RSS

I feel like + Verb-ing

အင်္ဂလိပ်လိုလွယ်လွယ်ပြောကြရအောင် ကဏ္ဍမှာ အင်္ဂလိပ်စကားပြောတဲ့အခါ အလွယ်တကူသုံးလို့ရမယ့် စကားစုတွဲလုံး (phrase) တွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်.

I feel like + Verb-ing
တစ်ခုခုကို လုပ်ချင်စိတ်ဖြစ်နေတယ်ဆိုတဲ့ သဘောမျိုးကို ပြောဆိုတဲ့အခါမှာ I feel like ဆိုတဲ့ စကားစုတွဲ လုံးနဲ့ အစချီကာ နောက်ဘက် V-ing(gerund) လိုက်ပြီး ပြောဆိုနိုင်ပါတယ်။
ဥပမာ- မုန့်ဟင်းခါး စားချင်စိတ်ဖြစ်နေတယ်၊ ဘောလုံးပွဲ ကြည့်ချင်စိတ်ဖြစ်နေတယ် စတဲ့ သဘောမျိုးမှာ အဲ့ဒီအသုံးအနှုန်းမျိုးနဲ့ ပြောဆိုရမှာဖြစ်ပါတယ်။ မိမိပြောချင်တဲ့ အကြောင်းအရာကို မူတည်ပြီး V-ing အမျိုးမျိုး လိုက်နိုင်ပါတယ်။

ဥပမာဝါကျတွေကိုလေ့လာပြီး ပြောဆိုလေ့ကျင့်ကြည့်ပါဦး။

I feel like going for a bike ride.
ကျွန်တော် မော်တော်ဆိုင်ကယ်စီးချင်စိတ် ဖြစ်နေတယ်။

I feel like going to the beach.
ကျွန်တော် ပင်လယ်ကမ်းခြေကို သွားချင်စိတ်ပေါက်နေတယ်။

I feel like having a snack.
ကျွန်တော် သရေစာ စားချင်စိတ်ဖြစ်နေတယ်။

I feel like talking.
ကျွန်တော် စကားပြောချင်နေတယ်။

တစ်ခုခုကို လုပ်ချင်စိတ်မရှိဘူး။ လုပ်ဖို့ ဆန္ဒမရှိဘူး စသည့်ဖြင့် ပြောဆိုလိုတဲ့အခါမှာတော့ I don’t/ do not feel like နဲ့အစချီပြီး နောက်ဆက်ကတော့ V-ing လိုက်ရပါမယ်။ အောက်မှာပေးထားတဲ့ဝါကျတွေကို လေ့လာကြည့်ပါဦး

I don’t feel like leaving yet.
ကျွန်တော် ထွက်သွားချင်စိတ် မရှိသေးဘူး။

I don’t feel like explaining.
ကျွန်တော်ရှင်းပြချင်စိတ်မရှိဘူး။

I don’t feel like going to bed.
ကျွန်တော် အိပ်ရာဝင်ချင်စိတ်မရှိသေးဘူး။

I don’t feel like comfortable talking about it.
အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြိး ကျွန်တော် အေးအေးဆေးဆေးပြောချင်စိတ်မရှိသေးဘူး။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxx

……..
ဖော်ပြထားတဲ့ စကားစုတွဲတွေကို လေ့လာမှတ်သားရင်း မိမိစိတ်ကူးနဲ့ပြောချင်တဲ့အကြောင်းအရာတွေကို အစားထိုးပြီး အာသွက်၊ လျှာသွက် ပြောဆိုလေ့ကျင့်ကြတာပေါ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment