RSS

ကြေညာချက်

ကြေညာချက် အမှတ် (၈/၂၀၁၁)
သူငယ်ချင်းများအားလုံးသိစေရန် အသိပေးခြင်း

အကြောင်းအအရာ ။     ။ nyaalinkarr@gmail.com email သည် အကြောင်းအမျိုးမျိုးကြောင့် အစဖော်မရအောင် ပျက်စီးသွားပါသဖြင့် အသိပေးခြင်း။
အကြောင်းအရာပါ ကိစ္စနှင့် စပ်လျဉ်း၍ အလင်္ကာည ဘလော့သို့ လာရောက်ဖတ်ရှုကြသော သူငယ်ချင်းများ အနေဖြင့် သူငယ်ချင်းများနှင့် အဆက်အသွယ်ပျက်နေရုံမျှမက သူနှစ်သက်မြတ်နိုး၍ တစိုက်မက်မက်ရေး သားလျှက်ရှိသော ဘလော့ထဲသို့ပင် ၀င်မရဖြစ်နေရပါသည်။ ကျွန်တော့်အကို သနားဖို့ကောင်းလေစွ။
သို့ဖြစ်ပါ၍ အကို၏ ချစ်ညီလေး ကျွန်တော် တာရာမင်းမောင်မှ Lock ကျနေသောကျွန်တော့်အကောင့်ကို ပြန် လည်အစဖော်၍ အကို့အတွက် အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါသည်။ 
နောက်နောင် သူငယ်ချင်းများအနေဖြင့် alinkarnyablog@gmail.com ကို ပြန်လည်ဆက်သွယ်ပေးကြပါရန် အနူး အညွတ် မေတ္တာရပ်ခံအပ်ပါသည်။
ဝါသနာအရ တစ်ပြားတစ်ချပ်မှ မရသည့် ဘလော့ရေးခြင်းကို ကျွန်တော်တို့ ညီအစ်ကိုများနည်းတူ အခြား သောဘလော့ချစ်သူများသည် ပြန်လည်ဆက်သွယ်ပေးကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါ သည်။
လွတ်လပ်မှု၏ တန်ဖိုးကို ရှာဖွေကြသော ကျွန်တော်တို့သည် အတားအစီးအဖြတ်အတောက်မရှိ လွတ်လပ် စွာရေးသားနိုင်သော ဘလော့ကို အခက်အခဲအမျိုးမျိုး ပိတ်ပင်တားဆီးမှုအမျိုးမျိုးကြားမှ ဆက်လက်ရေးသား သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အားလုံးမှာ အညွန့်တလူလူနဲ့ပါ


ငယ်စဉ်ကတည်းက ခေါင်းထဲမှာစွဲမြဲလာခဲ့တဲ့ စကားလုံးက “လူဆိုတာ အညွန့်တလူလူ နဲ့၊ လူညွန့်တုံးစကား မပြောပါနဲ့” ဆိုတာလေးပါ။ ဒီစကားကို အလယ်တန်းကျောင်းသား ဘ၀လောက်က မမျှော်လင့်ဘဲကြား ခွင့်ရခဲ့ပြီး စွဲမြဲစွာ မှတ်သားခဲ့မိတာပါ။ အဲဒီအဆိုကို သေသေချာချာ စဉ်းစားခန်း ၀င်ကြည့်မိတယ်။ငြင်းချက်မရှိ လက်ခံထိုက်တယ်။ အားလုံးသော လူသားတွေမှာ လူညွန့်တုံးတစ်ယောက်မှ မပါဘူး။ လူသားတွေဟာ စိမ်းလန်း စိုပြည်နေတဲ့ အပင်တွေလိုပဲ အပြိုင်အဆိုင် ထိုးထိုးထောင်ထောင် တက်နေကြတယ်။

