RSS

Presentation နဲ့ ပတ်သတ်သော Keywords များ

Presentation နဲ့ပတ်သက်ပြီး အဓိကကျတဲ့ စကားလုံးတွေကို လေ့လာဖို့ဖော်ပြပေးလိုက်ပါတယ်
Audience
( လူစုလူဝေးကြားတွင် ဟောပြောတာ ၊ သီဆိုကပြဖျော်ဖြေတာကို နားထောင်သူ၊ ကြည့်ရှုသူ ပရိတ်သတ် များကို ခေါ်ဝေါ်သုံးစွဲတာဖြစ်ပါတယ်)
How many people do we expect in today’s audience?
ဒီကနေ့ ပရိတ်သတ်အနေနဲ့ လူဘယ်လောက်များများရှိမယ်လို့  ကျနော်တို့မျှော်လင့်ထားသလဲ၊??
Conference
(သက်မွေးကျောင်းတူတဲ့ ပုဂ္ဂိုလ်တွေ၊ သီးခြားလုပ်ငန်းထဲက ကိုယ်စားလှယ်ပုဂ္ဂိုလ်တွေ၊ ရက်ပေါင်းများစွာ စုဝေးပြီး အစည်းအဝေးတွေ၊ Presentation တွေ ဆက်တိုက်ပြုလုပ်ကြတာကို ကွန်ဖရင့်(သို့)ညီလာခံလို့   ခေါ်ဝေါ်သုံးစွဲကြပါတယ်)
The sales conference will be held in Sydney this year.
ဒီနှစ်ထဲမှာ အရောင်းဆိုင်ရာ ကွန်ဖရင့်ကို ဆစ်ဒနီမှာ ကျင်းပလိမ့်မယ်။
Meeting
(တစ်ခုခုကိုညှိနှိုင်းကြ၊ ဆွေးနွေးကြ ဆုံးဖြတ်ချက်ချကြဖို့ လူတွေဆုံးဆည်းကြတဲ့အခမ်းအနားကို အစည်းအဝေး၊ ညှိနှိုင်းဆွေးနွေးပွဲ လို့ ခေါ်ဆိုသုံးစွဲကြပါတယ်)
The weekly planning meeting has been cancelled.
အပတ်စဉ်ဆွေးနွေးနေကျ စီမံချက်အစည်းအဝေးကို ဖျက်သိမ်းလိုက်တယ်

Presentation
(ပရိတ်သတ်ရှေ့မှာ မိမိက ပြင်ဆင်လာပြီး ဟောပြောတင်ပြတာ ဖြစ်ပါတယ်)
She has been invited to give a presentation at the board meeting.
ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဟောပြောဖို့ သူ(မ) ဖိတ်ခေါ်ခံခဲ့ရတယ်။

Speaker
(ဟောပြောတင်ပြတဲ့ပုဂ္ဂိုလ်ကို ခေါ်တာပါ)
One of the speakers is an expert in company law.
ဟောပြောတဲ့ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဟာ ကုမ္ပဏီဥပဒေ ကို ကျွမ်းကျင်တယ်။

Speech
(များသေားအားဖြင့် နိုင်ငံရေးသမားတွေ ပုံမှန်လိုလိုဟောပြောကြတာမျိုးကို ခေါ်ဆိုပါတယ်၊ မြန်မာမှာ တော့ မိန့်ခွန်း လို့ပဲ မှတ်သားနိုင်ပါတယ်)

Talk
Talk ကို တစ်နည်းအားဖြင့် Presentation  လို့လည်းသုံးနိုင်ပါတယ်)
I’d like to thank our speaker for a very interesting talk.
ဟောပြောတဲ့ ပုဂ္ဂိုလ်က စိတ်ဝင်စားစရာကောင်းအောင် ဟောပြောနိုင်တာကို ကျနော်ဖြင့်ကျေးဇူးတင်တယ်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment