ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်း
“PLEASE” = …………………..ပါ ။ (ကျေးဇူးပြု) [ S ကို Z အသံထုတ်ပါ)
ဒီစာလုံးကို ငယ်ငယ်ကတည်းက ကျွန်တော်တို့သင်လာခဲ့ကြတာပါ။ “ကျေးဇူးပြု၍” လို့ ကျက်မှတ်ဖူးမယ်။ ဒါပေမဲ့ မြန်မာပတ်ဝန်းကျင်မှာ “ကျေးဇူးပြု၍” လို့ ပြောတဲ့သူ မရှိပါဘူး။ ပတ်ဝန်းကျင်မှာမသုံးတဲ့ မြန်မာဘာသာပြန်ကို ကျွန်တော်က ကြိယာနဲ့တွဲသုံးရင် ပိုမိုယဉ်ကျေးတဲ့ “……………ပါ” ထည့်ပြောတဲ့ပုံစံ သုံးပါမယ်။
ဥပမာ-
ပြော - ပြောပါ
(အမိန့်ပေး) - (တောင်းပန်)
SPEAK - PLEASE, SPEAK
PLEASE, SPEAK - ပြောပါ
PLEASE, SIT - ထိုင်ပါ
PLEASE, DRINK - သောက်ပါ
PLEASE, GIVE - ပေးပါ
PLEASE, ANswer - ဖြေပါ
PLEASE, DO - လုပ်ပါ
PLEASE, LISten - နားထောင်ပါ
PLEASE, READ - ဖတ်ပါ
PLEASE, wRite - ရေးပါ
PLEASE, COME - လာပါ
PLEAEE, EAT - စားပါ
PLEASE, STAND - ထပါ
PLEASE, TAKE - ယူပါ
PLEASE, SLEEP - အိပ်ပါ
PLEASE, ASK - မေးပါ
PLEASE, LOOK - ကြည့်ပါ
PLEASE, Open - ဖွင့်ပါ
PLEASE, TEACH - သင်ပေးပါ
PLEASE, UNderSTAND - နားလည်ပါ
ဒီလိုဆိုရင် ယဉ်ကျေးတဲ့ တောင်းပန်စာကြောင်းတွေရလာပါလိမ့်မယ်.
တားမြစ်ဝါကျ
Don’t = မ…………….နဲ့
ဒီစာလုံးကို ကြိယာရှေ့ကထားရင် “မ…….နဲ့” ဆိုတဲ့ တားမြစ်စာကြောင်းရပါမယ်.
ဥပမာ -
SPEAK - ပြော
Don’t SPEAK - မပြောနဲ့
COME - လာ
Don’t COME - မလာနဲ့
ကျွန်တော်တို့သိတဲ့ ကြိယာတွေနဲ့ တွဲပြီးလေ့ကျင့်မယ်ဆိုရင် တားမြစ်စာကြောင်းတွေ များစွာရလာပါမယ်။
တောင်းပန်+ တားမြစ်ဝါကျ
ယဉ်ကျေးစွာ တားမြစ်ချင်ရင်တော့ PLEASE စာလုံးကို ရှေ့ကထည့်လိုက်ရင် တောင်းပန်+တားမြစ်ဝါကျ ရလာပါလိမ့်မယ်။
PLEASE, DON’T SPEAK - မပြောပါနဲ့
PLEASE, DON’T COME - မလာပါနဲ့
ကျွန်တော်တို့အခုဆိုရင် SPEAK ဆိုတဲ့ ကြိယာတစ်လုံးတည်းနဲ့
- အမိန့်ပေးဝါကျ - SPEAK
- တောင်းပန်ဝါကျ - PLEASE, SPEAK
- တားမြစ်ဝါကျ - DON’T SPEAK
- တောင်းပန်+တားမြစ်ဝါကျ - PLEASE, DON’T SPEAK တွေနားလည်လာပါမယ်.
Xxxxxxxxxxxxxxxxxxxxxxxx
“အမေး………………လဲ “ဝါကျ
wHo = ဘယ်သူ…………..လဲ (W အသံမထွက်ရ)
သူ့နောက်က ကြိယာတစ်လုံးထည့်လိုက်ရင်. “အမေး………..လဲ” ဝါကျတစ်ကြောင်းရပါပြီ.
ဥပမာ
wHO SPEAKS = ဘယ်သူပြောလဲ
wHO COMES = ဘယ်သူလာလဲ
ဒီစာလုံးနောက်က ကြိယာကို နောက်က -S (စ်) ထည့်ပေးရတယ်။ အချို့ကြိယာတွေကိုတော့ - ES ထည့်ပေးရပါတယ်.
GO _ GOES = သွား (တယ်)
DO _ DOES = လုပ် (တယ်)
TEACH _ TEACHES = သင်ပေး (တယ်)
ကျွန်တော်တို့သိတဲ့ ကြိယာတွေကို wHO နဲ့ တွဲပြီးလေ့ကျင့်မယ်ဆိုရင် “အမေး………လဲ” ဝါကျတွေရရှိ လာပါလိမ့်မယ်။
wHO GOES = ဘယ်သူသွားလဲ
wHO DOES =ဘယ်သူလုပ်လဲ
wHO TEACHES =ဘယ်သူသင်ပေးလဲ
xxxxxxxxxxxxxxxxxxxxxxx
အခု လူတွေအတွက် သုံးတဲ့နာမ်စား PRONOUN တွေကို လေ့လာကြည့်ရအောင်
- I = ငါ ၊ ကျွန်တော်၊ ကျွန်မ ( မှတ်ချက်။ “ကျွနု်ပ်” လို့ ပတ်ဝန်းကျင်မှာ မသုံးပါ)
- We = ငါတို့ ၊ ကျွန်တော်တို့၊ ကျွန်မတို့
- You = မင်း၊ နင်၊ ခင်ဗျား၊ ရှင်၊ မင်းတို့၊ နင်တို့၊ ခင်ဗျားတို့၊ ရှင်တို့ ( မှတ်ချက်၊ “သင်” လို့ပတ်ဝန်းကျင်မှာ မသုံးပါ။
- He = သူ
- She = သူ(မ)
- It = သူ၊ အဲ့ဒါ [“၎င်း” လို့ပတ်ဝန်းကျင်မှာမသုံးပါ]
- They = သူတို့
ကြိယာတစ်လုံးထည့်လိုက်ရင် “ရိုးရိုး ဟုတ်ဝါကျ” တွေရပြီး
I , We , You , They နောက်က မူလကြိယာထည့်ပါ။
he, she, it နောက်က -S လိုက်တဲ့ ကြိယာထည့်ပါ။
“ရိုးရိုး ဟုတ်ဝါကျ” ရဲ့နောက်ဆုံးအသံကို နှိမ့်သံ Glide Down နဲ့ပြောရပါမယ်..
ဥပမာ.
- I SPEAK = ငါပြောတယ်
- we SPEAK = ငါတို့ပြောတယ်
- you SPEAK = မင်း/ မင်းတို့ပြောတယ်
- they SPEAK = သူတို့ပြောတယ်
- he SPEAK S = သူပြောတယ်
- she SPEAKS = သူပြောတယ်
- it SPEAKS = သူပြောတယ်
အားလုံးသော သူငယ်ချင်းများကို
ခင်မင်စွာဖြင့်
အလင်္ကာည
0 comments:
Post a Comment