လမ်းပေါ်မှာ စော့ကစားနေတဲ့ ကလေးငယ်တစ်ယောက်ကို လူရွယ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်က “ လူညွန့် တုံးလေးပါ”  မထီမဲ့မြင် ပြောလိုက်ရာကနေစတဲ့ ဇတ်လမ်းပါ။ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းကိုပါ ပုတ်ခတ်ပြီး နောက်ဆုံးမှာ ဒီစကားလေးကို ပြောလိုက်တယ်။ “ နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်” ဆိုတာကို သတိမထားဘဲ ပြောနေစဉ်မှာ ကလေးငယ်ရဲ့ မိခင်ဟာ အနောက်က ရောက်လာပါတယ်။ သူ့သားသမီးကို “လူညွန့်တုံး” လို့ အပြောခံလိုက်ရတဲ့ မိခင်ခမျှာ မည်မျှခံပြင်း ဒေါသထွက်လိမ့်မလဲ။ ပြောသူရဲ့ အမည် ကိုခေါ်ပြီး ” ကလေးကို ဆုံးမသင့်လို့  ကောင်းရာ ကောင်းကြောင်း ဆုံးမလိုက်တယ်ဆိုရင်  ငါ့အနေနဲ့ ဘာမှပြောစရာမရှိဘူး။ လူဆိုတာ မွဲချင်သလောက်မွဲ လူညွန့်တုံးတော့ မဟုတ်သေးဘူးဟဲ့။” ခွန်းကြီးခွန်းငယ် အပြိုင်ကျဲနေကြတဲ့ နေရာမှာ စာရေးသူကပရိတ်သတ် အဖြစ်ရှိနေခဲ့ပါတယ်။ ယောက်ျားနဲ့ မိန်းမဖြစ် နေတာက တစ်ကြောင်း၊ လူရွယ်ဘက်က မှားနေတဲ့အတွက် လျှော့သွားပါတယ်။ မိခင်ဖြစ်သူက “လူညွန့်တုံး” လို့ ဆိုရအောင် သူတောင်းစား လဲမဟုတ်ဘူး၊ ကိုယ့်ခွန်အားနဲ့ကိုယ် ရုန်းကန်ပြီး ရပ်တည်နေတာ။ နောက်ဆိုဒီစကား ဘယ်တော့မှ မပြောနဲ့” ဟု ခံပြင်းဒေါသဖြစ်စွာ ပြောဆိုခဲ့သည်။

အပြောခံရသည့် ကလေးနှင့် မိသားစုသည် တစ်ရပ်တစ်ကျေးမှ လာရောက်အလုပ်လုပ်ကိုင် သူများဖြစ်သည်။ ယောက်ျားရော မိန်းမပါ ယဉ်ဘောင်တန်းပြီး လုပ်ကိုင်နေကြသူများဖြစ်သည်။ မောင်တစ်ထမ်းမယ်တစ် ရွက်ဟု မဆိုသာ။ ယောက်ျားလုပ်သမျှ မိန်းမကပါ တန်းတူလုပ်သည်။ စပါးထမ်း၊ ဓနိခုတ် စသည်ဖြင့် ယောက်ျားအများစု လုပ်သည်မှန်သော်လည်း ထိုမိခင်မှာ ယောက်ျားများနှင့် တန်းတူ လုပ်နိုင်သူဖြစ်သည်။ သားငယ်သမီးငယ်များကို ကျောင်းထားသည်။ လက်ရှိအနေအထားအရ သူတို့မိသားစု မွဲသည်မှာ မှန်၏။ သို့သော် သူတို့ရုန်းကန်နေသမျှ သူတို့သည် ဆင်းရဲတွင်းထဲမှ လွတ်နိုင်၏။ သားသမီးများနှင့် ပတ်သတ် ၍လည်း အခြားမိဘများနည်းတူ မျှော်လင့်ချက်ကြီးကြီးမားမား ရှိနေမည်သာ ဖြစ်၏။ သို့အတွက်ကြောင့် ”လူညွန့်တုံး” ဟုပြောခြင်းကို မခံမရပ်နိုင် ဖြစ်ရခြင်း ဖြစ်၏။

လူ့ဘ၀တက်လမ်းကို သစ်ပင်တွေနဲ့ ခိုင်းနှိုင်းပြီး သုံးစွဲသွားတဲ့ သာဓက တစ်ခု။ သစ်ပင်တွေရဲ့ သဘာဝကိုပြန်ကြည့်လိုက်တော့ အညွန့်တက်နေတဲ့ အပင်တွေဟာ ရှင်သန်နေခြင်း။ အညွန့်တက်
မလာတော့ဘူး ဆိုရင်တော့ အပင်ဟာ သေဆုံးသွားပြီ ဆိုတာကို အလိုလို နားလည် သဘောပေါက်ကြတယ်။

အဲဒီမှာ အပင်တွေရဲ့ သဘာဝကို ဆက်လက် သုံးသပ်ကြည့်တဲ့အခါ အဖိုးတန်၊ အသုံးဝင်တဲ့ အပင်တွေဆိုရင် ပြုစုပျိုးထောင်ပေးရတယ်။ စိုက်ပျိုးသူတို့က လိုအပ်သော မြေ၊ ရေ ၊ သြဇာ စသည်
တို့ကို အပင်နဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ပေးကြရတယ်။ စိုက်တော့ စိုက်တယ်။ ပြုပြင်ခြင်း ပေါင်းရှင်းခြင်း မြေသြဇာကျွေးခြင်း စတာတွေ မလုပ်ဘူး ဆိုရင်လည်း အပင်ဟာ ရှင်သန်နေသော်
လည်း ကြီးထွားသင့် သလောက် မကြီးထွားဘူး ဆိုတာကို တွေ့ရပြန်ပါတယ်။

လူ့ဘ၀ကိုပြန်ကြည့်။ ပြုစုပျိုးထောင်ပေးလိုက်တာက မိဘ။ အညွန့်တလူလူနဲ့ တက်လာပြီး အညွန့် ဝေဖြာနေတဲ့ အချိန်က တော့ လူငယ်ဘ၀။ စိုက်ပျိုးသူနဲ့တူတဲ့ မိဘတို့ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် ဘ၀အပိုင်းအခြား တစ်ခုအထိတော့ အညွန့်တက်လာကြပြီ။ မြေသြဇာဓာတ် လုံလုံလောက်လောက်နဲ့ ရှင်သန်ကြီးထွားရသည်ဖြစ်စေ၊ သြဇာဓာတ်မရဘဲ ကြီးထွားလာရသည် ဖြစ်စေဆက်လက်ပြီး အဖူး၊ အပွင့်၊ အသီးတွေ ဝေဆာပေးရမှာကတော့ အပင်လေးတွေရဲ့ တာဝန်ပါပဲ။

တန်ဖိုးရှိတဲ့ အပင်မျိုးဖြစ်အောင် ဆောင်ရွက်ကြရမယ်။ အသီးတွေဟာ အဟာရဓာတ်ပြည့်ဝရမယ်။ အပွင့် တွေကလည်း လှပနေရမယ်။ ပြုစုပျိုးထောင်သူကို အကောင်းဆုံးပြန်လည် အကျိုးပြုရမယ်။ ညှိုးနွမ်းခြောက် သွေ့ သွားတဲ့ အပင်မျိုး မဖြစ်စေရဘူး။

အဲဒီလို နားလည်းထားတဲ့အတိုင်း ဘ၀ရည်မှန်းချက် အသီးသီးဟာ လူငယ်တွေရဲ့ အသီး၊အပွင့်တွေပါပဲ။ အပင်တစ်မျိုးစီဟာ အသုံးဝင်စေမယ့် အသီးတစ်မျိုးကို အဖူး၊ အပွင့်၊ အသီး ဆိုပြီးတစ်ဆင့်ချင်း ( step by step) သွားကြတယ် မှတ်လား။ လူငယ်အသီးသီးကလည်း ကိုယ့်ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ လောကကို အကျိုးပြုစေမယ့် နယ်ပယ်တစ်ခုစီကနေ အကျိုးပြုနိုင်အောင်ဆောင်ရွက်ရမယ်။

ဒါမှလည်း သတ္တ၀ါတွေထဲမှာ အသိဥာဏ်ပြည့်စုံတဲ့ လူ့ဘ၀အတွက် ရှင်သန်ရကျိုးနပ်မှာ ဖြစ်ပါတယ်။ ရှင်သန်နေရတာခြင်း တူပေမယ့်လည်း ဘ၀ရည်မှန်းချက်တွေကတော့ တူညီကြမှာ မဟုတ်ဘူး။
အဲဒီအပေါ်မှာ မူတည်ပြီး တန်ဖိုးဆိုတာလည်း မတူတော့ဘူး။

ထိုးထိုးထောင်ထောင်နဲ့ တက်လာနေတဲ့ အညွန့်တွေမှာ တညီတညာတည်း မဟုတ်ဘဲ တိုတဲ့ဟာကတို ရှည်တဲ့ဟာကရှည် ဖြစ်နေတယ်။ အဲဒီလိုပါပဲ။ ရည်မှန်းချက်တူညီနေခဲ့ရင်လည်း ပိုကျိုးစားတဲ့သူက အရှေ့က ရောက်ရသလိုမျိုးပါပဲ။ ဖြစ်တော့ ဖြစ်ချင်ရဲ့။ တအိအိနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်မှု မရှိခဲ့ရင်တော့ အဟာရဓာတ် မပြည့်ဝတဲ့ အပင်လို သီးချိန်တန်မသီး၊ သီးပင်သီးငြားလည်း ပြည့်ပြည့်၀၀ မဟုတ်၊ ပိန်လှီ နေတဲ့ အသီးမျိုးလေးတွေ သီးလာရသလို ဖြစ်နေမယ်။

အညွန့်တုံးစကားမပြောပါနဲ့ ဆိုတဲ့မိခင်ရဲ့ အဖြစ်ကို မျှော်ကြည့်လိုက်တော့ အထက်ကဆိုခဲ့သလို မွဲပါတယ်။ ဒါပေမယ့် အညွန့်တုံးစကားကို ကြားကာမျှနဲ့ မုန်းတီးတယ်။ ဘ၀ဆိုတာ တရားသေမဟုတ်ဘူးဆိုတဲ့ သဘောကို သူပြောချင်တာပါ။ အနာဂတ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ အနာဂတ်ရှိနေသေးသ၍ အညွန့်တက်နေဦးမယ့် သဘောပါ။ သူကိုယ်တိုင်လည်း သမာအာဇီဝနဲ့ ရုန်းကန်နေတယ်။ သူ့ရဲ့ သားသီးလေးတွေအတွက် အကောင်းဆုံးမဖြစ်တောင်မှ အတတ်နိုင်ဆုံး ကြိုးစားပေးနေတဲ့အတွက် သူတို့ လေးတွေတက်လာမယ့် အညွန့်ကို ဘယ်အချိုးခံနိုင်ပါ့မလဲ။

အပင်တွေ ရှင်သန်နေဖို့က မြေ၊ရေ၊ သြဇာလို့ ဆိုခဲ့ပါတယ်။ လူငယ်တွေရဲ့ အညွန့်တွေတလူလူ ဖြစ်နေဖို့ကတော့ ရှေးပဝေသဏီက ဆိုခဲ့ပြီးတဲ့ ဇွဲ၊ လုံ့လ၊ ၀ရိယ လို့ပဲ ထပ်ဆိုချင်ပါတယ်။ အားလုံးဟာအညွန့်တလူလူနဲ့ပါ။ တစ်ချက်သတိထားရမှာက အပင်တွေမှာ ခေါင်ညွန့်အချိုးခံရတာမျိုးလည်း ရှိတတ်သေးတယ်။ အပင်တွေကတော့ သူတို့လိုအပ်တဲ့ အဟာရဓာတ်သာရနေပါစေ တစ်ညွန့်ချိုးရင် ဆယ်ညွန့်လောက် ပြန်ထွက်ပေးတယ်။ သူုတို့ရဲ့ သဘာဝ။ လူသဘောသဘာဝအရလည်း လူငယ်လေး တွေကို ခေါင်းညွန့်ချိုးတတ်ကြတယ်။ အပင်တွေနဲ့ထပ်တူ အညွန့်ပေါင်း ထောင်သောင်းမက ပြန်လည်ဝေဖြာစေ၍ အညွန့်တလူလူမှသည် အသီးအပွင့်ဝေဆာသော လူငယ်များ ဖြစ်စေရမည်။


နောင်တော်လေး (ဘိုကလေး)

The Hot News Journal တွင် ဖော်ပြပြီးခဲ့သော ဆောင်းပါး တစ်ပုဒ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်တော်

ကျွန်တော်

လူဆိုတာ
အသည်းနှလုံးထဲမှာ နှစ်ယောက်နေပြိး
ဦးနှောက်ထဲမှာ တစ်ယောက်တည်းနေသင့်တယ်……

ကျွန်တော်က လေထဲမှာ လျှို့ဝှက်ချက်ကို အော်လိုက်တယ်
လေက ကျွန်တော် လျှို့ဝှက်ချက်ကို သစ်ပင်တွေကို ဖွင့်ပြောလိုက်တယ်……..

မှန်ထဲက ညာလက်ဟာ အပြင်မှာ ကျွန်တော့်ဘယ်လက်
ကျွန်တော့်ကို သစ္စာဖောက်လို့ဆိုသူတွေဟာ ဘာသစ္စာမှ စောင့်သိဖူးတဲ့ လူတွေမဟုတ်ဘူး………

Love Truth and Pardon error ကို Voltaire က ဆိုခဲ့တယ်
ကျွန်တော်က လူတွေကို ခွင့်လွှတ်တယ်..
လူတွေက ကျွန်တော့်ကို ခွင့်မလွှတ်ဘူး

ကဲ့ရဲ့ခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လူကြောက်ဖြစ်ခဲ့တယ်
အပြစ်တင်ခြင်းနဲ့ ကျွန်တော် အတူနေခဲ့ရစဉ် ကျွန်တော် ဝေဖန်ရှုတ်ချသူဖြစ်ခဲ့တယ်
အတိုက်အခံ အာဃာတနဲ့ အတုနေခဲ့ရစဉ် ကျွန်တော် ရန်လိုသူဖြစ်ခဲ့တယ်
မေတ္တာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ချစ်ခင်သူဖြစ်ခဲ့တယ်
အားပေးမှုနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် ကိုယ့်ကိုယ်ပင်ဖြစ်ခဲ့တယ်
သစ္စာတရားနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ဟာ တရားသမားဖြစ်ခဲ့တယ်
ချီးမွမ်းခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် နှစ်သက်ဖွယ်မဟုတ်သူဖြစ်လာတယ်
အတတ်ပညာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လိမ္မာရေးခြားရှိခဲ့သူဖြစ်ခဲ့တယ်

ကျွန်တော်ကိုယ် ကျွန်တော် ကိုယ်စားပြုပြီး ကျွန်တော်ဟာ ကျွန်တော်ဖြစ်ချင်တယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Google + မှာ ဂိမ်းကစားရအောင်

Google+ မှာ ဂိမ်းစတင်ကစားနေပါပြိ


Loading ကတော့ နည်းနည်းလေးကြာပါတယ်


ကျနော်ကတော့ စောင့်လိုက်ရတာ မောသွားတာပဲ


Google Plus သုံးသူများအတွက် သတင်းအဖြစ်ဖော်ပြပေးလိုက်ပါတယ်



ညအလင်္ကာ (ET)



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Gmail New Sign-in page


သိပ်တော့ထူးထူးခြားခြားမဟုတ်ပါဘူး


Gmail Sign in page ပြောင်းလဲအသုံးပြုထားတာလေးပါ


ဂျီမေလ်း Sign-in page ရဲ့အောက်ခြေမှာ မိမိက အသုံးပြုမယ်ဆိုရင် ကျနော်အနီရောင်နဲ့ဘောင်ခတ်ထားတဲ့


စာသားနေရာကို Click နှိပ်ပေးလိုက်ရုံဖြင့် အသုံးပြုလို့ရပါတယ်



ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Google chronology of the development


  • Google發展時序表




    • 1998 Google Inc.成立

    • 2000 成為最大的搜尋網站

    • 2001 Google圖片搜尋

    • 2003 併購Blogger,切入部落格

    • 2004 Gmail郵件服務

    • 2004 併購Picasa照片儲存

    • 2004 發展Google Maps,Google Earth

    • 2005 併購Android公司

    • 2006 併購YouTube影音網站

    • 2008 發展Google Chrome瀏覽器

    • 2009 宣佈Chrome OS計畫 for Netbook

    • 2010 推出Google手機Google Nexus One,同時Android手機平台市占率崛起

    • 2011 併購Motorola






  • Google chronology of the development



  • 1998 Google Inc. Established

  • 2000 became the largest search site

  • 2001 Google Image Search

  • 2003 M & Blogger, cut into the blog

  • 2004 Gmail mail service

  • 2004 acquisition of Picasa photo store

  • 2004 development of Google Maps, Google Earth

  • 2005 acquisition of Android companies

  • 2006 acquisition of online video site YouTube

  • 2008 development of Google Chrome browser

  • 2009 announced plans for Netbook Chrome OS

  • 2010 launch of Google Mobile Google Nexus One, while Android mobile phone platform market share rise

  • Motorola M 2011



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

facebook-rolls-out-standalone-mobile-chat-app


မူရင်းလင့်ဖတ်ချင်သူများအတွက်
news.cnet.com



(Credit: CNET)




င်္Facebook မှ အသုံးပြုသူများအချင်းအချင်း Location-sharing, Mobile photo sharing နှင့်
Instant messaging များ ပြုလုပ်နိုင်မည့် Mobile Messaging ၀န်ဆောင်မှုအသစ်ကို မနေ့က
အသုံးပြုသူများ Download ရယူနိုင်ရန် စတင်မိတ်ဆက်ပေးခဲ့သည်။
Facebook မှအဆိုပါ Application ကို ယခုနှစ်မတ်လက ၄င်းတို့ဝယ်ယူခဲ့သည့် Messaging firm
Beluga မှနည်းပညာရှင်များနဲ့ပူးပေါင်းရေးသားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် Facebook မှ ၄င်းတို့၏ Video calling စနစ်တွင် Skype ၏ Video calling features များပါဝင်ခြင်း
မရှိကြောင်းကို ပြောကြားခဲ့သည်။
အဆိုပါ application သည် Andriod/ Blackberry ဖုန်းများနှင့် iphone/ ipad tough/ ipad များအတွက်
ထွက်ရှိထားပြီးဖြစ်သည်။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Games in Google+: fun that fits your schedule


Google Plus တွင် Game များပါဝင်ထည့်သွင်းသွားတော့မှာဖြစ်ကြောင်း၊ အသုံးပြုသူများမှာ Google Plus အတွင်း Game ဟူသော Button ကိုတွေ့မြင်သွားရတော့မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
Google Plus အသုံးပြုများမှာ နောက်ပိုင်းတွင် Game ဟူသော button အားနှိပ်၍ Google မှ အထောက်အပံပေးထားသော Game များကို ၀င်ရောက်ကစားနိုင်မှာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်တော့
နာမည်ကျောာ် Angry Birds၊ Zombie Lane နှင့် Edgeworld တို့ကို ထည့်သွင်းထားကြောင်း သတင်းဌာနများသို့ပြောကြားသွားပါတယ်။Google + အနေဖြင့် အသုံးပြုသူများကို Social Network အသုံးပြုနေစဉ် အပန်းဖြေဂိမ်းကစားနိုင်စေရန် ဖန်တီးထားခြင်းဖြစ်ကြောင်း၊ ထို့ပြင်ဂိမ်းကစားရာတွင်လည်း မိမိကိုယ်တိုင်အပြင်လက်တွေ့ဘ၀တွင် စိတ်လှုပ်ရှားစေရန်ပြုလုပ်ထားကြောင်းကြေငြာထားပါတယ်။




Ref & Credit


http://googleblog.blogspot.com/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

New in Labs: Preview Pane

ကျနော်တို့ Gmail တွေကြည့်တဲ့အခါမှာ Snippets တွေက အမြည်းသဘောပဲ ဖော်ပြပေးပါတယ်။
အဲ့ဒီအတွက် တစ်ခါတည်းကြည့်လို့မရတဲ့အတွက် ကျနော်တို့တွေက မေလ်းတွေကို Click နှိပ်၊ ဖွင့်ပြီးဖတ်ရ
ပါတယ်။ အဲ့ဒီတော့ ကျနော်တို့ Gmail ထဲဝင်လာတဲ့စာတွေကို ဖွင့်ဖောက်စရာမလိုပဲ တစ်ခါတည်းကြည့်လို့
ရအောင် Preview Pane ဆိုတဲ့ Features တစ်ခုကို အသုံးပြုလို့ရအောင် Gmailblog ကနေ ကြေငြာထားပေးပါတယ်။

မူရင်းလင့်မှာဖတ်ချင်သူများအတွက်။
http://gmailblog.blogspot.com/2011/08/new-in-labs-preview-pane.html



ဒါကတော့ ကျနော်ရဲ့ Preview Pane လေးပါ


Preview Pane ပြုလုပ်ဖို့အတွက်ဆိုရင် Gmail Setting / Labs Tab မှတဆင့် Preview Pane ကို Enable ကို Click ပေးရပါမယ်။ Save Button ကို နှိပ်ပြီး သိမ်းဆည်းပေးပါ။ ပြီးရင် ကျနော်ပုံမှာပြထားတဲ့အတိုင်း Gmail Message ရဲ့ ညာဘက်ထောင့်နားလေးမှာရှိတဲ့ Preview and List View ကိုပြောင်းလဲပေးမယ့် Toggle button မှာတွေ့ရပါမယ်။



Toggle Button ရဲ့ Ddropdown ကိုနှိပ်၍ ပုံပါအတိုင်း No Split, Vertical Split, Horizontal Split ကိုရွေးချယ်ပြီး
မိမိဂျီမေလ်းရဲ့ Preview ကိုပြောင်းလဲပေးနိုင်ပါတယ်။




နောက်ဆုံးအနေဖြင့် မိမိဂျီမေလ်းကိုဖွင့်လိုက်တဲ့အခါ Previewing တွေကို Default အနေဖြင့် 3-second delay
အဖြစ် သတ်မှတ်ထားပါတယ်။ မိမိအနေဖြင့် ပြင်ဆင်လို့ပါက Gmail setting / General မှတဆင့် ပုံမှာပြထားတဲ့
တိုင်း Preview Pane နေရာတွင့် မိမိ Delay ဖြစ်ချင်တဲ့ အချိန်ကိုရွေးချယ်လုပ်ဆောင်နိုင်ပါကြောင်း ဖော်ပြရင်း.





အားလုံးကို ခင်မင်စွာဖြင့်


ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS