RSS

ဖူးမြော် ကြည်ညို ဗုဒ္ဓမြတ်စွယ်တော်


မြန်မာနိုင်ငံတော်ကို စတုတ္တအကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်လာပြီးနောက် ကျနော်အနေဖြင့် ပထမဆုံးအကြိမ်ဖူးမြော်ရခြင်းပါ။ ယခင်အချိန်တုန်းကအကြောင်းမျိုးစုံကြောင့် မဖူးမြော်ဖြစ်ခဲ့ပဲ ယခု နေပြည်တော် တွင်တာဝန်ထမ်းဆောင်နေစဉ် ကြုံကြိုက်လာသဖြင် ၀မ်းပန်းတသာဖြစ်ခဲ့ရပါတယ်..........


၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်မှ(၂၁)ရက်နေ့တိုင် အများပြည်သူ ဖူးမြော်ကြည်ညိုရန်အတွက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တွင် ကိန်းဝပ်စံပယ်နေပါတယ်။

ကျနော်လည်း ဒီနေ့ သွားရောက်ဖူးမြော်တော့ ဥပ္ပါသန္တိစေတီတော်တွင် ဗုဒ္ဓစွယ်တော်ဖူးမြော်ရန်အတွက်

ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားလျှက်ရှိပါတယ်။




မုခ်ဦးအ၀င်ဝကိုလှမ်းမြင်တော့ တာဝန်ကျ ယာဉ်ထိန်းရဲများနှင့် မဏ္ဍပ်များရှိ တာဝန်ရှိပုဂ္ဂိုလ်များမှလည်း လုံခြုံရေးအန္တရာယ် ကင်းရှင်းအတွက် စီစဉ်ဆောင်ရွက်နေရတာကို မြင်တွေ့ခဲ့ရပါတယ်။ လော်စပီကာမှလည်း ဘုရားဖူးပြည်သူများအား မုခ်ဦးပေါက်မှ ဘုရားခြေတော်ရင်းရောက်သည်အထိ တော်ဝင်ကားစီစဉ်ရေးအဖွဲ့မှ ကုသိုလ်ယူပြေးဆွဲနေကြောင်၊ ဘုရားရင်ပြင်တော်ပေါ်သို့ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်အကြီးအသေး၊ ဖိနပ်၊ ဘောပင်၊ ဆေးလိပ်၊ ကွမ်းယာ ယူဆောင်ခွင့်မပြုကြောင်း ကြော်ငြာပေးလျှက်ရှိပါတယ်။


(စကားမစပ်. ယာဉ်ရပ်နားရန်နေရာမှာ ဆိုင်ကယ် ၊ကား တစ်စီး(၃၀၀)ကျပ်။ ဖုန်းယူလာမိသည်ရှိသော် ဂိတ်တွင် ဖုန်းထိန်းသိမ်းခ(၁၀၀၀)၊ ဖိနပ်အပ်ခ တစ်ရံ(၁၀၀)၊ ပါ)


တစ်ချို့ကလည်း မုခ်ဦးပေါက်မှ ဘုရားခြေတော်ရင်းသို့ လမ်းလျောက်ရင်းသွားသလို၊ တစ်ချို့ကလည်း တော်ဝင်ကားကိုစီး၍သွားကြပါတယ်..


ကျနော်တို့မိသားစုကတော့ ဖိနပ်ကို ကားပေါ်မှာပဲ ထားပြီး မုခ်ဦးပေါက်မှ ဘုရားခြေတော်ရင်းသို့ လမ်းလျောက်ဖူးမြော်ရင်း ထွက်ခဲ့ကြပါတယ်။ ကြည်နူးစရာပါပဲ။ ပြည်သူအားလုံးရဲ့မျက်နှာမှာ ပြုံးပျော်ရွှင်နေကြပါရဲ့။


ဘုရားရင်ပြင်ပေါ်တွင် တက်ရန်တွင် လုံခြုံရေးဂိတ်က စောင့်လို့ကြိုဆိုပါတယ်။ အမျိုးသားက ၀င်ပေါက်တစ်ပေါက်၊ အမျိုးသမီးက ၀င်ပေါက်တစ်ပေါက် စစ်ဆေးပြီးရင်တော့ သူလမ်းကြောင်းအတိုင်း ဘုရားစောင်းတန်းတစ်လျောက် တက်ရောက်ကြပါတယ်။ (ဓါတ်လှေခါးသုံးခွင့်ပေးမထားပါ)


ရင်ပြင်ပေါ်ရောက်ရောက်ခြင်း ဗုဒ္ဓမြတ်စွယ်တော်ကို LCD ဖြင့် ပြသထားပြီး အောက်ခြေတွင် Sky Net မိသားစုလှူဒါန်းပူဇော်ထားကြောင်း တွေ့ရပြန်တယ်။ ဥပ္ပါသန္တိစေတီတော်လှိုဏ်ဂူတော်အတွင်း စွယ်တော်ဖူးမြော်ရန် အတွက် တန်းစီနေရင်း ကျနော်တို့မိသားစုလည်း တန်းစီဇယားဆွဲကြရပါတယ်... ဖြည်းဖြည်းနဲ့ လှိုဏ်ဂူတော်ထဲရောက်တော့ ဗုဒ္ဓမြတ်စွယ်တော်ကို TV၊ Projector တွေနဲ့ပြသထားပြီး လုံခြုံရေးအပြည့်အ၀နဲ့ တစ်ဖြည်းဖြည်းလျောက်ရင်း ဖူးမြော်ကြည်ညိုရပါတယ်။


ဖူးမြော်ကြည်ညိုပြီး ပြန်အထွက် ဗုဒ္ဓမြတ်စွယ်တော်အလှူခံပုံးကိုတွေ့၍ သမီးရည်မွန်မျိုးမြင့် က အလှူငွေ (၅၀၀) လှူဒန်းပြန်တယ်။ နောက်နည်းနည်း ထပ်လျောက်တော့ တစ်သိန်းအထက်နှင့်ရွှေငွေကျောက်မျက်ရတနာ လှူဒန်းရန် ဆိုတဲ့ အလှူခံမဏ္ဍပ်ကိုတွေ့လိုက်ရပြန်တယ်။ မဏ္ဍပ်လူတွေထွက်လာတော့ လက်ထဲမှာ ဗုဒ္ဒမြတ်စွယ်တော် ပုံလေးတွေကို တွေ့လိုက်ရတော့ အိမ်မှာကြည်ညိုချင်တဲ့အတွက် သွားရောက်မေးမြန်းစုံစမ်းပြီး အလှူတော်ငွေ (၃၀၀၀) လှူပြီးမှ မြတ်စွယ်တော်ပုံလေးအသေးတစ်ပုံကိုရရှိခဲ့ပါတယ်။ ပုံအကြီးလေးမရဘူးလားလို့မေးကြည့်တော့ တစ်သောင်းအထက်လှူမှ ပုံအကြီးရမယ်ဆိုတာကို သိလိုက်ရပြန်တယ်။



ကျနော် မဏ္ဍပ်က ပြန်အထွက် ဘုရားဖူးတစ်ချို့ထဲက အဒေါ်ကြီးရဲ့လက်မှာ (၅၀၀)တန်လေးတစ်ရွက်ကိုင် ထားပြီး "ဒီမယ့် ငါတူ ဘယ်လောက်လှူမှ မြတ်စွယ်တော်ပုံရမှာလဲတဲ့" ။ ကျနော်လည်း (၃၀၀၀)လှူခဲ့တဲ့အတွက် ဒီပုံလေးရပါတယ် ။ တစ်ချို့ကလည်း (၁၀၀၀)လှူပါတယ် ဆိုပြီး ကျနော်လည်းဖြေပေးခဲ့ပါတယ်။ နောက်တော့


ဘယ်လိုဖြစ်ကျန်ခဲ့သည် မသိတော့ပါ.......(ဒါပေမဲ့ လူတော်တော်များများကတော့ ၄င်းမဏ္ဍပ်ရှေ့မှာတော့စည်ကား လျှက်ရှိပါတယ်)


နောက်ဆုံး ကျနော်တို့မိသားစု ဘုရားရင်ပြင်တော်ပေါ်က ပြန်ဆင်းပြီး အိမ်ပြန်လာခဲ့ကြပါတယ်။


မဖူးမြော်ရသေးသော မိတ်ဆွေသူငယ်ချင်းများအားလုံးအား ကြည်ညိုသဒ္ဒါပွားမိရန်ရည်ရွယ်၍ ဖော်ပြပေးလိုက် ပါတယ်။





အလင်္ကာည

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment