RSS

ဝေဖန်သူနှင့်ဝေဖန်ခံရသူ

့လောက၌ ဝေဖန်သူနှင့် ဝေဖန်ခံရသူ နှစ်မျိုးရှိ၏။
ဝေဖန်မှုသည် အတတ်ပညာတစ်ခုဖြစ်၏။
ဝေဖန်သူသည် ပွဲကြည့်ပရိတ်သတ် ဖြစ်၏။
ဝေဖန်ခံရသူသည် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်၏။ အကောင်အထည်ဖော်ရသူဖြစ်၏။

ဝေဖန်ခြင်းအလုပ်သည်ကား လွယ်၏။ မည်မျှပင်ကောင်းအောင်ကြိုးစားလုပ်ဆောင်နေပါမူ
ဆိုးသည်ဟု ပြောလျှင်လည်းဖြစ်၏။ ကောင်းသည်ဟု ချီးမွမ်းချင်လည်းရ၏။ ဝေဖန်ခြင်းသည် ဝေဖန်သူ၏ အလုပ်ဖြစ်၏။
သို့သော် ........
မှန်ကန်စွာဝေဖန်ဖို့တော့ လိုသည်။ သို့မှသာ ဝေဖန်ခံရသူအတွက် အကျိုးဖြစ်ထွန်းသည့်အပြင် ဝေဖန်သူအတွက်လည်း မှန်ကန်သောလမ်းကြောင်းပေါ်ရောက်ပါလိမ့်မယ်။
သင့်မြတ်သော အတွေးအခေါ်အယူအဆကို နှလုံးသွင်းပါမှ မှန်ကန်သည့်ဝေဖန်မှုဖြစ်နိုင်၏။

လူအများစုမှာ တစ်ခုခုအပေါ် ဝေဖန်ပြောဆိုရာတွင် အများအားဖြင့် မိမိ၏ အတ္တ၊ မာနတို့ကိုသာ ရှေ့တန်းတင်ပြီး ဝေဖန်ပြောဆိုနေကြ၏။ ဝေဖန်ရာမှအတင်းအဖျင်းသို့ရောက်သွား
တတ်သေးသည်။ဖြစ်သင့်သည်ထက် ဖြစ်ချင်သည့်ဆန္ဒက လွန်ကဲနေ၏။ နေရာတိုင်းတွင် မတူညီမှုများဖြင့် ကွဲပြားနေတတ်၏။

လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသည့်အတိုင်း လူအမျိုးမျိုး စိတ်အဖုံဖုံရှိကြသေးသည်။ ကိုယ့်အတွေးအခေါ် ကိုယ့်အယူအဆသည် အမှန်ဟု ယူဆတတ်ကြသူများ၏။ မိမိလုပ်ကိုင်သမျှ အရာအားလုံးသည် အမှန်ချည်းသာ ယူဆတတ်ကြ၏။ ဝေဖန်မှုအလုပ်ကို လုပ်မည်ဆိုရင် တစ်ပါးသူကို ဝေဖန်ခြင်းမပြုမှီ မိမိကိုယ်ကို ဦးစွာဝေဖန်သင့်၏။ အများက ဝေဖန်သဖြင့် ပြုပြင်ရခြင်းထက် မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်ပြုပြင်ခြင်းက ပို၍
ကောင်း၏ အချို့က ဝေဖန်ခံနိုင်သော်လည်း အချို့က ဝေဖန်မခံနိုင်သဖြင့် ဝေဖန်သူနှင့် ဝေဖန်ခံရသူကြား ပဋိပက္ခ
ဖြစ်နိုင်ကြသေးသည်။

သို့အတွက်ကြောင့် မည်သည့်အလုပ်မဆို အတွေးမှန် နှလုံးသွင်းပါမှ အမြင်မှန်ရနိုင်ပေသည်။ ဝေဖန်သူက အကောင်းမြင်စိတ်ဓါတ်ဖြင့် ဆန်းစစ်ဝေဖန်ပြီး ဝေဖန်ခံရသူကလည်း အမှားကိုအမှန်အဖြစ် ထောက်ပြပေးသည်ဟု ယူဆမိခဲ့လျှင်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment