RSS

တဒင်္ဂလေးမှ အမှတ်တရများဆီသို့

တဒင်္ဂလေးမှ အမှတ်တရများဆီသို့
ကျွန်တော် ကြားဖူးတဲ့ ဆိုရိုးစကားတစ်ခွန်းရှိတယ်။ ဘယ်သူပြောခဲ့မှန်းတော့မသိဘူး။ လူတွေက နေ့စွဲရက် စွဲတွေ ကို မှတ်မိတာမဟုတ်ဘူးတဲ့။ လူတွေတကယ်မှတ်မိတာက အခိုက်အတန့်တွေသာဖြစ်တယ်။ ဆိုတဲ့ စကား တစ်ခွန်းပါပဲ။ ကျွန်တော်တို့တွေ   နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတတ်တဲ့ အသေးအဖွဲ့ပျော်ရွှင်ချမ်းမြေ့ စရာကလေးတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေထဲမှာမှ အပြစ်ကင်း တဲ့ အသေးအဖွဲ့ ပျော်ရွှင်ချမ်းမြေ့မှုကလေးတွေကိုခံစားသာယာရတဲ့အခိုက်အတန့်လေးတွေ ပါဝင်ပါတယ်။
အဲ့ဒီအခိုက်အတန့်မှ ကျနော်မှတ်မိနေတာက ….. ………..
အဲ့ဒီတစ်နေ့……….. တိတိကျကျပြောရသော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်၊ နေပြည်တော်-မန္တလေး ခရီးစဉ် ထွက်ခဲ့ခြင်းဖြစ်သည်။
မနက်(၅.၃၀) ကြယ်စင်ဟိန်း Express ကားဖြင့် မန္တလေးသို့ လမ်းဟောင်းမှထွက်ခဲ့ခြင်းဖြစ်သည်။ လမ်းတွင် အဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းခဲ့သော်လည်း ကားဘီးပေါက်ခြင်း၊ ကလပ်ဘရိတ်ပေါက်ခြင်း၊ Toll-gate တွင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ဖြင့်  မန္တလေးကျွဲဆည်ကန်ကားဂိတ်သို့ နေ့လည် 14:35 အချိန်တွင် အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပါသည်။
          ကျွဲဆန်ကန် ကားဂိတ်မှ ကျွန်တော်သွားလိုရာ ငွေကျားတိုက် (Opple lighting) သို့ လိုင်းကားဖြင့် သွားရောက်ခဲ့ပြီး၎င်းကုမ္ပဏီတွင်ညီမဖြစ်သူအားအလုပ်သွင်းပေးခဲ့သောမလပြည့်ဝန်း(lapyaewunmdy)
နှင့်တွေ့ဆုံခဲ့ပါသည်။ မလပြည့်ဝန်းနှင့် အွန်လိုင်းမှခင်မင်ခဲ့ရာတွင် အချိန်အတိုင်း အတာအားဖြင့် ကြာမြင့်ခဲ့ပါပြီ၊ မောင်ရင်း တစ်ယောက် လို့ ခင်မင်မှုကြာလာသည်နှင့်အမျှ  အစ်မ တစ်ယောက်လို သည်းခံနားလည်မှုအပြည့်နှင့်  ကျွန်တော့်အပေါ် အရမ်းဂရုစိုက်ခဲ့ပါသည်။ ကျနော်ရေးသမျှ စာအားလုံး ကို ဝေဖန်အကြံပေးခဲ့သလို့ လမ်းညွှန်မှုလည်းပေးခဲ့ပါသည်။ အခုတွေ့ဆုံခြင်း ဟာ အပြင်မှာ ပထမဆုံးတွေ့ဆုံ  ခြင်းဖြစ်ပါသည်
ကျနော်ရောက်ရှိချိန်အတွင်း ကျွန်တော့်အတွက်သာမက ညီမဖြစ်သူအတွက်ပါ လိုလေသေးမရှိ အစစ အရာရာကူညီဆောင်ရွက်ပေးခဲ့သဖြင့်ဒီစာမျက်နှာမှကျေးဇူးတင်ရှိပါကြောင်းဖော်ပြလိုပါသည်။
အချိန်ကြည့်တော့ ညနေ 17:30 ၊ ကျနော်ပြန်မယ်လုပ်တော့ ဖုန်းသံမြည်လာတယ်။ ဘယ်သူလဲကြည့်တော့ ကိုကိုးအိမ် (http://www.kokoeaimmdy.info/) ဖုန်းဆက်တော့ သူလာခဲ့မယ်ဆိုလို့  ကျနော် ဆက်ပြီး စောင့်မျှော်နေမိတယ်။. အဲ့ဒါနဲ့ ကိုကိုးအိမ် ဆိုတာက အွန်လိုင်းကနေစာပေးရေးရင်းခင်မင်တွေ့ဆုံလာတာ။ သူနဲ့လည်းတစ်ခါမှမတွေ့ဘူးသေး။ အွန်လိုင်းမှာတော့စာဖတ်ရင်းနဲ့ ဓါတ်ပုံတွေတော့မြင်ဘူးပါတယ် ။ ဒါပေမဲ့ အပြင်မှာက ဘယ်လိုလဲဆိုတာမသိ။။ ဟော.. စောင့်ရင်းနဲ့ (10)မိနစ်လောက်ကြတော့ သူရောက်ချ လာ၏။ လမ်းမှာစကားရပ်မပြောပဲ ကျနော်တို့စကားပြောမိတ်ဆက်ကြဖို့ လက်ဖက်ရည်ဆိုင်ကိုရွေးချယ် လိုက်တယ်။ “အောင်ကြယ်စင်” လက်ဖက်ရည်ဆိုင် ထဲသို့ဝင်ထိုင်ပြိး စကားပြောမိတ်ဆက်ကြတော့မှ
တစ်ယောက်အကြောင်းတစ်ယောက်ပိုမိုသိလာကြတော့၏။ ကိုကိုးအိမ် ဆိုတာက သဘောကောင်းဖော်ရွေ တယ်၊ အသက်ငယ်ရွယ်ပင်သော်ငြား။ ဥပဒေအတိုင်ပင်ခံရှေ့နေအဖြစ်အလုပ်လုပ်နေသူ၊ သူ့ရဲ့အတွေ့ အကြုံအဖြစ်အပျက်၊ ခံစားချက်တွေကိုလည်း ကလောင်သွားဖြင့် ဖော်ပြကျူးရစ်နေသူတစ်ယောက်။ အဲ့ဒီလိုစကားပြောကြရင်း ကျနော်ပြန်မယ်လုပ်တော့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြသည့်

ပြန်မယ့်အချိန်ကလည်းနီးကပ်နေတော့စကားပြောရတာအားမရ၊ ကျနော်က နေပြည်တော်ကို ည (20.30) ကားနဲ့ ကားလက်မှတ်ဖြတ်ထားတာ။ အချိန်ကနီးကပ်နေပြီ။ ဘာပဲဖြစ်ဖြစ်။ ဒီပျော်ရွင်ချမ်းမြေ့မှု အခိုက်အတန့်ကလေးတွေကို သတိတရနဲ့ ခံစားနိုင်လောက်အောင် အချိန်လုံလောက် ရှိဖို့ပဲလိုပါတယ်။
အချိန်လုံလောက်သာရှိရင် ကျနော်အနေဖြင့် ဒီထက်မက အစ်မဖြစ်သူ မလပြည့်ဝန်း နှင့် ကိုကိုးအိမ်တို့ကို  စကားတွေ ဖောင်ဖွဲ့ပြောချင်နေပါသေးသည်။

ခင်မင်မှုများစွာဖြင့်
အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

4 comments:

မေသိမ့်သိမ့် ကျော် said...

ကွန်မန့်ပျောက်သွားတယ်။း(

မေသိမ့်သိမ့် ကျော် said...

ပျော်နေကြတယ်ပေါ့။ အွန်လိုင်းကရေးဖော်ရေးဖက်တွေ တွေ့ရတာ စိတ်လှုပ်ရှားစရာပဲ။

ခင်တဲ့
မေသိမ့်

La said...

မောင်လေးနဲ့အပြင်မှာပထမဆုံးတွေ့ရပေမယ့် စိမ်းကားမနေခဲ့ပါဘူး...ကိုယ့်မောင်လေးအရင်းလိုဘဲခင်မင်မိပါတယ်... မောင်လေးဟာငယ်ပေမယ့် ဗဟုသုတရစေမယ့်စာတွေ ဝေမျှပေးနေတဲ့အတွက်မောင်လေးနဲ့ခင်မင်ရတာ ဂုဏ်ယူမိပါတယ်နော် ပျော်ရွှင်ပါစေနော်...

Naung Taw Lay said...

မရောက်ဖြစ်ဘူး အကိုရေ . . . စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဘလော့ ရေးနိုင်နေပြီ ဖြစ်တဲ့ အတွက် ၀မ်းသာစရာပါပဲ

Post a Comment