RSS

Altogether and all together

Altogether and all together
စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်က တူတူပဲလို့ ထင်စရာရှိတယ်။ တကယ်တော့မတူပါဘူး။ ဒါကြောင့်မို့ဒီလိုစကားလုံးမျိုးသုံးတဲ့အခါ သတိထားသုံးဖို့လိုအပ်ပါတယ်၊ အဓိပ္ပါယ်ကိုလည်း တိတိကျကျသိရ ပါမယ်။
Altogether ကို “လုံးဝ၊အားလုံး၊အပြည့်အဝ၊လုံးလုံးလျားလျား၊အားလုံးပေါင်း၊ အားလုံးခြုံငုံလိုက်သော်” စသည့် ဖြင့် အဓိပ္ပါယ်တွေရှိပါတယ်။ သူ့ရဲ့ Function က ကြိယာဝိသေသန စကားလုံးပါ။
အောက်မှာပေးထားတဲ့ဝါကိများကို လေ့လာကြည့်ပါ။
I don’t altogether agree. (ကျနေ်ာလုံးဝသဘောမတူဘူး)
It is altogether wrong to ill-treat animals. ( တိရစ္ဆာန်တွေကို မညှာမတာ ပြုမူတာဟာ လုံးဝမှားယွင်းတယ်)

All together ကတော့ “တစ်ယောက်ချင်းဆီ၊ တစ်ခုချင်းစီ ပါဝင်တဲ့ အားလုံးစုစုပေါင်းအရေအတွက်" ကိုဆိုလိုတာပါ။ ဥပမာဝါကို ဖတ်ကြည့်လိုက်ရင် အဓိပ္ပါယ်ရှင်းသွားပါလိမ့်မယ်။
They all went out together. (သူတို့အားလုံးအပြင်ကို သွားခဲ့ကြတယ်)
She put the glasses all together in the sink. ( သူ(မ)ဟာ ဖန်ခွက်တွေအားလုံးကို ပန်းကန်ဆေးကန်ထဲ ကို ထည့်ထားလိုက်တယ်)

လေ့လာရင်းတိုးတက်နိုင်ပါစေ
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment