RSS

"ချစ်ရသောသူသိပါစေ"

ရင်ခုန်ခံစား အချစ်များနဲ့
တဒင်္ဂပေမဲ့ ပြင်မရလေပြီ

ရွှေရင်မှာဖို လှိုက်လှိုက်ခုန်လို့
ရင်တွင်းသံသာ တေးကဗျာကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ  မင်းအတွက်……။

တူညီခံစား တုန့်ပြန်စကား
ဖွင့်ဟနှူတ်ဖျား ခွန်ခြွေသံများ

နှလုံးအိမ်ဝယ် သိမ်းထားချင်တယ်
အသည်းထဲမှာ နွေးထွေးစွာနဲ့

ရာသက်တိုင်မြဲ မယိုင်လဲပဲ
နှောင်ကြိုးရစ်ချည်  တေးပန်ချီကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်…..။

နှစ်ဦးနားလည် ချစ်ခြင်းဖလှယ်
တန်ပြန်ယဉ်ကျေး အပြုံးနဲ့

အချစ်နှစ်ခု ပေါင်းဆုံပြုဖို့
မုသားမပါ တေးလကာင်္ကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ  မင်းအတွက်……။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Anonymous said...

ချစ်ရသောသူသိပါစေတဲ့....ကောင်းလွန်းလှတဲ့၊ နူးညံ့လှတဲ့
အချစ်ကဗျာလေး။ သဘောကျမိပါတယ်ရှင်။ :)
ချစ်ရသောသူ သိနိုင်ပါစေလို့  မျှဝေဆုတောင်းပေးသွားရင်း
...ခင်မင်လျှက်....ခင်မာလာအောင်...:)

Post a Comment