RSS

သတိရနေလို့-----ခုချိန် ငါဘာလုပ်ရမလဲ

သတိရနေလို့-----ခုချိန် ငါဘာလုပ်ရမလဲ

နေရောင်ခြည်လေး အငွေ့ပြန်သွားတော့
အလွမ်းတွေ အရောင်လက်လာတယ်
မိုးစက်လေးတွေကြွေကြတော့
အေးချမ်းသွားတဲ့ ရသနဲ့ အတူ ---
ညီမကို ကိုယ်လွမ်းတယ်

ကောင်းကင်ထက်မှာ
 ဖြာကျလာသောအလင်းတွေမှာ
 ကိုယ့်အတွက်သတိရစရာ 
အဖြစ်အပျက်တွေရှိနေတယ်
မိုးစက်ကျရာ ပါးပြင် အဆုံး
ညီမရဲ့ မျက်ဝန်းတစ်စုံကို 
တမ်းတမ်းတတ လွမ်းမောမိတယ်--------
လိုအပ်ချက်တစ်ခုနဲ့
ဖြတ်သန်းရတဲ့ဒီလိုနေ့ကို မုန်းတယ်
သာမန်ထက်ပိုရှည်လျားနေတဲ့ ယန္တရား
လွန်ဆန်ခွင့်မပေးတဲ့အချိန်
တွေဝေငေးမောစွာ ညီမကို လွမ်းတယ်------

အိပ်ချိန်စောင့်နေတဲ့ေ
န့အလင်းတွေမွေးဖွားဖို့အတွက် 
အသင့်ပြင်နေသောအမှောင်တစ်စ
တစ်ဖန်သစ်လွင်ဖို့ 
အိပ်ယာက နိုးထလာသောကြယ်စင်လေးတွေ
လရောင် သဲ့သဲ့နဲ့ လှပသော ညနေခင်း
ငါ့မျက်ရည် မခိုင်လို့ခဏနေပါဦး
အမှောင်တွေ ဖုံးလွမ်းသွားတဲ့ ညလေးအမှတ်ရ 
သံဇဉ်တွေများစွာနဲ့ညီမကိုလွမ်းတယ်--------
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"လွမ်းတတ်ရင် စမ်းသပ်ပြီး ဖတ်ကြည့်ပါ"

"လွမ်းတတ်ရင် စမ်းသပ်ပြီး ဖတ်ကြည့်ပါ"

ငွေနှင်းနု​တွေလည်း​ကြွေဆင်းလုပြီ ချစ်သူ--------
သူမမြင် သူမသိသူမရှိတဲ့ ဘဝမှာ
ပျော်စရာစိတ်သုဉ်းဝေးနေရဦးမှာပေါ့---------

မနက်ဖြန် ရက်စွဲများနဲ့
ရာသက်ပန် လက်တွဲကြဦးမှာမို့
အလွမ်းတွေကို တံတားခင်း
အနမ်းတွေက မှတ်တိုင်ပေါ့----------

ချစ်သူမျက်ဝန်းထဲ 
တစ်ပတ်နွမ်း အိမ်မက်တွေနဲ့
မပြတ်လွမ်းခဲ့စဉ်က
ငြင်သာဖွဖွ အနမ်းစတွေပါးပြင်ပေါ် ချွေ
 နူးညံ့ပွေ့အိ အတွေ့ထိမှာ
 သာယာယစ်မှုးအပြစ်ကျူးခဲ့သမျှ
အချစ်ရှုးရဲ့ ဘဝတာမှာ
သူမမြင်လဲ နေပါစေ
သူမသိလဲ ရှိပါစေ----
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS