နေ့တစ်နေ့စ ထွက်ပြူလာတိုင်း ဖြူစင်တဲ့အမေ့အိမ်လွမ်းတယ်
အရာရာကလေးလို
ပူဆာလို့ရရင်လည်းကောင်းသား
အခုတော့ရောက်ရာအရပ်
အလုပ်မှာ ကျွန်တော်မလုပ်တဲ့အမှားအတွက်
တစ်ခါရံအပြောခံရတိုင်း
ဘာလုပ်လုပ် “မှန်” ခဲ့တဲ့
အိမ်ကိုလွမ်းတယ်
ရိုးရှင်းတဲ့ မနက်မှာ
အမေ့အပြုံး နဲ့ ကော်ဖီတစ်ခွက်
ငါ့မနက်အတွက်အချိုမြိန်ဆုံးနေ့ရက်တွေ
ညဘက်ခိုနားရာမဲ့တိုင်း
အခန်းထဲ ဒီနေ့ထိလာချော့သိပ်ဆဲ
အမေ့ရဲ့ ရင်ငွေ့ သိပ်လွမ်းတယ်
ကြာလာတော့လည်း
ဘ၀အတွက်ရည်မှန်းချက်တွေနဲ့
အမေ့အိမ်လေးကိုလွမ်းရင်းဝေးရင်းဘဲ
ငါ့မျက်ရည်တွေတောင် .................
ခန်းခြောက်ဖို့တောင်မကျန်တော့ဘူး
လေပူတစ်ချက် မှုတ်ထုတ်ရင်း
အိမ်ကိုပြန်ချင်တယ်……………..
ညအလင်္ကာ(28/8/10)
0 comments:
Post a Comment