RSS

I promise not to + (Verb)

I promise not to + (Verb)
မိမိက တစ်စုံတစ်ခုကို မလုပ်ဖို့ ကတိပေးပါတယ်လို့ ပြောတဲ့အခါမှာ I promise not to နဲ့ အစချီပြီး နောက်ဘက်ကနေ မိမိစိတ်ကူးအလိုက် Verb အမျိုးမျိုး ပြောင်းလဲထည့်ပေးပြီး သွက်သွက်လက်လက် ပြောဆိုနိုင်ပါတယ်။
ဥပမာတွေကို လေ့လာကြည့်ပါ။

I promise not to tell.
ပြောမပြဖို့ ကျွန်တော်ကတိပေးပါတယ်။

I promise not to leave without you.
မင်းမပါပဲ မထွက်ခွာဖို့ ငါ ကတိပေးပါတယ်။

I promise not to be so late.
အရမ်းနောက်မကျဖို့ ကျွန်တော်ကတိပေးပါတယ်။

I promise not to hurt your feelings.
ခင်ဗျားရဲ့ ခံစားချက်ကို မထိခိုက်စေဖို့ ကျွန်တော်ကတိပေးပါတယ်။

I promise not to wake you up.
ခင်ဗျားကို အိပ်ရာက မနှိုးဖို့ ကျွန်တော်ကတိပေးပါတယ်။
တစ်ခုခုလုပ်ပေးပါမယ်လို့ ပြောတဲ့အခါမှာတော့ I promise  to + (verb) ၊ (သို့မဟုတ်) I promise  + (that-clause) ပုံစံနဲ့ ပြောဆိုနိုင်ပါတယ်။
That-clause  ဆိုတာက that ရဲ့နောက်မှာ ဝါကျလိုက်တာကိုပြောတာပါ။ လွယ်လွယ်မှတ်မယ်ဆိုရင် that+subject+verb ပုံစံပါ။

ဥပမာ ဝါကျတွေကိုလေ့လာကြည့်ပါ။

I promise I am telling the truth.
ကျနော် အမှန်တရားကိုပြောဆိုနေတယ်ဆိုတာကို ကျနော်ကတိပေးပါတယ်။

I promise to practices my math.
သင်္ချာတွေကို လေ့လာဖို့ ကျွန်တော်ကတိပေးပါတယ်။

I promise to call you.
ခင်ဗျားကို ဖုန်းဆက်ဖို့ ကျွန်တော်ကတိပေးပါတယ်။

I promise I will tell you.
ခင်ဗျားကိုပြောပြမယ်လို့ ကတိပေးပါတယ်။

I promise I will come to your party.
ခင်ဗျားရဲ့ပါတီပွဲကို လာမယ်လို့ ကျွန်တော်ကတိပေးပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဆက်လက်ဖော်ပြပါမည်။

အားလုံးကိုခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment