RSS

အိပ်ယာထလည်း နောက်ကျ……

ခေါင်းစဉ်ကိုကြည့်ပြီး ကိုမျိုးကျော့မြိုင်ဆိုတဲ့သီချင်းလို့လည်း မထင်လိုက်ပါနဲ့….
ညဘက်စောစောအိပ်ယာမ၀င်တတ်တဲ့အကျင့်တွေရှိကြတဲ့
မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖတ် တွေ ကြား မှာ တွေ့မြင်ရ၊
ကြားရဖန်များတော့ ဒီအကြောင်းလေးကို ရေးဖြစ်တာပါ။
ကျွန်တော်သူငယ်ချင်းတစ်ယောက်ရှိတယ်။ Journal List တစ်ယောက်ပါ။ တစ်နေကုန်
မီဒီယာလုပ်ငန်း ကိစ္စတွေနဲ့ ပြေးလွှားရ အချိန်ကုန်နေရသူတစ်ယောက်ပါ.
..ညဘက်ရောက်တော့လည်း ညတစ်နာရီထက် စောစောမအိပ်တတ်ဘဲ အင်တာနက်သုံးရင်း
လုပ်ငန်းပိုင်းဆိုင်ရာ Website တွေကို Update လုပ်ရင်းနဲ့ပဲ
အချိန်ကုန်သွားမှန်းမသိကုန်သွားတယ်။ မနက်ကျတော့လည်း ရုံးချိန်အမှီ
တက်ရပြန်တော့ အိပ်ရေးကမ၀ တော့ ကျန်းမာရေးက ထိခိုက်လာတယ်။ ဒါက ကဏ္ဍတစ်ခု….
နောက်ပြီး တစ်ချို့ သူငယ်ချင်းတွေဆို မနက် (၃)နာရီ ၊(၄)နာရီ ထိုးမှ
အိပ်ယာဝင်တတ်ကြတယ်။
ဘာတွေများလုပ်နေကြလို့ ထင်ပါသလဲ…..?????
(၁) လုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တွေကို အင်တာနက်ကရှာရင်း ၊သုံးရင်းနဲ့
အချိန်ကုန်သွားကြတယ်။
(၂) တစ်ချို့က ဂိမ်းဝါသနာပါတဲ့သူဆိုရင် ဂိမ်းကစားရင်း အချိန်ကုန်ကြတယ်။
(၃) နောက်တစ်မျိုးက မိတ်ဆွေတွေနဲ့သောက်စားပြီး KTV, အနှိပ်ခန်း၊
တို့ဆီသွားရင်း တော်တော်နဲ့ ပြန်မလာနိုင်ဘဲ အချိန်ကုန်သွားကြတယ်။
(၄) သူငယ်ချင်းတွေဖြစ်တဲ့ မိန်းကလေးတွေဆိုရင်လည်း ဖုန်းပြောလျှင်ပြော၊
အဲ…ဖုန်းတစ်ခါပြောတော့ လည်း အနည်းဆုံး (၂)နာရီလောက်တော့ကြာသေးတယ်ဗျာ..
မပြောရင်လည်း TV (သို့) Video ကြည့် တယ်။ (သို့)
မိမိအလှအပရေးရာများနဲ့ပတ်သတ်ပြီး လုပ်နေတတ်သူများဖြစ်နေတာကို
တွေ့ရပြန်တယ်.။
ဖုန်းပြောတာကျတော့ရော…………ဖုန်းဆိုတာ မဖြစ်မနေပြောရမယ့်အကြောင်းအရာတွေရယ်၊
အလှမ်း ဝေးကွာနေတဲ့နေရာတွေကို အချင်းချင်းဆက်သွယ်ဖို့အတွက်ရယ်….
အဲ့ဒီကိစ္စရပ်တွေကလွဲလို့ နာရီပေါင်း များစွာကြာအောင် ပြောခြင်းဟာ
ဖုန်းဘေ ပိုက်ဆံကုန်ခြင်းနဲ့ အချိန်ကုန်ခြင်းက လွဲလို့ ဘာများ အကျိုးထူး
နိုင်လဲ????။
TV နဲ့ Video ကြည့်ခြင်းကရော….. ဖျော်ဖြေမှုအရပဲဖြစ်ဖြစ်၊
ဗဟုသုတရအောင်ပဲဖြစ်ဖြစ် မျက်စိကျန်းမာရေးအရရော၊ အချိန်အားဖြင့်ရော တစ်ခွေ
(သို့) အလွန်ဆုံး နှစ်ခွေသာ ကြည့်လို့ကောင်းတဲ့ အရာပါ။ တရုတ်၊
ကိုးရီးကားလို ဇာတ်လမ်းတွဲများစွာကို
ခြေကုန်လက်ပန်းအကျခံပြီးကြည့်ရအောင် အချိန် တွေ အကျိုးမဲ့
ကုန်ဆုံးခံသင့်ပါသလား…..၊????
လူတော်တော်များများကတော့ ဒီအကြောင်းအရာတွေနဲ့ပဲ
မိမိတို့တန်ဖိုးရှိအချိန်တွေကို အကုန်ခံ အသုံးချနေတာ
ငြင်းလို့မရတဲ့အကြောင်းအရာပါ။ တစ်ခါတစ်လေပြုမူတဲ့ အပြုအမူမျိုးမဟုတ်ဘဲ၊
ဒီအကျင့် တွေကို အကျင်းကောင်းတစ်ခုလို စွဲမြဲစွာ
လုပ်လာခြင်းရဲ့နောက်ဆက်တွဲကတော့ ကျန်းမာရေးအတွက် အပြင်၊ မနက်မိုးလင်းတော့
လုပ်ငန်းခွင်ထဲကိုဝင် တ၀ါးဝါးနဲ့ စိတ်ကမကြည်မလင် အိပ်ရေးကမ၀၊ ကြာတော့
အရည်အချင်းအတွက်ပါ တဖြည်းဖြည်း ကျဆင်းလာတော့မှာပါ။
ရှေးလူကြီးများက ပြောခဲ့ကြတာရှိပါတယ်..
အချိန်နဲ့စား ၊
အချိန်နဲ့လုပ်၊
အချိန်နဲ့ပညာရှာ..….ဆိုတဲ့ စကားက လွယ်လင့်တကူပြီးပြီးရော
ပြောခဲ့တဲ့စကားတစ်ခွန်းမဟုတ်ပါဘူး။
စားတဲ့နေရာမှာ စည်းစနစ်မရှိဘဲ အချိန်ကာလအတိုင်းအတာမရှိရင် ဘေးဖြစ်တတ်ပါတယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် အချိန်ကာလတစ်ခု သတ်မှတ်မထားဘူးဆိုရင်လည်း
ပန်းတိုင်မရှိ ရည်မှန်းချက် မသဲကွဲဘဲ ဘ၀ပျက်တတ်ပါတယ်….
ပညာရှာရမှာလည်း ဘယ်ပညာရပ်မဆို သင်ယူဖို့ အချိန်ကာလတစ်ခုတော့ရှိပါတယ်။
ဒီအခွင့်အရေးကာလအတွင်းမှာရအောင်မယူနိုင်ရင် ကိုယ့်အတွက် ပိုက်ဆံကုန်၊
လူပန်းကြာလေကြာလေ လောကအတွက် ဘာမှအသုံးမ၀င်တဲ့ လူဖြစ်သွားတော့မှာပါ။
ဒီတော့ မိဘပတ်ဝန်းကျင်အသိုင်းအ၀ိုင်း (သို့) အိမ်သူသက်ထားက
ပြင်ပေးရမလား….?? (သို့) မိမိကိုယ်တိုင်ပြင်မှပဲ ရတော့မလားဆိုတာကို
စဉ်းစားရင်း ဖော်ပြလိုက်ပါတယ်။
လူကို စိတ်အုပ်ချုပ်သည်။
စိတ်ကို ပညာအုပ်ချုပ်သည်။
ပညာကို ဗဟုသုအုပ်ချုပ်သည်။
သို့အတွက် ဗဟုသုတများအောင်
စာအုပ်မျိုးစုံကို ဖတ်ရှုကြကုန်လော့။
(ပီမိုးနင်း)

အလင်္ကာည
၂၀၁၂ ခုနှစ်၊ မတ်လ (၁၀)ရက်

--

Best Regards,

www.alinkarnya.blogspot.com
www.myanmaritresource.info

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment