RSS

Across and through

Across and through
Across နှင့် Through တို့ဟာ ဝိဘတ် (preposition) တွေဖြစ်ပါတယ်။ Across ရဲ့ အဓိပ္ပါယ်က “တစ်ဖက်မှ တစ်ဖက်သို့၊ လှမ်း၍ ၊ကူး၍၊ ဖြတ်၍ ဖြတ်သန်း၍” လို့ အဓိပ္ပါယ်ရပြီး through ကတော့ “ဖြတ်၍၊ ကျော်၍ ၊ ဖောက်၍၊ တိုး၍” စတဲ့အဓိပ္ပါယ်ကို ဆိုလိုပါတယ်။

ဥပမာ
လှိုဏ်ခေါင်းကိုဖောက်ထွက်သွားတာ၊ တောအုပ်ကိုတိုးထွက်သွားတာကိုဆိုလိုတာပါ။
Across နဲ့ Through တို့ရဲ့ အဓိပ္ပါယ်ကွာခြားချက်က  On နဲ့ In တို့ရဲ့ အဓိပ္ပါယ်ကွာခြားချက်နဲ့ ဆင်တူပါတယ်.။
လေးဘက်လေးတန်၊ အထက်နဲ့အောက်ဘက်အားလုံးပါဝင်တဲ့နေရာကို သုံးဘက်မြင်သဘောအရ ဖြတ်သန်း သွားလာတာကို ပြောတဲ့အခါမှာ through ကိုသုံးရပါတယ်။
ဥပမာဝါကျတွေကိုလေ့လာကြည့်ပါဦး။
We walked across the field ( We were on the field)
ကျွန်တော်တို့ လယ်ကွင်းကို ဖြတ်သန်း၍ လမ်းလျောက်ခဲ့တယ်။ (ကျွန်တော်တို့အားလုံး လယ်ကွင်းပေါ်မှာရှိကြတယ်) ဟုဆိုလိုပေသည်။

We walked through the wood.( We are in the wood).
ကျွန်တော်တို့တော်အုပ်ကိုဖော်ထွက်၍ လမ်းလျောက်ခဲ့တယ်။ ( ကျွန်တော်တို့တောအုပ်ထဲမှာရှိကြတယ်၊ တောအုပ်ထဲမှာရောက်နေတယ်) ဟုဆိုလိုပေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

According to / In my opinion
According to ဟာ ဝိဘတ် (preposition) ဖြစ်ပါတယ်။ နောက်ဘက်က noun (သို့မဟုတ်) V-ing လိုက်နိုင်ပါ တယ်။ အဓိပ္ပါယ်ကတော့ “အရ၊နှင့်အညီ” ဖြစ်ပါတယ်။

ဥပမာဝါကျကိုလေ့လာကြည့်ပါဦး
According to me, she should have resigned earlier. (အမှား)
In my opinion, she should have resigned earlier. (အမှန်).

“ကျွန်တော်သဘောအရဆိုရင် သူ့မဟာ စောစောနှုတ်ထွက်ပြီး ဖြစ်သင့်တယ်” လို့ဆိုလိုတာပါ။
ဒါပေမဲ့ အင်္ဂလိပ်စာအသုံးအနှုန်းမှာ မိမိရဲ့သဘောအရလို့ပြောချင်ရင် according to ကိုမသုံးရဘဲ၊ in my opinion  ကိုသာသုံးရပါတယ်။ ဒါကြောင့် ပထမဝါကျဟာ မှားပြီး၊ ဒုတိယဝါကျကသာ မှန်ပါတယ်။
အကယ်၍ according to ကိုသုံးချင်ရင်တော့ according to the law (ဥပဒေအရ)၊ according to his criticism(သူရဲ့ ဝေဖန်သုံးသပ်ချက်အရ) စသည်ဖြင့်သုံးနိုင်ပါတယ်။ လွယ်သယောင်ရှိပေမယ့် သတိထားရမယ့်အချက် ဖြစ်တာမို့ ဂရုတစိုက် မှတ်သားစေချင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment