RSS

“မင်း” ၀ါဒများ

“မင်း” ၀ါဒများ
သင်္ခါရတရား မသိငြား
အသိတရား လွန်ခေါင်းပါး
စာနာတရား ဘေးမှာထား
ငါနိုင်ငါစား ပြုသူများ
နောင်တတရား နောင်မှရ……………..။
အတ္တမာန ဂုဏ်ဓနနဲ့
နိမ့်ပါးဘ၀ လူတန်းစားမှာ
လှည့်စားချယ်လှယ် ပြုအပ်ကြတယ်
ငါတို့ဘ၀ လေ့လွင့်ခဲ့ရ……………..။
ဂုဏ်ဓနမဲ့ သုညပဲမို့
ကိန်းဂဏာန်းရှာ သူ့ကျွန်ပမာ
ကျွန်ငါမဟုတ် သခင်သမုတ်လို့
ငါတို့ကြိုးစား တိုးမပွားခဲ့
စိတ်နာနာနဲ့ ဖြေသိမ့်ခဲ့
ဖြစ်ပျက်သမျှ နောင်တမရ
မရေရာဌာန ဖြေစရာမရ
မာနဌာနေ ရွက်လွင့်ကြွှေ………………..။
သူငါလူသား မေတ္တာမထား
သူတို့အတ္တ အစွန်းရောက်ကြ
ပကာသန အရှိန်ရ
ဂုဏ်ပါဝါကို ထုတ်ပြကြ
ပုံမကျန အကျည်းတန်းလှ………..။
လုပ်ရပ်တွေက ထုံးစံမပါ
ငါ့အတွက်ပဲ ကြည့်ကြတာ
စာနာသနား သူတို့မထား
“မင်း” ၀ါဒများ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment