RSS

ရှုံးနိမ့်ခြင်း ခံစားချက်

 လူတိုင်းအောင်မြင်နေကြတယ်

ကိုယ်တစ်ယောက်တည်း

အကြွေးနဲ့ အရှုံး သံသရာ လည်နေတာ

နှစ် (၂၀)ကျော်လာပြီပေါ့


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

 ကိုယ့်ကိုကိုယ် မသနားမိစေနဲ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

I couldn't help it !!!


I couldn't help it !!!

Daryl
I am upset. Somebody told my boss I have a part-time job.
Smith
And he doesn't like that ?
Daryl
No, he doesn't. He thinks that I am too tired to work.
Smith
I am sorry. I have to admit I told him.
Daryl
You told him ? Why ?
Smith
I couldn't help it. He asked me point-blank.
Explanation :
If you can't help the way you feel or behave, you cannot control it or stop it from happening. You can also say that you can't help yourself.
If you say something point-blank, you say it very directly or rudely, without explaining or apologizing.



Daryl
I am upset. Somebody told my boss I have a part-time job.
စိတ်တိုတယ်ကွာ။ တစ်ယောက်ယောက်က ငါ့မှာအချိန်ပိုင်းအလုပ်ရှိတဲ့အကြောင်း သူဌေးကိုသွားပြောလိုက်တယ်။
Smith
And he doesn't like that ?
သူကမကြိုက်ဘူးပေါ့။
Daryl
No, he doesn't. He thinks that I am too tired to work.
ဟင့်အင်း။ မကြိုက်ဘူး။ အလုပ်လုပ်ဖို့ ပင်ပန်းနေလိမ့်မယ်လို့ သူကယူဆတယ်။
Smith
I am sorry. I have to admit I told him.
စိတ်မကောင်းပါဘူးကွာ။အမှန်ဝန်ခံရရင်ငါသူ့ကိုပြောလိုက်တာ။
Daryl
You told him ? Why ?
မင်းပြောတာ။ ဘာဖြစ်လို့လဲ။
Smith
I couldn't help it. He asked me point-blank.
ငါလည်းမတတ်နိုင်ဘူး သူကငါ့ကို တဲ့ဒိုးမေးတာ။

ရှင်းလင်းချက်။
         
upset ဆိုတာ
စိတ်အနှောင့်အယှက်ဖြစ်တာ။ အလိုမကျတာ။ ဝမ်းနည်းတာ။
စိတ်မချမ်းမသာဖြစ်တာ။ ရခိုင်မုန့်တီတို့ အသုပ်စုံတို့ကို ငြုပ်သီးစပ်စပ်နဲ့စားပြီးတဲ့အခါမျိုးမှာ
I have an upset stomach. လို့ပြောဖို့အခွင့်ကြုံပါလိမ့်မယ်။
အားကစားပွဲတွေမှာဆိုရင်မျှော်မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ ကမောက်ကမရလာဒ်တွေဖြစ်လာတာကို End Result Suffer Early Upset လို့ခေါင်းစီးရေးထားတာ တွေ့နိုင်ပါတယ်။

I have to admit it.
ဒါကတော့ရှင်းပါတယ်။ တစ်ခုခုကိုယ်လုပ်ထားတာကိုဝန်ခံတာ။

I couldn't help it.
ကိုယ့်စိတ်ကူး၊ အပြုအမူတစ်ခုခုကို မလုပ်ဘဲ မထိန်းချုပ်လိုက်နိုင်တဲ့အခါသုံးနိုင်ပါတယ်။
အင်မတန် လွမ်းစရာကောင်းတဲ့ရုပ်ရှင်ကြည့်ပြီးတဲ့အခါ မငိုမိအောင် ထိန်းပေမယ့်လည်း မျက်ရည်ဝဲလာတဲ့အခါ I couldn't help it. ပြောလို့ရပြီပေါ့။    
         
I couldn't help but shed tear. ဆိုရင် မျက်ရည်မကျဘဲမနေနိုင်ဘူးပေါ့။

point-blank ဆိုတာကတော့ မေးခွန်း(သို့)စကားတစ်ခွန်းကို သွယ်ဝိုက်မနေဘဲ
တိုက်ရိုက်၊ ခပ်ကြမ်းကြမ်းပြောတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
         
         
ကဲဒါဆိုရင် စကားပြော မှာ ပါတဲ့စာကြောင်းလေးတွေပြောရင်းလေ့ကျင့်ကြည့်လိုက်ပါစို့။

အလင်္ကာည      
         
         


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)

Making an Appointment (ကြိုတင်ချိန်းဆိုခြင်း)
ဒီကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ၊ ချိန်းဆိုမယ့်နေရက်၊ ချိန်းဆိုမယ့်အချိန်၊ ချိန်းဆိုမယ့် နေရာ စသည်ဖြင့် အသေးစိတ်အချက်အလက်များကို ဘယ်လိုပြောဆိုကြသလဲဆိုတာကို ဖော်ပြထားတဲ့ ဝါကျ အသုံးအနှုန်းတွေနဲ့ ယှဉ်တွဲပြီးလေ့လာကြည့်ကြရအောင်ဗျာ…………….

Suggesting an appointment (ချိန်းဆိုချက် တစ်ခုအဆိုပြုခြင်း)
To propose making an appointment, use:
သူလာတွေ့မယ်၊ ငါလာတွေ့မယ် စသည်ဖြင့် တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဖို့ ချိန်းဆိုကြတဲ့အခါ အောက်ဖော်ပြပါ အတိုင်းပြောဆိုနိုင်ပါတယ်။
(1)  Can I come and see you? (ကျနေ်ာခင်ဗျားကို လာပြီးတွေ့နိုင်မလား)
(2)  I’d like you to come and see me. (ခင်ဗျား ကျနေ်ာကို လာပြီးတွေ့စေချင်ပါတယ်)
(3)  Let’s meet. ( ကျနော်နဲ့ ခင်ဗျားတွေ့ကြရအောင်)
Talking about dates (ချိန်းဆိုမည့် နေ့ရက်ကိုပြောဆိုခြင်း)
To ask about dates, use:
ဘယ်နေ့၊ ဘယ်ရက်၊ဘယ်သီတင်းပတ်၊ဘယ်လ စသည်ဖြင့် ချိန်းဆိုတဲ့ နေ့ရက်အဆင်ပြေ/မပြေ၊ မေးမြန်း ပြောဆိုတဲ့အခါ-
(1)  What day would you suit you? (ဘယ်နေ့ဟာ မင်းအတွက် အဆင်ပြေမလဲ)
To suggest a date, use:
ချိန်းဆိုတဲ့နေ့ရက်ကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about Thursday? (ကြာသပတေးနေ့ဆို ဘယ်လိုလဲ)
(2)  I’d like to make it soon. (ကျွန်တော်ကတော့ မကြာခင်မှာပဲ ချိန်းချင်တယ်)
(3)  I’m free on Tuesday. (အင်္ဂါနေ့တွေမှာ ကျနော်အားလပ်ပါတယ်)
(4)  Next Friday would suit me. (လာမယ့် သောကြာနေ့ဆို ကျနော်အဆင်ပြေပါတယ်)
To specify date, use:
ချိန်းဆိုမယ့်နေ့ရက်ကို သတ်သတ်မှတ်မှတ် တိတိကျကျပြောမယ်ဆိုရင်တော့-
(1)  On Monday (or) On Tuesday (or) On Wednesday.(တနင်္ဂလာနေ့(သို့)အင်္ဂါနေ့(သို့)ဗုဒ္ဓဟူးနေ့
(2)  On the 25th of March (or) On March the 25th. (မတ်လ ၂၅ ရက်နေ့မှာ)
(3)  Tomorrow, The day after tomorrow. (မနက်ဖြန်၊ သဘက်ခါ)
(4)  Soon; In the next few days. (မကြာမှီ၊ လာမည့်ရက်အနည်းငယ်အတွင်းမှာ)

Talking about Time (ချိန်းဆိုမယ့်အချိန်ကို ပြောဆိုခြင်း)
To ask about time, use:
ဘယ်အချိန် ချိန်းလို့ ဖြစ်နိုင်မလဲ၊ ဘယ်အချိန် အဆင်ပြေမလဲ စသည်ဖြင့် မေးမြန်းတဲ့အခါ-
(1)  What time would suit you? (ခင်ဗျားအတွက် ဘယ်အချိန် အဆင်ပြေမလဲ)။
(2)  What time are you free? (ခင်ဗျား ဘယ်အချိန်အားလဲ)

To suggest a time, use:
ဘယ်အချိန် ချိန်းဆိုရင် အဆင်ပြေမယ့်အကြောင်း အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about early afternoon? (မွန်းလွဲပိုင်း ခပ်စောစောဆိုရင်ရော)
(2)  I’m free in the afternoon (မွန်းလွဲပိုင်းမှာ ကျနေ်ာအားပါတယ်)
(3)  I’d like to make it about ten o’ clock. (ကျနေ်ာဆယ်နာရီလောက်မှာ ချိန်းချင်တယ်)
(4)  Three-thirty would suit me. (ညနေသုံးနာရီခွဲမှာဆိုရင် ကျနေ်ာအဆင်ပြေပါတယ်)
(5)  In the morning (or) In the afternoon (or) In the evening. (မနက်ပိုင်းမှာ၊ နေလည်ပိုင်းမှာ၊ ညနေပိုင်းမှာ)
(6)  Before Lunch / after lunch. (နေ့လည်စာ စားချိန်မတိုင်ခင်၊ နေ့လည်စာ စားပြီး)
(7)  At about eleven (or) At about eleven-thirty (or) At about twelve (ဆယ့်တစ်နာရီလောက်မှာ၊ ဆယ့်တစ်နာရီခွဲလောက်မှာ၊ ဆယ့်နှစ်နာရီလောက်မှာ)

Talking about place (ချိန်းဆိုမည့်နေရာကိုပြောဆိုခြင်း)
To ask about place, use:
ဘယ်နေရာမှာတွေ့ရင်ကောင်းမလဲ၊ အဆင်ပြေမလဲ စသည့်ဖြင့်မေးမြန်းတဲ့အခါ-
(1)  Where shall we meet? (ကျနော်တို့ ဘယ်နေရာမှာတွေ့ရင် ကောင်းမလဲ)
(2)  Where would suit you? (ဘယ်နေရာမှာတွေ့ရင် ခင်ဗျားအတွက် အဆင်ပြေမလဲ)
To suggest a place, use:
ချိန်းဆိုမယ့်နေရာကို အဆိုပြုပြောဆိုတဲ့အခါ-
(1)  What about at my place? (ကျနော့်နေရာမှာဆိုရင် ဖြစ်မလား)
(2)  Let’s make it here. (ဒီနေရာမှာပဲတွေ့ကြရအောင်)

To specify place, use:
ချိန်းဆိုမယ့်နေရာကို သတ်သတ်မှတ်မှတ်တိတိကျကျ ပြောမယ်ဆိုရင်တော့-
(1)  At your/ my office/ home/ hotel. (ခင်ဗျားရဲ့ ရုံးခန်းမှာ/ အိမ်မှာ/ဟိုတယ်မှာ/ ကျနေ်ာရဲ့ရုံးခန်းမှာ/ အိမ်မှာ/ ဟိုတယ်မှာ)….

လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“အီဒီယမ်”ဆိုသည်မှာ


Idioms
“အီဒီယမ်”ဆိုသည်မှာ ဘာသာစကားတစ်ခု၌ ထူးခြားသော အပြောအဆိုအရေးအသားတစ်ခုဟု ဆိုရပေ မည်။ ထိုအဆိုမှာ သက်ဆိုင်ရာဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြရသော ဆိုရိုးတစ်ခုဖြစ်သည်။ ဥပမာ------ စကားစုတစ်စုတွင် ပါဝင်သောစကားလုံးတိုင်းတွင် သီးခြားအဓိပ္ပါယ်ရှိသည်။ သို့သော် ထိုစကားလုံးများကိုပေါင်းစပ်လိုက်သောအခါ မူလအဓိပ္ပါယ်များမဟုတ်တော့ဘဲ သီးသန့်….ထူးခြားသော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်။ ၎င်းကို အီဒီယမ်(Idiom)ဟုခေါ်သည်။
ဘာသာစကားတိုင်းမှာ ၎င်းတို့နှင့်သက်ဆိုင်သော အီဒီယမ်များရှိပေသည်။ ကျွန်တော်တို့မြန်မာဘာသာစကားမှာလည်း မြန်မာအီဒီယမ်များရှိပါသည်။ အင်္ဂလိပ်ဘာသာစကား၌မူ အီဒီယမ် အမျိုးရှိကြပါသည် - Prepositional Idioms, Verbal Idioms, Miscellaneous Idioms.
အောက်မှာဖော်ပြထားတဲ့ ဝါကျလေးတွေကို ဘာသာပြန်ကြည့်စမ်းပါ။
  1. I gave you best.  (ငါက မင်းကိုအကောင်းဆုံးပေးခဲ့တာ)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “ငါက မင်းကို အရှုံးပေးခဲ့ပါတယ်” လို့ဘာသာပြန်ရမယ်။
  2. He is a big gun. (သူက သေနတ်ကြီးတစ်လက် ဖြစ်တယ်)။လို့များ ဘာသာမပြန်လိုက်ပါနဲ့။ “သူကဧရာမပုဂ္ဂိုလ်ကြီးလေ…” လို့ငေါ့တော့တော့ ထေ့တေ့တေ့နဲ့ပြောတာပါ…
မူလက ကိုယ်သိထားတဲ့ best. = အကောင်းဆုံးgun = သေနတ် ဆိုတဲ့အဓိပ္ပါယ်တွေနဲ့မဟုတ်ဘဲ၊ သီးသန့်အဓိပ္ပါယ်ဆိုလိုချက်တွေနဲ့ သုံးထားတာဆိုရင် အီဒီယမ် လို့ခေါ်တာပါ။
လူစစ်စစ်က နွားတွေ၊ဖျံတွေ ဖြစ်သွားတာမဟုတ်ကြောင်း သူများခိုင်းတိုင်း လုပ်၊ ထုံတဲ့၊ နုံတဲ့ ၊ ညံ့တဲ့သူတွေ ကို “နွား” လို့ပြောပြီး လူလည်ကျတဲ့သူကို “ဖျံ” လို့ဆိုလိုတာဖြစ်ကြောင်း လူတိုင်းသိသလိုပါပဲ။

ဒီအကြောင်းအရာနှင့်ပတ်သတ်၍ ဆရာဦးသိန်းလွင် ရေးသော နေ့စဉ်သုံး အီဒီယမ် (Idioms for Everyday Use) ကို လေ့လာနိုင်စေရန်အတွက် ဖော်ပြရခြင်းဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Idioms for Everyday Use
အရောင်တွေနဲ့ပတ်သက်တဲ့ အီဒီယမ်လေးတွေအကြောင်း စပြိးလေ့လာကြရအောင်ဗျာ…….
၁။ အောက်မှာပေးထားတဲ့စာပိုဒ်ကလေးကိုဖတ်ပြီး မိမိအမြင်နဲ့ အရင်ဆုံးဘာသာပြန်ကြည့်ပါ.
၂။ ပြိးတော့မှ အောက်ဘက်မှာပေးထားတဲ့ အီဒီယမ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လေ့လာမှတ်သားပါ။
၃။ နောက်ဆုံးကျတော့မှ အောက်ဆုံးက ဘာသာပြန်ချက်ကလေးနဲ့တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါတော့.။

Idioms from Colors
In the Red.

The Letter came out of the blue! I wasn’t expecting it. But it was in black and white, sign by the bank manager. I had no money in my checking account. I was in the red.
          I couldn’t believe it. So I went to see the manager. We looked at the problem together. The bank had made a mistake. It had put ten dollars into my account instead of one thousand dollars!
          Because it was the bank’s mistake, there was no delay reopening my account. The manager cut through all the red tape. Now I had money in my account. And I had the green light to write checks again.
ဖွင့်ဆိုချက်။
  1. Out of the blue        =မထင်မှတ်ဘဲ၊မမျှော်လင့်ဘဲ။
  2. In black and white    =ရှင်းရှင်းလင်းလင်း၊ပြတ်ပြတ်သားသား။
  3. In the red                =အခက်အခဲတွေ့သည်။ကြွေးတင်သည်။
  4. Red tape                 =အဆင့်ဆင်တင်ပြရသောရှုပ်ထွေးကြန့်ကြာသည့်ရုံးလုပ်ထုံးလုပ်နည်း။
  5. Green light               =အဆင်ပြေသည်။စတင်ပြုလုပ်ခွင့်ရသည်။
  6. The black market     =မှောင်ခိုဈေး(အစိုးရက ခွင့်ပြုထားသောတရားဝင်ဈေးမဟုတ်)။
  7. To feel blue             =ဝမ်းနည်းသည်၊စိတ်မကောင်းဖြစ်သည်။
  8. Green with envy       =မနာလိုဖြစ်သည်။
  9. In the black             =ငွေကြေးရှိသည်။ငွေကြေးလုံလောက်အောင်ရှိသည်။
10. In the red                =ကြွေးတင်သည်။(ငွေကြေးလိုအပ်သည့်ရဲ့ဆန့်ကျင်ဘက်)
11. (roll out) the red carpet=(ကော်ဇော်နီခင်းသည်လို့တိုက်ရိုက်ပြန်မယ့်အစား) အရေးပါအရာရောက်သည့်လူကို ဂုဏ်ပြုကြိုဆိုသည် လို့ပြန်ဆိုရပါမယ်)
ဘာသာပြန်ဆိုချက်။
          စာကမထင်မှတ်ဘဲရောက်လာတယ်။ ကျွန်မက မျှော်လင့်မထားဘူး။ဒါပေမဲ့ စာကရှင်းရှင်း လင်းလင်းကြီးရေးထားတာ။(ပြီးတော့)ဘဏ်မန်နေဂျာက လက်မှတ်ထိုးထားတာလေ……။ ကျွန်မရဲ့ ဘဏ်ငွေစာရင်းမှာ ငွေ(လက်ကျန်)မရှိတော့ဘူး…တဲ့. ကျွန်မ ငွေရေးကြေးရေး အခက်အခဲတွေ့ရပြီ… ကျွေးတင်ပြီပေါ့…….။
          ကျွန်မအနေနဲ့ မယုံနိုင်လောက်အောင်ပါပဲ ဒါကြောင့် ကျွန်မက ဘဏ်မန်နေဂျာနဲ့သွားတွေ့တယ်။ ဒီပြဿနာကို ကျွန်မတို့နှစ်ယောက်အတူတူ စီစစ်ကြတယ်၊ ဘဏ်ကအမှားအယွင်းတစ်ခုလုပ်ထားတာကို.. (တွေ့ရတယ်) ကျွန်မရဲ့ ငွေစာရင်းထဲကို ဒေါ်လာတစ်ထောင်ထည့်ရမယ့်အစား ဆယ်ဒေါ်လာပဲ ထည့်ထားတာကို…..။
          ဘဏ်ဘက်က အမှားဆိုတော့ ဘဏ်(မှာငွေ) စာရင်းပြန်ဖွင့်ဖို့ရန် (အခက်အခဲမရှိ) နှောင့်နှေးမှုမရှိ ဘူးပေါ့.။ ရှုပ်ထွေးကြန့်ကြာတဲ့ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ကျော်လွှားဖြတ်တောက်ပြီး မန်နေဂျာက ဆောင်ရွက်ပေးလိုက်တာ………အခုတော့ ကျွန်မရဲ့ငွေစာရင်းထဲမှာ ငွေ ပြန်ရှိသွားပြီလေ…….။ (ငွေပေးငွေယူ)ချက်လက်မှတ်တွေ ရေးနိုင်ခွင့်လည်းရသွားပြီ။ အဆင်ပြေသွားပြီပေါ့……….။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Conversation
Situation 1
Tom is talking to his friend.
Tom:            I just got a call from my brother.
Carol:           How is he?
Tom:            Out of the blue he told me he just got married.
Situation 2
Jenny is feeling Lonely.
Lucia:           You don’t look very happy, Jenny.
Jenny:           I’m just feeling blue. I guess I feel lonely.
Lucia:           Don’t feel lonely. I’m your friend! That’s why I came to take you out.
Situation 3
Nancy is talking to her husband.
Nancy:          Let’s go to a nice restaurant for supper.
Matt:            Is there something special to celebrate?
Nancy:          No, but I just finished doing our expenses for the month, and we’re in the black. Let’s spend some of our extra money.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ (၁၂)လ ရာသီ


အခုဆိုရင် သီတင်းကျွတ်လပြည့် ဖို့ ရက်က သိပ်မလိုတော့ဘူး
မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ မြတ်နိုးဖွယ်ကောင်းသော  ဓလေ့ထုံးစံကောင်းတစ်ရပ် မမေ့လျော့ရန်
ဖော်ပြခြင်းဖြစ်ပါသည်။





သီတင်းကျွတ်လဖွဲ့

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရဝနှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။

ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည်ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ
သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။

ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင်
ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ
တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။

ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပဝါရဏာပြုကြရ၏။ ဤပဝါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင်ပေါ်ပေါက်ခဲ့ဲခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးဖော်
ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုနည်းတူစွာပင် ဘုရားရှင်အားဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည်သီတင်းကျွတ် သည့်အခါ သက်ကြီးဝါကြီးများအားပူဇော်ကန်တော့သည့်ဓလေ့ထုံးစံကောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။


Thadingyut

Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura.The nats came along by the right gold stairways and the brahmas by the left silver stairways.

On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats
and the Myintmo Lights Festival after the Mount Myinmo there.

For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that
might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.


ညအလင်္ကာ
၂၀၁၀ခုနှစ် (19 / 10 / 2010)

ကိုးကား
http://www.awdlibrary.co.cc

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Using the Verb to Do (Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း)


Using the Verb to Do
Do ကြိယာကို အမျိုးမျိုးအသုံးပြုခြင်း

Verb to do : do, does, did, done, doing

စကားပြောရာမှာ အသုံးမဖြစ် အများကြီးသုံးရတဲ့ကြိယာက "Do" ပါပဲ။ Do က ပြုလုပ်သူ ကတ္တား၊ ပြုလုပ်တဲ့အချိန်
ကာလတို့နဲ့လိုက်ပြီး အသွင်(၅)မျိုးပြောင်းလဲနိုင်ပါတယ်။
အသုံးပြုပုံသဒ္ဒါစည်းကမ်းကိုသိထားရင် မိမိပြောချင်သလို နာမ်၊နာမ်စား၊ အမျိုးမျိုးနဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။

Do ကြိယာကို နာမ်၊နာမ်စား၊အချိန်ကာလတို့နဲ့ လိုက်ဖက်ညီအောင် အသုံးပြုပုံ
နာမ်၊ နာမ်စား ပစ္စုပ္ပန် အတိတ် ဖြစ်ပြီးကာလ ဖြစ်ဆဲကာလ
I, We do did have done am doing, are doing
You, They, men do did have done are doing
He, She, it , A man does did has done is doing

အတိုကောက်အသုံးပြုပုံ
I do not I don't
We do not We don't
You do not You don't
They do not They don't
He does not He doesn't
She does not She doesn't
It does not It doesn't
A boy does not A boy doesn't
I did not I didn't
You did not You didn't
We did not We didn't
They did not They didn't
He did not He didn't
A girl did not A girl didn't
ပင်မကြိယာအနေနဲ့ Do ကြိယာကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးပါတယ်
"ပြုလုပ်သည်၊ ဆောင်ရွက်သည်" အဓိပ္ပါယ်နဲ့သုံးပါတယ်။
ပြုတဲ့အလုပ်ကို တိတိကျကျမသိရင် do ကိုသုံးပါ။ အထူးသဖြင့် what, anything, nothing, something, တို့
နဲ့တွဲသုံးနိုင်ပါတယ်။

(1) What are you doing? (မင်းဘာလုပ်နေသလဲ)
I'm watering flower plants. (ငါ ပန်းပင်တွေ ရေလောင်းနေတယ်)
(2) What are you doing this evening? ( မင်းဒီညနေ ဘာလုပ်မလဲ)
I'm going to play cane-ball? ( ငါ ခြင်းလုံးခတ်မယ်)
(3) Are you doing anything tomorrow? (မနက်ဖြန် မင်းတစ်ခုခုလုပ်ဖို့ ရှိသေးလား)
I shall go to my office tomorrow. (မနက်ဖြန် ငါရုံးတက်မယ်)
(4) He does his job well. (သူ့အလုပ်ကိုကောင်းကောင်းလုပ်တယ်)
(5) Tin Hla has done a good job. (တင်လှက အလုပ်ကောင်းတစ်ခုကို လုပ်ခဲ့တယ်)
(6) Girl do physical training. (မိန်းကလေးများက ကာယလေ့ကျင့်ခန်းများလုပ်ကြတယ်)
(7) Ni Ni does aerobics once a week. (နီနီက တစ်ပတ်ကိုတစ်ကြိမ် အေရိုးဘစ်ကစားတယ်)
(8) What can I do for you.? (မင်းအတွက် ငါဘာလုပ်ပေးရမလဲ)
(9) Do as you wish / please. ( မင်းကြိုက်သလို / နှစ်သက်သလို လုပ်ပါ)
(10) why can''t you do as you're told.? (မင်းကိုပြောတဲ့အတိုင်း ဘာကြောင်း မင်းမလုပ်နိုင်ရတာလဲ)
Do ကို V-ing နဲ့တွဲပြီး အလုပ်မျိုးစုံ လုပ်တာပြောလို့ရပါသေးတယ်။

(1) My mother does the shopping. (ငါ့အမေက ဈေးဝယ်တယ်။(ဈေးဝယ်ခြင်းကိုလုပ်တယ်)။ ထမင်းဟင်းလည်းချက်ပြုတ်တယ်။( ချက်ပြုတ်ခြင်းကို လုပ်တယ်)
(2) My sister does the washing. (ငါ့ညီမက လျော်ဖွပ်တာ လုပ်တယ်)
(3) Will you do ironing? (မင်း မီးပူတိုက်ပေးမလား)
(4) I do some writing in my spare time.( ငါ့ရဲ့အားလပ်ချိန်မှာ စာ (ဝတ္တု၊ကဗျာ၊ စသည်) ရေးတယ်.
(4) We do our shopping at weekends.(စနေ၊တနင်္ဂနွေ မှာငါတို့ဈေးဝယ်ကြတယ်)
(5) I've done talking -It's time to act. (ပြောသင့်တာပြောပြီးပြီ၊ ပြုလုပ်ဖို့ အချိန်ရောက်ပြီ)
့ဖြစ်စေသည်၊ အကျိုးသက်ရောက်စေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) Smoking will do you harm? (ဆေးလိပ်သောက်ခြင်းက သင့်ကိုဘေးဖြစ်စေမယ်)
(2) Reading will do you good. (စာဖတ်ခြင်းက မင်းကို ကောင်းကျိုးပေးမယ်)
(3) What damage did the storm do? (မုန်တိုင်းက ဘာပျက်စီးမှုကို ဖြစ်စေသလဲ).။
အဆင်ပြေသည် အဓိပ္ပါယ်နဲ့လည်း Do ကြိယာကို သုံးနိုင်ပါတယ်။
(1) How are you doing?
(2) How's your doing?
(3) Aye Aye is doing well at school.
(4) How's your business doing?(မင်းရဲ့ လုပ်ငန်းကော အဆင်ပြေရဲ့လား)
ကြိယာတစ်လုံးကို နှစ်ကြိမ်ထပ်မသုံးရအောင် Do ကြိယာနဲ့လည်း အစားထိုးသုံးနိုင်ပါတယ်။

(1) Who call me? (ငါ့ကို ဘယ်သူခေါ်လဲ)
She does. (She calls you. အစားသုံး ) သူမခေါ်တယ်။
(2) Who want to play soccer?
We do. (We want to play အစားသုံး) ငါတို့ကစားချင်တယ်။
(3) Did you find your book? (မင်းစာအုပ်ကို မင်းတွေ့ပြီလား)
Yes, I did. ( I found it အစားသုံး) ဟုတ်တယ် ၊ ငါတွေ့ပြီ။
အကူကြိယာအနေနဲ့ Do ကြိယာကို အမျိုးမျိုးသုံးပါသေးတယ်။
(1) Do you go to school? (မင်း ကျောင်းသွားသလား)
Yes, I do.
(2) Does she go to the market? (သူ(မ) ဈေးသွားသလား)
No, she doesn't. (ဟင့်အင်း။ သူ(မ) မသွားဘူး။
(3) Do you want a ball-pen? (မင်း ဘောပင် လိုချင်သလား)
No, I don't. (ဟင့်အင်း ၊ ငါမလိုချင်ဘူး)
(4) Don't you go to your teacher? (မင်းရဲ့ဆရာဆီ မင်းမသွားဘူးလား)
Yes, I go. ( ဟုတ်ကဲ့  ကျနေ်ာသွားတယ်)
(5) Did the guests come yesterday? (မနေ့က ဧည့်သည်တွေလာကြသလား)
Yes, they did. (ဟုတ်ကဲ့ ၊ သူတို့လာကြတယ်)
No, they didn't. (ဟင့်အင်း၊ သူတို့မလာကြဘူး)
Do ကြိယာကို မဟုတ်ဝါကျ Negative Sentence လုပ်ဖို့သုံးတယ်။

(1) I don't go to school today.
(2) She doesn't go to town.
(3) Don't forget to write to me. (ငါ့ဆီစာရေးဖို့မမေ့နဲ့)
အဓိပ္ပါယ်လေးနက်စေဖို့ Do ကြိယာကို ထည့်သုံးတယ်။

(1) Do help me. (ငါ့ကိုကူညီဖြစ်အောင် ကူညီစမ်းပါ)
(2) Do shut up. (တိတ်တိတ်နေစမ်းပါ)
(3) I do hate you. (မင်းကို ငါမုန်းတယ်)
(4) He does look tired. (သူ တကယ်မောပန်းနေပုံရတယ်)
(5) Do stay for dinner. (ညစာစားဖို့ နေဖြစ်အောင် နေပါ)
ကြိယာဝိသေသန (သို့) ကြိယာဝိသေသနစကားစုကို ဝါကျရှေ့မှာထားတဲ့အခါ do ကြိယာကို ကတ္တားရှေ့မှာ ခံပေးရပါတယ်။

(1) Rarely does she go out. (သူ (မ) အပြင်ထွက်ခဲတယ်)
(2) Very seldom does he smoke. (သူဆေးလိပ်အင်မတန်သောက်ခဲတယ်)
(3) Not only does she come, she also brings some flowers. (သူမလာရုံတင်မကဘူး၊ ပန်းအချို့ကိုလည်း ယူလာတယ်)
(4) No longer did we arrive home than the light went out.(ငါတို့အိမ်ရောက်ပြီး မကြာခင် မီးပျက်သွားတယ်)
(5) Rarely did she request help but this was an urgent matter.( သူ(မ) အကူအညီတောင်း ခဲတယ်၊ ဒါပေမဲ့ ဒါကအရေးပေါ်ကိစ္စဖြစ်နေတယ်).
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လေ့လာရင်း တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS