RSS

ပြန်လာပေးပါ

ချစ်သူ . .
ဆုံတွေခဲ့တဲ့အချိန်တွေကို
ပြန်လိုချင်ပေမယ့်
မရနိုင်တာကို တမ်းတတတ်တဲ့
ကလေးတစ်ယောက်လို
ငိုယိုပြီး တောင်းပေမဲ့
မရရှိလို့ ခံစားရတဲ့ ဝေဒနာကို
ကိုယ်ချင်းစာတတ်ခဲ့ပြီ . .

ချစ်သူ . .
မတွေ့တဲ့ရက်တွေကို
လက်ချိုးရေတွက်ပြီး
ကုန်ခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတ လွမ်းတတ်တဲ့
ဝေဒနာကို ခံစားတတ်နေပြီ . .

ချစ်သူ . .
ပြန်ဆုံမဲ့ ရက်ကလေးကို
မှန်းမျှော်ပြီး တခဏတာ
ခွဲခွာတတ်ခြင်းကိုတောင်
ဒီလောက်ခံစားရတာ
မုန်းမေ့ဖို့ဆိုတာကို
စကားအဖြစ်နဲ့တောင်
လက်မခံတတ်ခဲ့ပြီ . .

ချစ်သူ . .
ဆုတောင်းတိုင်သာ ပြည့်မယ်ဆိုရင်
ကိုယ်လည်း ဆုတောင်းလိုက်ချင်တယ်
ချစ်တဲ့သူတိုင်းဝေးကွားခြင်းမှ
ကင်းပါစေလို့ ဆုတောင်းရင်း........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment