RSS

I’m trying + to – infinitive / noun

I’m trying + to – infinitive / noun


တစ်စုံတစ်ခုကို ကြိုးစားလုပ်ဆောင်နေတယ်၊ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ပြောတဲ့အခါ မှာ I’m trying ကို  to- infinitive နဲ့တွဲပြီးပြောဆိုနိုင်ပါတယ်။ အရင်တုန်းက တစ်ခါမှမလုပ်ဖူးတဲ့ အကြောင်းအရာတစ်ခုကို စမ်းလုပ်ကြည့်တယ်လို့ ပြောဆိုရင်တော့ I’m trying ကို noun နဲ့တွဲပြီး ပြောဆိုပါတယ်။ စမ်းလုပ်ကြည့် တယ်၊ စမ်းမောင်းကြည့်တယ်ဆိုတဲ့ သဘောမျိုးကို ပြောတာပါ………. အဲ့ဒီအသုံးအနှုန်းပါတဲ့ ဥပမာဝါကျ တွေကို လေ့လာဖို့ ဖော်ပြလိုက်ပါတယ်။
I’m trying to get a job. (ကျနော်အလုပ်တစ်ခုရဖို့ ကြိုးစားနေတယ်)
I’m trying to call my family ( ကျနော် မိသားစုကိုခေါ်ဖို့ ကြိုးစားနေတယ်)
I’m trying to enjoy my dinner. (ကျနော် ညစာကိုမြိန်မြိန်ယှက်ယှက်စားဖို့ ကြိုးစားနေတယ်)
I’m trying to educate myself. ( ကျနော်ပညာတတ်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်)
I’m trying new food. (ကျနော်အစားအသောက်အသစ်ကို စမ်းစားကြည့်နေတယ်)
I’m trying to eat healthy. (ကျနော် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ကြိုးစားနေတယ်)
I’m trying to understand. (ကျနော် နားလည်သဘောပေါက်အောင် ကြိုးစားနေတယ်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment