မင်းကို ငါ လိုအပ်တယ် ( I need you)
မင်းကို ငါ လိုအပ်တယ် ( I need you) ကဗျာဆရာတစ်ယောက်ဟာ လှပတဲ့ ကဗျာတွေကိုဖန်တီးဖို့ စိတ်ကူးခံစားချက်တွေ လိုအပ်သလို ငါလည်း မင်းကိုလိုအပ်တယ်........ Just as a poet needs inspiration to write a masterpiece, I need you....... ပန်းချီဆရာတစ်ယောက်ဟာ လှပတဲ့ပန်းချီကားတွေကို ဖန်တီးဖို့ အကြောင်းအရာတွေ လိုအပ်သလို ငါလည်း မင်းကိုလိုအပ်တယ် Just as an artist needs a subject for his work of art, I need you....... ဆရာတစ်ယောက်ဟာ ကြီးကျယ်မြင့်မြတ်မှုကို ဖန်တီးလွှမ်းမိုးဖော်ဆောင်ဖို့ တပည့်တစ်ယောက် လိုအပ်သလို ငါလည်း မင်းကိုလိုအပ်တယ် ...... Just as a teacher needs a pupil to mold into greatness, I need you....... သီချင်းရေးဆရာတစ်ယောက်ဟာ ထာဝရရှင်သန်နေမယ့် တေးသွားတွေကို ဖန်တီးဖို့ အကြောင်းအရာကောင်း ခံစားချက်တွေ လိုအပ်သလို ငါလည်း မင်းကိုလိုအပ်တယ်..... Just as a composer needs a theme to create a timeless melody, I need you..... Translated by Myo Myint Kyaw
"လျာရိုးမရှိ ပြောတတ်တယ်"
Words are cheap and deeps are dear ဆိုတဲ့ စကားကိုကြားဖူးတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ် ဆိုတာကို တင်စားပြောဟန်ရှိပါတယ်။ လူတိုင်းလူတိုင်း စကားပြောစရာ ပါးစပ်တစ်ပေါက်စီ ပါလာလေတော့ ကျိုးကြောင်းဆီလျော်တာ မဆီလျော်တာ တကယ်စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင်တာ ယုတ္တိရှိတာမရှိတာ အသာထား ပါးစပ်ပါနေတဲ့အတွက် တာဝန်ဝတ္တရားအရပြောနေကြသလို ထင်ရာမြင်ရာကိုပြောထွက်ကြတာကလည်း ဖြစ်မြဲဓမ္မတာတစ်ခုပါ။ အဲ့လိုပြောလိုက်တဲ့စကားရဲ့အတိမ်အနက်က ဘယ်လောက် အထိ သက်ရောက်သွားတယ်ဆိုတာသတိမထားမိဘဲ လွယ်လွယ်ကူကူ ပြောလိုက်ကြတာက များနေတာပဲ။ အဆင်ပြေအောင် ပေါ့ပေါ့လေးပြောပြီး ပြောလိုက်တဲ့စကားရဲ့နောက်မှာ Action Supporting တွေမပါလာတဲ့အခါ အခက်အခဲတွေဖြစ် ပြဿနာတွေတက်လာကြတာပါပဲ။ စီးပွားရေးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်းစကားပြောရပါတယ်။ ပြောတဲ့အခါ အကျိုးရှိတာရော မရှိတာရော ရောထွေးနေပြန်ရော။ မလုပ်နိုင်တာ မဖြစ်နိုင်တာကိုပြောရဆိုရလွယ်သလောက် အပြောနဲ့အလုပ်တွဲပြီးထွက်လာတာမဟုတ်တော့ အလွယ်တကူပြောတတ်တဲ့သူတွေကို အပြောလွယ်ပြီး အလုပ်ခက်တယ် လို့မြန်မာမှုနယ်ပယ်မှာသုံးကြပါတယ်။ ပါးစပ်ကထွက်လာတဲ့အကျိုးသက်ရောက်မှုဟာ မိမိဘဝအတွက် ကောင်းမွေဆိုးမွေတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့မြင်နေရတယ်။ "မိမိနှုတ်ကို စောင့်သူသည် မိမိအသက်ကိုစောင့်၏။" ကျနော်သိတဲ့လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ အတိုဆုံးခြုံပြောရရင် ခန့်အပ်ထားတဲ့မည်သည့်ဝန်ထမ်းတွေကိုမှ လစာကိုလစဉ်ပုံမှန်မပေးဘူး။ နှစ်ကုန်မှအားလုံးတွက်ချက်ပြီး ပေးတယ်။ဒီကြားထဲလိုအပ်ရင်တော့ ကြိုတင်ငွေထုတ်ပေးတယ်။ ဝန်ထမ်းတွေကလည်းရတယ် ပြဿနာမရှိဘူး ငွေစုဆောင်းပြီးသားဖြစ်တယ် နှစ်ကုန်မှယူမယ် ။ နှစ်ဦးသဘောတူကြတော့ အလုပ်ဖြစ်တာပေါ့။ ဟော … နှစ်သာကုန်သွားတယ် လုပ်အားခ အကျေမရှင်းဘူး ။နောက်တစ်နှစ်လည်း အလားတူ ဖြစ်ပြန်တော့ ဝန်ထမ်းတွေမယုံကြတော့ဘူး အဲ့ဒါနဲ့ တရားဥပဒေအတိုင်းအလုပ်သမားတွေတောင်းတော့ ရုံးရောက်ဂါတ်ရောက်ဖြစ်ကုန်တာပေါ့ ………………… ပစ္စည်းတွေပို့ဖို့ သင်္ဘောငှားတယ်။ သင်္ဘောငှားခကို ပစ္စည်း ရောက်ရှိပြီး(1)ပါတ်အတွင်း ပေးမယ်ပေါ့ ။ ဟော ပစ္စည်း လက်ဝယ်ရောက်ပြီး သင်္ဘောပိုင်ရှင် ပိုက်ဆံလာတောင်း တော့ ဟိုအကြောင်းပြ ဒီအကြောင်းပြ။ ဒီသင်္ဘောပိုင်ရှင် တစ်ယောက်တည်းမဟုတ်ဘူး အလားတူသင်္ဘောပိုင်ရှင်တွေ တော်တော်များများခံလိုက်ရတယ်။ နောက်ဆုံး အဲ့ဒီ လုပ်ငန်းရှင်သူဌေးဘာပဲပြောပြောမယုံကြတော့ လုပ်ငန်းမဖြစ်။ လုပ်ငန်းခွင်ဆိုတာကျယ်ပြန့်တယ် နီးစပ်ရာအသိုင်းအဝိုင်းတွေကအစသိကုန်တော့ နာမည်ပျက်လာတာပေါ့ နောက်ဆုံးတော့လည်း ပိုက်ဆံပေးရတာပဲ ပေးနိုင်ရဲ့သားနဲ့မပေးပဲငွေကစားတော့ ကတိမတည်တဲ့သူတစ်ယောက်ဖြစ်သွားတော့ပေါ့ ဒီလိုအပြောနဲ့အလုပ် မညီတဲ့ကိစ္စတွေ ပြောပဲပြောပြီး မလုပ်နိုင်တဲ့ကိစ္စမျိုးတွေဟာ နေရာတိုင်းမှာ တွေ့နေရမှာပါ။ အထူးသဖြင့် ကြုံသလိုပြောပြီး ပြောသလိုမလုပ်နိုင်ပဲ မနိုင်ဝန်ထမ်းတတ်တဲ့လုပ်ငန်းရှင် သူတို့ဟာ အကြောင်းအမျိုးမျိုးကို လက်ညှိုးထိုးကြပေမယ့် ကိုယ်တိုင်နှုတ်စောင့်စည်းမှု အစီအမံညံ့ဖျင်းပါတယ်ဆိုတဲ့ အချက်ကိုတော့ ကွယ်ဝှက်ထားတတ်ကြတယ်။ မြန်မာမှုမှာ "လျာရိုးမရှိ ပြောတတ်တယ်" ဆိုတဲ့ စကားဟာ သိပ်ကို အပြောကောင်းတဲ့ အထက်ပါလူတွေပဲဖြစ်ပါလိမ့်မယ်။ အလင်္ကာည ကိုးကား- Mouth Management (ထက်ကျော်)
Crisis Management (2)
Crisis Management My companies events.(2) ပြဿနာဖြစ်ပွားတိုင်း တန်ဖိုးကြီးစွာပေးရတတ်သည်။ မိမိကိုယ်တိုင်မကြုံသေးဘူးသော်လည်း စူးစမ်းလိုသောဥာဏ်ရည်ရှိပါက အခြားသူများ၏ ပြဿနာများထဲမှ သင်ခန်းစွာ ထုတ်နှုတ်ရယူနိုင်သည်။ ပေးဆပ်ရသည့်တန်ဖိုးများတွင် ငွေ အချိန် စိတ်ဓါတ် ပုံရိပ် စသည်တို့အကြုံးဝင်နေတတ်သည်ကို သတိပြုသင့်သည်။ ပြဿနာတိုင်းသည် အကြောင်းကြောင့်ဖြစ်လာသော အကျိုးဖြစ်ပါသည်။ သို့ဖြစ်ရာ အကြောင်းတရားကို စေ့စေ့ငှငှရှာဖွေတတ်ရန် အရေးကြီးပါ၏ ။ အစအနတွေ့ပြီဆိုက အဖွဲ့အစည်း၏ အဓိကတာဝန်မှာ ချက်ခြင်းထိန်းချုပ်ရန်ဖြစ်ပါသည်။ လုပ်ဆောင်သင့်သည်များကိုမန်နေဂျာများက နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လုပ်ဆောင်ရန်လိုအပ်သည်။ သွက်သွက်လက်လက်မလုပ်ဆောင်ပါက ပြဿနာကြီးထွားလာတတ်သည်။ စီးပွားရေးအဖွဲ့အစည်းများတွင် အများအမြင်၌ ရှုပ်ထွေးမှုမရှိခြင်း (Transparency) လုပ်ငန်းနှင့်ပါတ်သက်ပြီး တာဝန်ခံခြင်း (Accountablity) မျှတစွာပြောဆိုလုပ်ကိုင်ခြင်း (Fairness) စသည်တို့ကိုအခြေခံသောကုမ္ပဏီစီမံခန့်ခွဲမှု Corporate Goveruess အရည်အသွေးမြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါသည်။ ထို့အပြင် အောက်ပါအချက်များကိုလည်းတတ်စွမ်းတမျှဆောင်ရွက်ထားနိုင်ပါက ကုမ္ပဏီ၏စွမ်းဆောင်မှုကို အထောက်အကူ ပြုနိုင်ကြောင်းတင်ပြလိုက်ရပါသည်။ မိမိကုမ္ပဏီ၏ မဟာဗျူဟာနှင့်နည်းဗျူဟာကိုအဖွဲ့သားများ နားလည်ယုံကြညလက်ခံထားနိုင်အောင်ရှင်းလင်းဆွေးနွေး ထားခြင်း။ မိမိအဖွဲ့သားများ လုပ်ချင်ကိုင်ချင်စိတ် တိုးတက်လာအောင် ဆောင်ရွက်ပြီး ၄င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း(Motivation and Performance) မိမိအဖွဲ့သားများကို လုပ်ငန်းကျွမ်းကျင်မှုနှင့်အတွေးအခေါ် အရည်အသွေးမြင့်မားလာအောင်လေ့ကျင့်ပျိုးထောင်ပေးခြင်း။ အဖွဲ့သား၏ စိတ်ဓါတ်ရေး Moral အခြေအနေကိုသိရှိအောင်ဆောင်ရွက်ထားရှိခြင်း။ ပြင်ပတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲများကိုမျက်ချေမပြတ်စေဘဲ စောင့်ကြည့်ခြင်း သတင်းအချက်အလက်များကို လွတ်လပ်စွာ စီးဆင်းစေခြင်း (ကိုးကား-အရေးပေါ်ပြဿနာကိုစီမံထိန်းချုပ်ခြင်း-ပြည်စိုး) (Ref:Havard Business Essentials) မျိုးမြင့်ကျာ်
Tooth Brush
ကျနော်ဆရာဝန်တစ်ယောက်ပါ :)) အဲ့လိုမထင်ပါနဲ့ စာဖတ်သူ ရေးပြချင်တဲ့အကြောင်းအရာတစ်ခုက ကျန်းမာရေးနဲ့ပါတ်သက်လို့ ကြော်ငြာတစ်ခုကို သဘောကျရင်း ဟာသနှောလိုက်မိတာပါ ။ လူတစ်ကိုယ်အတွက် ကျန်းမားရေးမှာ ခံတွင်းကျန်းမာရေးဟာလည်း တစ်ထောင့်တစ်နေရာက အရေးအပါဆုံးလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ် အလှအပဘယ်လောက်လှပနေပါစေ သွားကိုဂရုမထားလို့မလှမပဖြစ်ရင် မသန့်ရှင်းလို့ ခံတွင်းကျန်းမာရေး မကောင်းရင် ခံတွင်းအနံ့အသက် မကောင်းရင် ရှိပြီးသား အလှအပလေးတွေတောင် ယိုယွင်းသွားနိုင်ပါတယ်။ သည်အတွက် ခံတွင်းသန့်ရှင်းရေးက ကျန်းမာရေးအပြင် ကိုယ့်ကို ယုံကြည်မှုအတွက်လည်း အရေးပါ ပါတယ်။ ကျန်တော့်အတွက် ဒါမှမဟုတ် စာဖတ်သူ သင့်အတွက် ခံတွင်းနဲ့ သွားသန့်ရှင်းဖို့ သွားတိုက်ဆေးက အရေးပါသလို သွားတိုက်တံကောင်းကောင်း ရှိဖို့လည်းလိုပါတယ်။ မြို့ပြနေ လူတစ်ယောက်အနေနဲ့ မနက်ခင်း မိုးလင်းလိုက်တာနဲ့ ပထမဆုံးထိတွေ့ရမယ်အရာတွေ ကို စဉ်းစားကြည့်လိုက်ရင် သွားတိုက်တံနဲ့ သွားတိုက်ဆေး ကိုလည်းပြေးမြင်မိကြမှာပါ။ သွားတိုက်ဆေးကတော့ မိသားစုသုံး ကုန်စည်လို့ပြောရပေမယ့် သွားပွတ်တံကတော့ တစ်ယောက်တစ်ချောင်းပဲ သုံးကြတာပါ။ စကားမစပ် ---- ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့သွားပွတ်တံကို ဘယ်အချိန်ကြည့်ကြည့် ဖွာလန်ဆုတ်နေတာ။ အသစ်ဝယ်တော့ ဆိုလည်း အင်းပါကွာ ဆိုတာနဲ့ပြီးသွားတယ် … အဲ့ဒါမျိုးကြတော့ ခံတွင်းကျန်းမာရေးအတွက် မကောင်းတော့ဘူး။ ခံတွင်းကျန်းမာရေးအတွက် လူတစ်ယောက်မှာ သွားတိုက်တံကောင်းကောင်းတစ်ချောင်းတော့ရှိမှဖြစ် မယ်လို့သတိပြုမိသင့်တယ်။ အရင်ကဆို သွားတိုက်တံဆိုပြီးရောပေါ့ ။ ကိုယ့်သွားနဲ့လိုက်ဖက် ကိုက်ညီမှုရှိရှိ မရှိရှိ လက်ညှိုးနဲ့ဆားနဲ့တောင် တွဲတိုက်လာရသေးတာပဲ ဘာရွေးစရာရှိလို့လဲပေါ့။ ပိုက်သားကြမ်းကြမ်းကြီး တွေလည်းသုံးရတာပါပဲလေ။ ခုတော့ မတူတော့ဘူးလေ။ အသက်အရွယ်အလိုက် သွားပွတ်တံကို ရွေးချယ်သုံးစွဲဖို့ လိုအပ်ပါတယ်။ ကလေးသွားတိုက်တံ လူကြီးသွားတိုက်တံ သွားတိုက်တံအပျော့အမာ စသည်ဖြင့်ပေါ့ ။ ဈေးနှုန်းကလည်း အရည်အသေွးလိုက်ပြီးတော့ တစ်ချောင်းကို ရာဂဏန်း ကနေ ထောင်ချီပေးရတဲ့အထိရှိနေပါတယ်။ သွားတိုက်တံလက်ကိုင်ကိုလည်း လက်ကိုင်ပုံစံကွာခြားမှုအလိုက် antibacterial system တွေထုတ်လုပ်ထားကြပါသေးတယ်။ သွားနဲ့ခံတွင်းကို သန့်ရှင်းအောင် ဂရုစိုက်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက်ပါ အရေးကြီးတယ်ဆိုတာကို လူတိုင်းနားလည်လောက်မယ်ထင်ပါတယ်။ လိုအပ်တယ် ဆိုတဲ့နေရာမှာလည်း ဟိုးအရင်ကလိုမျိုး သွားတိုက်တံ တစ်ချောင်း ဝယ်ပြီးရင် အမွှေးတွေဖွာလန်ကျဲ တိုကပ်ပြီး သွားဖုံးတွေနာနေလည်း ဆက်ပြီးတိုက်နေတာမျိုးမဟုတ်ဘဲ အချိန်ကာလတစ်ခု သတ်မှတ်ပြီး လဲလှယ်သုံးစွဲသင့်ပါတယ်။ အဲ့လိုလဲလှယ်နိုင်အောင်လည်း အခုနောက်ပိုင်း ထုတ်တဲ့သွားပွတ်တံတွေမှာ အရောင်လိုင်းလေး တစ်ခုထည့်ထားပြီး အရောင်မှိန်သွားရင် လဲလှယ်ရတော့မယ်ဆိုတာ သတိပေးကြေငြာ ထားကြောင်းနှင့် ကျွန်တော်ကတော့ Berman သွားပွတ်တံနှင့် Sensodyne သွားတိုက်ဆေးသုံးပါကြောင်း ရေးသားဖော်ပြရင်း။ ခင်မင်လျက် m2k
Crisis Management (1)
နှုတ်ဆက်ခြင်း
ဆန္ဒတစ်စုံ
မွန်းကြပ်မှုတွေ ရှိလာတဲ့အခါ
ငါ နင့်ကို ရင်ဖွင့်ပြချင်တယ် ချစ်သူ
ပင်ပန်းမှုတွေ ကြုံလာတဲ့အခါ
ငါ နင့်ရဲ့ဂရုစိုက်မှုကို မက်မောတယ် ချစ်သူ
အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ
ငါ နင့်ရဲ့အားပေးစကားသံတွေ
နားထောင်ချင်တယ် ချစ်သူ
နင့်ကို ငါသတိရမိတဲ့အခါ
ငါ့ကို လည်းလွမ်းတယ် ဆိုတဲ့ နင့်စကားကို
ကြားချင်မိပြန်တယ် ချစ်သူ
တယောက်တည်း
ရပ်တည် ရင်ဆိုင်ရတဲ့အခြေအနေတစ်ခုမှာ
ကိုယ်ချစ်ရတဲ့ ချစ်သူကို
အနားမှာ ရှိနေစေချင်တက်ကျတာက
အဝေးရောက်ချစ်သူတိုင်းရဲ့
အဖြစ်ချင်ဆုံး ဆန္ဒတစ်စုံပါ ချစ်သူရယ်
သတိရနေလို့-----ခုချိန် ငါဘာလုပ်ရမလဲ
နေရောင်ခြည်လေး အငွေ့ပြန်သွားတော့
အလွမ်းတွေ အရောင်လက်လာတယ်
မိုးစက်လေးတွေကြွေကြတော့
အေးချမ်းသွားတဲ့ ရသနဲ့ အတူ ---
ညီမကို ကိုယ်လွမ်းတယ်
ကောင်းကင်ထက်မှာ
ဖြာကျလာသောအလင်းတွေမှာ
ကိုယ့်အတွက်သတိရစရာ
အဖြစ်အပျက်တွေရှိနေတယ်
မိုးစက်ကျရာ ပါးပြင် အဆုံး
ညီမရဲ့ မျက်ဝန်းတစ်စုံကို
တမ်းတမ်းတတ လွမ်းမောမိတယ်--------
လိုအပ်ချက်တစ်ခုနဲ့
ဖြတ်သန်းရတဲ့ဒီလိုနေ့ကို မုန်းတယ်
သာမန်ထက်ပိုရှည်လျားနေတဲ့ ယန္တရား
လွန်ဆန်ခွင့်မပေးတဲ့အချိန်
တွေဝေငေးမောစွာ ညီမကို လွမ်းတယ်------
အိပ်ချိန်စောင့်နေတဲ့ေ
န့အလင်းတွေမွေးဖွားဖို့အတွက်
အသင့်ပြင်နေသောအမှောင်တစ်စ
တစ်ဖန်သစ်လွင်ဖို့
အိပ်ယာက နိုးထလာသောကြယ်စင်လေးတွေ
လရောင် သဲ့သဲ့နဲ့ လှပသော ညနေခင်း
ငါ့မျက်ရည် မခိုင်လို့ခဏနေပါဦး
အမှောင်တွေ ဖုံးလွမ်းသွားတဲ့ ညလေးအမှတ်ရ
သံဇဉ်တွေများစွာနဲ့ညီမကိုလွမ်းတယ်--------
(အလင်္ကာည)
"လွမ်းတတ်ရင် စမ်းသပ်ပြီး ဖတ်ကြည့်ပါ"
How to gets the gold? Part -2
ကျနော်ကတော့ လွယ်မယ်ထင်ခဲ့မိတယ်
ထင်ခဲ့မိတဲ့အကြောင်းကလည်းရှိတာကို......
သွားချင်တဲ့နေရာသွား ..... သွားတဲ့နေရာ ခြေနင်းတဲ့ မြေကြီးက ရွှေထွက်နေတာကို။။။။။
ဒါပေမယ့် သေချာသွားကြည့်တော့မှ မလွယ်ပါလားဆိုတာ သိလာတယ်
မိုးလင်းကနေ မိုးချုပ်အထိ ထမင်းစားချိန်ကလွဲလို့ တစ်နေကုန် ရေနဲ့ထိတွေ့နေရတော့ ခြေနဲ့လက်တွေက ရေတွေနူး ပြီးတော့ ကပ်ပါးမှိုစွဲလို့ သဲဝဲတွေဖြစ်ကုန်ရော။
ဒါ့အပြင် လက်မသန့်ရှင်းတာကြောင့် အစားအစာ စားသောက်တဲ့အခါ ဝမ်းရောဂါလည်းဖြစ်ပြန်ရော။ ဒါက ကျန်းမာရေးကိုပြောတာ။
ပညာရေးကို ပြောကြည့်ရအောင်.......
ပိုက်ဆံရှာရတာက လွယ်တာကိုး။ အရင်းအနှီးရှိစရာမလိုဘူး အိမ်ရှိလူအကုန်ထွက် “အင်ဝိုင်း” ကို လက်မှာကိုင် တွေ့တဲ့မြေကြီးကို အင်ဝိုင်းပေါ်တင်ပြီး ရေထဲမှာ ကျင်လိုက်ရင် ရွှေရလာတာကို။ ပြီးတော့ ရလာတဲ့ ရွှေချီးမည်းမည်း ကို ပြဒါး နဲ့ဖမ်း ၊ ဒါက အကြမ်းဖျဉ်း ပြောပြတာပါ။
(စကားချက်။ ။ အင်ဝိုင်း ဆိုတာ ဆန်ပြာတဲ့စကော ပုံစံပါ....၎င်းကို သစ်သားပြားနဲ့လုပ်ပြီး အလယ်မှာ အခွက်ကလေး လုပ်ထားတာကို ခေါ်တာပါ)
အဲ့ဒီတော့ အိမ်ရှိလူအကုန်ထွက်ဆိုတော့ ကလေးပညာရေးကို စာဖတ်တတ်ရုံလောက်ဆိုတော်ပါပြီ
ပညာတတ်တော့လည်း ဘာမှလုပ်လို့မရဘူးဆိုတဲ့အမြင်တွေကြောင့် ကလေးတော်တော်များ စာမတတ်ကြဘဲ စားဝတ်နေရေးအတွက် မနက်မိုးလင်း ထမင်းထုပ်ကိုယ်စီယူပြီးတစ်ပိုင်တစ်နိုင် ရွှေကျင်ကြတယ်။ တစ်နေ့ကို ရွှေ (၄)ရွေးဆိုလည်း ဟုတ်၊ (၅)ရွေး ဆိုလည်း ဟုတ် ဆိုတော့ မိသားစုဝင်ငွေက မဆိုးဘူးပေါ့။ရွှေ(၁)ရွေးကို ၅၂၀၀ ကျပ် ပေါက်ဈေးဆိုတော့ သူတို့အတွက်ဖူလုံတယ်။ဒါပေမယ့် ဟိုဥက္ကဌပေးရ၊ ဒီ ရဲ ကို ပေးရ ပြီးတော့ စစ်ဆေးရေးအဖွဲ့ လူကြီးခရီးစဉ်များရှိရင် အလုပ်မလုပ်ရဘဲ ရှိတာလေး ထိုင်စားရတော့ ရှာသလောက်မလောက်ပဲ ရှိကုန်ကြတော့တာပါ့ ။ တစ်ခါတစ်လေ ရွှေအရနည်းလာရင် စက်ယန္တရားတွေနဲ့အလုပ်လုပ်ကြတဲ့ ရွှေကုမ္ပဏီတွေမှာ တောင်းပန်ပြီး မျောမီးခံကြတယ်။
(စကားချက်။ ။ မျောမီးခံတယ်ဆိုတာ ရေစီးကြောင်းနဲ့အတူ စီးဆင်းလာတဲ့မြေကြီး ကို ပိုင်ရှင်တွေရွှေမျောခံပြီးမှ ၎င်းအောက်မှတဆင့်ခံတာကို ပြောတာပါ)
အဲ့ဒီတော့ တစ်ခြားလုပ်ငန်းကို ဘာမှသိပ်မလုပ်တတ်ကြဘဲ ၎င်း လုပ်ငန်းတစ်ခုထဲကိုသာ မိရိုးဖလာလုပ်ငန်း အဖြစ်လုပ်ကိုင်လာကြတာ ယနေ့ထိတိုင်အောင်ပါပဲ။
ကျောင်းပညာရေးအနေနဲ့လည်း ရွာတွေမှာ ဆရာ/ဆရာမ မလုံလောက်မှု၊ တိုင်းရင်းသားဘာသာစကားအခက်အခဲ၊စားဝတ်နေရေးအခက်အခဲ၊ ရပ်ရွာဒေသဖွံ့ဖြိုးမှု မရှိခြင်း၊ မိဘများ၏ပြုစုပျိုးထောင်အားပေးမှုနည်းခြင်းကြောင့် ကလေးများ ပညာရေးဆုံးခန်းတိုင်အောင် မသင်နိုင်ကြ ဘဲ ပညာဗဟုသုတ ချို့တဲ့ခဲ့ကြရပါတယ်။
ပိုက်ဆံရှိအသိုင်းအဝိုင်းတော့ ငွေလုံးငွေရင်းတွေနဲ့ ရင်းနှီးမြုပ်နှံ၊ပြီးတော့ စက်ယန္တရားကြီးတွေနဲ့နေ့ည မပျက် အလုပ်လုပ်၊ မှုန်စုပ်စက်မျိုးစုံနဲ့ မြေဆီလွှာတွေကို ထိုးဆွ၊ အဲ့ဒီတော့ တောတောင်တွေပြုန်းတီး၊ တောင်ကတုံးတွေဖြစ်ကုန်ကြရော၊ ရလိုက်တဲ့ ရွှေ သောက်သောက်လဲ၊ တစ်ချို့ကြတော့ အခွန်ဆောင်၊ လုပ်ကွက်ကိုတရားဝင်လုပ်ကြတယ်၊
တစ်ချို့ကြတော့လည်း နီးစပ်ရာ ဆိုင်ရာဆိုင်ရာတွေကိုပေး၊ ရွှေလုပ်ကွက်လေးတွေရလာပြီး လုပ်ကိုင် ကြတယ်။
မည်သို့ပင်ရွှေမျောလုပ်ကိုင်ကြပါစေ တောင်တွေသည် မြေပြန့်တွေဖြစ်၊ မြေပြန့်တွေသည် တောင်ကတုံး ဖြစ်လာတာကိုတော့ မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောတစ်လျောက် ဆန်တက်လာရင် သတိပြုမိကြမှာပါ။ ချင်းတွင်းမြစ်အထက်ပိုင်းရောက်လေ ပိုပြီး တောင်ကတုံးတွေကိုတွေ့ရလေပါပဲလေ။
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့အတွက် သစ်ခုတ်/သစ်ထုတ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်မှုလျော့ချခဲ့ပြီး စိမ်းလန်းစိုပြေရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြတယ်။
အလားတူ ရွှေမျောလုပ်ကိုင်ခွင့်တွေကို လျော့ချမပေးနိုင်တောင် တိတိကျကျသတ်မှတ်နေရာချပေး လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် နည်းနည်းတော့ သာယာလှပ လာပါလိမ့်မည်ဖြစ်ကြောင်း ထင်မြင်ယူဆမိပုံကို
ရွှေမျော လုပ်ကိုင်နေကြတဲ့လုပ်ငန်းခွင်တစ်ခုပါ ဗဟုသုတ အဖြစ်သိရှိနိုင်ကြရန် ရေးသားဖော်ပြလိုက်ပါတယ်။
(အလင်္ကာည)
How to get the Golds? -part-1
တောတောင်များသည် မြေပြန့်ဖြစ်သွားသော နေရာများ
မြေပြန့်သည် တောင်များဖြစ်၍
တောတောင်များသည် မြေပြန့်ဖြစ်သွားသော နေရာများ
လူတော်တော်များများကပြောကြတယ် သစ်ခုတ်တာက သဘာဝပါတ်ဝန်းကျင် ပျက်စီးတယ်။
အော် ဒါဆို အခုလို ရွှေမျောတိုက်တာကြတော့ ကော သဘာဝပါတ်ဝန်းကျင်မပျက်စီးဘူးလား
အမှန်တော့ ပျက်စီးတာခြင်းတူတူပင်ဖြစ်သော်လည်း သစ်ခုတ်ပြီးသွားတဲ့နေရာမှာ သစ်ပင်ပြန်စိုက်လို့ရပါတယ်။ သို့သော် ရွှေမျောတိုက်ပြီးတဲ့နေရာမှာ သစ်ပင်ပြန်ပေါက်ဖို့တော့ မလွယ်တဲ့ကိစ္စပါ
သစ်ခုတ်တာကို တားမြစ်တယ် သဘာဝပါတ်ဝန်းကျင်ထိခိုက်လို့. လက်ခံပါတယ်
ရွှေမျောလုပ်တာကိုကျတော့ တားမြစ်ပိတ်ပင်သံ သိပ်မကြားရဘူး
ရွှေမျောလုပ်မယ် ဌာနကို ပေးမယ်
စစ်ဆေးတဲ့လူလာမယ်ဆိုရင် ရွှေမျောသမားတွေကိုအကြောင်းကြားမယ်
ရံဖန်ရံခါ ရွှေမျောထဲကိုအဖမ်းပြတယ် ပြီးရင် ပိုက်ဆံပေး လွှတ်လိုက်လေသတည်း။