အဝေးကကျတဲ့မျက်ရည်
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှူ…..” မျှော်လင့်ထားတဲ့ အသံပေမယ့် … ကြားလိုက်တိုင်းမှာရင်ဘတ်ထဲမှာဆို့တက်သွားဆဲပါ..။ “ဘယ်တွေရောက်နေလို့လဲ…ဘယ်သူနဲ့များရှိနေတာလဲ”..အဲဒီအတွေးတွေက ကျွန်တော်ဦးနှောက်ကို တစ္စေ သရဲတွေလို ခြောက်လှန့်လို့လာပြီပေါ့…။ ဒါပေမယ့်…နှလုံးသားရဲ့စေရာအတိုင်း လက်ချောင်းတွေကတော့ ဖုန်းNo.တွေ အပေါ် ခုန်ပေါက်ပြေးလွှားနေတုန်း…။
“ဟယ်လို… ”
“…..ဟယ်လို ”
“………လား? \”
ဘာမှမထူးခြားတဲ့သာမန်ဖြေကြားသံလေးပေမယ့်..ကျွန်တော်အတွက်တော့ဘယ်တော့မှမရိုးနိုင်တဲ့သံစဉ်တစ်ပုဒ်လိုပါပဲ။ စူးရှတဲ့ ခံစားချက်တွေမပါတဲ့ သံစဉ်အေးအေးလေးပါ…။ နောက်တစ်မျိုးပြောရရင်..ကျွန်တော်နှလုံးသားရဲ့ အိပ်ရာဝင်ပုံပြင် ဆိုလဲ ဟုတ်တယ်..။ ဒီလိုနဲ့ပြောဆိုခဲ့တဲ့ အချိန်တိုလေးအတွင်းမှာရင်ခုန်သံတွေဖလှယ်ကြရင်း… သူမရဲ့အချစ်သင်္ကေတလေးတစ်ခုဟာလေလှိုင်းကနေတစ်ဆင့် ဖုန်းချခါနီး..ကျွန်တော်ရဲ့ပါးကိုလာရိုက်ခတ်…”နွေး” ကနဲပါပဲ….အချစ်ဆိုတာအဲဒါပဲထင်ပါရဲ့.။တဖြည်းဖြည်းပါပဲ…ဝေးနေတဲ့နေ့တွေမှာ..အဲဒီအနမ်းတွေ…အထီးကျန်မှူတွေ..မျက်ရည်တွေကိုအဖော်ပြုရင်းရင်ဘတ်ထဲကသံယောဇဉ်ကြိုးကတစနဲ့တစခိုင်မာလာ…
“တို့နှစ်ယောက်ရဲ့ အိပ်မက်တွေကိုတိမ်တွေပေါ်ထိတက်ရေးခဲ့ပေမယ့်… လေထဲဆောက်တဲ့တိုက်အိမ်မဟုတ်ခဲ့ဘူးဆိုတာကိုတော့ ယုံပေးပါချစ်သူရယ်.။”
အဲဒါကိုဘယ်သူမှမသိချင်နေမယ်…ရှုခင်းသာ ပန်းခြံကတော့ငါမေးလိုက်တိုင်း..ဆိတ်ဆိတ်နေပြီးသက်သေထူလေ့ရှိတယ် လေ..။ ပြီးတော့အသက်ရှူလိုက်တိုင်းမင်းနာမည်တမ်းတနေတဲ့ နှလုံးသားတစ်ခုကို…မင်းတစ်ဦးထဲပိုင်ရင်ခွင်တစ်စုံမှာ.. အလုံခြုံဆုံး သိမ်းဆည်း ထားပါတယ်ချစ်သူရယ် တစ်သက်လုံးအတွက်ပေါ့…
ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းထဲမှာတော့ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်တိုင်းမှာမိုးမှောင်ချထားတတ်ပါတယ်…. ရုပ်ရှင်တွေထဲက လို…လမင်းကိုကြည့်ပြီး ချစ်သူဆီစကားတွေပြောဖို့တောင် အခွင့်အရေးမရှိသလို…ကျွန်တော်ငိုနေတာကို လက်ပိုက်ကြည့်မယ့် ကြယ်တွေလဲမရှိပါဘူး…။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုကို ဆက်သွယ်ပေးတဲ့ တစ်ခုထဲသောအရာက ဘီဒိုနဲ့ မဆံ့တော့တဲ့ ဖုန်းကဒ်တွေပဲရှိပါတယ်.။ ချစ်သူနှစ်ယောက်ရဲ့ အချစ်ပုံပြင်မှာ မပါမဖြစ်တဲ့ အချစ်စေတမန်တွေပေါ့.။ သူတို့လေးတွေရဲ့ ကောင်းမှုကြောင့် ပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ အခုဆိုရင်......................................................
နောင်လာမည့် လပေါင်းများစွာ..နှစ်ပေါင်းများစွာ…စိတ်ကူးနဲ့ရူးခဲ့ဘူးပါတယ်…တစ်နေ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲထိ အဲဒီ ကဒ်လေးတွေကို အမှတ်တရသိမ်းထားမယ်လို့.။
မှတ်မိဦးမှာပါ ချစ်သူရယ်..
အဲဒီရက်စွဲလေးကို…။
ပြီးတော့
”ကိုယ့်ထက်အသက်ငယ်တဲ့သူကို မချစ်ဘူးလို့ဆုံးဖြတ်ထားပေမယ့် မင်းအတွက်တော့ ခြွင်းချက်ပါ” ဆိုတဲ့စကားလေးကို…
အဲဒီညကပုံမှန်တိုက်ခတ်နေကြ လေပြည်တွေတောင်ပိုအေးနေသလိုပါပဲ….
အဲဒီညကပါပဲ..”သူ” အမှတ်နဲ့ ခေါင်းအုံးပေါ်အနမ်းမိုးတွေရွာခဲ့မိတယ်..။
အဲဒီညကပါပဲ မှင်နီရာတွေပေကျံနေတဲ့ နှလုံးသားပေါ်မှာ ”သူ့” နာမည်ကို ထာဝရအတွက်ရေးထိုး သော့ခတ်ခဲ့တယ်..။
အဲဒီညကပါပဲ မှောင်မဲနေတဲ့ ကျွန်တော့ကောင်းကင်မှာ ဓူဝံကြယ်တစ်စင်း သာနေခဲ့တယ်…။
”သူ” နဲ့စတွေ့မိတဲ့နေ့မှာ…ကျွန်တော်လေ..အမေ့လက်ကိုဆွဲခေါ်ပြီးမေးချင်ခဲ့တယ်
”မေမေ သားကို ငယ်ငယ်တုန်းက ပြောပြနေကြအိပ်ရာဝင်ပုံပြင်ထဲက နတ်သမီးဆိုတာ ”သူ”လားလို့…..”
အရူးအမူးပါပဲ..အားလုံးရဲ့ လှောင်ရယ်သံတွေ မျက်ကွယ်ပြုပြီး သူ့ရဲ့အကြည့်တွေအောက်မှာ ကျေကျေနပ်နပ်ဒူးထောက်ခဲ့တယ်။ ကျွန်တော်ကျေနပ်ပါတယ်..ဘယ်သူတွေဘာတွေပြောပါစေ..\” မ ဟာတစ်သက်လုံး ကျွန်တော့အတွက်ပါ” ဆိုတဲ့ ကတိစကား တစ်ခု နဲ့တင် အရာအားလုံးကိုရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ရက်တွေလပြောင်း လတွေနှစ်ပြောင်းသွားပေမဲ့အချိန်ကာလဟာ မင်းအချစ် နဲ့လှပ နေခဲ့ပါတယ်.။
သံသယကင်းတဲ့ အဖြူရောင် 528 အချစ်နဲ့ ချစ်ခဲ့တယ်ဆိုတာတော့ ယုံပေးပါချစ်သူရယ်…မင်းရဲ့အကြည့်တွေနဲ့ ငါ့ဘဝနေ့ရက်တိုင်းကို စိုးမိုးထားပေးပါ..ဘယ်သူ့ဆီမှ မလွှဲလိုက်ပါနဲ့.။
”ဘယ်အခြေအနေပဲရောက်ရောက် မင်းဆီအရောက်ပြန်ခဲ့ပါ့မယ်..”
မှတ်မိဦးမှာပါ..မော်တင်သင်္ဘောဆိပ်မှာ ငါအဲဒီကတိကိုပေးခဲ့တုန်းက..တို့နှစ်ယောက်ကြားမှာ မှန်ချပ်ကြီးတစ်ခု ခြားထားခဲ့တယ်လေ.။
အဲဒီတုန်းက…ကျွန်တော်ရှေ့မှာ..”သူ”ငိုနေတာကို..ကျွန်တော်အသိစိတ်ကင်းမဲ့စွာ..ရပ်ကြည့်နေခဲ့တယ်လေ..။
နားထဲမှာပဲ့တင်ထပ်နေဆဲပါ..ညရောက်လို့ဖုန်းပြောတုန်းက…
”နောက်တစ်ခါပြန်ရင်..ကျေးဇူးပြုပြီး လိုက်မပို့ပါရစေနဲ့” ဆိုတဲ့ ”သူ့”ရဲ့ တုန်ရီနေတဲ့ အသံလေးကို..။
ညအလင်္ကာ
အဝေးကကျတဲ့မျက်ရည်
Subscribe to:
Post Comments (Atom)
6 comments:
အမြန်ဆုံး ပြန်ဆုံဖို့ ဆုတောင်းပေးခဲ့တယ်နော်...
အဆင်ပြေပါစေ...
မှန်ကန်တဲ့ချစ်ခြင်းတွေ ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်ဗျာ......
ခင်တဲ့(ဖိုးကြယ်)
စစ်မှန်တဲ့ခချစ်ခြင်းတွေနဲ့ ချစ်သူချင်းအမြန်ဆုံးဆုံဆည်းခွင့်ရကြပါစေ..။
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..
တကယ့်အဖြစ်လို့လည်း နားလည်ခံစားမိတယ်
အမြန်ဆုံး ဆုံဆည်းခွင့်ရကြပါစေလို့ ဆုတောင်းပေးပါတယ်နော်
အချစ်တွေ..သံယောဇဉ်တွေ..
ခံစားမှု့လေးတွေလှပပါစေနော်..
ဖတ်ပြီး ဒဂယ် ဝမ်းနည်းသွားတယ်.... :(
Post a Comment