RSS

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံး သို့

ဘ၀ဖြစ်စဉ်…….အသွင်သွင်ပြောင်းလဲ

တွေ့ဆုံခဏ………..ခင်မင်ကြသည်

လုပ်ဖော်ကိုင်ဖက်………ညီရင်းအစ်ကို

တို့တစ်တွေသည်……… ငယ်ကပေါင်းဖက်

ညီရင်းတွေပမာ……..စိတ်မှာထား၍

တိုင်ပင်နှီးနှော…အတွေးဖလှယ်ယူ

မှားရင်သင်ပြ……မသိတာကူညီ

ဖေးမကူ၍……လက်တွဲကာခေါ်

အသွယ်သွယ်လမ်းမှာ……….လျောက်လှမ်းကြသည်

တို့တစ်တွေရင်ထဲ……..ထင်ကျန်ဆဲမို့

ရောက်ရာနေရာ အသီးသီးမှ

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံးကို

ပြန်လည်တွေ့ဆုံ……..ရပါစေလို့


ဆုတောင်းရင်းးးးး


အလင်္ကာည
xxxxxxxxxxxxxxxxxxxxxxx

စာမရေးဖြစ်တာလည်းကြာပြီ အခုမှ ပြန်ရေးဖြစ်တာပါ။ ကော်နတ်ရှင်ကလည်းနှေး၊
ဘာပဲဖြစ်ဖြစ် လာရောက်ဖတ်ရှုအားပေးသော မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးတင်ရှိပါကြောင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

Naung Taw Lay said...

အကိုကျေးဇူးတင်တဲ့အထဲ ပါသွားပြီပေါ့ . . . ဒီလိုမှန်းသိ မလာပါဘူး

ချော(အစိမ်းရောင်လွင်ပြင်) said...

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနဲ့ ပြန်လည်ဆုံတွေ့ပါစေ...

Post a Comment