RSS

I would like to + (verb)

အင်္ဂလိပ်လိုလွယ်လွယ်ပြောကြရအောင် ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်.

 I would like to + (verb)
ဘာလုပ်ချင်တယ်၊ ဘာလုပ်ချင်တယ် စသည့်ဖြင့် ပြောဆိုတဲ့အခါ----
ဥပမာ- စားချင်တယ်၊ သောက်ချင်တယ်၊ သွားချင်တယ်၊ ကြည့်ချင်တယ်……. စသည်ဖြင့် ပြောဆိုတဲ့အခါမှာ သုံးနိုင်ပါတယ်။ ချင်တယ် လို့ ဘာသာပြန်ဆိုနိုင်ပါတ်ယ။ I would like to ကို ပုံသေကျက်မှတ်ထားနိုင်ပြီး နောက်က Finite verb ကပ်လိုက်ရုံပါပဲ.

ဥပမာဝါကျတွေကို လေ့လာကြည့်ရအောင်ဗျာ……….

I would like to answer the question.
မေးခွန်းကို ကျနော် ဖြေချင်ပါတယ်။

I would like to explain myself.
ကျွန်တော်ကိုင်တိုင် ရှင်းပြချင်ပါတယ်။

I would like to practice.
ကျွန်တော် လေ့ကျင်ချင်ပါတယ်။

I would like to become a author.
ကျွန်တော် စာရေးဆရာ တစ်ယောက်ဖြစ်ချင်ပါတယ်

I would like to see you more often.
ကျွန်တော် ခင်ဗျားကို မကြာခဏ ထပ်တွေ့ချင်ပါတယ်။

I would like to thank you.
ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment