RSS

I have to + (Verb)

အင်္ဂလိပ်လိုလွယ်လွယ်ပြောကြရအောင် ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်.


I have to + (Verb)
ဖော်ပြထားတဲ့ have to (ဒါမှမဟုတ်) has to ဟာ အကူကြိယာစကားလုံးဖြစ်တဲ့ must နဲ့အဓိပ္ပါယ်တူပါတယ်။ တစ်ခုခုကိုလုပ်ဖို့ တာဝန်ရှိတဲ့သဘော၊ မဖြစ်မနေလုပ်ရမယ့်သဘောမျိုးကို ဆိုလိုပါတယ်။
ရန်ရှိတယ်/ဖို့ ရှိတယ် (သို့) ရမယ် စသည်ဖြင့် ဘာသာပြန်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် -
လေ့လာဖို့ရှိတယ်၊ သွားဖို့ရှိတယ်၊ လုပ်ဖို့ရှိတယ်… စသည့်ဖြင့် ပြောဆိုလိုတဲ့အခါမှာ သုံးရပါတယ်။

ဥပမာ ဝါကျတွေကို လေ့လာကြည့်ရအောင်…

I have to switch school.
ကျွန်တော် ကျောင်းပြောင်းဖို့ရှိတယ် (= ကျောင်းပြောင်းရမယ်)

I have to use the telephone.
ကျွန်တော် တယ်လီဖုန်းသုံးဖို့ရှိတယ်။

I have to go to the bathroom.
ကျွန်တော် သန့်စင်ခန်းကို သွားရမယ်။

I have to leave.
ကျွန်တော်ထွက်ခွာရမယ်။

အထက်ဖော်ပြပါ ဥပမာဝါကျတွေနဲ့ အမေးစကားပြောချင်ရင်တော့…….

Do you have to use the telephone?
Do you have to switch schools? အစရှိသဖြင့် ပြန်လည်မေးခွန်းထုတ်နိုင်ပါတယ်။

ဖော်ပြခဲ့တဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကို လုပ်ဖို့ မလိုဘူး၊ လုပ်ဖို့မရှိဘူး၊ မလုပ်ရဘူးလို့ ပြောချင်ရင်တော့ I don’t have to + (Verb) ပုံစံနဲ့ ပြောဆိုနိုင်ပါတယ်။

ဥပမာဝါကျတွေကိုလေ့လာကြည့်ပါ။

I don’t have to switch school.
ကျွန်တော်ကျောင်းပြောင်းဖို့မလိုဘူး /ကျောင်းပြောင်းဖို့မရှိဘူး /ကျောင်းမပြောင်းရဘူး။

I don’t have to use the telephone.
ကျွန်တော်တယ်လီဖုန်းသုံးဖို့မလိုဘူး။

I don’t have to go to the bathroom.
ကျွန်တော်သန့်စင်ခန်းသွားဖို့မလိုဘူး။

I don’t have to leave.
ကျွန်တော် ထွက်ခွာဖို့မလိုဘူး။

xxxxxxxxxxxxx
မှတ်ချက်။ koaung  က Comment  box မှာ

have to နှင့် must ဒီဂရီ နည်းနည်းကွာတယ် လုံးဝတူတယ်လို့ပြောလို့မရပါဘူး  ဆိုတော့ ကျနေ်ာအနေနဲ့ပြန်ပြီး ဖော်ပြလိုက်ပါတယ်။

S + Must + V10  ရမည်
အမိန့်၊ တာဝန်၊ စည်းကမ်း၊ ပြုလုပ်ရန်လိုအပ်၊ သေချာမှု၊
Had to မလုပ်ရင်မဖြစ်တဲ့သဘော၊ ရှောင်လွဲလို့မရတဲ့သဘောကိုဖော်ပြတယ်။

ဥပမာ၊
You  must speak English.
မင်း အင်္ဂလိပ်စကားပြောရမယ်။

You must come home before midnight.
မင်း အိမ်ကိုသန်းခေါင်မတိုင်မှီရောက်ရမယ်။

You must study English more than now.
အင်္ဂလိပ်စာကို ဒီထက်ပိုလေ့လာရမယ်နော်.

You must be careful, crossing the road.
မင်း လမ်းဖြတ်ကူးရင် သတိထားရမယ်။

You mustn’t (must not)be late.
မင်းနောက်ကျလို့မရဘူးနော်။

You mustn’t throw it.
မင်း အဲ့ဒါကို စွန့်ပစ်လို့မရဘူးနော်။

You mustn’t sleep.
မင်းမအိပ်ရဘူးနော်။

Why must you always leave the door open?
မင်းဘာကြောင့် အခန်းတံခါးကို ဖွင့်ပြီးထားတာလဲ။

Must I clean all the room?
အခန်းတွေအားလုံး ငါရှင်းရမှာလား။

S + Has, Have, Had to + V10  ရသည်
(ဆန္ဒမပါလည်းလုပ်၊ ဆန္ဒပါလည်းလုပ်)

She has to cook the rice
သူ(မ) ထမင်းချက်ရမယ်။

She has to get married.
သူ(မ)လက်ထပ်လိုက်ရတယ်လေ။

He has to take the exam.
သူ စာမေးပွဲဖြေရမယ်လေ။

You have to take medicine/
မင်း ဆေးသောက်ရမယ်။

You have to pay for the tickets in advance.
လက်မှတ်အတွက် ကြိုတင်ပေးရမယ်။

 You have to work from nine to five.
ခင်ဗျား (၉ မှ ၅) အထိ အလုပ်လုပ်ရမယ်။

I had to go there.
ကျွန်တော်အဲ့ဒီကို သွားလိုက်ရတယ်။

I had to kneel down.
ကျွန်တော်ဒူးထောက်ခဲ့ရတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment