RSS

ချစ်ပန်းဘဝ

"ချစ်ပန်းဘ၀"

ရာသီတွေနှောင်း ဘယ်လိုပြောင်းပြောင်း
သင်းပျံ့မွှေးကြိုင် ပန်းမြိင်ယံကို
နှလုံးနေရာ မြေကမ္ဘာမှာ
ပန်းကမ္ဘာသွင် ပန်းဝန်းရံဖို့
ချစ်ပန်းဥယျာဉ် ပျိုးခဲ့စေချင်။
နေခြည်တစ်ပေါက် အလင်းရောက်ခဲ့
အေးမြရေစို ပန်းပွင့်တွေကို
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
ချစ်ပန်းမျိုးစေ့ အမှန်ပေမို့
နေခြည်မပေါက် ရေမရောက်လည်း
ချစ်သစ်ပင်မှ သန္ဓေတည်ရ
သန္ဓေတည်ပန်း အစဉ်ပွင့်လန်း
မေတ္တာပန်းပွင့် ကြွေမလွင့်ခဲ့။
သစ္စာအညှာ မြဲခိုင်စွာနဲ့
ချစ်သဒ္ဒါထား ပင်ယံဖျားမှာ
ဖူးပွင့်ဝေဆာ ၀င့်ကြွားစွာဖြင့်
ရနံ့မွှေးကြူ ပန်းမဉ္ဖူတို့
နွေးထွေးခိုလှုံ ချစ်ရိပ်မြုံမှာ
မြူးတူပျော်ရွှင် လန်းဆန်းစွာပင်
ချစ်ပန်းဘ၀ မြေမခရ။

ညအလင်္ကာ
၂၀၁၀ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

4 comments:

ကြယ်ရောင်မှတ်စု said...

အားပါး........ကောင်းလိုက်တဲ့ ကာရန်လေးတွေပါလားဗျို့
ရနံ့မွှေးကြူ ပန်းမဉ္ဖူတို့
နွေးထွေးခိုလှုံ ချစ်ရိပ်မြုံမှာ
မြူးတူပျော်ရွှင် လန်းဆန်းစွာပင်
ချစ်ပန်းဘ၀ မြေမခရ။ ဂွတ်တယ်ဗျာ :)

ခင်တဲ့(ဖိုးကြယ်)

နုငယ် said...

ကဗျာ လေးကကောင်းလိုက်တာ.သယ်ရင်း ရယ်..နုရွနေတာပဲ ....စိတ်ထားလေးတွေနုရွနေတာပဲ

Tar Yar said...

Good Brother !!!

blackroze said...

လှလိုက်တဲ့ကာရန်လေးတွေ..

Post a Comment