RSS

Using the Verb to be (ဖြစ်ခြင်း၊ ရှိခြင်းပြ ကြိယာအသုံးပြုခြင်း)

Using the  Verb to be
ဖြစ်ခြင်း၊ ရှိခြင်းပြ ကြိယာအသုံးပြုခြင်း

Verb to be : am, is, are, was, were, be, being, been

ဖြစ်ခြင်း၊ ရှိခြင်းပြကြိယာတွေက စကားပြောရမှာ အများဆုံးအသုံးပြုရတဲ့ကြိယာတွေပါ။
၎င်းတို့ကို “ဖြစ်သည်၊ ရှိသည်” အဓိပ္ပါယ်နဲ့ပင်မကြိယာအဖြစ်လည်းသုံးတယ် ၊ အခြားကြိယာတွေကို သွားကူပေးရတဲ့အကူကြိယာ အနေနဲ့လည်းသုံးပါတယ်။ (ဖြစ်၊ ရှိ) လို့ပဲမှတ်ပါ.
ဒီကြိယာတွေကိုမှန်မှန်သုံးစွဲတတ်ရင် စကား တော်တော်ပြောတတ်ပါပြီ။



Verb to be တို့ကို နာမ်၊နာမ်စားတို့နဲ့ လိုက်ဖက်ညီအောင်တွဲစပ်ပုံ
နာမ်၊ နာမ်စား ပစ္စုပ္ပန် အတိတ် အနာဂတ်
I am was shall be
He, She, it, A man is was will be
We, You, They, Men, Girls are were we shall be,
you will be,
They will be


အတိုကောက်အသုံးပြုပုံ
I am I'm
He is He's
She is She's
It is It's
We are We're
You are You're
They are They're
He is not He isn't
She is not She isn't
It is not It isn't
We are not We aren't
You are not you aren't
They are not They aren't
I was not I wasn't
He was not He wasn't
She was not She wasn't
It was not It wasn't
We were not We weren't
You were not You weren't
They were not They weren't
I shall be I'll be
He will be he'll be
She will be She'll be
You will be You'll be
They will be They'll be
I shall not I shan't
We shall not We Shan't
You will not You won't
He will not He won't
She will not She won't
They will not They won't
I have been I've been
We have been We've been
You have been You've been
He has been He's been
She has been She's been
It has been It's been
Verb to be ကို "ဖြစ်သည်" အဓိပ္ပါယ်နဲ့ ပင်မကြိယာအဖြစ်သုံးပါတယ်။
(1) Who are you?  (မင်းဘယ်သူလဲ)
(2) Who is he? (သူဘယ်သူလဲ)
ဒီလိုမေးခွန်းမျိုးကို နာမည်ပြောပြီးဖြေနိုင်တယ်။
(3) I'm Tun Win. (ကျနေ်ာထွန်းဝင်းပါ)
(4)  You're Mya Aye. ( မင်းက မြအေးပါ)
(5) He is U Ba. (သူက ဦးဘ ပါ)
(6) She is Sein Sein. (သူ(မ)က စိန်စိန် ပါ)
နာမည်အစား ၊ အဖေ၊အမေ၊ အဒေါ် စသည် ဖြစ်တယ်လို့လည်းဖြေနိုင်ပါတယ်။
Who is he? (သူဘယ်သူလဲ)
He is my father. (သူက ကျနော့်အဖေ ပါ)

Who is that woman? (ဟိုအမျိုးသမီးက ဘယ်သူလဲ)
She is my aunt. (သူမက ကျွန်မအဒေါ် ပါ)

Who is that boy? (ဟိုကောင်ကလေးက ဘယ်သူလဲ)
He's my younger-brother. (သူက ကျွန်တော့်ညီ ပါ)
ဒါမှမဟုတ် သူက ကျောင်းသားပဲ၊ လယ်သမားပဲ စသည်ဖြင့်လည်း ပြောနိုင်ပါတယ်။
Who is he?
He is a student.
What is he? သူဘာလုပ်သလဲ။
ဒီမေးခွန်းက အလုပ်အကိုင် ကိုမေးတာပါ။ဒါ ဘာလုပ်တယ်ဆိုတာပြောဆိုရပါမယ်.
(1) He's a salesman. (သူက အရောင်းစာရေးပါ)
(2) She's a housemaid. (သူ(မ)က အိမ်ဖော်ပါ)
(3) What is your Uncle? (မင်းဦးလေးက ဘာလုပ်သလဲ)
He's an engineer. (သူက အင်ဂျင်နီယာတစ်ယောက်ပါ)
What is your name? မင်းနာမည်က ဘာလဲ။
ဒါက နာမည်မေးတာဖြစ်တော့ နာမည်ပဲဖြေရမှာပါ.။
(1)My name is AlinKarNya.

(2) What is his name?
His name is La Wun Cho Cho.
လမ်းနာမည်စသည်တို့ကိုလည်း အလားတူမေးမြန်းနိုင်ပါတယ်.။
(1) What is this street?
This is the 1st Street.

(2) What street is this?
This is the 2nd street.

(3) What street is that? (ဟိုဟာက ဘာလမ်းလဲ)
That is the 13th Street.

(4) What road is the next road? (နောက်လမ်းက ဘာလမ်းလဲ)
The next road is Stand road.
Verb to be ရဲ့ အဖြည့်ခံအဖြစ် နာမ်အစား နာမဝိသေသန ကိုလည်း ထည့်အသုံးပြုလို့ရပါသေးတယ်။
(1) I'm tall.
(2) You're short.
(3) She is pretty.
(4) Ko Myo Ko Ko is Hansome.
(4) Nyo lei Ye is friendly.
(5) KhunSakCho is intelligent.
(6) This child is lovely.
Verb to be ကို "ရှိသည်" အဓိပ္ပါယ်နဲ့လည်း ပင်မကြိယာအဖြစ်သုံးလို့ရပါသေးတယ်။
(1) Where are you?
I'm here.

(2) Where is your father?
He's in the farm.

(3) Where is your sister?
She's in the house.

(4) Where are your books?
They are on the table.

(5) Where is the bus stand?
It is over there.

(6) Where is the post office?
It is on the Strand Road.
Verb to be ရဲ့နောက်မှာ not ထည့်လိုက်ရင် "မရှိဘူး" "မဖြစ်ဘူး" လို အဓိပ္ပါယ်ရပါတယ်။
(1) My father isn't at home.
(2) The teacher isn't at school.
(3) Your books aren't in my bag.

Verb to be ကို ဝါကျရှေ့ထားလိုက်ပြန်ရင် မေးခွန်းဖြစ်သွားပြန်ပါတယ်။
(1) Are you a Student?
Yes. (ဟုတ်ကဲ့)
No. (မဟုတ်ပါဘူး)
Yes, I am. (ဟုတ်ပါတယ် ၊ကျနေ်ာကျောင်းသားပါ)
No, I'm not. (ဟင့်အင်း၊ ကျနော် ကျောင်းသားမဟုတ်ဘူး)
Yes, I'm a student.
No. I'm not a student.
ကြိုက်သလိုနည်းနဲ့ဖြေဆိုနိုင်ပါတယ်.။
ှု
(2) Is Tun Naung a footballer? (ထွန်းနောင်က ဘောလုံးသမားလား)
Yes, he is. / No, he isn't.

(3) Isn't he a tennis-player? ( သူက တင်းနစ်ကစားသူမဟုတ်ဘူးလား).။
Yes, he is. / No, he isn't.
Verb to be ကို အကူကြိယာအနေနဲ့ ဖြစ်ဆဲကာလ Continuous Tense  ကို ဖော်ပြဖို့အတွက်လည်းသုံးပါတယ်။
(1) I'm writing. (ကျနေ်ာစာရေးနေတယ်)
(2) My father is reading the morning newspaper. (ကျနေ်ာအဖေ နံနက်သတင်းစာ ဖတ်နေတယ်)
(3) It isn't raining now. (ယခုမိုးရွာမနေဘူး)
(4) Yin Yin is washing clothes. (ယဉ်ယဉ် က အဝတ်လျှော်နေတယ်)
(5) Your mother is calling you. (မင်းအမေ မင်းကို ခေါ်နေတယ်)
နီးကပ်နေတဲ့အနာဂတ်ကာလကိုလည်း "going to" နဲ့ဖော်ပြတယ်။
(1) Is she going to sing?( သူမ သီချင်းဆိုမလား။)
(2) The baby is going to cry. (ကလေး ငိုတော့မယ်)
(3) We're going to see a movie tonight. (ငါတို့ ဒီည ရုပ်ရှင်ကြည့်ကြမယ်)
Passive Voice ကို ဖော်ပြဖို့ Verb to be + V-ed/en ပုံစံကိုလည်းအသုံးပြုကြပါသေးတယ်။
(1) A girl was hit by a car. (မိန်းကလေးတစ်ယောက် ကားတိုက်ခံရတယ်)
(2) Each child was a given a sweet. (ကလေးတစ်ယောက်ဆိကို သိကြားလုံးတစ်လုံးပေးတယ်)
(3) Are you married.? (မင်းလက်ထပ် ပြီးပြီလား)
No, I'm not. I'm single. (ဟင့်အင်း၊ လက်မထပ်ရသေးဘူး၊ ငါက တစ်ကိုယ်ရေသမားပဲ)
(4) Your sister is engaged,isn't she? (မင်းညီမက စေ့စပ်ထားတယ်မဟုတ်ဘူးလား)
Yes, she is. (ဟုတ်တယ်၊ စေ့စပ်ထားတယ်)
She'll get married next month. ( နောက်လမှာ သူမလက်ထပ်မယ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီတစ်ခေါက်အကြောင်းအရာမှာတော်တော်လေးကိုရှည်သွားတယ်
လေ့လာရင်း တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment