RSS

I didn’t mean to + Verb

ဒီတစ်ခါတော့ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့်စကားစုတွဲလုံး (Phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။


I didn’t mean to + Verb
မိမိရဲ့အပြောအဆို၊ အပြုအမူတွေဟာ သူတစ်ပါးကို ထိခိုက်နစ်နာသွားခဲ့ရင် အဲ့ဒီလိုမဖြစ်စေဖို့ မရည်ရွယ် ခဲ့တဲ့အကြောင်းကို I didn’t mean to + Verb ပုံစံနဲ့ပြောဆိုနိုင်ပါတယ်

ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။

I didn’t mean to hurt your feeling.
ခင်ဗျားရဲ့ ခံစားချက်ကို ထိခိုက်အောင်လုပ်ဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး။

I didn’t mean to call you so late.
ခင်ဗျားကို တော်တော်နောက်ကျပြီးမှ ဖုန်းဆက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။

I didn’t mean to lie about what happened.
ဘာဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အကြောင်းကို လိမ်ညာပြောဆိုဖို့ မရည်ရွယ်ခဲ့ပါဘူး။

I didn’t mean to embarrass you.
မင်းကိုအရှက်ရစေဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။

I didn’t mean to make you confused.
မင်းကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး။

အားလုံးသော သူငယ်ချင်းများကို
ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment