RSS

Report

Reporting (လုပ်ငန်းသုံး အစီရင်ခံတင်ပြမှုပုံစံများ)
--------------------×××××××××-----------------------
လုပ်ငန်းစနစ်တကျလည်ပတ်မှု၏ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Reporting အစီရင်ခံစာတင်ပြခြင်းနှင့် Meeting အစည်းအဝေးပြုလုပ်ခြင်း များသည် မဖြစ်မနေပြုလုပ်သင့်တဲ့ Information Management သတင်းအချက်အလက်ဆိုင်ရာ စီမံခန့်ခွဲမှုပုံစံများဖြစ်ပြီး၊ လုပ်ငန်း၏ Internal Strength အတွင်းပိုင်းဆိုင်ရာ အားသာချက်ကိုဖြစ်စေပြီး လုပ်ငန်း၏ ဖွံဖြိုးတိုးတက်မှုများကို များစွာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
 
လုပ်ငန်းလိုအပ်မှုအလိုက် Daily Report (နေ့စဉ်)၊ Weekly Report (အပတ်စဉ်)၊ Monthly (လစဉ်)၊ Yearly (နှစ်စဉ်) စသည်ဖြင့် စီမံအုပ်ချုပ်မှုရဲ့ လိုအပ်ချက်အလိုက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Top Management အထက်ပိုင်း စီမံခန့်ခွဲမှု၊ Mid Management အလယ်ပိုင်း စီမံခန့်ခွဲမှုနှင့် Supervisory Management အောက်ခြေလုပ်ငန်းဖော်ဆောင်မှု အကြားမှာ အရေးကြီးတဲ့ Information သတင်းအချက် အလက်များ၊ Decision ဆုံဖြတ်ချက်များ၊ Instruction လမ်းညွှန်ချက်များ၏ အခြေအနေများအပေါ် ပြင်ဆင်သုံးသပ်ပြီး Reporting (အစီရင်ခံတင်ပြချက်များ) မှုဖြင့် လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။

လုပ်ငန်း၏ လက်ရှိအခြေအနေအပေါ် Planning for the Report (အစီရင်ခံစာတင်ရန် အစီအစဉ်ရေးဆွဲခြင်း) ကို ပထမဦးစွာ သုံးသပ်ဖို့လိုပြီး၊
Purpose: Why are we writing this report? ရည်ရွယ်ချက် - ဘာကြောင့် ကျွန်ုပ်တို့ အစီရင်ခံစာ ရေးသလဲဆိုတာ အဓိကဖြစ်ပါတယ်။
Audience: Who will be reading this report?
ပါဝင်မည့်သူများ -မည်သူတွေ ဤ အစီရင်ခံစာကို ဖတ်မှာလဲ။
Information: Which topics are priority and feedback? သတင်းအချက်အလက် - မည်သည့်အချက်များသည် ဦးစားပေးရန် နှင့် ပြန်လည်ရယူရန်….
Deadline: When have to turn report in? သတ်မှတ်ရက် - မည်သည့်အချိန် ပြန်လည်၍ အစီရင်ခံစာတင်ပြရမလဲ။
စတဲ့ အချက်များကို စီစဉ်ရေးဆွဲပြီး အစီရင်ခံစာများကို Daily (နေ့စဉ်ဖြစ်စေ)၊ Weekly (အပတ်စဉ်ဖြစ်စေ)၊ Monthly (လစဉ်ဖြစ်စေ)၊ Yearly (နှစ်စဉ်ဖြစ်စေ) တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။

Reporting Points: (အစီရင်ခံတင်ပြမှုဆိုင်ရာ အဓိကအချက်များမှာ)
- To show current update situation: (လက်ရှိ နောက်ဆုံး အနေအထားအား သိရှိစေရန် အစီရင်ခံတင်ပြခြင်း) ဖြစ်ပါတယ်။
- To get additional instruction for future: (ဆက်လက်ဆောင်ရွက်မှုအပေါ်ညွှန်ကြားမှုများရှိစေရန် တင်ပြခြင်း) ဖြစ်ပါတယ်။
- To support need of project processing: (စီမံချက် လုပ်ဆောင်မှုအပေါ် လိုအပ်သည်များ ပံ့ပိုးစေရန် တင်ပြခြင်း)။ ဖြစ်ပါတယ်။
- To do appropriate meeting for detail discussion: (သင့်လျှော်သောအစည်းအဝေးပွဲ ပြုလုပ်စေရန် တင်ပြခြင်း) ဖြစ်ပါတယ်။
- To record for work-done or activities finished: (လုပ်ဆောင်မှု ပြီးစီးမှုအပေါ် မှတ်တမ်းတင်စေရန် တင်ပြခြင်း)။ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အခြေခံပြီး Reporting အစီရင်ခံတင်ပြမှုများကို ဆောင်ရွက်ကြတာ တွေ့ရပါတယ်။
လက်ရှိအနေအထားရဲ့ လိုအပ်ချက်လား၊ ဆွေးနွေးချက်လား စတဲ့အခြေအနေများကို Reporting အထက်နှင့်အောက် ချိတ်ဆက်နိုင်မှသာလျှင် ရှေ့ဆက်ရမဲ့လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Report မရှိခြင်းဟာ လုပ်ငန်းဘာဖြစ်နေမလဲဆိုတာ မသိနိုင်ခြင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲသူများအနေဖြင့် စီစဉ်ဆောင်ရွက်သင့်တဲ့အပိုင်းဖြစ်လို့ ရေးသားအကြံပြုခြင်းဖြစ်ပါတယ်။

Common Layout for Reporting: (ယေဘူယျကျသည့် အစီရင်ခံစာတင်ပြမှု ပုံစံများ)
- Attention Person and Other: အဓိကဦးတည်ပေးပို့မည့်သူ… နှင့် တခြားထပ်မံ၍ ပေးပို့ရမည့်သူ…?
- Subject Line (Report Topic): ပေးပို့မည့်အကြောင်းအရာ ခေါင်းစဉ်…?
- Activity date (Past or Future): လုပ်ဆောင်မှု နေ့ရက် (ပြီးစီးခဲ့ပြီး (သို့) ဆက်လက်လုပ်ဆောင်ရန်)…?
- Branch of Activity detail (1,2,3): လုပ်ဆောင်မည့် အစီအစဉ်အသေးစိတ် ၁၊ ၂၊ ၃ ဖော်ပြချက်များ)…?
- Attachment (PDF, Pic, Plan): ပူးတွဲလျှက်ဖော်ပြရန် (ဖိုင်၊ ဓာတ်ပုံ၊ အစီအစဉ်)…?
- Future process (need???) Feedback Messages: အနာဂတ်လုပ်ဆောင်ချက်များ (လိုအပ်မှု…) ပြန်လည် တုန့်ပြန်မှု လိုအပ်သည့်အရာများ…?
- Closing and Reporter Detail: နိဂုံးချုပ်ခြင်း နှင့် တင်ပြသူ၏ အသေးစိတ်အချက်အလက် (အမည်၊ လက်မှတ် စသည့်) အချက်များပါဝင်တဲ့ Reporting များကို လုပ်ငန်းလိုအပ်ချက်အလိုက် တင်ပြအစီရင်ခံဆောင်ရွက်ဖို့လိုအပ်ပါတယ်။

အားလုံးအတွက်လိုအပ်လာနိုင်တဲ့ အနာဂတ်ခေတ်ပြိုင်စီးပွားရေးဖြစ်လာတာနဲ့ ရုံးပိုင်းဆိုင်ရာလုပ်ငန်းများဟာ သိသာစွာတိုးတက်လာဖွယ်ရှိပါတယ်။ ကျွန်တော်နိုင်ငံခြားမှပြန်လာကတည်းက လုပ်ငန်းတွေရဲ့လိုအပ်ချက်ကို သုသေသန ပြုနိုင်ခဲ့တယ်။ ဒီအခါမှာ လိုအပ်လာတဲ့ ရုံးပိုင်းဆိုင်ရာ အသိပညာများကို စုစည်းပြီးလက်တွေ့ကျပြီး လုပ်ငန်းနဲ့တိုက်ရိုက်အသုံးဝင်တဲ့ Course တွေကို ရေးဆွဲပြီး Organization Development (OD) လုပ်ငန်းများတိုးတက်စေဖို့ စီစဉ်ဆောင်ရွက်နိုင်ခဲ့တယ်။  လက်ရှိမှာလည်း တနိုင်ငံလုံးအဆင့် ၀န်ဆောင်မှုရဖို့အတွက် (မြို့နယ်ပေါင်း ၂၀) ခန့်မှာ လုပ်ငန်းရှင်တွေ၊ မန်နေဂျာအဆင့်တွေ ရုံးဝန်ထမ်းပေါင်း (၄၀၀၀) ကျော်ကို လုပ်ငန်းသုံးလက်တွေ့သင်တန်းပို့ချထားပြီးဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲဖြစ်စေ၊ လုပ်ငန်းအတွက်ပြင်ဆင်မှုဖြစ်စေ ဥပမာ အစည်းအဝေး၊ Report ပုံစံတွေနဲ့ ၀န်ထမ်းတွေအုပ်ချုပ်တဲ့ HR စီမံမှု အကြောင်းတွေ၊ ဈေးကွက်ကို ထိုးဖောက်တဲ့ Marketing ပုံစံတွေအပြင်၊ ကိုယ်ပိုင် လုပ်ငန်းရှင် တွေအတွက်ဆို Business Plan ရေးဆွဲတာတို့ လက်တွေ့ပြန်အသုံးချလို့ရတဲ့ ဘာသာရပ်တွေကို MESI ကျောင်းတွေမှ လုပ်ငန်းသုံးလက်တွေ့စုစည်းသင်ကြားပေးနေပါတယ်။ အားလုံးအတွက် လိုအပ်လာလျှင် MESI မှ အားလုံးအတွက်ကူညီပေးနိုင်ဖို့ ယုံကြည်ပါတယ်။

Reporting တင်ပြချက်များသည် လုပ်ငန်း၏ အတွင်းပိုင်းဆိုင်ရာ (အားသာချက် - အားနည်းချက်) များနှင့် အပြင်ပိုင်းဆိုင်ရာ (အခွင့်အလမ်း - အတားအဆီး) များကို အဓိကထားဖော်ပြရန် လိုအပ်ပြီး၊ လက်ရှိအနေအထားအပေါ် အခြေခံသုံးသပ်လျှက် လုပ်ငန်းပုံမှန်လည်ပတ်မှု Information ပိုင်းဆိုင်ရာ စီမံခန့်ခွဲနည်းတခုဖြစ်သည့်အလျှောက် တင်ပြအစီရင်ခံမှုပုံစံများကို လုပ်ငန်းလိုအပ်ချက်အလိုက် စနစ်တကျစီမံခန့်ခွဲလမ်းညွှန်မှုများပြုလုပ်နိုင်ရန်အတွက် မျှဝေရေးသားပေးလျှက်။ ဆက်လက်ကြိုးစားပါဦးမည်။

 credit #Zin Phyo Paing(MESI)
-----------------------------------------

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Exit Interviews

Exit Interviews...

Admin & Operation  လုပ်သက် (၁၈)နှစ်အတွင်း ပထမဆုံး အကြိမ် Exit Interview ဆိုတဲ့ အကြောင်း ကြုံတွေ့ လာရတော့တယ်.

ကိုယ်ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့ လုပ်သက် ကာလအတွင်း သူတစ်ပါးကို employee satisfaction surveys မမေးခဲ့ဘူးလေတော့  Exit interview လုပ်ရမယ်ဆိုတဲ့အကြောင်း မသိခဲ့ဘူးပေါ့

အခုချိန် မှာ ကိုယ်ကိုယ်တိုင်က ဒါကိုဖြေရမယ့် အချိန်ကြုံလာပြီဆိုတော့ Exit Interviews အကြောင်း တွေကို သိဖို့ လိုပါသေးလားဆိုတာ သိလာတယ်

Exit Interview???
Exit interviews are key to organization improvement since rarely will you receive such frank feedback from current employee.


အဓိကတော့ အလုပ်ကနှုတ်ထွက်သူကို လက်ရှိလုပ်ခဲ့ရတဲ့ အားသာချက် အားနဲချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခိုင်းတာပါ

exit interviews are a rich source of information for organization improvement.

ဒီလိုပြောဆိုချက်တွေကို စစ်တမ်းကောက်ယူထားခြင်းဖြင့် အဖွဲ့အစည်းတစ်ခု အနေနဲ့ ဘယ်နေရာမှာ လိုအပ်ချက်တွေရှိနိုင်မလဲ Advantage and Disadvantage ရွေးချယ်ပြီး ပြင်ဆင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်

> ဝန်ထမ်းတွေက ဒီအလုပ်က ဘာကြောင့်ထွက်ရသလဲ  ဆိုတာကို အလုပ်ရှင်ဘက်က employee satisfaction surveys ကောက်ယူစုဆောင်းသလို
> အလုပ်ရှင်ကလည်း မိမိကုမ္ပဏီ ဘာကြောင့် ဝန်ထမ်းတွေမမြဲတာလည်းဆိုတာကိုလည်း ပြင်ဆင်ပြုမှုဖို့ ကောက်ယူတာလည်းဖြစ်ပါတယ်...

မေးလေးမေးထ Exit Interviews ပုံစံကတော့ 
လောလောဆယ် ဒီနှစ်ခုကတော့ ကုမ္ပဏီဘက်က အများဆုံးပြင်ဆင်ထားကြတာများတယ်

  1. Perform Exit Interviews
 (How to conduct an exit interview with an employee who is leaving.)

  1. Effective exit Interviews
(Conduct an effective exit interview  to understand why your employee leave)

အသေးစိတ်ကိုတော့ နောက်မှဆက်ရေးပါမယ်...
ဒီနေ့ ကျနော့်ကြုံတွေ့ရမည့် Exit Interview အကြောင်းကို မနက်ဖန်မှ ပြန်လည် ဖော်ပြပေးသွားပါမယ်

ကျေးဇူးတင်စွာဖြင့်


Ref: https://www.thebalance.com/susan-m-heathfield-1916605

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS