RSS

I’d rather + (Verb)

I’d rather + (Verb)
တစ်ခုခုလုပ်ရတာကိုပိုပြီးနှစ်သက်တယ်လို့ပြောချင်ရင်တော့ I’d rather+(Verb) ပုံစံနဲ့ပြောဆိုနိုင်ပါတယ်။ I’d rather ကို တစ်လုံးချင်းရေးမယ်ဆိုရင် I would rather လို့ရေးရပါမယ်။ would rather ရဲ့ အဓိပ္ပါယ် ကတော့ ပိုကြိုက်တယ် ပိုနှစ်သက်တယ်လို့ ဆိုလိုပါတယ်။ prefer ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပါယ်တူပါတယ်။ နောက်ဘက်က finite ပုံစံဖြစ်တဲ့ V1 ပုံစံလိုက်ရပါမယ်။  ဟိုဟာလုပ်ရတာကိုကြိုက်တယ်။   ဒီဟာလုပ်ရ တာကိုပိုကြိုက်တယ်လို့ ဆိုလိုတာပါ။

ဥပမာ-

I’d rather talk about this later.
ကျွန်တော်ဒီအကြောင်းကို နောက်ကျမှ ပြောပြချင်တယ်။

I’d rather eat at home than go get fast food.
အမြန်မှာယူစားသောက်နိုင်တဲ့ အစားစားကိုသွားပြီး ဝယ်စားတာထက် အိမ်မှာစားရတာကို ကျွန်တော် ပိုကြိုက်တယ်။

I’d rather stay late than come in early tomorrow.
မနက်ဖြန် စောစောလာတာထက် နောက်ကျပြီးနေတာကို ကျွန်တော်ပိုကြိုက်တယ်။

I’d rather handle the problem myself.
ပြသနာကို ကျွန်တော်ကိုယ်တိုင်ဖြေရှင်းတာကို ပိုကြိုက်တယ်။

I’d rather know the answer.
အဖြေသိရတာ ပိုကောင်းတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်လက်ဖော်ပြပါမည်။

အားလုံးကိုခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment