RSS

"မေတ္တာ" သည်သာလျှင် ဖြစ်ပါစေ

ပန်းကလေးတစ်ပွင့် …..ကြွေလွင့်သွားတဲ့အခါ
လိပ်ပြာလေးတွေ ……..ငိုကြတယ်

စမ်းချောင်းငယ်လေး …….သွေ့ခြောက်သွားတဲ့အခါ
ငါးကလေးတွေ ………ငိုကြတယ်

နေလာတဲ့အခါ …………. နှင်းပြာကလေးတွေ
ရှောင်ပြေး ………ကွယ်ပျောက်သွားကြတယ်

ပန်းကလေးတွေ ………….. မကြွေပါနဲ့
လိပ်ပြာကလေးတွေ ………..မြူးပါစေ

စမ်းချောင်းကလေးတွေ…………. မသွေ့ပါနဲ့
ငါးဓလေ့အတိုင်း…………… ကူးပါစေ

နေမလာပါနဲ့
နှင်းပြာကလေးတွေ……….လူးပါစေ

အို……….
ကျွန်တော့်ရင်၌……..သည်းခိုက်တုန်မျှ
ထာဝရသည်
အချစ် သာလျှင် ဖြစ်ပါစေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

La said...

ထာဝရအတွက်လားးးးးးးးးးးးးးးးးးးးး :P

Post a Comment