RSS

Already and All ready

Already and All ready (မှားယွင်းတတ်သည့် သဒ္ဒါနှင့် ဝေါဟာရအသုံးအနှုန်းများ )

Already and All ready
already  ဟာ adverb ဖြစ်ပြီး “ပြီးနှင့်ပြီ၊ (ရောက်၊ ရှိ၊ သွား )နှင့်ပြီ” လို့ ဆိုလိုပါတယ်။
all ready ကတော့ “အဆင့်သင့်ဖြစ်နေပြီ၊ အသင့်ဖြစ်နေပြီ” လို့ အဓိပ္ပါယ်ရပါတယ်။
ဥပမာ. (၁)
We are already for the show.   ( အမှား)
We are all ready for the show. (အမှန်)

ပထမဝါကျမှာ “ငါတို့ဟာ ကပွဲအတွက် အသင့်ဖြစ်နေပြီ” လို့ ပြောချင်တာပါ။ အဲ့ဒီနေရာမှာ Adjective ဖြစ်တဲ့
all ready ကို သုံးရမှာဖြစ်ပါတယ်။ ကြိယာဖြစ်အောင် Verb to be နဲ့တွဲပြီးရေးရပါမယ်။ အဲ့ဒါကြောင့် ပထမ ဝါကျမှာ already ကို သုံးထားတာကြောင့်မှားနေပါတယ်။ ဒုတိယဝါကျလိုရေးမှ မှန်ပါလိမ့်မယ်။

ဥပမာ(၂)
They have all ready arrived. (အမှား)
They have already arrived. (အမှန်)

ဒုတိယဝါကျမှာက “သူတို့ရောက်နှင့်နေပြီ” လို့ဆိုလိုတာပါ။
ဒါကြောင့် ပထမဝါကျဟာ မှားပြီး ဒုတိယဝါကျကသာ မှန်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment