RSS

I don’t have time to + (Verb)

ဒီကဏ္ဍမှာ ကျနော်တို့သိထားသင့်တဲ့စကားစုတွေ၊ စကားလုံးတွဲတွေကို လေ့လာဖို့အပြင်၊  အစားထိုးရမယ့် နေရာမှာ စိတ်ကူးရှိသလို လိုအပ်တဲ့စကားလုံးတွေကို ပြောင်းလဲအသုံးပြုနိုင်မယ်ဆိုရင် သဒ္ဒါစည်းမျဉ်းလည်း စဉ်းစားစရာ မလိုပဲ လွယ်လွယ်ကူကူနဲ့စကားတွေပြောနိုင်ပါလိမ့်မယ်။ ကဲ့ လေ့လာကြည့်ရအောင်ဗျာ…..။

I don’t have time to + (Verb)
မိမိတစ်စုံတစ်ခုကို ပြုလုပ်ဖို့အချိန်မရှိတဲ့ အကြောင်းပြောတဲ့အခါမှာ I don’t have time to ဆိုတဲ့ စကား လုံးတွဲကို ကျက်မှတ်ထားပြီး နောက်က Verb အမျိုးမျိုးပြောင်းလဲတွဲပေးခြင်းဖြင့် မိမိရဲ့ လတ်တလောအခြေ အနေကို ပြောပြနိုင်ပါတယ်။
ဥပမာအားဖြင့်-
I don’t have time to explain.
ကျွန်တော့်မှာရှင်းပြဖို့ အချိန်မရှိဘူး။

I don’t have time to eat.
ကျွန်တော့်မှာ စားဖို့အချိန်မရှိဘူး။

I don’t have time to exercise.
ကျွန်တော့်မှာ လေ့ကျင့်ဖို့ အချိန်မရှိဘူး။

I don’t have time to watch my favourite TV Show.
အနှစ်သက်ဆုံး တီဗီကြည့်ဖို့ ကျွန်တော့်မှာအချိန်မရှိဘူး။

I don’t have time to talk.
ကျွန်တော့်မှာစကားပြောဖို့ အချိန်မရှိဘူး။

မိမိမနှစ်သက်တဲ့အရာ၊ မိမိနားမလည်တဲ့အရာ၊ မိမိမလုပ်ချင်တဲ့ကိစ္စတွေအကြောင်း ပြောချင်ရင်တော့-
ကျနော်တို့သိပြီးသား I don’t ဆိုတဲ့ စကားလုံးတွဲကို အလွတ်ကျက်ထားပြီး နောက်ဘက်က ကြိယာတွဲလုံး စကားစု (Verb phrase) တွေအမျိုးမျိုး ပြောင်းလဲ ထည့်ပေးကာ ပြောဆိုနိုင်ပါတယ်။ နောက်ဘက်က ပြောင်းလဲထည့်ပေးတဲ့ Verb phrase တွေက V 1   ပုံစံဖြစ်ရပါမယ်။

ဥပမာအားဖြင့်-
I don’t eat meat.
ကျွန်တော့်အသားမစားဘူး။

I don’t like rain.
မိုးရွာတာကို ကျွန်တော်မကြိုက်ဘူး။

I don’t understand Spanish.
စပိန်ဘာသာစကားကို ကျွန်တော်နားမလည်ဘူး။

I don’t understand what you are saying.
မင်းပြောနေတာကို ငါနားမလည်ဘူး။

I don’t like sports.
အားကစားကို ကျွန်တော်မကြိုက်ဘူး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx



ဆက်လက်ဖော်ပြပါမည်။

အားလုံးကိုခင်မင်စွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment