  4. He      = သူ
  5. She     = သူ(မ)
  6. It       = သူ၊ အဲ့ဒါ [“၎င်း” လို့ပတ်ဝန်းကျင်မှာမသုံးပါ]
  7. They   = သူတို့
အထက်ပါစကားလုံးတွေကို စာကြောင်းထဲမှာ ဖွဖွလေးရွတ်ဆိုရမယ်. ကြိယာကိုသာ ဖိဆိုရပါမယ်.
ကြိယာတစ်လုံးထည့်လိုက်ရင် “ရိုးရိုး ဟုတ်ဝါကျ” တွေရပြီး
I , We , You , They နောက်က မူလကြိယာထည့်ပါ။
he, she, it နောက်က -S လိုက်တဲ့ ကြိယာထည့်ပါ။
“ရိုးရိုး ဟုတ်ဝါကျ” ရဲ့နောက်ဆုံးအသံကို နှိမ့်သံ Glide Down နဲ့ပြောရပါမယ်..
ဥပမာ.
  1. I SPEAK                  = ငါပြောတယ်
  2. we SPEAK                = ငါတို့ပြောတယ်
  3. you SPEAK              = မင်း/ မင်းတို့ပြောတယ်
  4. they SPEAK              = သူတို့ပြောတယ်
  5. he SPEAK S               = သူပြောတယ်
  6. she SPEAKS              = သူပြောတယ်
  7. it SPEAKS                  = သူပြောတယ်
ဒီလောက်ဆိုရင် SPEAK တစ်လုံးထဲနဲ့တင် “ရိုးရိုး ဟုတ်ဝါကျ” (၇) ကြောင်းရပြီ. ကျွန်တော်တို့ သိတဲ ကြိယာတွေအပြင် ထပ်ပြီးလေ့လာမယ်၊ အစားထိုးလေ့ကျင့်မယ်ဆိုရင် ဝါကျတွေကိုတော်တော်ပြောနိုင်ပါပြီ။

အားလုံးသော သူငယ်ချင်းများကို
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS