“စကားများသော လိပ်လိုအဖြစ်မျိုး”
စကားပြောတတ်ခြင်းဟူသည် လူသားအားလုံးအား တိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည့် အကြီးမားဆုံး လက္ခဏာတစ်ရပ်ပါ။
ဘယ်သူမှ မွေးကတည်းက စကားပြောတတ်လာသည်တော့မဟုတ်ပါ။ တစ်လုံးချင်း၊ တစ်ခွန်းချင်းမှစတင် ကာ နှစ်ရှည်လများ သင်ကြားပြီးကာမှ သူ့စကားကိုယ်နားလည် ကိုယ်စကားသူအဓိပ္ပါယ်ပေါက်လာသည့် အဆင့်သို့ရောက်ရှိလာတာပါ။
ဒီလိုနှင့်ပြီးသလားဆိုတော့……………….
အဓိပ္ပါယ်ရှိအောင်ပြောတတ်ရုံနှင့်လည်းမပြီး ၊ သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်ဖို့ကလည်း လိုသေး သည်။ တစ်နည်းအားဖြင့် တတ်သည့်ပညာကို လိမ်မာပါးနပ်စွာသုံးစွဲဖို့ (သို့) အပြောအဆိုဆင်ခြင်ဖို့ ဖြစ် သည်။ မဟုတ်လျှင် ပြောမိသည့်စကားကြောင့် အကျိုးရရှိမှုနည်းပါးပြီး ပြသာနာအငြင်းပွားမှုသာ များလာ နိုင်သည်။ လွှတ်ကနဲပြောလိုက်သောစကားတစ်ခွန်းကြောင့် တစ်ပါးသူကို ဆိုးဆိုးရွားရွားထိခိုက်နစ်နာနိုင် သလို မိမိအတွက်လည်းမကောင်းနိုင်ပါ။
ကျွန်တော်တို့ မြန်မာစကားမှာ စကားနှင့်ပတ်သက်ပြီး စကားပုံတောင်ရှိသေးသည်။
“ကြမ်းကျွံလျှင် နှုတ်လို့ရ၊
စကားကျွံလျှင် နှုတ်လို့မရ။”
ဒါ့အပြင်---------------
“ခြေထောက်ကိုမထိန်းနိုင်သဖြင့်၊
ငှက်တို့ပိုက်ကွန်တွင် မိကြ၏။
လျှာကိုမထိန်းနိုင်သဖြင့်၊
လူတို့ အန္တရာယ်တွင် ငြိကြ၏။”
ဆိုပြီး ရှေးလူကြီးတို့၏ ဆိုဆုံးမစကားတွေက မှတ်သားစရာပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှာ“ နှုတ်မစောင့်စည်းသော လိပ်” ဆိုပြီး
သင်ခဲ့ဖူးကြပါတယ်။ နွားကျောင်းသားတို့ရဲ့ အော်ဟစ်ပြောဆိုမှုကြောင့် နှုတ်မစောင့်စည်းသဖြင့်လိပ် သေပွဲဝင်ရသည့် သာဓကမျိုး ဖတ်မှတ်လေ့လာဖူးခဲ့ပါသည်။
စကားအလွန်ပြောသူတို့သည်လည်း မိမိစကားနားထောင်သူတို့၏ စီမံဖန်တီးသမျှ ခံရတတ်သည့်အဖြစ်မျိုး ကြုံတွေရနိုင်သည့်ဟု ခံစားဖော်ပြရင်း။
ခင်မင်စွာဖြင့်
ညအလင်္ကာ
0 comments:
Post a Comment