If in Doubt, Ask!
("မရှင်းလျှင် .......မေး")
ဒီစကားလုံးက ရှင်းရှင်းလေးပါ......
ရှင်းရှင်းလေးပေမယ့် အရမ်းအရေးကြီးတဲ့စကားတစ်ခွန်းလို့ဆိုနိုင်ပါတယ်
့
တစ်ချို့ ကုမ္ပဏီကြီးတွေရဲ့ ရုံးခန်းမှာရော......ကျနော် လက်ရှိလုပ်ကိုင်နေတဲ့
လုပ်ငန်းခွင်ဝင် Project တွေမှာရော
စာလုံးကြီးတွေနဲ့ ရေးထားတာကို တွေ့နေရပါတယ်........
(ဥပမာ.........ရန်ကုန် MICT Part ထဲမှာရှိတဲ့ Building 3 # မှာလားမသိဘူး
ရသာချိုကုမ္ပဏီ ဆိုတာရှိတယ်...... ရသာချိုကုမ္ပဏီဆိုတာက ယမ်ယမ်ခေါက်ဆွဲ တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီရုံးခန်းထဲမှာ စာလုံးအကြီးကြီးနဲ့ စာတမ်းတစ်ခု တွေ့ရပါလိမ့်မယ်.
အဲ့ဒါကတော့ If in Doubt , Ask.......! ဆိုတဲ့ဆောင်ပုဒ်ပါပဲ........)
ဒါက ဘာကိုပြောလဲဆိုတော့.....
Commmunication အတွက် အထောက်အကူပြုတဲ့အတွက်ကြောင့်ပါ..........
လုပ်ငန်းတစ်ခုမှာ အလျှင်လိုမှုကြောင့် Phone / i-con ကြောင့်လည်းကောင်း
လူကြုံနဲ့ တစ်ဆင့်ကြောင့်လည်းကောင်း
နားလည်မှုလွဲခြင်းကြောင့်လည်းကောင်း
လင်မယားကြားတွင်သော် လည်းကောင်း
အမျိုးမျိုးသော နားလည်မှုလွဲခြင်းကြောင့်
(Communication လွဲမှားမှုကြောင့်) ပျက်စီးဆုံးရှုံးမှုတွေနဲ့ အထင်လွဲမှားတွေဖြစ်လာတတ်ကြတဲ့အတွက်
If in Doubt, Ask..... (မရှင်းလျှင်......မေး) ဆိုပြီးပေါ်လာတာလို့ ဆိုလို့ရပါမယ်။
Communication က ဘာသာစကားတစ်ခုတွင်မက အခြားသော လူမှုအသိုင်းအ၀ိုင်းနှင့် လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းပိုင်းတွင်ပါ
အကျုံးဝင်သက်ရောက်တဲ့အတွက်
လေ့လာစရာတစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်............
အလင်္ကာည
0 comments:
Post a Comment